ကမ္ဘာကျော်တဲ့ ကျောက်စိမ်းတွေ ထွက်ရာ ဖားကန့်မှာ ဘယ်မှော်တွေက သိန်းထောင်ချီတန် ကျောက်တွေထွက်ပြီး ဘယ်မှော်တွေကတော့ ထမင်းစားကျောက်လောက်ပဲ ထွက်တတ်သလဲ…?

ကမ္ဘာကျော်တဲ့ ကျောက်စိမ်းတွေ ထွက်ရာ ဖားကန့်မှာ ဘယ်မှော်တွေက သိန်းထောင်ချီတန် ကျောက်တွေထွက်ပြီး ဘယ်မှော်တွေကတော့ ထမင်းစားကျောက်လောက်ပဲ ထွက်တတ်သလဲ…?

မြန်မာနိုင်ငံမှာ အဓိကအားဖြင့် ကျောက်စိမ်းထွက်တဲ့နေရာ (၄)နေရာရှိပါတယ်။ (1)ဖားကန့်ရတနာမြေ (2)လုံးခင်းကဖားကန့်ရတနာမြေ (3)ခန္တီးရတနာမြေ (4)စစ်ကိုင်းနဲ့ကချင်ပြည်နယ်ကြားမှာရှိတဲ့ မော်လူး မော်ဟန် စသည်တို့ဖြစ်ပါတယ်။

အားလုံးထဲမှာ ဖားကန့်ရဲ့ကျောက်စိမ်းတိုက်ကအကြီးဆုံးပါ။ ကမ္ဘာကျော်ပါတယ်။ မော်လူး မော်ဟန်မှာလည်း အထိုက် အလျောက်ရှိပြီး ခန္တီးမှာတော့ တော်တော်များများရှိပါတယ်။

ခန္တီး/ လုံးခင်းနဲ့ ဖားကန့်‌ဒေသရဲ့ ကျောက်ကြောအတူတူပါပဲ။ အလျားလိုက် အလျားလိုက် အထပ်လိုက်သွာပါတယ်။ မော်လူး မော်ဟန်ကြ တော့ ပုံမှန်အားဖြင့် အလွှာက အလျားလိုက် အထပ်လိုက်မဟုတ်ဘဲ ဒေါင်လိုက် သွားပါတယ်။

ဘာနဲ့တူလဲဆိုတော့ နွေရာသီပက်ကြားအပ်ထဲ ကုလားပဲ ဂျူံ တို့ မှောက်ကျထားသလို ပုံစံမျိုးဖြစ်ပါတယ်။ ဘယ်မှော်မှာမဆို အများအားဖြင့် ကျောက်ကြောရဲ့ အ ပေါ်ဆုံးအလွာမှာ မြေမှန်ဆိုပြီးရှိပါတယ်။

မြေမှန်ရဲ့အောက်မှာ ကြက်သွေးနက်ဖြစ်ရင်ဖြစ်မယ် အမဲကြောဖြစ်ရင်ဖြစ်မယ်

အဲဒီ ကြက်သွေးနဲ့ အမဲကြောကြားမှာ သံချေးခွံ(ကြက်ခိုး)ဆိုတာရှိပါတယ်။ အဲ့အောက်မှာ တစ်ချို့ကျ ကြက်သွေး အရင် လာ တယ်။ တစ်ချို့ကြ မြင်းချေးကြောလာတယ်။ ချောင်း ကြော ရိုးတွေမှာက မုံထု ခွံ (ရေမုံထု လို့လည်းခေါ်တယ်) ရှိတယ် ။

ရေတစ်ပိုင်းကုန်းတစ်ပိုင်း ရေ ခွံရှိတယ်။ ငုတ်မှော်‌‌တွေက တော့ လက်ရှိသိပ်မရှိတော့ပါဘူး။ လက်ရှိလုပ်နေကြတာက ကံစီးအထက်ပိုင်းမှာဆို အောင်ဘာလေ/စ နေ / ပါးမား / ခေါင်းကွဲတို့ရှိမယ်။

အဲ့ဘက်မှာ မြေမှန်ပုံစံထဲက နေပေါ်လိသားတွေထွက်တာများတယ်။ ပါးမားမှော် က နာမည်ကြီးပါတယ်။ ယူရို 19 သန်းတန်တာထွက်ဖူးပါတယ်။ ပါးမားမှော်က ချွန်ပါရင် ပိုလန်ပါတယ်။

အောင်ဘာလီ စ နေ ခေါင်းကွဲတို့က အမြူပ်နဲနဲများတဲ့အပိုင်းတွေရှိပါတယ်။ လက်ရှိ ဖားကန့်ရဲ့ကျောက်ကြောက အ ရှေ့မြောက် အ နောက် တောင် အလျားအ နေနဲ့တော်တော်ရှည်ပြီး အနံကသိပ်မရှိပါဘူး။

လုံးခင်းဘက်ဆို လက်ရှိတူးနေတဲ့မှော်တွေက ကထန်/ ဆန်ခါ/ ဖဝါ/ မားဆား / ငိုပြင်း တို့ရှိပါမယ်။ မားဆားမှာ အရင်က ကျောက်စိမ်းအလုံးကြီးတွေထွက်ပါတယ်။ အခုက ကထန် ဆန်ခါ ဖဝါ ငိုးပြင်း တွေ မှာလဲ ထွက်တယ်။ခါးကြောမှာ ခွံဖြူတွေထွက်တယ်။ တစ်ချို့မှာက အဝါအမဲစပ်တဲ့ မြင်း ချေးတွေထွက်တယ်။

အောက်ကြောမှာက အမဲကြောထွက် တယ်။ လုံးခင်းဘက်မှော်တွေကိုက အရူးမှော်လိုတောင် ခေါ်ကြပါတယ်။ အပြင်ဘက် အမြင်မှ ကောင်းတဲ့ လက္ခဏာ မန်းကောင်း တဲ့အလားအလာတွေ မရှိပေမယ့် ဖြတ်တဲ့အခါထူးထူး ခြားခြား တစ်အားအောင်သွားတာတွေရှိတတ်ပါတယ်။

အလုံး ကြီးသေး အစုံ ထွက်ပါတယ်။ ငိုးပြင်းမှာဆို ပေါ်လိသားတွေ လည်း ထွက်သေးတယ်။ ငှက်ပျောညွန့်ကာလာတွေပါတဲ့ ပေါ်လိသားတွေထွက်တယ်။ မှော်စီဆာနဲ့တော့ကာလာမတူဘူးပေါ့။

အားနည်းချက်အနေနဲ့က အသားမြင့်တဲ့ကျောက်တွေက ပြောင်းလဲမှု သိပ်မရှိပေမယ့် အသားလျော့တဲ့ ကျောက်.. တွေက ၁ လ ၂ လကြာလာတဲ့အခါ အဝါတွေ ဂျီးတွေ ဝင်လာတက်ပါတယ်။

လုံးခင်းဘက်မှော်တွေမှာ သတိထားရမှာက ငချိတ်ဘဲ ငချိတ်ဝင်လာရင် အပျက်များပါတယ်။ လုံးခင်းက နေဆက်ဆင်းလာရင် မှော်စီဆာမ ရောက်ခင်မှာ မ လောင်ကြီး မ လောင်သေး ရှိပါတယ်။

