ဝယ်သူတွေ ဂျင်းထည့်ခံရနိုင်သည့်အတွက် လက်တလော ကားဝယ်မယ်ဆို သတိထား

ဝယ်သူတွေ ဂျင်းထည့်ခံရနိုင်သည့်အတွက် လက်တလော ကားဝယ်မယ်ဆို သတိထား

ယာဉ်စစ်ဆေးတာမပြုလုပ်ဘဲသက်တမ်းတိုးဆောင်ရွက်ပေးတာတွေကကားဝယ်ယူသူတွေအနေနဲ့ ဆုံးရှုံးမှုဖြစ်လာနိုင်တယ်လို့ ကားဝယ်ရောင်းဈေးကွက်ကနေသိရပါတယ်။ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှု ဦးစီးဌာန(ကညန)ကမော်တော်ယာဉ်တွေနဲ့

ဆိုင်ကယ်တွေကိုစစ်ဆေးတာမျိုးမပြုလုပ်ဘဲသက်တမ်းတိုးဆောင်ရွက်ပေးနေတာကို ၂၀၂၃ မတ်လကုန်အထိထပ်မံသက်တမ်းတိုးပေးထားတယ်လို့သိရပါတယ်။“ယာဉ်မစစ်ဘူးဆိုရင်ကားပိုင်ရှင်အတွက် အလုပ်ရှု့ပ်သက်သာတယ်ဆိုပေမယ့်နောက်ဆက်တွဲဖြတ်ဆက်တို့ဖောက်စွပ်တို့ ရှိလာနိုင်ပြီးအရောင်းအဝယ်မှာလည်တဲ့ ပွဲစားတွေရဲ့လိမ်တာကိုခံရလာနိုင်တယ်။

ဝယ်သူတွေ ဂျင်းထည့်ခံရနိုင်တယ်။ လုပ်စားကွက်တွေလည်းပေါ်လာမှာပေါ့။ အခုဆို ကားအကြောင်း သိပ်နားမလည်တဲ့သူတွေကကားဟောင်းတွေဝယ်ကြမယ်ဆိုရင်ယာဉ်မှန်မမှန်စစ်တာကိုတတ်ကျွမ်းတဲ့သူတွေဆီ တစ်သိန်း၊နှစ်သိန်းနဲ့နားလည်မှုနဲ့စစ်ပေးတဲ့ဈေးကွက်တွေပါဖြစ်လာတယ်။

ကားဝယ်မယ်ဆိုသတိထားပြီးဝယ်ကြပါ။အရမ်းဈေးတန်နေရင်ပိုသတိထားပါ။ ကားရောလူပါယုံကြည်ပြီဆိုမှကားဝယ်ကြပါ”လို့ကားဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။အရေးကြီးတဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးခရီးသည်ယာဉ်တွေကိုတော့ယာဉ်စစ်ဆေးကင်းလွတ်ခွင့်မပါရှိဘူးလို့ကညနကထုတ်ပြန်ထားတယ်လို့သိရပါတယ်။

Zawgyi

ဝယ္သူေတြ ဂ်င္းထည့္ခံရႏိုင္သည့္အတြက္ လက္တေလာ ကားဝယ္မယ္ဆို သတိထား

ယာဥ္စစ္ေဆးတာမျပဳလုပ္ဘဲသက္တမ္းတိုးေဆာင္႐ြက္ေပးတာေတြကကားဝယ္ယူသူေတြအေနနဲ႔ ဆုံးရႈံးမႈျဖစ္လာႏိုင္တယ္လို႔ ကားဝယ္ေရာင္းေဈးကြက္ကေနသိရပါတယ္။ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားေရးမႈ ဦးစီးဌာန(ကညန)ကေမာ္ေတာ္ယာဥ္ေတြနဲ႔

ဆိုင္ကယ္ေတြကိုစစ္ေဆးတာမ်ိဳးမျပဳလုပ္ဘဲသက္တမ္းတိုးေဆာင္႐ြက္ေပးေနတာကို ၂၀၂၃ မတ္လကုန္အထိထပ္မံသက္တမ္းတိုးေပးထားတယ္လို႔သိရပါတယ္။“ယာဥ္မစစ္ဘူးဆိုရင္ကားပိုင္ရွင္အတြက္ အလုပ္ရႈ႕ပ္သက္သာတယ္ဆိုေပမယ့္ေနာက္ဆက္တြဲျဖတ္ဆက္တို႔ေဖာက္စြပ္တို႔ ရွိလာႏိုင္ၿပီးအေရာင္းအဝယ္မွာလည္တဲ့ ပြဲစားေတြရဲ႕လိမ္တာကိုခံရလာႏိုင္တယ္။

ဝယ္သူေတြ ဂ်င္းထည့္ခံရႏိုင္တယ္။ လုပ္စားကြက္ေတြလည္းေပၚလာမွာေပါ့။ အခုဆို ကားအေၾကာင္း သိပ္နားမလည္တဲ့သူေတြကကားေဟာင္းေတြဝယ္ၾကမယ္ဆိုရင္ယာဥ္မွန္မမွန္စစ္တာကိုတတ္ကြၽမ္းတဲ့သူေတြဆီ တစ္သိန္း၊ႏွစ္သိန္းနဲ႔နားလည္မႈနဲ႔စစ္ေပးတဲ့ေဈးကြက္ေတြပါျဖစ္လာတယ္။

ကားဝယ္မယ္ဆိုသတိထားၿပီးဝယ္ၾကပါ။အရမ္းေဈးတန္ေနရင္ပိုသတိထားပါ။ ကားေရာလူပါယုံၾကည္ၿပီဆိုမွကားဝယ္ၾကပါ”လို႔ကားဝယ္ေရာင္းလုပ္ကိုင္သူတစ္ဦးကေျပာပါတယ္။အေရးႀကီးတဲ့ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးခရီးသည္ယာဥ္ေတြကိုေတာ့ယာဥ္စစ္ေဆးကင္းလြတ္ခြင့္မပါရွိဘူးလို႔ကညနကထုတ္ျပန္ထားတယ္လို႔သိရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*