ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေများကို မွေးနေ့အထိမ်းအမှတ် ချောကလက် လက်ဆောင်ပေးခဲ့သလို မွေးနေ့ ဆုတောင်းပေးခဲ့ကြသူတွေကိုလဲ အထူးကျေးဇူးတင်ကြောင်း သတင်းစကားပါးလာ

ယနေ့ နေပြည်တော်ရုံးချိန်း တရားလိုပြသက်သေများကို စတင်စစ်ဆေး

နေပြည်တော်။ ဇွန် ၂၁

တရားရုံးမစတင်မီ ရှေ့နေများနှင့် နာရီဝက်ခန့်တွေ့ဆုံခွင့်ရသည့်အချိန်တွင် သူမ၏ မွေးနေ့အတွက် ဆုတောင်းပေးခဲ့ကြသော ပြည်သူများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ရှေ့နေများကို မွေးနေ့အထိမ်းအမှတ် ချောကလက်များပေးခဲ့သည်။

“မွေးနေ့ဆုတောင်းပေးတဲ့ ပြည်သူတွေ ကိုကျေးဇူးတင်ပါတယ်တဲ့။ ကျွန်မတို့ကို ချောကလက်သေးသေးလေးတွေ တစ်ယောက်လေးခုစီပေးတယ်။ မွေးနေ့အထိမ်းအမှတ်အတွက်တဲ့။” ဟု ရှေ့နေ ဒေါ်မင်းမင်းစိုးက ဆိုသည်။

၎င်းကိုယ်တိုင်လည်း ကျန်းမာလျက်ရှိပြီး ပြည်သူများအနေဖြင့်လည်း ကျန်းမာအောင်နေကြရန် ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေ့များမှတဆင့် စကားပါးခဲ့သည်။

ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ နေပြည်တော်ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်အားတရားစွဲထားသည့် အမှုများ၏ တရားလိုပြသက်သေများကို စတင်စစ်ဆေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်တွင်တရားစွဲထားသည့် အမှုငါးမှုအနက်က ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့၏ တရားလိုပြသက်သေဖြစ်သူ ဗိုလ်ကြီး အာကာမင်းနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅၏ တရားလိုပြသက်သေ ဒုရဲအုပ်လှိုင်ဝင်းကို စစ်ဆေးခဲ့ကြောင်း ရှေ့နေများက ဆိုသည်။

“ဗိုလ်ကြီးအာကာမင်းက တပ်မတော်ဘက်ကနေလာအစစ်ဆေးခံတာ။ မေးခွန်းတွေမေးတော့ သူက ဘာမှ သိပ်မသိဘူးဖြစ်နေတယ်။ ဆက်သွယ်ရေးပစ္စည်းတွေကို သိမ်းတုန်းက သူ့ဆီအပ်တယ်ဆိုတာလောက်ပဲ သူပြောနိုင်တယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရှေ့နေဦးကြည်ဝင်းက ဆိုသည်။

ထို့နောက် သမ္မတဦးဝင်းမြင့်ကို တရားစွဲထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ၂၅၏ တရားလိုပြသက်သေနှစ်ဦးဖြစ်သည့် ဒုရဲအုပ်လှိုင်ဝင်းနှင့် ဇေယျသိဒ္ဓိရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းဇော် ကို စစ်ဆေးခဲ့ကြောင်း ရှေ့နေများက ဆိုသည်။

…………….

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ၇၆ နှစ်ပြည့် မွေးနေ့မှာ ဆုတောင်းပေးခဲ့ကြသူတွေကို အထူးကျေးဇူးတင်တဲ့အကြောင်း ပြောလာပါတယ်။

စစ်တပ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံရပြီး ပုဒ်မတပ်စွပ်စွဲခံထားရတဲ့အမှုတွေထဲက ၃ မှုအတွက် ဒီနေ့ ဇွန်လ ၂၁ ရက်မှာ ပြုလုပ်တဲ့ နေပြည်တော်က ရုံးချိန်းမှာ ရှေ့နေအဖွဲ့နဲ့တွေ့ဆုံချိန် ဒေါ်အောင်ဆန်းစုကြည်က အခုလို သတင်းစကားပါးလိုက်တာဖြစ်ပါတယ်။

ဒါ့ပြင် ပြည်သူတွေအတွက်ဆုတောင်းမေတ္တာပို့သတယ်ဆိုတဲ့စကားလည်း ပါးလိုက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့က ရုံးချိန်းအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

ဇွန်လ ၁၉ ရက်တုန်းကတော့ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အပြင် ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေကိုပါ ဂုဏ်ပြုတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ပန်းသပိတ်လှုပ်ရှားမှုကို ပြည်တွင်းရော၊ ပြည်ပမှာပါ လူထုက ပြုလုပ်ခဲ့ကြပါတယ်။

Source – Myanmar Celebrity TV Club

Zawgyi

ေဒၚေအာင္ဆန္းစုၾကည္က ေရွ႕ေနမ်ားကို ေမြးေန႔အထိမ္းအမွတ္ ေခ်ာကလက္ လက္ေဆာင္ေပးခဲ့သလို ေမြးေန႔ ဆုေတာင္းေပးခဲ့ၾကသူေတြကိုလဲ အထူးေက်းဇူးတင္ေၾကာင္း သတင္းစကားပါးလာ

