ကိုရီးယားနိုင်ငံ မှ လှုဒါန်းထားသည့် မြန်မာကျပ်ငွေ ၁၈၂.၆ သိန်းကျပ် ကို NUG မှ ကင်းမကျေးရွာသို့ လှူဒါန်းနိူင်ခဲ့

ကိုရီးယားနိုင်ငံ မှ လှုဒါန်းထားသည့် မြန်မာကျပ်ငွေ ၁၈၂.၆ သိန်းကျပ် ကို NUG မှ ကင်းမကျေးရွာသို့ လှူဒါန်းနိူင်ခဲ့

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊​ ကင်းမကျေးရွာသည် ​ရွာလုံးကျွတ်နီးပါးင်ဖျက်ဆီးခံခဲ့ရရာအိမ်ခြေ(၂၀၀) ခန့်ဆုံးရှုံးပျက်စီးခဲ့ပြီးသက်ကြီးရွယ်အိုများနှင့်ကျွဲ၊နွားများပါက်ဆုံးရှုံးခဲ့ရပြီး မီးဘေးသင့်လူဦးရေ (၁၀၀၀)ခန့်သည် စားဝတ်နေရေး အခက်အခဲများစွာ ရင်ဆိုင်နေရပါသည်။

ထို မီးဘေးသင့်ပြည်သူများအတွက် ကိုရီးယားနိုင်ငံ Civilian Fellowship for International Exchange မှ လှုဒါန်းထားသည့် မြန်မာကျပ်ငွေ ၁၈၂.၆ သိန်းကျပ် ကို သက်ဆိုင်ရာ မြေပြင်တွင် ကယ်ဆယ်ရေးလုပ်နေသည့် အဖွဲ့များထံသို့ အလျင်အမြန်ရောက်ရှိရန် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနမှ၁၇.၆.၂၀၂၁ တွင် ချိတ်ဆက် စီမံဆောင်ရွက်ခဲ့ပါသည်။

———-

ကိုရီးယားႏိုင္ငံ မွ လႈဒါန္းထားသည့္ ျမန္မာက်ပ္ေငြ ၁၈၂.၆ သိန္းက်ပ္ ကို NUG မွ ကင္းမေက်း႐ြာသို႔ လႉဒါန္းႏိူင္ခဲ့

မေကြးတိုင္းေဒသႀကီး၊ ေပါက္ၿမိဳ႕နယ္၊​ ကင္းမေက်း႐ြာသည္ ​႐ြာလုံးကြၽတ္နီးပါးင္ဖ်က္ဆီးခံခဲ့ရရာအိမ္ေျခ(၂၀၀) ခန႔္ဆုံးရႈံးပ်က္စီးခဲ့ၿပီးသက္ႀကီး႐ြယ္အိုမ်ားႏွင့္ကြၽဲ၊ႏြားမ်ားပါက္ဆုံးရႈံးခဲ့ရၿပီး မီးေဘးသင့္လူဦးေရ (၁၀၀၀)ခန႔္သည္ စားဝတ္ေနေရး အခက္အခဲမ်ားစြာ ရင္ဆိုင္ေနရပါသည္။

ထို မီးေဘးသင့္ျပည္သူမ်ားအတြက္ ကိုရီးယားႏိုင္ငံ Civilian Fellowship for International Exchange မွ လႈဒါန္းထားသည့္ ျမန္မာက်ပ္ေငြ ၁၈၂.၆ သိန္းက်ပ္ ကို သက္ဆိုင္ရာ ေျမျပင္တြင္ ကယ္ဆယ္ေရးလုပ္ေနသည့္ အဖြဲ႕မ်ားထံသို႔ အလ်င္အျမန္ေရာက္ရွိရန္ လူသားခ်င္းစာနာေထာက္ထားေရးႏွင့္ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲေရး ဝန္ႀကီးဌာနမွ၁၇.၆.၂၀၂၁ တြင္ ခ်ိတ္ဆက္ စီမံေဆာင္႐ြက္ခဲ့ပါသည္။