နောက် (၂)ရက်အတွင်း အအေးပိုလာမည့် ပြည်တွင်းကတိုင်းဒေသကြီး များ

နောက် (၂)ရက်အတွင်း အအေးပိုလာမည့် ပြည်တွင်းကတိုင်းဒေသကြီး များ

မြန်မာပြည်အတွင်းကဒေသအချို့မှာ ပို၍အေးမည်ဟုသိရှိရပါသည်။ ထိုအအေးပိုင်းဒေသတွေ ဖြစ်တဲ့ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နဲ့အချို့သောတိုင်းဒေသကြီးတွေမှာအအေးမှတ်အနှုတ်ဒီဂရီအောက်ရောက်ရှိနေကာအပူချိန်လျော့နည်းပြီးပိုအေးလာနိုင်တယ်လို့မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေသိရပါတယ်။

အအေးဆုံးအခြေအနေကိုရောက်နေတဲ့ချင်းပြည်နယ်ရဲ့မြို့တော်ဟားခါးမြို့မှာတော့ ညအပူချိန်တွေဟာ ရေခဲမှတ်အောက်အနှုတ် -၆ ဒီဂရီ စင်တီဂရိတ်ကိုရောက်ရှိနေရာသာမာန်အချိန်ထက်အပူချိန်တွေလျော့နည်းနေတယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံရဲ့အအေးပိုင်းနေရာတွေအနေနဲ့ ချင်းပြည်နယ် ဟားခါးအပြင် ၊တီးတိန် မြို့မှာလည်းအပူချိန်က ၂ဒီဂရီ ရှိပြီး

ရှမ်းပြည်နယ် မှာတော့ နမ့်စန်နဲ့ မိုင်းယန်းမြို့တွေမှာအပူချိန် ၁ဒီဂရီ ၊ကျောက်မဲ ၊ဟဲဟိုးနဲမန္တလေးတိုင်း ပြင်ဦးလွင်မြို့တို့မှာ အပူချိန် ၃ဒီဂရီ စင်တီဂရိတ်သာ ညအချိန်မှာရှိနေကြောင်း ဇန်နဝါရီ ၁၇ရက်ဒီကနေ့မွန်းလွဲပိုင်း မိုးလေဝသ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ရန်ကုန်တိုင်း အနေနဲ့လည်း ညအပူချိန်မှာပျှမ်းမျှအပူချိန်တွေထက်၃ဒီဂရီအောက်လျော့ကျနေသလိုတနင်္သာရီတိုင်း ၊ ရခိုင်ပြည်နယ်နဲ့နေပြည်တော်တို့မှာလည်း ပျှမ်းမျှအပူချိန်ထက် ၂ဒီဂရီအောက်လျော့ကျနေပြီးအအေးပိုင်းနေရာများကလွဲပြီးကျန်တဲ့ ပြည်နယ်နဲ့တိုင်းများမှာတော့ ဇန်နဝါရီလရဲ့ ပျှမ်းမျှအပူချိန်အတိုင်းသာ ဆက်လက်တည်ရှိနေတယ်လို့ဆိုပါတယ်။

မိုးလေဝသဌာန ရဲ့ နောက်၂ရက် အတွက်ခန့်မှန်းချက်ဖြစ်တဲ့ ဇန်နဝါရီ၁၈ရက်နဲ့ ၁၉ရက်တွေမှာတော့ကချင်ပြည်နယ်၊စစ်ကိုင်းတိုင်းနဲ့ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွေမှာညအပူချိန်တွေအနည်းငယ်လျော့နည်းပြီးအခုထက်ပိုအေးလာနိုင်ကြောင်းသိရပါတယ်။

Zawgyi







Be the first to comment

Leave a Reply

Your email address will not be published.


*