ယေန႔ ေနျပည္ေတာ္႐ုံးခ်ိန္း တရားလိုျပသက္ေသမ်ားကို စတင္စစ္ေဆး

ေနျပည္ေတာ္။ ဇြန္ ၂၁

တရား႐ုံးမစတင္မီ ေရွ႕ေနမ်ားႏွင့္ နာရီဝက္ခန႔္ေတြ႕ဆုံခြင့္ရသည့္အခ်ိန္တြင္ သူမ၏ ေမြးေန႔အတြက္ ဆုေတာင္းေပးခဲ့ၾကေသာ ျပည္သူမ်ားကို ေက်းဇူးတင္ေၾကာင္း ေျပာၾကားခဲ့ၿပီး ေရွ႕ေနမ်ားကို ေမြးေန႔အထိမ္းအမွတ္ ေခ်ာကလက္မ်ားေပးခဲ့သည္။

“ေမြးေန႔ဆုေတာင္းေပးတဲ့ ျပည္သူေတြ ကိုေက်းဇူးတင္ပါတယ္တဲ့။ ကြၽန္မတို႔ကို ေခ်ာကလက္ေသးေသးေလးေတြ တစ္ေယာက္ေလးခုစီေပးတယ္။ ေမြးေန႔အထိမ္းအမွတ္အတြက္တဲ့။” ဟု ေရွ႕ေန ေဒၚမင္းမင္းစိုးက ဆိုသည္။

၎ကိုယ္တိုင္လည္း က်န္းမာလ်က္ရွိၿပီး ျပည္သူမ်ားအေနျဖင့္လည္း က်န္းမာေအာင္ေနၾကရန္ ေဒၚေအာင္ဆန္းစုၾကည္က ေရွ႕ေန႔မ်ားမွတဆင့္ စကားပါးခဲ့သည္။

ယေန႔ ေဒၚေအာင္ဆန္းစုၾကည္၏ ေနျပည္ေတာ္႐ုံးခ်ိန္းတြင္ ေဒၚေအာင္ဆန္းစုၾကည္အားတရားစြဲထားသည့္ အမႈမ်ား၏ တရားလိုျပသက္ေသမ်ားကို စတင္စစ္ေဆးခဲ့သည္။

ေဒၚေအာင္ဆန္းစုၾကည္ကို ေနျပည္ေတာ္တြင္တရားစြဲထားသည့္ အမႈငါးမႈအနက္က ပို႔ကုန္သြင္းကုန္ ဥပေဒပုဒ္မ ၈ႏွင့္ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၇ တို႔၏ တရားလိုျပသက္ေသျဖစ္သူ ဗိုလ္ႀကီး အာကာမင္းႏွင့္ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၂၅၏ တရားလိုျပသက္ေသ ဒုရဲအုပ္လႈိင္ဝင္းကို စစ္ေဆးခဲ့ေၾကာင္း ေရွ႕ေနမ်ားက ဆိုသည္။

“ဗိုလ္ႀကီးအာကာမင္းက တပ္မေတာ္ဘက္ကေနလာအစစ္ေဆးခံတာ။ ေမးခြန္းေတြေမးေတာ့ သူက ဘာမွ သိပ္မသိဘူးျဖစ္ေနတယ္။ ဆက္သြယ္ေရးပစၥည္းေတြကို သိမ္းတုန္းက သူ႔ဆီအပ္တယ္ဆိုတာေလာက္ပဲ သူေျပာႏိုင္တယ္။” ဟု ေဒၚေအာင္ဆန္းစုၾကည္၏ ေရွ႕ေနအဖြဲ႕ဝင္တစ္ဦးျဖစ္သည့္ ေရွ႕ေနဦးၾကည္ဝင္းက ဆိုသည္။

ထို႔ေနာက္ သမၼတဦးဝင္းျမင့္ကို တရားစြဲထားသည့္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ၂၅၏ တရားလိုျပသက္ေသႏွစ္ဦးျဖစ္သည့္ ဒုရဲအုပ္လႈိင္ဝင္းႏွင့္ ေဇယ်သိဒၶိရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းေဇာ္ ကို စစ္ေဆးခဲ့ေၾကာင္း ေရွ႕ေနမ်ားက ဆိုသည္။

…………….

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က သူ႔ရဲ႕ ၇၆ ႏွစ္ျပည့္ ေမြးေန႔မွာ ဆုေတာင္းေပးခဲ့ၾကသူေတြကို အထူးေက်းဇူးတင္တဲ့အေၾကာင္း ေျပာလာပါတယ္။

စစ္တပ္အာဏာသိမ္းၿပီးကတည္းက ဖမ္းဆီးထိန္းသိမ္းခံရၿပီး ပုဒ္မတပ္စြပ္စြဲခံထားရတဲ့အမႈေတြထဲက ၃ မႈအတြက္ ဒီေန႔ ဇြန္လ ၂၁ ရက္မွာ ျပဳလုပ္တဲ့ ေနျပည္ေတာ္က ႐ုံးခ်ိန္းမွာ ေရွ႕ေနအဖြဲ႕နဲ႔ေတြ႕ဆုံခ်ိန္ ေဒၚေအာင္ဆန္းစုၾကည္က အခုလို သတင္းစကားပါးလိုက္တာျဖစ္ပါတယ္။

ဒါ့ျပင္ ျပည္သူေတြအတြက္ဆုေတာင္းေမတၱာပို႔သတယ္ဆိုတဲ့စကားလည္း ပါးလိုက္တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေရွ႕ေနအဖြဲ႕က ႐ုံးခ်ိန္းအၿပီးမွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

ဇြန္လ ၁၉ ရက္တုန္းကေတာ့ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေမြးေန႔အျပင္ ဖမ္းဆီးထိန္းသိမ္းခံေနရသူေတြကိုပါ ဂုဏ္ျပဳတဲ့ စစ္အာဏာရွင္ဆန႔္က်င္ေရး ပန္းသပိတ္လႈပ္ရွားမႈကို ျပည္တြင္းေရာ၊ ျပည္ပမွာပါ လူထုက ျပဳလုပ္ခဲ့ၾကပါတယ္။

Source – Myanmar Celebrity TV Club