မ လောင်ကြီးက ကျောက်တွေက ကုဋေမှော် ငိုးပြင်း မှော် နဲ့ တူပါတယ်။ မ လောင်သေးက တော့ မှော်စီဆာနဲ့ ကပ်လာလို့ မှော်စီဆာ ကျောက်နဲ့တူလာပါတယ်။ အ ရှေ့နောက် မြောက်တောင်ဆက်ဆင်းလာရင်တော့ မ လောင်ပြီးတော့ မှော်စီဆာရောက်လာပါတယ်။

မှော်စီဆာက တော့ အများအားလုံးသိတဲ့အတိုင်း ကမ္ဘာ့အ ကောင်းဆုံး ပေါ်လိသား တွေ ထွက်ပါတယ်။ သူက အလုံးကြီး သိပ်မ ထွက် ဘူး။ အများဆုံး ကီလို၅၀/ ၆၀ /၇၀ ဆိုရင် တော်တော် ကြီး နေပြီ။ ကီလို 20 အောက်တွေက ပိုကောင်းပါတယ်။

ဘလတ်ချိတ်လည်း ထွက်တယ်။ မန်းမဲက နေ အရည် ကျောက် .ထွက်တယ်။ ဒါပေမယ့် မှော်စီဆာမှာ အပွင့်တွေမရှိသ လောက်ရှားတယ်။ ပေါ်လိသားမှာ အားသာတယ်။ မြေ မှန်မှာလည်း မြေမှန် ပေါ်လိသားရှိတယ်။ ချစားတွေနဲ့ ဖြတ် လိုက်တဲ့အခါ ကန် စွန်းပန်းကြား ပေါ်လိသားတွေလည်းရှိတယ်။

မြေမှန်ရဲ့အောက်မှာ မြေမှန်နဲ့အပြာ ကြောအစပ်မှာ ပြာဝါစပ် သံချေးခွံတွေရှိတတ်တယ်။ အဲ့အောက်မှာ အပြာ ကြောရှိတယ်။ ပေါ်လိထဲမှာ အပြာကြောပေါ်လိတွေက တော် တော် သန့် တယ်။ သံဘရက်ရှ် နဲ့ဆေးလည်းအ ဆေးခံတယ်။ အဲ့အောက်က အမဲကြောပေါ်လိတွေက ကာလာရှိပြီး သံဘရက်တွေ အချဉ်တွေနဲ့ဆေးတဲ့အခါ ဖြူဖြူကြီးတွေဖြစ်သွားတတ် တယ်။

မန်းမဲထဲမှာဆို ပဲပြင်တွေ ပဲကြိုးတွေရှိတယ်။ မှော်စီဆာ မှာက ပေါ်လိ/အသားဆန်းတွေမှာ အားသာချက် ရှိပြီး နဲနဲလေး အသားကျတဲ့ကျောက်တွေက တော့ ကြာလာ ရင် ခုန့်ကြာလုပုံစံတွေ ဝါ သွားတာတွေလည်းရှိတယ် နောက် မှ ပုံမှန်ပြန်ဖြစ်လာတာတွေ့ရတတ်တယ်။

မှော်စီဆာရဲ့အားသာချက်က အပြင်မှာ အနာတွေ့ ပေမယ့် ဖြတ်လိုက် တဲ့အခါ အနာမဝင်တက်ပါဘူး။ ပြီးတော့ မှတ်တက်တယ်။ နောက်တစ်ချက်က အပြင်မှာ ခွေးရိုးမြင်ပေမယ့် အတွင်းထဲ ကာလာကြောဖြစ် သွားတတ်ပါတယ်။ မှော်စီဆာက နေ အောက်နဲနဲပြန်ဆင်းလာရင် မှော်ဝမ်းကြီး မှော်ဝမ်းလေးရှိတယ်။ အရည်မှာ နာမည်ကြီးပါတယ်။ အဓိက က တော့အပွင့်လိုင်းထွက်ပါတယ်။

လက်ကောက် သားတွေက တော့ အင်မတန်နည်းပါတယ်။ ထွက်လာရင်လည်း ပဲသားဆန်ဆန်တွေပဲ ထွက်ပါတယ်။ အားသာချက်က ပဲရည်ထုတ်တဲ့အခါမှာ မှတ်တက်ပါတယ်။ ခေါင်းကျောက်မှာဆို အကာဖြူပါရင် စိတ်ချရပါတယ်။ အကာဖြူ ..မပါလည်း အရည်အောက်မှာ ပဲပြင်စီးစီးလေးတွေထွက်ပါတယ်။

အလုံးကြီးမ ထွက်ဘူး ကီလို ၄၀/ ၅၀/ ၁၀၀ ပဲ ထွက်ပါတယ်။ ဖားကန့်အနေနဲ့ပြောမယ်ဆို ဥရုချောင်းရဲ့ဟိုဘက်ခြမ်း ဒီဘက် ခြမ်းရှိပါတယ်။ အခုပြောနေတာက ဥရုချောင်းရဲ့ မြောက်ဘက် အ ကြောင်း ပြော နေခြင်းဖြစ်ပါတယ်။ မှော်ဝမ်းကြီး/လေး ပြီးရင် ဗလခ /တောင်ပြို /မော်မှော်လျန်ရှိပါတယ်။

မှော်‌မောင်းလျန်က အသားဆန်း/ ပန်းကြား /အပွင့်/ ပေါ်လိသား /ဘလက်ချိတ် /လန့်ဆွေး စသည်ဖြင့် လိုင်းစုံ ထွက်ပါတယ်။ မြင်းချေးနာမည်ကြီးပါတယ်။ တော်တော်လေး အဖြတ် ခံတဲ့ထဲမှာ ပါပါတယ်။ ခေါင်းကျောက်ဆို မျိုးကောင်းပြီး အောင် တာများပါတယ်။

မှော်‌မောင်းလျန်က နေ ဆက်ဆင်းလာရင် (လက်ရှိတူးနေတဲ့နေရာတွေ) ရှရောခ/ မန / ရှိပါတယ်။ ဟိုးအရင်ကတည်းက နာမည်ကြီးပါတယ်။ Aလိုင်း Bလိုင်းတို့… ရှရောခက နေ ပေါ်လိအရည်စွဲတွေထွက်ပါတယ်။ အပွင့်လိုင်း အသားဆန်းတွေလည်းထွက်ပါတယ်။ ရှရောခ ကျောက်တွေလည်းသိပ်မကြီးပါဘူး။

အဲ့က နေဆင်းလာရင် မန /မျောက်ဖြူရှိပါတယ်။ မနမှော်မှာက တော့ အလုံး ကြီး ကီလို ၁၀၀ /၂၀၀/ ၃၀၀ တွေထွက်ပါတယ်။ အသားဆန်းလည်းထွက်ပါတယ်။ မန အောက်မှာ မျောက်ဖြူ / စဗျစ်ခူးရှိပါတယ်။ ကီလို ၃၀၀ /၅၀၀ /၈၀၀ တွေထွက်ပါတယ် လက်ရှိလည်းတူးနေကြပါတယ်။

အောက်ကိုဆက်သွားရင် မက်လင်ဂျောင်မှော် ရောက်ပါတယ်။ မက်လင်ချောင်မှော်က မှတ်တက်တယ် အလုံးကြီးထွားတယ်။အဖြတ်ခံတယ်။ အမဲကြောမှာဆို မက်လင်ချောင်က ကျောက်ချောတယ်။ အနာသိပ်မဝင်ဘူး။ပြီးတဲ့ရာသီတုန်းက ဇာတ်လိုက်ပါ။ တန် ၂၀၀ ၃၀၀ တွေထွက်သွားတာတာလည်း မက်လင်ဂျောင်ပါပဲ။

