အခုလာမည့်အပတ်တွင် အောင်လအန်ဆန်းနှင့် ယှဥ်ပြိုင်ဖိုက်မည့် ဖိုက်တာပြောင်းလဲသတ်မှတ်

အခုလာမည့်အပတ်တွင် အောင်လအန်ဆန်းနှင့် ယှဉ်ပြိုင်ဖိုက်မည့် ဖိုက်တာပြောင်းလဲသတ်မှတ်

အောင်လအန်ဆန်နှင့်ယှဉ်ပြိုင်ဖိုက်မည့်တရုတ်ဖိုက်တာဖန်ဝေါင်းတွင်ကိုဗစ်ပိုးတွေ့ရှိသည့်အတွက်အောင်လအန်ဆန်နှင့် ဖိုက်မည့် ဖိုက်တာပြောင်းလဲသွားကြောင်း One Championship ထံမှသိရသည်။

ထို့ကြောင့် အောင်လအန်ဆန်သည် တရုတ်ဖိုက်တာအစားဘရာဇီးဖိုက်တာအသက် ၄၀ အရွယ်ရှိ Gilberto Galvao နှင့် Catch Weight တန်းတွင်ယှဉ်ပြိုင်ဖိုက်ရမည်ဖြစ်သည်။အဆိုပါပွဲစဉ်ကို ဇန်နဝါရီလ ၁၄ ရက်မြန်မာစံတော်ချိန် နံနက် ၉ နာရီတွင်စတင်ယှဉ်ပြိုင်ဖိုက်ရမည်ဖြစ်သည်။

MMA ချန်ပီယံဟောင်းအောင်လအန်ဆန်သည်ဂျပန်ဖိုက်တာအိုကာမီနှင့် ၂၀၂၂ နိုဝင်ဘာလ ၁၉ ရက်ကစင်္ကာပူနိုင်ငံတွင်ယှဉ်ပြိုင်ဖိုက်ခဲ့ရာပထမအချီမှာပင်အနိုင်ရရှိခဲ့သည်။

Zawgyi



