ပင်းတယမြို့ နှင့် ပုန်းတလုတ်ရေကန် သမိုင်းကြောင်း

ပုန်းတလုတ်ရေကန်ကတော့ ရွှေဥမင်လိုဏ်ဂူနဲ့ အနီးနားမှာတည်ရှိပြီး ပင်းတယမြို့လည်မှာတည်ရှိပါတယ်။ ကန်ရေပြင်က အစိမ်းရာင်သန်းနေပြီး ၈၁ ဒဿမ ၁၂ ဧက ကျယ်ဝန်းပါတယ်။

ပင်းတယမြို့ ရှေးသမိုင်းကြောင်း -ပင်းတယ သမိုင်းကြောင်းကို ပြန်ကြည့်လိုက်မယ်ဆိုရင် တစ် ခါက ဗာရာပြည်ကြီးမှာ ဗာရာမင်းကြီးစိုးစံစဉ် မင်းကြီးမှာ လွန်စွာရုပ်ဆင်းအင်္ဂါ ချောမောလှပသော ကုမ္မာဘယမင်းသား သားတော်တစ်ပါး ရှိပါတယ်။

(ဗာရာပြည်ကြီးသည် ညောင်ရွှေမြို့ဟု ဆိုလိုခြင်းဖြစ်) ကုမ္မာဘယမင်းသားသည် မင်းသားတို့ တတ်အပ်သော ဓားခုတ်၊ လှံထိုး၊ ဆင်စီး၊ မြင်းစီးတို့ကို တတ်မြောက်လေ၏။

အထူးသဖြင့် လေး၊ မြားအတတ်တွင် တစ်ဖက်ကမ်း ခတ်တတ်မြောက်တဲ့အတွက် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်နေပါတယ်။အဲဒီသားတော်ကို အချိန်မလွန်ခင် အိမ်ထောင်ပြုဖို့ သုံးကြိမ်တိုင် နားချသော်လည်း

စိတ်မဝင်စားတာကြောင့် သားတော်ဖြစ်သူလည်း ဖခင်ဖြစ်သူ သုံးကြိမ်မြောက် မပြောခင်မှာ သထုံပြည့်ရှင်မင်းကြီး၏ သမီးတော်ဖြစ်သူကို သွားရောက် ကြည့်ရှုနိုင်ရန်အတွက် သွားရောက်ခဲ့ပါတယ်။

သထုံပြည့်ရှင်မင်းကြီးထံ အရောက်မှာ အမှုတော်ထမ်းဖို့ တောင်းပန်ပြီး တာဝန်ထမ်းဆောင်နေစဉ် မင်းကြီးက ရုပ်ဆင်းအင်္ဂါ ပြည့်စုံတဲ့ မင်းသားဖြစ်သူကို ရိပ်မိပြီး အမှန်အတိုင်း လျှောက်တင်စေကာ သမီးတော်နဲ့ ထိမ်းမြား လက် ထပ် စေပါတယ်။

အချိန်ကာလကြာလာတော့ သထုံမင်းသမီး နဲ့ သားတော်တစ်ပါး ရရှိချိန်မှာ ကုမ္မာဘယမင်းသား နေပြည်တော်ကို လွမ်းတဲ့အတွက် အိမ်ပြန်ဖို့ရာ မင်းသမီးထံ ခွင့်ပန်ပြီး ပြန်လာခဲ့တယ်။

လမ်းခုလတ်မှာ နဂါးပတ်တောင်ကို ရောက်ပြီး တောင်ပေါ်မှာ အကျင့်သီလပြည့်စုံတဲ့ ရဟန်းတစ်ပါး သီတင်းသုံးကာ နဂါးတစ်ကောင်ကလည်း မည်သူ့မှ မကြောက်ဘဲ ရဲဝံ့စွာနေနေပါတယ်။

အဲ့ဒီတုန်းက ဒီဒေသဟာ တောအလွန်ခေါင်ပြီး သားရဲတိရစ္ဆာန်တွေဟာရေရှားတဲ့ဒေသဖြစ်တဲ့အတွက် သေကြေပျက်စီးနေတာကို နဂါးပတ်တောင်ကနဂါးမင်းကမကြည့်ရက်လို့ ပင်လယ်သမုဒ္ဒရာရေကို