သူ့အောက်မှာက မမုံ ။ မမုံနဲ့မက်လင်ဂျောင်က တော့ ကျောက်ကြောတစ်ကြောထဲဖြစ်ပါတယ်။ မက်လင်ချောင်က အမဲကြောတွေများပြီး မမုံက ဖာကပ်မှာ ကြက်သွေးနဲ့ဆုံးပါတယ်။ မမုံရဲ့မြေမှန်ပေ 100/200 အောက်မှာ ပေါ်လိသားထွက်တဲ့‌ကျောက်ကြောတစ်ကြောရှိပါတယ်။

အဲ့တစ်ကြောအောက်မှာ ကြက်သွေး/ ခွံနီတွေရှိပါတယ်။ပုတီးထုတ်တဲ့ပဲတွေ မမုံဘက်ကထွက်ပါတယ်။ ကီလို ၃ ၄ ရာက နေ တန် (၂၀)ထိ ထွက်ပါတယ်။ ဥရုချောင်းရဲ့မြောက်ဘက်ခြမ်းမှာ လက်ရှိတူးနေတာဆိုရင် မမုံ ပြီးလို့အောက်ဆက်ဆင်းလာရင် တာမခန်ရောက်သွားပါတယ်။

တာမခန်မှာမြေမှန် ထွက်တယ်။ ရေခွံထွက်တယ်။ တာမခန်လည်းအလုံးသေးသွားပါတယ်။ အရင်ကနာမည်ကြီးပါတယ်။ ဥရုချောင်းရဲ့ တောင်ဘက်မှာဆိုရင် ဖားကန့်နဲ့မျက်နှာချင်းဆိုင် နမ့်မဖြစ်။ နမ့်မဖြစ် နဲနဲအလွန်မှာဆို ဂျန်ခက်မှော် ဆိုတာရှိပါတယ်။ ဂျန်ခက်မှော်ရဲ့ ကျောက်ကြောပုံစံအရက မှော်စီဆာနဲ့တူပါပေမယ့် ခေါင်းကျောက်မှာက အဖြတ်မခံပါဘူး။

ဖြတ်လိုက်ရင်ရူံးတာများပါတယ်။ အာ့ကြောင့် လုပ်ကွက်ရှိပြီး တူးတဲ့သူ သိပ်မရှိတာပါ။ ဂျန်ခတ်မှော်ရဲ့ ဒီဘက် ဖားကန့်ဆိုင်းတောင် သွားတဲ့နားမှာတော့ မှော်ဆိုတာမရှိတော့ပဲ ကျောက်သွေး ရွာတို့ရှိပါတယ်။ ဆိုင်းတောင်ရွာတို့ရဲ့အေ နောက်မှာက မှော်တွေပဲရှိပါတယ်။ ဘစံချောက်မှော်ရှိပါတယ်။

ဘစံချောက်မှော်မှာ အဓိက က တော့ ကြက်သွေးဖြစ်ပါတယ်။ အမဲကြော မရှိသ လောက်ရှားပါတယ်။ထူးခြားချက်က ဒေါ်လာ လေးငါးသောင်းတန်တဲ့ ကျောက်ကောင်းတွေ မရှိပေမယ့် အလွှာတိုင်း အလွှာတိုင်းမှာ ရောင်းစားလို့ရတဲ့ကျောက်တွေရှိပါတယ်။ အဲ့ တာ ကြောင့် စ ဘော့ ဘစံချောက်မှော်ကို မုဆိုးမ မှော် လို့ လည်းခေါ်ကြပါတယ်။

ဘစံချောက်မှာ ကျင်းတူးတဲ့သူတွေ လိုက်တဲ့ကျောက်ကြောတစ်‌ကြောရှိတယ်။ အဲ့ဒါက ကန်းစွန်းပန်းတွေ ထွက်တဲ့ကြော အဲ့အောက်မှာ ပဲကြောတစ်ကြောရှိမယ်။ ဘစံချောက်ပြီးရင် စ ဘော့မှော် စ ဘော့မှော်ဟာ ဘစံချောက်နီးပါ ရှိတယ်။ကျောက်အလုံးကြီးတာ တန်ကျော်တဲ့ ကျောက်တွေ ထွက်တော့ ထွက်ပေမယ့် အလွန်ရှားပါတယ်။

စ ပေါ့ ရွာရဲ့နောက်ဘက်မှာ စိန်လုံကြောရှိမယ်။ စိန်လုံတောင်တန်းကလည်ကြက်သွေးကြောထွက်ပါတယ်။ မမုံ ရွာရဲ့အနောက်ဘက် ကပ်ရပ်က ကရင်ဂျောင် ။ ဖားကန့်မှာ ဂျောင်နှစ်ဂျောင်ဖြစ်တဲ့ ကရင်ဂျောင် မက်လင်ဂျောင် နာမည်ကြီးပါတယ်။ ကရင်ဂျောင်က မက်လင်ဂျောင်လောက် ကျောက်သိပ်မ ချောပါဘူး အလုံးနဲနဲသေးပြီး အနာများတယ်။

ဒါပေမယ့် ကရင်ဂျောင်ကျောက်တွေက အဖြတ်ခံတဲ့ထဲ အောင်တတ်တဲ့ထဲမှာပါ ပါတယ်။ ကြားမှာနာမည်မကြီးတဲ့မှော်တွေ ရှိပါသေးတယ်။ ကရင်ဂျောင် ပြီးရင်တော့ တောင်းကော့ရှိမယ် တောင်းကော့က အမြင့်ကြီးပေါ်မှာဖြစ်တဲ့အတွက် ကျောက် သိပ်မထွက်ပါဘူး။

ကရင်ဂျောင် တောင်းကော့အောက်ဆင်းလာရင်တော့ မှော် လကင်။ မှော်လကင်ကလည်း အောက်ကြောရောက် ရင် တော်တော်လေး အဖြတ်ခံပါတယ်။ အရင်က တော်တော်စည်ခဲ့ပါတယ်။ မှော်လကင် ပြီးရင် နမ့်မှော်။ နမ့်မှော်က ကျောက်တွေ နာမည်ကြီးပါတယ်။ ကောင်းပါတယ်။ ဒါပေမယ့် တူးမယ့် ဧရိယာအကျယ်ကြီးတွေ တော့ မရှိတော့ပါဘူး။

ဆိုင်းတောင်ဘက်က လူတွေ နမ့်မှော် စ ဘော့ကျောက်နဲ့တော်တော်လေး ရစားကြပါတယ်။ နမ့်မှော်ကပ်ရပ်မှာ တန်အများကြီးရှိတဲ့ ပအို့က နေပြတိုက် လုပ်ထားတဲ့ တန်(၃၀၀၀) ကျောက်ကြီးအဲ့မှာရှိပါတယ်။ အဲ့တာပြီးရင်တော့ ဥရုချောင်းရဲ့ ဒီဘက်ဆုံး သွားပါတယ်။

