ထူးခြားစွာဖြင့် နဖူးမှာအသည်းပုံအမှတ်အသားနဲ့မွေးဖွားလာခဲ့တဲ့ ချစ်ဖို့ကောင်းတဲ့ ကလေးငယ်(ရုပ်သံ)

ထူးခြားစွာဖြင့် နဖူးမှာအသည်းပုံအမှတ်အသားနဲ့မွေးဖွားလာခဲ့တဲ့ ချစ်ဖို့ကောင်းတဲ့ ကလေးငယ်(ရုပ်သံ)

မြင်သာထင်သာနိုင်တဲ့အရာအချို့က ဒီလောကကြီးမှာ ဖြစ်ပျက်နေတတ်ပါတယ်။သို့ပေမဲ့ ၎င်းအရာတွေကြားမှ ကောင်းမွန်တဲ့ရလဒ်တွေထွက်ပေါ်လာတတ်ပါတယ်။

၎င်းအကြောင်းက စုံတွဲတစ်တွဲဟာ သူတို့ရဲ့ပထမဆုံးကလေးကို မွေးဖွားပြီးနောက် တွေ့ရှိခဲ့တဲ့အရာဘဲဖြစ်ပါတယ်။

မကြာသေးခင်က တူရကီမှ လူငယ်စုံတွဲတစ်တွဲဟာ သူတို့ရဲ့ပထမဆုံးကလေးကို ဒီလောကကြီးထဲသို့ ကြိုဆိုခဲ့ကြပါတယ်။

ဖခင်ဖြစ်သူ Murat Engin နှင့်မိခင် Ceyda တို့က မွေးဖွားလာတဲ့သူတို့ရဲ့သားလေး Cinar ရဲ့နဖူးမှာ အသည်းပုံအမှတ်တစ်ခုကိုတွေ့ခဲ့ရပါတယ်။

သူနာပြုတွေကလည်း ၎င်းအမှတ်ကို ဖျက်ပစ်ဖို့လုပ်ပေမဲ့ ၎င်းက မွေးရာပါအမှတ်အသားချည်းဖြစ်နေခဲ့ပါတယ်။

Cinar လေး ဆေးရုံတက်နေတုန်း သူနာပြုတွေက သူ့ရဲ့ထူးဆန်းတဲ့အမှတ်ကြောင့် selfie ရိုက်နေခဲ့ကြပါတယ်။မိဘတွေနဲ့ လူအများစုက Cinar လေးရဲ့အသည်းပုံအမှတ်အသားကြောင့် love baby လို့ ချစ်စနိုးခေါ်ခဲ့ကြပါတယ်။

Cinar လေးက မိဘတွေနဲ့ အပြင်သွားတိုင်းအမြဲ အာရုံစိုက်ခံရပြီး လူအများက သူ့နဲ့ selfie တွဲရိုက်နေခဲ့ကြသလို မိဘတွေအား လှပတဲ့ကလေးလေးကိုပိုင်ဆိုင်ထားရလို့ ဂုဏ်ယူကြောင်း ဆိုခဲ့ကြပါတယ်။

ကျန်းမာရေးပညာရှင်တွေကို ၎င်းအမှတ်အသားနဲ့ပတ်သက်ပြီး မေးမြန်းကြည့်တော့ ၎င်းက သူတို့အတွက် အသသ်အဆန်းမဟုတ်ကြောင်း

အချို့ကလေးတွေဆို သူတို့ရဲ့ခန္ဓာကိုယ်မှာ အနီရောင် ၊အပြာရောင်နဲ့ အပန်းရောင် အမှတ်တွေနဲ့ မွေးဖွားလာခဲ့ကြပြီး အချို့အမှတ်ကသေးငယ်ပြီး အချို့ကလည်း Cinar လို ထင်သာမြင်သာတွေ့နိုင်ကြောင်း ပြောပြခဲ့ပါတယ်။

စိတ်ဝင်စားစရာက ၎င်းအမှတ်အသားတွေ ဘာကြောင့် ဖြစ်ပေါ်လာရတဲ့အကြောင်းအရင်းကိုတော့ ကျွမ်းကျင်သူတွေက မသိကြပါဘူး။ သို့ပေမဲ့ လေ့လာတွေ့ရှိချက်အရ ကလေးအချို့က အသက်ကြီးလာတာနဲ့အမျှ ၎င်းအမှတ်အသားတွေကို ဆုံးရှုံးကြရပြီး များသောအားဖြင့် ၎င်းက ပျောက်ကွယ်သွားတတ်ပါတယ်။