သူရဲ့ခံတွင်းထဲငုံပြီး အခုလက်ရှိပုန်းတလုတ်ရေကန်မှာသွန်ချခဲ့ပြီး သတ္တဝါတွေရေကန်ကို မဖျက်စီးအောင် အဓိဌာန်ပြုခဲ့ပါသတဲ့။ငါသည်ဤပုန်းတလုတ်ရေကန်အားသတ္တဝါအများ၏ ချမ်းသာစွာနေထိုင်ရေးအတွက်

အလွန်ဝေးကွာလှသောအရပ်ဒေသမှပင်လယ်သမုဒ္ဒရာရေကို ငါ၏နှုတ်တော်ဖြင့်သယ်ဆောင်၍ ရေကန်အဖြစ်ဖန်ဆင်းပေးခဲ့သည်။ဤမှန်သောသစ္စာစကားကြောင့် ဤကန်၌ငါးဖမ်းခြင်း၊လှေလှော်ခြင်း၊

ဖောင်စီးခြင်း၊ တံတားထိုးခြင်းပြုလုပ်ပါက ရေများခမ်းခြောက်ပါစေသတည်းလို့အဓိဌာန်ပြုခဲ့တဲ့ကန်ဖြစ်လို့ ရေကန်၏အမည်အပြည့်အစုံမှာ နာဂဓိဌာန်ပုန်းတလုတ်ဟုခေါ်တွင်ကြ၏။

အနားကဂဠုန်ကလည်း နဂါးကို မြင်ပြီး သုတ်ချီပြေးပေမယ့် သုတ်မရတာကြောင့် လူယောင်ဆောင်ပြီး ရှင်ရသေ့ထံ ချဉ်းကပ်ပြီး အကြောင်းစုံ မေးမြန်းရာမှာ

“ဒီနဂါးဟာ ပတ္တမြားမျက်ရှင် ငုံထားတဲ့အတွက် ဦးခေါင်းကဖြစ်စေ၊ ခါးကဖြစ်စေ၊ သယ်ယူ၍ မရချေ။အကယ်၍ ဂဠုန်ဟာ အမြီးပိုင်းကနေ သယ်ဆောင် သုတ်ချီမယ်ဆိုရင် ပတ္တမြားမျက်ရှင် ထွက်ကျမှာ ဖြစ်တဲ့အတွက် ဉာဏ်နည်းသော ဂဠုန်များ မသိနိုင်ကုန်”လို့ ပြောတာ

သိလိုက်တာနဲ့တစ်ပြိုင်နက် ဂဠုန်လည်း ရှင်ရသေ့ ပြောတဲ့အတိုင်း နဂါးကို သုတ်ချီပြေးချိန်မှ မင်းသားကို တွေ့မြင်တဲ့နဂါးဟာ “ကယ်တော်မူပါ၊ အသက်ဘေးက ကယ်တင်ရင် ကျေး ဇူးဆပ်ပါမည်”ဟု ငိုယိုတောင်းပန်တဲ့အတွက်

လေးတော်နှင့် ခွင်းတဲ့အတွက် ကောင်းကင်မှ ပြုတ်ကျပါတယ်။လေးဒဏ်ရာထိသော ဂဠုန်ဟာ သေအံ့ဆဲဆဲ “ငါနဂါးကို စားရခါနီးအချိန်တွင် သင့်လက်ချက်ကြောင့် သေရတော့မှာ ဖြစ်တဲ့အတွက်

နောင်ဘဝမှာ ကြီးစွာသော ခန္ဓာကိုယ်ဖြင့် သင့်လမ်းကြောင်းမှာ ပိတ်ပြီး ရန်မူနိုင်ပါစေ”ဟု ကျိန်ဆိုပြီး သေပါတယ်။နဂါးကလည်း မင်းသားထံ ချဉ်းကပ်ပြီး

အသင်မင်းသား လိုအပ်ချိန်မှာ မြေကြီးကို သုံးချက်ပုတ်၍ ခေါ်လိုက်ပါက အမြန်ချက်ချင်း ကျွန်ုပ်ရောက်လာပြီး ကျေးဇူးဆပ်ပါမည်ဟု ပြောပြီး နေရပ်ပြန်သွားပါတယ်။

ဂဠုန် သည် ဒီဘဝမှ သေဆုံးပြီး အနောက်ဘက်တောင်ကြော အောက်ခြေရှိ တောင်ကမ်းပါးယံတွင် ဥမင်သုံးခုတို့တွင် အလယ်ဥမင်၌ ကြီးမားစွာသော ပင့်ကူကြီး ဖြစ်နေပါတယ်။