ဆိုင်းတောင်က နေဆက်သွားရင် ဝှေ့ခါမှော်။ မင်းသားကြီးဝှေ့ခါမှော်က ဖားကန့်နဲ့မော်လူး မော်ဟန် သွားတဲ့ကြားမှာ သီးသန့်ကြီး တည်ရှိနေတာပါ။ ဝှေ့ခါမှော်က ပြောရခက်ပါတယ်။ အားလုံးတစ်ကြောထဲလိုလိုဖြစ်နေတာပါ။ ဝှေ့ခါမှော် နာမည်ကြီးပါတယ်

ဒီနှစ်ထဲမှာပဲ နွံကန်ပြိုကျလို့ လူတွေလည်းအများကြီးသေထားတာပါ။ သူကအနာတော့များတယ်။ ဖ ယောင်းချောခွံ /ချွန်/ကန်စွန်း /အရည်ကျောက် /ပေါ်လိသား/ အမဲကြော/ အသားဆန်း / ကြက်သွေး / မြင်းချေး /ပုတီးပန်းပု အား လုံး ထွက်ပါတယ်။

အလုံးကြီး အလုံးသေးအစုံ ထွက်ပါတယ်။ မြင်းချေး/ အမဲမှာ အကာလေးတွေပါလာရင် အရည် ရော အသားရော အရမ်းကောင်းပါတယ်။ ဝှေ့ခါကျောက်ကအ ပေါ်မှာ ဖျော့ဖျော့လေးတွေ ဖြစ်ပေမယ့် အတွင်းထဲ ပိုလန်တတ်တဲ့သ ဘောရှိပါတယ်။ ဝှေ့ခါက တောင်အမြင့်မှာ ရှိပါတယ်။

ဝှေ့ခါက နေဆင်းသွားရင် ချောင်းရိုးတွေရှိပါတယ်။ မကာပြင်တို့ မှော်ဂလုံတို့ ရှိပါတယ်။ သူတို့မှာက မြေမှန် ပုံ စံ တွေ ရေ ခွံပုံစံတွေထွက်ပါတယ်။ အဲ့မှော်တွေက ရှေး ရှင် ဘုရင်တွေ ခေတ်ကတူးထားတဲ့ ကျင်းတွေ တောင်ရှိ တယ်။

အဲ့ ရွာဘက်ချောင်းရိုးတွေမှာ မုံတွေနဲ့တူးတဲ့အခါ ရှေးခေတ် က အရည်ပါ မပါသိရ အောင် မီးဖုတ်လို့ ကျောက်ပူတဲ့အခါမှ တူနဲ့ရိုက်ခွဲကြည့်ကြပြီး ရိုက်ခွဲကြည့်လို့မှအရည်မပါရင် အဲ့မှာပဲပစ်လိုက်ကြပါတယ်။ အရာတွေကျန်နေ သေးပါတယ်။ အရင်ခေတ်က ပန်းကြားတွေအဆင့်တောင်မယူပါဘူး။

အသားကျောက်လည်းတော်ရုံ မမြင့်ရင် မယူကြပါဘူး။ ဈေးကြီးကြီး ကျောက်ကြီးတွေထွက်တာက ဝှေ့ခါ/ လုံးခင်း /ကထန် /ငိုးပြင်း /ဆန်ခါ /မက်လင်ဂျောင် တွေမှာ အများအားဖြင့် ထွက်ပါတယ်။ အဲ့ဘက်မှာ ပေါ်လိသား အရည်စွဲတွေလည်းထွက်ပါတယ်။

၇ တန် ၈တန် ရှိတဲ့အလုံးကြီးတွေထွက် ပါတယ်။ ကျောက်က ကံကောင်းရင် ဘယ်ဟာဖြစ်ဖြစ် အောင်မယ်ဆိုတာမဟုတ်ပါဘူး အမဲတုံးကို ဖြတ်ရင် အမဲတွေပဲ ထွက်မှာပါ မ အောင်နိူင်ပါဘူး။ ကံ ဉာဏ် ဝိရိယ တွေလိုပါတယ်။

ဗဟုသုတ တွေလိုပါတယ်။ မှော်အ ကြောင်း ကျောက်ကြော တွေအ ကြောင်း လေ့လာ မှတ် သားဖို့လိုပါတယ်။ ကျောက်စိမ်းကလည်း ဘာသာဗေဒတခုရဲ့ သ ဘောတရားပါပဲ။ နားလည်မှဖြစ်မှာပါ။

မှော်စီဆာဆို မန်းမပါလည်း အောင်တတ်တယ်။

ခွေးရိုး ပါ ရင် ကျောက်စိမ်း ပိုရင့်တယ်ဆိုတာမျိုးသိထားရပါမယ်။ ကျောက်ကို လောဘနဲ့ကြည့်ရင်မှားတတ်ပါတယ်။ သေချာကြည့်ဖို့လိုပါတယ်။ လေ့လာတာများရင် သမ္ဘာရင့်ပြီးဘယ်ကျောက်က အောင်နိုင် မ အောင်နိုင် စိတ်ထဲက နေ နည်းနည်းရိပ်မိပြီး သိနိုင်ပါလိမ့်မယ်။

ငါသိပြီ ငါတတ်ပြီဆိုပြီး လေ့လာတာကို ရပ်မ နေ စေချင်ပါဘူး။ ချွေးထွက်များမှ သွေးထွက်နည်းမယ်။ ဒီ နေ့ တော့ ဒီ လောက် ပါ ဘဲနောက် နေ့ တွေ မှာ ..အ ခွင့် သင့် သ လို့ပြော ပြ ပေး သွား ပါ မယ်

မူရင်း Kyaw ThuRa(Myanmar ThuRa CEO) ရေးသားသည်ကို ပြန်လည်မျှဝေပါသည်။ လေးစားစွာဖြင့် ခရက်ဒစ်

Credit 🙏

Zawgyi

ကမာၻေက်ာ္တဲ့ ေက်ာက္စိမ္းေတြ ထြက္ရာ ဖားကန္႔မွာ ဘယ္ေမွာ္ေတြက သိန္းေထာင္ခ်ီတန္ ေက်ာက္ေတြထြက္ၿပီး ဘယ္ေမွာ္ေတြကေတာ့ ထမင္းစားေက်ာက္ေလာက္ပဲ ထြက္တတ္သလဲ…?

ျမန္မာႏိုင္ငံမွာ အဓိကအားျဖင့္ ေက်ာက္စိမ္းထြက္တဲ့ေနရာ (၄)ေနရာရွိပါတယ္။ (1)ဖားကန္႔ရတနာေျမ (2)လုံးခင္းကဖားကန္႔ရတနာေျမ (3)ခႏၲီးရတနာေျမ (4)စစ္ကိုင္းနဲ႔ကခ်င္ျပည္နယ္ၾကားမွာရွိတဲ့ ေမာ္လူး ေမာ္ဟန္ စသည္တို႔ျဖစ္ပါတယ္။

အားလုံးထဲမွာ ဖားကန္႔ရဲ႕ေက်ာက္စိမ္းတိုက္ကအႀကီးဆုံးပါ။ ကမာၻေက်ာ္ပါတယ္။ ေမာ္လူး ေမာ္ဟန္မွာလည္း အထိုက္ အေလ်ာက္ရွိၿပီး ခႏၲီးမွာေတာ့ ေတာ္ေတာ္မ်ားမ်ားရွိပါတယ္။

