ထီပေါက်သောငွေများဖြင့် မြေကွက်ဝယ်ယူခဲ့ပြီး ဝယ်ယူလိုက်သော မြေကွက်မှ ဒင်္ဂါးများ တူးဖော်ရရှိခဲ့သည့် ကံအကောင်းဆုံးသော အမျိုးသား

ထီပေါက်သောငွေများဖြင့် မြေကွက်ဝယ်ယူခဲ့ပြီး ဝယ်ယူလိုက်သော မြေကွက်မှ ဒင်္ဂါးများ တူးဖော်ရရှိခဲ့သည့် ကံအကောင်းဆုံးသော အမျိုးသား

လူ့လောကကြီးသည် အနိမ့်အမြင့်အတက်အကျများစွာဖြင့်လည်ပတ်နေပြီး လူသားတို့သည်လည်း ဘဝတစ်ခုလုံးကိုရုန်းကန်လှုပ်ရှားနေကြရသည်။

လူတိုင်းသည်ဘဝအတွက် ကြိုးစား နေကြရပြီး အချို့လူသားများသည် ကံကောင်းခြင်းများကြောင့် အနည်းငယ်သာ ကြိုးစားရသူများလည်းရှိကြပေသည်။

ယခုတွင်လည်း အိန္ဒိယနိုင်ငံမှ အမျိုးသားတစ်ဦး၏ ကံကောင်းမှုသည် အခြားသူများထက်ပင် ပိုလွန်နေပြီးကံကောင်းနေခဲ့သည်။

အမျိုးသားကြီးသည်နိုင်ငံတော်မှထီပေါက်ကာ ကြွယ် ဝချမ်းသာလာခဲ့သည်။ထိုအမျိုးသားသည် ထီပေါက်သောငွေများဖြင့် မြေကွက်များဝယ်ယူပြီး သီးနှံစိုက်ပျိုးရေးလုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့သည်။

ထို့ကြောင့် ပဲပင်များစိုက်ရန်အတွက် ဝယ်ထားသော မြေကွက်ကို ထွင်ယက်ရာမှ ဒင်္ဂါးများကို တွေ့ရှေခဲ့သည်။

မြေကွက်ထဲမှ ဒင်္ဂါးပေါင်း ၂၅၀၀ကျော်အထိ တွေ့ရှိခဲ့ပြီး ထိုအမျိုးသားသည် ဒင်္ဂါးများအားလုံးကို နိုင်ငံတော်အစိုးရသို့ အကြောင်းကြားပြီး နိုင်ငံပိုင်အဖြစ် အပ်နှံခဲ့သည်။

crd

Zawgyi








crd