အဆိုပါ ဥမင်သုံးခုတို့မှာ ပင်းတယလိုဏ်ဂူတော်တို့ပင် ဖြစ်ပါတယ်။အဆိုပါ ဥမင်သုံးခု၏ တောင်ခြေရင်းတွင် နတ်သမီးတို့ ရေကစားပျော်မြူးလေ့ရှိသော ရေကန်ကြီး (ပုန်းတလုတ်) တည်ရှိပါတယ်။

ထိုရေကန်ကြီးမှာ ငွေတောင်ပြည်ကို အစိုးရသော နတ်မင်းကြီး၏ သမီးတော် ခုနစ်ဖော်တို့ ရေကစားလေ့ ရှိပါတယ်။ထိုနေ့မှာ နတ်သမီးတို့ ရေကစားပျော်ပါးနေချိန် အမှောင်ရီပျိုးချိန် ရောက်လာတော့

ငွေတောင်ပြည်ကို မပြန်တတ်တော့ဘဲ အနီးအနားမှာရှိတဲ့ ဥမင်သုံးခု၏ တောင် ဘက်ဆုံး ဥမင်ထဲမှာ တစ်ညတာ အိပ်စက် အနားယူကြပါတယ်။

အလယ်ဂူမှာ နေထိုင်တဲ့ ပင့်ကူကြီးဟာ နတ်သမီးများရဲ့ စကား ပြောဆိုသံများကြားရပြီး လျင်မြန်စွာဖြင့် ဂူပေါက်ဝကို ရောက်ရှိလာပြီးတော့ ကြီးမားတုတ်ခိုင်တဲ့ ပင့်ကူမျှင်များနဲ့ အထပ်ထပ်ပိတ်လိုက်ပြီး အလယ်ဂူကို ပြန်သွားပါတယ်။

နောက်တစ်နေ့ မိုးသောက်ချိန်မှာ မင်းသားလေး ရေကန်အနားသို့ ရောက်ရှိလာပြီး အသံကြားသဖြင့် အနီး အနား မော့ကြည့်ရှာဖွေရာ

တောင်ကမ်းပါးယံရှိ ဂူများတွင် နတ်သမီး အော်သံများကို ကြားရပြီး သွားရောက် ကြည့်ရှုရာ ပင့်ကူမျှင်များနဲ့ ပိတ်ဆို့နေတဲ့ ဂူပေါက်ဝကို တွေ့ရပါတော့တယ်။

နတ်သမီးတွေကလည်း ကြောက်လန့်ပြီး ဂူပေါက်ဝကို ဖွင့်ပေးရန် တောင်းပန်ပြီး ကယ်တင်ပေးမည်ဆိုပါက အထွေးဆုံး နတ်သမီး ရှင်မိယာကို မင်းသားလေးအား ပေးဆပ်ပါမည်ဟု ကူညီတောင်းပန်ကြတာနဲ့

မင်းသားလေးလည်း စဉ်းစားလိုက်တယ်။အရင်ဆုံး ဂူပေါက်ဝဖွင့်နေစဉ် ပင့်ကူလက်ချက်နဲ့ သေဆုံးနိုင်တဲ့အတွက် ပင့်ကူကို ရှာဖွေပြီး သတ်နိုင်ရန် မြောက်ဘက်မှာရှိတဲ့ အခြားဂူပေါက်များကို သွားရောက်ရှာဖွေစဉ်

အလယ်ဂူမှာ ရန်သူတော် ပင့်ကူကြီးနဲ့ ထိပ်တိုက် ပက်ပင်းတွေ့ဆုံပါတော့တယ်။ ရန်သူတော် ပင့်ကူကြီးဟာ အင်မတန် ကြီးမားပြီး ကျောက်တုံး ကျောက်စိုင်များ နဲ့ ပစ်ခတ်ကာ မင်းသားလေးကိုအငြိုးနဲ့စတင် တိုက်ခိုက်ပါတော့တယ်။

ပင့်ကူကြီးဟာ ကြီးမားသော ကျောက် တုံးကြီးများကို ပစ်ခွဲပြပြီး မင်းသားကို တိုက်ခိုက်ပါတယ်။ မင်းသားလေးဟာ ပါလာတဲ့ လေးကိုထုတ်ပြီး မြားနဲ့ ပစ်ခွင်းလိုက်စဉ် လျှပ်စီးရဲ့ လျင်မြန်ခြင်းမျိုးနဲ့ ပဲ့တင်ထပ်ပြီး