ခႏၲီး/ လုံးခင္းနဲ႔ ဖားကန္႔‌ေဒသရဲ႕ ေက်ာက္ေၾကာအတူတူပါပဲ။ အလ်ားလိုက္ အလ်ားလိုက္ အထပ္လိုက္သြာပါတယ္။ ေမာ္လူး ေမာ္ဟန္ၾက ေတာ့ ပုံမွန္အားျဖင့္ အလႊာက အလ်ားလိုက္ အထပ္လိုက္မဟုတ္ဘဲ ေဒါင္လိုက္ သြားပါတယ္။

ဘာနဲ႔တူလဲဆိုေတာ့ ေႏြရာသီပက္ၾကားအပ္ထဲ ကုလားပဲ ဂ်ဴံ တို႔ ေမွာက္က်ထားသလို ပုံစံမ်ိဳးျဖစ္ပါတယ္။ ဘယ္ေမွာ္မွာမဆို အမ်ားအားျဖင့္ ေက်ာက္ေၾကာရဲ႕ အ ေပၚဆုံးအလြာမွာ ေျမမွန္ဆိုၿပီးရွိပါတယ္။

ေျမမွန္ရဲ႕ေအာက္မွာ ၾကက္ေသြးနက္ျဖစ္ရင္ျဖစ္မယ္ အမဲေၾကာျဖစ္ရင္ျဖစ္မယ္

အဲဒီ ၾကက္ေသြးနဲ႔ အမဲေၾကာၾကားမွာ သံေခ်းခြံ(ၾကက္ခိုး)ဆိုတာရွိပါတယ္။ အဲ့ေအာက္မွာ တစ္ခ်ိဳ႕က် ၾကက္ေသြး အရင္ လာ တယ္။ တစ္ခ်ိဳ႕ၾက ျမင္းေခ်းေၾကာလာတယ္။ ေခ်ာင္း ေၾကာ ႐ိုးေတြမွာက မုံထု ခြံ (ေရမုံထု လို႔လည္းေခၚတယ္) ရွိတယ္ ။

ေရတစ္ပိုင္းကုန္းတစ္ပိုင္း ေရ ခြံရွိတယ္။ ငုတ္ေမွာ္‌‌ေတြက ေတာ့ လက္ရွိသိပ္မရွိေတာ့ပါဘူး။ လက္ရွိလုပ္ေနၾကတာက ကံစီးအထက္ပိုင္းမွာဆို ေအာင္ဘာေလ/စ ေန / ပါးမား / ေခါင္းကြဲတို႔ရွိမယ္။

အဲ့ဘက္မွာ ေျမမွန္ပုံစံထဲက ေနေပၚလိသားေတြထြက္တာမ်ားတယ္။ ပါးမားေမွာ္ က နာမည္ႀကီးပါတယ္။ ယူ႐ို 19 သန္းတန္တာထြက္ဖူးပါတယ္။ ပါးမားေမွာ္က ခြၽန္ပါရင္ ပိုလန္ပါတယ္။

ေအာင္ဘာလီ စ ေန ေခါင္းကြဲတို႔က အျမဴပ္နဲနဲမ်ားတဲ့အပိုင္းေတြရွိပါတယ္။ လက္ရွိ ဖားကန္႔ရဲ႕ေက်ာက္ေၾကာက အ ေရွ႕ေျမာက္ အ ေနာက္ ေတာင္ အလ်ားအ ေနနဲ႔ေတာ္ေတာ္ရွည္ၿပီး အနံကသိပ္မရွိပါဘူး။

လုံးခင္းဘက္ဆို လက္ရွိတူးေနတဲ့ေမွာ္ေတြက ကထန္/ ဆန္ခါ/ ဖဝါ/ မားဆား / ငိုျပင္း တို႔ရွိပါမယ္။ မားဆားမွာ အရင္က ေက်ာက္စိမ္းအလုံးႀကီးေတြထြက္ပါတယ္။ အခုက ကထန္ ဆန္ခါ ဖဝါ ငိုးျပင္း ေတြ မွာလဲ ထြက္တယ္။ခါးေၾကာမွာ ခြံျဖဴေတြထြက္တယ္။ တစ္ခ်ိဳ႕မွာက အဝါအမဲစပ္တဲ့ ျမင္း ေခ်းေတြထြက္တယ္။

ေအာက္ေၾကာမွာက အမဲေၾကာထြက္ တယ္။ လုံးခင္းဘက္ေမွာ္ေတြကိုက အ႐ူးေမွာ္လိုေတာင္ ေခၚၾကပါတယ္။ အျပင္ဘက္ အျမင္မွ ေကာင္းတဲ့ လကၡဏာ မန္းေကာင္း တဲ့အလားအလာေတြ မရွိေပမယ့္ ျဖတ္တဲ့အခါထူးထူး ျခားျခား တစ္အားေအာင္သြားတာေတြရွိတတ္ပါတယ္။

အလုံး ႀကီးေသး အစုံ ထြက္ပါတယ္။ ငိုးျပင္းမွာဆို ေပၚလိသားေတြ လည္း ထြက္ေသးတယ္။ ငွက္ေပ်ာၫြန္႔ကာလာေတြပါတဲ့ ေပၚလိသားေတြထြက္တယ္။ ေမွာ္စီဆာနဲ႔ေတာ့ကာလာမတူဘူးေပါ့။

အားနည္းခ်က္အေနနဲ႔က အသားျမင့္တဲ့ေက်ာက္ေတြက ေျပာင္းလဲမႈ သိပ္မရွိေပမယ့္ အသားေလ်ာ့တဲ့ ေက်ာက္.. ေတြက ၁ လ ၂ လၾကာလာတဲ့အခါ အဝါေတြ ဂ်ီးေတြ ဝင္လာတက္ပါတယ္။

လုံးခင္းဘက္ေမွာ္ေတြမွာ သတိထားရမွာက ငခ်ိတ္ဘဲ ငခ်ိတ္ဝင္လာရင္ အပ်က္မ်ားပါတယ္။ လုံးခင္းက ေနဆက္ဆင္းလာရင္ ေမွာ္စီဆာမ ေရာက္ခင္မွာ မ ေလာင္ႀကီး မ ေလာင္ေသး ရွိပါတယ္။

မ ေလာင္ႀကီးက ေက်ာက္ေတြက ကုေဋေမွာ္ ငိုးျပင္း ေမွာ္ နဲ႔ တူပါတယ္။ မ ေလာင္ေသးက ေတာ့ ေမွာ္စီဆာနဲ႔ ကပ္လာလို႔ ေမွာ္စီဆာ ေက်ာက္နဲ႔တူလာပါတယ္။ အ ေရွ႕ေနာက္ ေျမာက္ေတာင္ဆက္ဆင္းလာရင္ေတာ့ မ ေလာင္ၿပီးေတာ့ ေမွာ္စီဆာေရာက္လာပါတယ္။

ေမွာ္စီဆာက ေတာ့ အမ်ားအားလုံးသိတဲ့အတိုင္း ကမာၻ႔အ ေကာင္းဆုံး ေပၚလိသား ေတြ ထြက္ပါတယ္။ သူက အလုံးႀကီး သိပ္မ ထြက္ ဘူး။ အမ်ားဆုံး ကီလို၅၀/ ၆၀ /၇၀ ဆိုရင္ ေတာ္ေတာ္ ႀကီး ေနၿပီ။ ကီလို 20 ေအာက္ေတြက ပိုေကာင္းပါတယ္။

