အလောင်းကို မီးသဂြိုဟ်ခဲ့ပေမဲ့လည်း 7 လအကြာမှာ အိမ်ပြန်ရောက်လာလို့ မိသားစုဝင်တွေ ထိတ်လန့်ခဲ့…See more
မီးသဂြိုဟ်ပြီးခဲ့ပေမဲ့လည်း 7 လအကြာမှာ အိမ်ပြန်ရောက်လာခဲ့ လို့ မိသားစုဝင်တွေထိတ်လန့်ခဲ့ရတဲ့ အမျိုးသားအဖြစ်
ဒီတစ်ခေါက်ဖော်ပြမဲ့ ထိုင်းနိုင်ငံကအမျိုးသားတစ်ဦးရဲ့ အိမ်ပြန် ခရီးဟာ ထင်ထားသလို ပျော်ရွှင်စရာမကောင်းခဲ့ပါဘူး အကြောင်းကတော့ လွန်းခဲ့တဲ့ 7 လခန့်က Sakorm Sacheewa အမည်ရှိတဲ့အမျိုးသားဟာ
သူအလုပ်လုပ်ကိုင်နေ တဲ့ ငါးဖမ်းသဘောင်္ပေါ်မှာ ရောဂါတစ်ခုနဲ့ သေဆုံးသွားခဲ့လို့ ရဲ အရာရှိတွေက အဆိုပါအလောင်းကို နေရပ်သို့ပြန်ပို့ခဲ့လို့ပါပဲ Sakorm ရဲ့ ညီဖြစ်သူကတော့ အဆိုပါရုပ်အလောင်းက Sakorm မဟုတ်မှန်း သတိထားမိခဲ့ပါတယ် ။ ။
အကြောင်းကတော့ Sakorm ဟာ ရှေ့သွားနှစ်ချောင်းမရှိပေမဲ့ ရုပ်အလောင်းကတော့ ရှေ့သွားနှစ်ချောင်းရှိနေခဲ့လို့ပါပဲ ။ 3 ရက် အကြာမှာတော့ ဆေးရုံက အဆိုပါရုပ်အလောင်းဟာ Sakorm ဖြစ်မှန်အတည်ပြုခဲ့လို့
မိသားစုဝင်တွေကလည်း ရွေးချယ်စရာမရှိ တဲ့အဆုံး Sakorm လို့သတ်မှတ်ပြီး သင်္ဂြိုဟ်ခဲ့ကြတာပါ ။ Sakorm မှာလည်း ငါးဖမ်းသဘောင်္ပေါ်သွားရောက်လုပ်ကိုင်ခဲ့ တဲ့ 2 နှစ်လုံးလုံးမှာ နေအိမ်ကိုလုံးဝအဆက်အသွယ်မပြုလုပ်ခဲ့ ကြောင်းလည်း သိရပါတယ် ။
Sakorm နေအိမ်သို့ ရောက်ရှိလာခဲ့ချိန်မှာတော့ သူ့ရဲ့မောင်နှမ တွေက သရဲ ဟုတ် /မဟုတ် Sakorm ရဲ့ အသားကိုထိကြည့်ပြီး အတည်ပြုခဲ့ပါတယ် ။ မိခင်ဖြစ်သူကတောင် ‘ နင် သေပြီးသွားပြီ လေ ၊ ဘာလို့ ပြန်လာတာလဲ’ ဆိုပြီး မေးခဲ့ပါသေးတယ် ။ ရွာသူကြီးကိုယ်တိုင်က Sakorm ဖြစ်ကြောင်း သက်သေပြခိုင်း ခဲ့ပါတယ် ။
ဒါကြောင့် Sakorm ဟာ သူငါးဖမ်းသဘောင်္ပေါ်မှာ အလုပ် လုပ်ကိုင်ခဲ့စဉ်အချိန်က နိုင်ငံခြားအလုပ်သမားတစ်ဦးဟာ သူ့ရဲ့ မှတ်ပုံတင်ကို ခိုးယူသွားခဲ့ကြောင်း အဖြစ်အပျက်အကြောင်းအရာ တွေကို သေချာရှင်းပြခဲ့ရပါတယ် ။ နောက်ဆုံးမှ လူအများက ။
ယုံကြည်သွားခဲ့လို့ ၊ Sakorm ရဲ့ အိမ်ပြန်ခရီးက ကြိုဆိုမဲ့သူမရှိ ခဲ့ဘဲ လူတွေကြောက်လန့်ဖွယ် အဖြစ်အပျက်တစ်ခုဖြစ်နေခဲ့ပါတော့ ။
Credit
Zawgyi
Credit
Be the first to comment
Leave a Reply
Your email address will not be published.
*