ယခုလ ဇန်န၀ါရီလအတွင်း တန်ဖိုးနည်းအိမ်ရာ စုစုပေါင်း ၂၀၄ ခန်းအားရောင်းချပေးမည်

ယခုလ ဇန်နဝါရီလအတွင်း တန်ဖိုးနည်းအိမ်ရာ စုစုပေါင်း ၂၀၄ ခန်းအားရောင်းချပေးမည်

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိအောင်မြင့်မိုရ်အိမ်ရာနဲ့ သန်လျှင်ကျောက်တန်းမြို့က သီလဝါ တန်ဖိုးနည်းတန်ဖိုးသင့်အိမ်ရာ စုစုပေါင်း ၂၀၄ခန်းကိုယခုဇန်နဝါရီလအတွင်းရောင်းချတော့မှာဖြစ်တယ်လို့ မြို့ပြအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကထုတ်ပြန်ထားပါတယ်။

အဆိုပါ တိုက်ခန်း အခန်းပေါင်း ၂၀၄ခန်း ကို ဆောက်လုပ်ရေး၊အိမ်ရာနဲ့အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး ဘဏ်မှာအိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀နဲ့ အထက်ရှိသူများအား အတိုးနှုန်းသက်သာတဲ့ ချေးငွေအစီစဉ်နဲ့ယခုဇန်နဝါရီလအတွင်းရောင်းချမယ်လို့ဆိုပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနကဝင်ငွေနည်းပြည်သူများအတွက်တန်ဖိုးနည်း ၊တန်ဖိုးသင့်အိမ်ယာစီမံကိန်းများကိုအကောင်ထည်ဖော်တည်ဆောက်ခဲ့ရာယခုရောင်ချမယ့်အောင်မြင့်မိုရ်နဲ့သီလဝါဥယျာဉ်တန်ဖိုးနည်းအိမ်ရာစီမံကိန်းများအပြင်ကျန်စစ်မင်းအိမ်ရာ၊ရွှေလင်ဗန်းအိမ်ရာ၊

ယုဇနအိမ်ရာနဲ့ ကနောင်အိမ်ရာစီမံကိန်းတွေကိုဆောက်လုပ်ရောင်းချပေးနေကြောင်းသိရပါတယ်။ထပ်မံပြီးလည်း ရန်ကုန် ၊ မန္တလေးနဲ့ နေပြည်တော် မြို့ကြီးတွေမှာဆောက်လုပ်ရေးဝန်ကြီးဌာနက အိမ်ခန်းပေါင် ၁သောင်းပါဝင်တဲ့ ပြည်သူ့အငှားအိမ်ရာစီမံကိန်းတွေကို ဆောက်လုပ်နေရာစီမံကိန်းပထမအဆင့်မှာ

အိမ်ခန်းပေါင်း ၅၀၀၀ကျော်ကိုတည်ဆောက်မယ်လို့သိရပါတယ်။အဆိုပါပြည်သူ့ အငှားအိမ်ရာစီမံကိန်း တွေကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်းပြီးစီးအောင်ဆောင်ရွက်ဖို့ရှိနေရာအိမ်ခန်းတွေအနေနဲ့ ရန်ကုန်မှာအခန်းပေါင်း ၃၁၀၄ခန်း ၊

မန္တလေးမှာ အခန်းပေါင်း ၁၄၅၆ခန်းနဲ့ နေပြည်တော်မှာ ၄၄၈ခန်းဆောက်လုပ်မယ်လို့ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့အချက်အလက်တွေအရ သိရပါတယ်။

Zawgyi

ယခုလ ဇန္န၀ါရီလအတြင္း တန္ဖိုးနည္းအိမ္ရာ စုစုေပါင္း ၂၀၄ ခန္းအားေရာင္းခ်ေပးမည္

ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္ရွိေအာင္ျမင့္မိုရ္အိမ္ရာနဲ႔ သန္လွ်င္ေက်ာက္တန္းၿမိဳ႕က သီလဝါ တန္ဖိုးနည္းတန္ဖိုးသင့္အိမ္ရာ စုစုေပါင္း ၂၀၄ခန္းကိုယခုဇန္နဝါရီလအတြင္းေရာင္းခ်ေတာ့မွာျဖစ္တယ္လို႔ ၿမိဳ႕ျပအိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနကထုတ္ျပန္ထားပါတယ္။

အဆိုပါ တိုက္ခန္း အခန္းေပါင္း ၂၀၄ခန္း ကို ေဆာက္လုပ္ေရး၊အိမ္ရာနဲ႔အေျခခံအေဆာက္အအုံဖြံ႕ၿဖိဳးေရး ဘဏ္မွာအိမ္ရာစုေဆာင္းေငြ က်ပ္သိန္း ၃၀နဲ႔ အထက္ရွိသူမ်ားအား အတိုးႏႈန္းသက္သာတဲ့ ေခ်းေငြအစီစဥ္နဲ႔ယခုဇန္နဝါရီလအတြင္းေရာင္းခ်မယ္လို႔ဆိုပါတယ္။

ေဆာက္လုပ္ေရးဝန္ႀကီးဌာနကဝင္ေငြနည္းျပည္သူမ်ားအတြက္တန္ဖိုးနည္း ၊တန္ဖိုးသင့္အိမ္ယာစီမံကိန္းမ်ားကိုအေကာင္ထည္ေဖာ္တည္ေဆာက္ခဲ့ရာယခုေရာင္ခ်မယ့္ေအာင္ျမင့္မိုရ္နဲ႔သီလဝါဥယ်ာဥ္တန္ဖိုးနည္းအိမ္ရာစီမံကိန္းမ်ားအျပင္က်န္စစ္မင္းအိမ္ရာ၊ေ႐ႊလင္ဗန္းအိမ္ရာ၊

ယုဇနအိမ္ရာနဲ႔ ကေနာင္အိမ္ရာစီမံကိန္းေတြကိုေဆာက္လုပ္ေရာင္းခ်ေပးေနေၾကာင္းသိရပါတယ္။ထပ္မံၿပီးလည္း ရန္ကုန္ ၊ မႏၲေလးနဲ႔ ေနျပည္ေတာ္ ၿမိဳ႕ႀကီးေတြမွာေဆာက္လုပ္ေရးဝန္ႀကီးဌာနက အိမ္ခန္းေပါင္ ၁ေသာင္းပါဝင္တဲ့ ျပည္သူ႔အငွားအိမ္ရာစီမံကိန္းေတြကို ေဆာက္လုပ္ေနရာစီမံကိန္းပထမအဆင့္မွာ

အိမ္ခန္းေပါင္း ၅၀၀၀ေက်ာ္ကိုတည္ေဆာက္မယ္လို႔သိရပါတယ္။အဆိုပါျပည္သူ႔ အငွားအိမ္ရာစီမံကိန္း ေတြကို ၂၀၂၂-၂၀၂၃ ဘ႑ာႏွစ္အတြင္းၿပီးစီးေအာင္ေဆာင္႐ြက္ဖို႔ရွိေနရာအိမ္ခန္းေတြအေနနဲ႔ ရန္ကုန္မွာအခန္းေပါင္း ၃၁၀၄ခန္း ၊

မႏၲေလးမွာ အခန္းေပါင္း ၁၄၅၆ခန္းနဲ႔ ေနျပည္ေတာ္မွာ ၄၄၈ခန္းေဆာက္လုပ္မယ္လို႔ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္တဲ့အခ်က္အလက္ေတြအရ သိရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*