ဘလတ္ခ်ိတ္လည္း ထြက္တယ္။ မန္းမဲက ေန အရည္ ေက်ာက္ .ထြက္တယ္။ ဒါေပမယ့္ ေမွာ္စီဆာမွာ အပြင့္ေတြမရွိသ ေလာက္ရွားတယ္။ ေပၚလိသားမွာ အားသာတယ္။ ေျမ မွန္မွာလည္း ေျမမွန္ ေပၚလိသားရွိတယ္။ ခ်စားေတြနဲ႔ ျဖတ္ လိုက္တဲ့အခါ ကန္ စြန္းပန္းၾကား ေပၚလိသားေတြလည္းရွိတယ္။

ေျမမွန္ရဲ႕ေအာက္မွာ ေျမမွန္နဲ႔အျပာ ေၾကာအစပ္မွာ ျပာဝါစပ္ သံေခ်းခြံေတြရွိတတ္တယ္။ အဲ့ေအာက္မွာ အျပာ ေၾကာရွိတယ္။ ေပၚလိထဲမွာ အျပာေၾကာေပၚလိေတြက ေတာ္ ေတာ္ သန္႔ တယ္။ သံဘရက္ရွ္ နဲ႔ေဆးလည္းအ ေဆးခံတယ္။ အဲ့ေအာက္က အမဲေၾကာေပၚလိေတြက ကာလာရွိၿပီး သံဘရက္ေတြ အခ်ဥ္ေတြနဲ႔ေဆးတဲ့အခါ ျဖဴျဖဴႀကီးေတြျဖစ္သြားတတ္ တယ္။

မန္းမဲထဲမွာဆို ပဲျပင္ေတြ ပဲႀကိဳးေတြရွိတယ္။ ေမွာ္စီဆာ မွာက ေပၚလိ/အသားဆန္းေတြမွာ အားသာခ်က္ ရွိၿပီး နဲနဲေလး အသားက်တဲ့ေက်ာက္ေတြက ေတာ့ ၾကာလာ ရင္ ခုန္႔ၾကာလုပုံစံေတြ ဝါ သြားတာေတြလည္းရွိတယ္ ေနာက္ မွ ပုံမွန္ျပန္ျဖစ္လာတာေတြ႕ရတတ္တယ္။

ေမွာ္စီဆာရဲ႕အားသာခ်က္က အျပင္မွာ အနာေတြ႕ ေပမယ့္ ျဖတ္လိုက္ တဲ့အခါ အနာမဝင္တက္ပါဘူး။ ၿပီးေတာ့ မွတ္တက္တယ္။ ေနာက္တစ္ခ်က္က အျပင္မွာ ေခြး႐ိုးျမင္ေပမယ့္ အတြင္းထဲ ကာလာေၾကာျဖစ္ သြားတတ္ပါတယ္။ ေမွာ္စီဆာက ေန ေအာက္နဲနဲျပန္ဆင္းလာရင္ ေမွာ္ဝမ္းႀကီး ေမွာ္ဝမ္းေလးရွိတယ္။ အရည္မွာ နာမည္ႀကီးပါတယ္။ အဓိက က ေတာ့အပြင့္လိုင္းထြက္ပါတယ္။

လက္ေကာက္ သားေတြက ေတာ့ အင္မတန္နည္းပါတယ္။ ထြက္လာရင္လည္း ပဲသားဆန္ဆန္ေတြပဲ ထြက္ပါတယ္။ အားသာခ်က္က ပဲရည္ထုတ္တဲ့အခါမွာ မွတ္တက္ပါတယ္။ ေခါင္းေက်ာက္မွာဆို အကာျဖဴပါရင္ စိတ္ခ်ရပါတယ္။ အကာျဖဴ ..မပါလည္း အရည္ေအာက္မွာ ပဲျပင္စီးစီးေလးေတြထြက္ပါတယ္။

အလုံးႀကီးမ ထြက္ဘူး ကီလို ၄၀/ ၅၀/ ၁၀၀ ပဲ ထြက္ပါတယ္။ ဖားကန္႔အေနနဲ႔ေျပာမယ္ဆို ဥ႐ုေခ်ာင္းရဲ႕ဟိုဘက္ျခမ္း ဒီဘက္ ျခမ္းရွိပါတယ္။ အခုေျပာေနတာက ဥ႐ုေခ်ာင္းရဲ႕ ေျမာက္ဘက္ အ ေၾကာင္း ေျပာ ေနျခင္းျဖစ္ပါတယ္။ ေမွာ္ဝမ္းႀကီး/ေလး ၿပီးရင္ ဗလခ /ေတာင္ၿပိဳ /ေမာ္ေမွာ္လ်န္ရွိပါတယ္။

ေမွာ္‌ေမာင္းလ်န္က အသားဆန္း/ ပန္းၾကား /အပြင့္/ ေပၚလိသား /ဘလက္ခ်ိတ္ /လန္႔ေဆြး စသည္ျဖင့္ လိုင္းစုံ ထြက္ပါတယ္။ ျမင္းေခ်းနာမည္ႀကီးပါတယ္။ ေတာ္ေတာ္ေလး အျဖတ္ ခံတဲ့ထဲမွာ ပါပါတယ္။ ေခါင္းေက်ာက္ဆို မ်ိဳးေကာင္းၿပီး ေအာင္ တာမ်ားပါတယ္။

ေမွာ္‌ေမာင္းလ်န္က ေန ဆက္ဆင္းလာရင္ (လက္ရွိတူးေနတဲ့ေနရာေတြ) ရွေရာခ/ မန / ရွိပါတယ္။ ဟိုးအရင္ကတည္းက နာမည္ႀကီးပါတယ္။ Aလိုင္း Bလိုင္းတို႔… ရွေရာခက ေန ေပၚလိအရည္စြဲေတြထြက္ပါတယ္။ အပြင့္လိုင္း အသားဆန္းေတြလည္းထြက္ပါတယ္။ ရွေရာခ ေက်ာက္ေတြလည္းသိပ္မႀကီးပါဘူး။

အဲ့က ေနဆင္းလာရင္ မန /ေမ်ာက္ျဖဴရွိပါတယ္။ မနေမွာ္မွာက ေတာ့ အလုံး ႀကီး ကီလို ၁၀၀ /၂၀၀/ ၃၀၀ ေတြထြက္ပါတယ္။ အသားဆန္းလည္းထြက္ပါတယ္။ မန ေအာက္မွာ ေမ်ာက္ျဖဴ / စဗ်စ္ခူးရွိပါတယ္။ ကီလို ၃၀၀ /၅၀၀ /၈၀၀ ေတြထြက္ပါတယ္ လက္ရွိလည္းတူးေနၾကပါတယ္။

ေအာက္ကိုဆက္သြားရင္ မက္လင္ေဂ်ာင္ေမွာ္ ေရာက္ပါတယ္။ မက္လင္ေခ်ာင္ေမွာ္က မွတ္တက္တယ္ အလုံးႀကီးထြားတယ္။အျဖတ္ခံတယ္။ အမဲေၾကာမွာဆို မက္လင္ေခ်ာင္က ေက်ာက္ေခ်ာတယ္။ အနာသိပ္မဝင္ဘူး။ၿပီးတဲ့ရာသီတုန္းက ဇာတ္လိုက္ပါ။ တန္ ၂၀၀ ၃၀၀ ေတြထြက္သြားတာတာလည္း မက္လင္ေဂ်ာင္ပါပဲ။