ရုပ်သံကြည့်ရန်

 

crd

Zawgyi

ထူးျခားစြာျဖင့္ နဖူးမွာအသည္းပုံအမွတ္အသားနဲ႔ေမြးဖြားလာခဲ့တဲ့ ခ်စ္ဖို႔ေကာင္းတဲ့ ကေလးငယ္(႐ုပ္သံ)

ျမင္သာထင္သာႏိုင္တဲ့အရာအခ်ိဳ႕က ဒီေလာကႀကီးမွာ ျဖစ္ပ်က္ေနတတ္ပါတယ္။သို႔ေပမဲ့ ၎အရာေတြၾကားမွ ေကာင္းမြန္တဲ့ရလဒ္ေတြထြက္ေပၚလာတတ္ပါတယ္။

၎အေၾကာင္းက စုံတြဲတစ္တြဲဟာ သူတို႔ရဲ႕ပထမဆုံးကေလးကို ေမြးဖြားၿပီးေနာက္ ေတြ႕ရွိခဲ့တဲ့အရာဘဲျဖစ္ပါတယ္။

မၾကာေသးခင္က တူရကီမွ လူငယ္စုံတြဲတစ္တြဲဟာ သူတို႔ရဲ႕ပထမဆုံးကေလးကို ဒီေလာကႀကီးထဲသို႔ ႀကိဳဆိုခဲ့ၾကပါတယ္။

ဖခင္ျဖစ္သူ Murat Engin ႏွင့္မိခင္ Ceyda တို႔က ေမြးဖြားလာတဲ့သူတို႔ရဲ႕သားေလး Cinar ရဲ႕နဖူးမွာ အသည္းပုံအမွတ္တစ္ခုကိုေတြ႕ခဲ့ရပါတယ္။

သူနာျပဳေတြကလည္း ၎အမွတ္ကို ဖ်က္ပစ္ဖို႔လုပ္ေပမဲ့ ၎က ေမြးရာပါအမွတ္အသားခ်ည္းျဖစ္ေနခဲ့ပါတယ္။

Cinar ေလး ေဆး႐ုံတက္ေနတုန္း သူနာျပဳေတြက သူ႔ရဲ႕ထူးဆန္းတဲ့အမွတ္ေၾကာင့္ selfie ႐ိုက္ေနခဲ့ၾကပါတယ္။မိဘေတြနဲ႔ လူအမ်ားစုက Cinar ေလးရဲ႕အသည္းပုံအမွတ္အသားေၾကာင့္ love baby လို႔ ခ်စ္စႏိုးေခၚခဲ့ၾကပါတယ္။

Cinar ေလးက မိဘေတြနဲ႔ အျပင္သြားတိုင္းအၿမဲ အာ႐ုံစိုက္ခံရၿပီး လူအမ်ားက သူ႔နဲ႔ selfie တြဲ႐ိုက္ေနခဲ့ၾကသလို မိဘေတြအား လွပတဲ့ကေလးေလးကိုပိုင္ဆိုင္ထားရလို႔ ဂုဏ္ယူေၾကာင္း ဆိုခဲ့ၾကပါတယ္။

က်န္းမာေရးပညာရွင္ေတြကို ၎အမွတ္အသားနဲ႔ပတ္သက္ၿပီး ေမးျမန္းၾကည့္ေတာ့ ၎က သူတို႔အတြက္ အသသ္အဆန္းမဟုတ္ေၾကာင္း

အခ်ိဳ႕ကေလးေတြဆို သူတို႔ရဲ႕ခႏၶာကိုယ္မွာ အနီေရာင္ ၊အျပာေရာင္နဲ႔ အပန္းေရာင္ အမွတ္ေတြနဲ႔ ေမြးဖြားလာခဲ့ၾကၿပီး အခ်ိဳ႕အမွတ္ကေသးငယ္ၿပီး အခ်ိဳ႕ကလည္း Cinar လို ထင္သာျမင္သာေတြ႕ႏိုင္ေၾကာင္း ေျပာျပခဲ့ပါတယ္။

စိတ္ဝင္စားစရာက ၎အမွတ္အသားေတြ ဘာေၾကာင့္ ျဖစ္ေပၚလာရတဲ့အေၾကာင္းအရင္းကိုေတာ့ ကြၽမ္းက်င္သူေတြက မသိၾကပါဘူး။ သို႔ေပမဲ့ ေလ့လာေတြ႕ရွိခ်က္အရ ကေလးအခ်ိဳ႕က အသက္ႀကီးလာတာနဲ႔အမွ် ၎အမွတ္အသားေတြကို ဆုံးရႈံးၾကရၿပီး မ်ားေသာအားျဖင့္ ၎က ေပ်ာက္ကြယ္သြားတတ္ပါတယ္။

႐ုပ္သံၾကည့္ရန္

crd