ရန်ကုန်မြို့လယ်ခေါင်က လူတွေ သိပ်မသိတော့တဲ့ ထူးဆန်းတဲ့ သံတိုင်ကြီးတွေရဲ့ သမိုင်းကြောင်း

အင်္ဂလိပ်က ရန်ကုန်မြို့ကို မြို့ပြ ပြယုဂ် အဖြစ် ၁၉၀၅ (မသေချာပါ) ဝန်းကျင်က မိလ္လာစနစ်အဖြစ် မြို့တွင်း ၆ မြို့နယ်တွင် သံပိုက်များချကာ နေအိမ်အသီးသီးမှ မိလ္လာရေဆိုးထုတ် ပိုက်များအဖြစ်ထားခဲ့ပြီး ထိုရေဆိုးများကို လေမှုတ်စနစ် (Pneumatic system) ဖြင့် သယ်ယူကာ ထိုရေဆိုးများကို ပင်လယ်ဝတွင် ပိုက်ထုတ်ကာ စွန့်ပစ်ခဲ့ပါသည်။

ထိုစဉ် က လူဦးရေ နှစ်သောင်းအတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာပြည်မြို့များတွင် တစ်ခုတည်းသော လေမှုတ်စနစ် (Pneumatic System) ဖြစ်ပါသည်။ ပုဇွန်တောင်တွင် မိလ္လာပိုက် အဆုံးမှာ ယခင်သီတာဆိပ် လမ်းထိပ်တွင်ရှိခဲ့ပြီး လမ်းမတော် အထိ ပိုက် စနစ် ရှိခဲ့သည်ဟုသိရသည်။

လေမှုတ်စက်ကို ဗိုလ်တထောင် ဗိုလ်မြတ်ထွန်းလမ်းနှင့် မဟာဗန္ဒုလလမ်း ထောင့်တွင် ရှိပါသည်။ ထိုလမ်းထောင့် ရေကန်ကြီးမှာ လေဖိအားလျှော့ကန် ဖြစ်ပါသည်။ ပုံပါ သံပိုက် အထောင်ကြီးများသည် လေမှုတ်စက်မှ လေဖိအားပေးလိုက်ချိန်တွင် ပိုက်စနစ် ပိတ်ဆို့မှု ရှိနေက လေဖိအားလျှော့ပေးသော ပိုက်များဖြစ်ပါသည်။

ထိုပိုက်အထောင်များ ရှိသောနေရာတွင် မြေအောက် အိမ်သာများရှိတတ် ပါသည်။ စိန်ပေါကျောင်း မိန်းအဝင်ပေါက်ရှေ့တွင် မြေအောက်အိမ်သာနှင့် ပိုက်အထောင် ရှိခဲ့ပါသည်။ ထိုပိုက် အထောင်အနီး ရောက်နေပြီး လေ တွန်းအားပြင်းလာလျှင် ပိုက်ထိပ်မှ မိလ္လာ ရေဆိုးများ ရှုးကနဲ ပန်းထွက်လာတတ်ပါသည်။

ငယ်စဉ် စိန်ပေါကျောင်းတက်စဉ် ၁၉၇၂-၁၉၈၂က ထိုပိုက်မှ လေသံ ကြားလျှင်၊ ဝေးရာသို့ ထွက်ပြေးရပါသည်။ မပြေးနိုင်လျှင် ထိုရေဆိုးစင်ကာ ညစ်ပါတ်ပြီး မစင်နံ့ ကပ်နေပါတော့သည်။၊ မှတ်မိသမျှ ကျောက်တံတား ရဲစခန်းရှေ့၊ ဆူးလေဘုရားအနီး၊ ယခင် ဗဟိုဘဏ်အနီး တိုင်းတရားရုံး ရှေ့ထောင့်များတွင် ထိုပိုက်အထောင်များနှင့် မြေအောက် အိမ်သာများ ရှိခဲ့ပါသည်။

ယခင် ဗဟိုဘဏ် ‌ရှေ့ဘက် မြေအောက်တွင် ထိုရေဆိုးပိုက်များ၏ ဖိအားထိမ်း အခန်းရှိသည်ဟုသိရပါသည်။ ၁၉၈၈ နောက်ပိုင်း မြို့တော်စည်ပင် (YCDC) ပေါ်လာသောအခါတွင် မြို့တော်စည်ပင်မှ ဝန်ထမ်းအချို့ အင်္ဂလန်သို့ သွားကြရာတွင် ထိုရေဆိုး စနစ် တည်ဆောက်ခဲ့သော ကုမ္ပဏီ ဆက်လက်တည်ရှိနေပြီး ၎င်းတို့ ဖိတ်ခေါ်မှု ဖြင့် သွားရောက် လေ့လာရာတွင်

ထို ရန်ကုန် ရေဆိုးစနစ်၏ ဘလူးပရင့် drawing များ အစုံ အလင် ရှိနေသည်ဟု သိရသည်။ (သူတို့၏ နှစ် ၁၀၀ စာရွက်စာတမ်း ထိန်းသိမ်းနိုင်မှုက အတုယူစရာပါ)။ (အမှားပါ နေလျှင် ဖြည့်ဆွက်ပေးနိုင်ပါသည်)။ (Win Aung)