သူ႔ေအာက္မွာက မမုံ ။ မမုံနဲ႔မက္လင္ေဂ်ာင္က ေတာ့ ေက်ာက္ေၾကာတစ္ေၾကာထဲျဖစ္ပါတယ္။ မက္လင္ေခ်ာင္က အမဲေၾကာေတြမ်ားၿပီး မမုံက ဖာကပ္မွာ ၾကက္ေသြးနဲ႔ဆုံးပါတယ္။ မမုံရဲ႕ေျမမွန္ေပ 100/200 ေအာက္မွာ ေပၚလိသားထြက္တဲ့‌ေက်ာက္ေၾကာတစ္ေၾကာရွိပါတယ္။

အဲ့တစ္ေၾကာေအာက္မွာ ၾကက္ေသြး/ ခြံနီေတြရွိပါတယ္။ပုတီးထုတ္တဲ့ပဲေတြ မမုံဘက္ကထြက္ပါတယ္။ ကီလို ၃ ၄ ရာက ေန တန္ (၂၀)ထိ ထြက္ပါတယ္။ ဥ႐ုေခ်ာင္းရဲ႕ေျမာက္ဘက္ျခမ္းမွာ လက္ရွိတူးေနတာဆိုရင္ မမုံ ၿပီးလို႔ေအာက္ဆက္ဆင္းလာရင္ တာမခန္ေရာက္သြားပါတယ္။

တာမခန္မွာေျမမွန္ ထြက္တယ္။ ေရခြံထြက္တယ္။ တာမခန္လည္းအလုံးေသးသြားပါတယ္။ အရင္ကနာမည္ႀကီးပါတယ္။ ဥ႐ုေခ်ာင္းရဲ႕ ေတာင္ဘက္မွာဆိုရင္ ဖားကန္႔နဲ႔မ်က္ႏွာခ်င္းဆိုင္ နမ့္မျဖစ္။ နမ့္မျဖစ္ နဲနဲအလြန္မွာဆို ဂ်န္ခက္ေမွာ္ ဆိုတာရွိပါတယ္။ ဂ်န္ခက္ေမွာ္ရဲ႕ ေက်ာက္ေၾကာပုံစံအရက ေမွာ္စီဆာနဲ႔တူပါေပမယ့္ ေခါင္းေက်ာက္မွာက အျဖတ္မခံပါဘူး။

ျဖတ္လိုက္ရင္႐ူံးတာမ်ားပါတယ္။ အာ့ေၾကာင့္ လုပ္ကြက္ရွိၿပီး တူးတဲ့သူ သိပ္မရွိတာပါ။ ဂ်န္ခတ္ေမွာ္ရဲ႕ ဒီဘက္ ဖားကန္႔ဆိုင္းေတာင္ သြားတဲ့နားမွာေတာ့ ေမွာ္ဆိုတာမရွိေတာ့ပဲ ေက်ာက္ေသြး ႐ြာတို႔ရွိပါတယ္။ ဆိုင္းေတာင္႐ြာတို႔ရဲ႕ေအ ေနာက္မွာက ေမွာ္ေတြပဲရွိပါတယ္။ ဘစံေခ်ာက္ေမွာ္ရွိပါတယ္။

ဘစံေခ်ာက္ေမွာ္မွာ အဓိက က ေတာ့ ၾကက္ေသြးျဖစ္ပါတယ္။ အမဲေၾကာ မရွိသ ေလာက္ရွားပါတယ္။ထူးျခားခ်က္က ေဒၚလာ ေလးငါးေသာင္းတန္တဲ့ ေက်ာက္ေကာင္းေတြ မရွိေပမယ့္ အလႊာတိုင္း အလႊာတိုင္းမွာ ေရာင္းစားလို႔ရတဲ့ေက်ာက္ေတြရွိပါတယ္။ အဲ့ တာ ေၾကာင့္ စ ေဘာ့ ဘစံေခ်ာက္ေမွာ္ကို မုဆိုးမ ေမွာ္ လို႔ လည္းေခၚၾကပါတယ္။

ဘစံေခ်ာက္မွာ က်င္းတူးတဲ့သူေတြ လိုက္တဲ့ေက်ာက္ေၾကာတစ္‌ေၾကာရွိတယ္။ အဲ့ဒါက ကန္းစြန္းပန္းေတြ ထြက္တဲ့ေၾကာ အဲ့ေအာက္မွာ ပဲေၾကာတစ္ေၾကာရွိမယ္။ ဘစံေခ်ာက္ၿပီးရင္ စ ေဘာ့ေမွာ္ စ ေဘာ့ေမွာ္ဟာ ဘစံေခ်ာက္နီးပါ ရွိတယ္။ေက်ာက္အလုံးႀကီးတာ တန္ေက်ာ္တဲ့ ေက်ာက္ေတြ ထြက္ေတာ့ ထြက္ေပမယ့္ အလြန္ရွားပါတယ္။

စ ေပါ့ ႐ြာရဲ႕ေနာက္ဘက္မွာ စိန္လုံေၾကာရွိမယ္။ စိန္လုံေတာင္တန္းကလည္ၾကက္ေသြးေၾကာထြက္ပါတယ္။ မမုံ ႐ြာရဲ႕အေနာက္ဘက္ ကပ္ရပ္က ကရင္ေဂ်ာင္ ။ ဖားကန္႔မွာ ေဂ်ာင္ႏွစ္ေဂ်ာင္ျဖစ္တဲ့ ကရင္ေဂ်ာင္ မက္လင္ေဂ်ာင္ နာမည္ႀကီးပါတယ္။ ကရင္ေဂ်ာင္က မက္လင္ေဂ်ာင္ေလာက္ ေက်ာက္သိပ္မ ေခ်ာပါဘူး အလုံးနဲနဲေသးၿပီး အနာမ်ားတယ္။

ဒါေပမယ့္ ကရင္ေဂ်ာင္ေက်ာက္ေတြက အျဖတ္ခံတဲ့ထဲ ေအာင္တတ္တဲ့ထဲမွာပါ ပါတယ္။ ၾကားမွာနာမည္မႀကီးတဲ့ေမွာ္ေတြ ရွိပါေသးတယ္။ ကရင္ေဂ်ာင္ ၿပီးရင္ေတာ့ ေတာင္းေကာ့ရွိမယ္ ေတာင္းေကာ့က အျမင့္ႀကီးေပၚမွာျဖစ္တဲ့အတြက္ ေက်ာက္ သိပ္မထြက္ပါဘူး။

ကရင္ေဂ်ာင္ ေတာင္းေကာ့ေအာက္ဆင္းလာရင္ေတာ့ ေမွာ္ လကင္။ ေမွာ္လကင္ကလည္း ေအာက္ေၾကာေရာက္ ရင္ ေတာ္ေတာ္ေလး အျဖတ္ခံပါတယ္။ အရင္က ေတာ္ေတာ္စည္ခဲ့ပါတယ္။ ေမွာ္လကင္ ၿပီးရင္ နမ့္ေမွာ္။ နမ့္ေမွာ္က ေက်ာက္ေတြ နာမည္ႀကီးပါတယ္။ ေကာင္းပါတယ္။ ဒါေပမယ့္ တူးမယ့္ ဧရိယာအက်ယ္ႀကီးေတြ ေတာ့ မရွိေတာ့ပါဘူး။

ဆိုင္းေတာင္ဘက္က လူေတြ နမ့္ေမွာ္ စ ေဘာ့ေက်ာက္နဲ႔ေတာ္ေတာ္ေလး ရစားၾကပါတယ္။ နမ့္ေမွာ္ကပ္ရပ္မွာ တန္အမ်ားႀကီးရွိတဲ့ ပအို႔က ေနျပတိုက္ လုပ္ထားတဲ့ တန္(၃၀၀၀) ေက်ာက္ႀကီးအဲ့မွာရွိပါတယ္။ အဲ့တာၿပီးရင္ေတာ့ ဥ႐ုေခ်ာင္းရဲ႕ ဒီဘက္ဆုံး သြားပါတယ္။

ဆိုင္းေတာင္က ေနဆက္သြားရင္ ေဝွ႔ခါေမွာ္။ မင္းသားႀကီးေဝွ႔ခါေမွာ္က ဖားကန္႔နဲ႔ေမာ္လူး ေမာ္ဟန္ သြားတဲ့ၾကားမွာ သီးသန္႔ႀကီး တည္ရွိေနတာပါ။ ေဝွ႔ခါေမွာ္က ေျပာရခက္ပါတယ္။ အားလုံးတစ္ေၾကာထဲလိုလိုျဖစ္ေနတာပါ။ ေဝွ႔ခါေမွာ္ နာမည္ႀကီးပါတယ္

ဒီႏွစ္ထဲမွာပဲ ႏြံကန္ၿပိဳက်လို႔ လူေတြလည္းအမ်ားႀကီးေသထားတာပါ။ သူကအနာေတာ့မ်ားတယ္။ ဖ ေယာင္းေခ်ာခြံ /ခြၽန္/ကန္စြန္း /အရည္ေက်ာက္ /ေပၚလိသား/ အမဲေၾကာ/ အသားဆန္း / ၾကက္ေသြး / ျမင္းေခ်း /ပုတီးပန္းပု အား လုံး ထြက္ပါတယ္။

အလုံးႀကီး အလုံးေသးအစုံ ထြက္ပါတယ္။ ျမင္းေခ်း/ အမဲမွာ အကာေလးေတြပါလာရင္ အရည္ ေရာ အသားေရာ အရမ္းေကာင္းပါတယ္။ ေဝွ႔ခါေက်ာက္ကအ ေပၚမွာ ေဖ်ာ့ေဖ်ာ့ေလးေတြ ျဖစ္ေပမယ့္ အတြင္းထဲ ပိုလန္တတ္တဲ့သ ေဘာရွိပါတယ္။ ေဝွ႔ခါက ေတာင္အျမင့္မွာ ရွိပါတယ္။

ေဝွ႔ခါက ေနဆင္းသြားရင္ ေခ်ာင္း႐ိုးေတြရွိပါတယ္။ မကာျပင္တို႔ ေမွာ္ဂလုံတို႔ ရွိပါတယ္။ သူတို႔မွာက ေျမမွန္ ပုံ စံ ေတြ ေရ ခြံပုံစံေတြထြက္ပါတယ္။ အဲ့ေမွာ္ေတြက ေရွး ရွင္ ဘုရင္ေတြ ေခတ္ကတူးထားတဲ့ က်င္းေတြ ေတာင္ရွိ တယ္။

အဲ့ ႐ြာဘက္ေခ်ာင္း႐ိုးေတြမွာ မုံေတြနဲ႔တူးတဲ့အခါ ေရွးေခတ္ က အရည္ပါ မပါသိရ ေအာင္ မီးဖုတ္လို႔ ေက်ာက္ပူတဲ့အခါမွ တူနဲ႔႐ိုက္ခြဲၾကည့္ၾကၿပီး ႐ိုက္ခြဲၾကည့္လို႔မွအရည္မပါရင္ အဲ့မွာပဲပစ္လိုက္ၾကပါတယ္။ အရာေတြက်န္ေန ေသးပါတယ္။ အရင္ေခတ္က ပန္းၾကားေတြအဆင့္ေတာင္မယူပါဘူး။

အသားေက်ာက္လည္းေတာ္႐ုံ မျမင့္ရင္ မယူၾကပါဘူး။ ေစ်းႀကီးႀကီး ေက်ာက္ႀကီးေတြထြက္တာက ေဝွ႔ခါ/ လုံးခင္း /ကထန္ /ငိုးျပင္း /ဆန္ခါ /မက္လင္ေဂ်ာင္ ေတြမွာ အမ်ားအားျဖင့္ ထြက္ပါတယ္။ အဲ့ဘက္မွာ ေပၚလိသား အရည္စြဲေတြလည္းထြက္ပါတယ္။

၇ တန္ ၈တန္ ရွိတဲ့အလုံးႀကီးေတြထြက္ ပါတယ္။ ေက်ာက္က ကံေကာင္းရင္ ဘယ္ဟာျဖစ္ျဖစ္ ေအာင္မယ္ဆိုတာမဟုတ္ပါဘူး အမဲတုံးကို ျဖတ္ရင္ အမဲေတြပဲ ထြက္မွာပါ မ ေအာင္ႏိူင္ပါဘူး။ ကံ ဥာဏ္ ဝိရိယ ေတြလိုပါတယ္။

ဗဟုသုတ ေတြလိုပါတယ္။ ေမွာ္အ ေၾကာင္း ေက်ာက္ေၾကာ ေတြအ ေၾကာင္း ေလ့လာ မွတ္ သားဖို႔လိုပါတယ္။ ေက်ာက္စိမ္းကလည္း ဘာသာေဗဒတခုရဲ႕ သ ေဘာတရားပါပဲ။ နားလည္မွျဖစ္မွာပါ။

ေမွာ္စီဆာဆို မန္းမပါလည္း ေအာင္တတ္တယ္။

ေခြး႐ိုး ပါ ရင္ ေက်ာက္စိမ္း ပိုရင့္တယ္ဆိုတာမ်ိဳးသိထားရပါမယ္။ ေက်ာက္ကို ေလာဘနဲ႔ၾကည့္ရင္မွားတတ္ပါတယ္။ ေသခ်ာၾကည့္ဖို႔လိုပါတယ္။ ေလ့လာတာမ်ားရင္ သမာၻရင့္ၿပီးဘယ္ေက်ာက္က ေအာင္ႏိုင္ မ ေအာင္ႏိုင္ စိတ္ထဲက ေန နည္းနည္းရိပ္မိၿပီး သိႏိုင္ပါလိမ့္မယ္။

ငါသိၿပီ ငါတတ္ၿပီဆိုၿပီး ေလ့လာတာကို ရပ္မ ေန ေစခ်င္ပါဘူး။ ေခြၽးထြက္မ်ားမွ ေသြးထြက္နည္းမယ္။ ဒီ ေန႔ ေတာ့ ဒီ ေလာက္ ပါ ဘဲေနာက္ ေန႔ ေတြ မွာ ..အ ခြင့္ သင့္ သ လို႔ေျပာ ျပ ေပး သြား ပါ မယ္

မူရင္း Kyaw ThuRa(Myanmar ThuRa CEO) ေရးသားသည္ကို ျပန္လည္မွ်ေဝပါသည္။ ေလးစားစြာျဖင့္ ခရက္ဒစ္

Credit 🙏

Be the first to comment

Leave a Reply

Your email address will not be published.


*