Credit

Zawgyi

အဂၤလိပ္က ရန္ကုန္ၿမိဳ႕ကို ၿမိဳ႕ျပ ျပယုဂ္ အျဖစ္ ၁၉၀၅ (မေသခ်ာပါ) ဝန္းက်င္က မိလႅာစနစ္အျဖစ္ ၿမိဳ႕တြင္း ၆ ၿမိဳ႕နယ္တြင္ သံပိုက္မ်ားခ်ကာ ေနအိမ္အသီးသီးမွ မိလႅာေရဆိုးထုတ္ ပိုက္မ်ားအျဖစ္ထားခဲ့ၿပီး ထိုေရဆိုးမ်ားကို ေလမႈတ္စနစ္ (Pneumatic system) ျဖင့္ သယ္ယူကာ ထိုေရဆိုးမ်ားကို ပင္လယ္ဝတြင္ ပိုက္ထုတ္ကာ စြန္႔ပစ္ခဲ့ပါသည္။

ထိုစဥ္ က လူဦးေရ ႏွစ္ေသာင္းအတြက္ တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ျမန္မာျပည္ၿမိဳ႕မ်ားတြင္ တစ္ခုတည္းေသာ ေလမႈတ္စနစ္ (Pneumatic System) ျဖစ္ပါသည္။ ပုဇြန္ေတာင္တြင္ မိလႅာပိုက္ အဆုံးမွာ ယခင္သီတာဆိပ္ လမ္းထိပ္တြင္ရွိခဲ့ၿပီး လမ္းမေတာ္ အထိ ပိုက္ စနစ္ ရွိခဲ့သည္ဟုသိရသည္။

ေလမႈတ္စက္ကို ဗိုလ္တေထာင္ ဗိုလ္ျမတ္ထြန္းလမ္းႏွင့္ မဟာဗႏၵဳလလမ္း ေထာင့္တြင္ ရွိပါသည္။ ထိုလမ္းေထာင့္ ေရကန္ႀကီးမွာ ေလဖိအားေလွ်ာ့ကန္ ျဖစ္ပါသည္။ ပုံပါ သံပိုက္ အေထာင္ႀကီးမ်ားသည္ ေလမႈတ္စက္မွ ေလဖိအားေပးလိုက္ခ်ိန္တြင္ ပိုက္စနစ္ ပိတ္ဆို႔မႈ ရွိေနက ေလဖိအားေလွ်ာ့ေပးေသာ ပိုက္မ်ားျဖစ္ပါသည္။

ထိုပိုက္အေထာင္မ်ား ရွိေသာေနရာတြင္ ေျမေအာက္ အိမ္သာမ်ားရွိတတ္ ပါသည္။ စိန္ေပါေက်ာင္း မိန္းအဝင္ေပါက္ေရွ႕တြင္ ေျမေအာက္အိမ္သာႏွင့္ ပိုက္အေထာင္ ရွိခဲ့ပါသည္။ ထိုပိုက္ အေထာင္အနီး ေရာက္ေနၿပီး ေလ တြန္းအားျပင္းလာလွ်င္ ပိုက္ထိပ္မွ မိလႅာ ေရဆိုးမ်ား ရႈးကနဲ ပန္းထြက္လာတတ္ပါသည္။

ငယ္စဥ္ စိန္ေပါေက်ာင္းတက္စဥ္ ၁၉၇၂-၁၉၈၂က ထိုပိုက္မွ ေလသံ ၾကားလွ်င္၊ ေဝးရာသို႔ ထြက္ေျပးရပါသည္။ မေျပးႏိုင္လွ်င္ ထိုေရဆိုးစင္ကာ ညစ္ပါတ္ၿပီး မစင္နံ႔ ကပ္ေနပါေတာ့သည္။၊ မွတ္မိသမွ် ေက်ာက္တံတား ရဲစခန္းေရွ႕၊ ဆူးေလဘုရားအနီး၊ ယခင္ ဗဟိုဘဏ္အနီး တိုင္းတရား႐ုံး ေရွ႕ေထာင့္မ်ားတြင္ ထိုပိုက္အေထာင္မ်ားႏွင့္ ေျမေအာက္ အိမ္သာမ်ား ရွိခဲ့ပါသည္။

ယခင္ ဗဟိုဘဏ္ ‌ေရွ႕ဘက္ ေျမေအာက္တြင္ ထိုေရဆိုးပိုက္မ်ား၏ ဖိအားထိမ္း အခန္းရွိသည္ဟုသိရပါသည္။ ၁၉၈၈ ေနာက္ပိုင္း ၿမိဳ႕ေတာ္စည္ပင္ (YCDC) ေပၚလာေသာအခါတြင္ ၿမိဳ႕ေတာ္စည္ပင္မွ ဝန္ထမ္းအခ်ိဳ႕ အဂၤလန္သို႔ သြားၾကရာတြင္ ထိုေရဆိုး စနစ္ တည္ေဆာက္ခဲ့ေသာ ကုမၸဏီ ဆက္လက္တည္ရွိေနၿပီး ၎တို႔ ဖိတ္ေခၚမႈ ျဖင့္ သြားေရာက္ ေလ့လာရာတြင္

ထို ရန္ကုန္ ေရဆိုးစနစ္၏ ဘလူးပရင့္ drawing မ်ား အစုံ အလင္ ရွိေနသည္ဟု သိရသည္။ (သူတို႔၏ ႏွစ္ ၁၀၀ စာ႐ြက္စာတမ္း ထိန္းသိမ္းႏိုင္မႈက အတုယူစရာပါ)။ (အမွားပါ ေနလွ်င္ ျဖည့္ဆြက္ေပးႏိုင္ပါသည္)။ (Win Aung)

Credit