ပင့်ကူကြီးရဲ့ နားရင်းမှာ စိုက်ဝင်ကာ မသေခင်မှာ နောင်ဘဝများမှာ ဘီလူးကြီးဘဝနဲ့ ထိုမင်းသား သွားလေရာမှာ နှိပ်စက်နိုင်သူ ဖြစ်ပါစေဆိုပြီး ကျိန်ဆို၍ ပင့်ကူကြီး သေပွဲဝင်ရှာပါတယ်။

မင်းသားလေးဟာလည်း “ပင့်ကူရပြီ။ ပင့်ကူရပြီ” ဆိုကာ သုံးကြိမ်တိုင်တိုင် လက်ခမောင်းခတ်ကာ ကြုံးဝါးပါတော့တယ်။ အဲဒီလို မင်းသားလေးဟာ ပင့်ကူရပြီဟု ကြွေးကြော်ခဲ့သည်ကို အစွဲပြုပြီး ပင့်ကူရမှ ပင်းတယဟု မြို့အမည်တွင်လာရခြင်းဖြစ်ကြောင်း ဆိုရိုးရှိပါတယ်။

မင်းသားလေးဟာ နတ်သမီး ခုနစ်ဖော် တို့ကို ပြန်လည် ကယ် တင်လိုက်ချိန်မှာ နတ်သမီး ခုနစ်ဖော်ကလည်း ကတိအတိုင်း အထွေးဆုံး ရှင်မိယာကို မင်းသားလေး နှစ်သက်ပါက ယူဆောင်သွားပါဟုပြော ပြီး ငွေတောင်ပြည်ကို ပြန်သွားကြပါတယ်။

မင်းသားလေး ကုမ္မာဘယနဲ့ ရှင်မိယာဟာ ကြီးစွာသော ညောင်ပင်အောက်မှာ အိပ်ရင်း ရန်သူတော် ဘီလူးကြီးဟာ လက်နက်မှာ ကြိုတင်သိမ်းဆည်းပြီး သံကွန်ချာဖြင့် အုပ်ထားလိုက်ပါတယ်။

ထိုသို့ မင်းသားလေး မှောင်မိုက်စွာ နေရသောအရပ်ကို ယခုအခါ တမဲကျေးရွာ ဟု ခေါ်ဆိုပြီး တောင်ရိုးလူမျိုးများ နေထိုင်ကြကာ သီဟိုဠ်နိုင်ငံမှ ပင့်ဆောင်လာတဲ့ ပဉ္စလောဟာနဲ့ ဆင်စွယ်ယပ်တောင်ဟာ ယနေ့တိုင်ရှိနေပါတယ်။

မင်းသားလေးဟာ နဂါးမင်းထံ အကူအညီတောင်းပြီး လက်နက်များကို ပြန်လည် ယူ ဆောင်စေရာ နဂါးမင်းကလည်း အနားကပ်ပြောလိုက်ဘိသကဲ့သို့ ရောက်ရှိလာပြီး လက်နက်များကို ပြန်လည်ရှာဖွေ ဆက်သစေပါတယ်။

မင်းသားလေးက လက်နက်များကို ဘယ်က ယူလာခဲ့သနည်းမေးရာ ထိုအရပ်ကို ပြောပြချိန် အင်မတန်ဝေးလှသဖြင့် “အလွန်ဝေးလှပါတ ကား”ဟု ရေရွတ်သောအရပ်ကို ယခုအခါ ပွေးလှဟု ခေါ်တွင်သော ကျေးရွာ ဖြစ်လာပါတယ်။
မင်းသားနဲ့ ဘီလူးကြီးတို့ဟာ အပြင်းအထန် တိုက်ခိုက်ကြပြီးချိန်မှာတော့ မင်းသားဟာ သေငယ်ဇောနဲ့ မျောပြီး ဘီလူးကြီးက မင်းသားလက်ချက်နဲ့ ချက်ချင်းသေဆုံးကာ ထိုနေရာမှာပင် ဥပပတ်ပဋိသန္ဓေဖြင့် ဇော်ဂျီ ဖြစ်လာတယ်။

ဇော်ဂျီဟာ မင်းသားကို တကယ်သေပြီ မှတ်ပြီး ရှင်မိယာလက်ကိုဆွဲပြီး ပင်းတယမြောက် ရေထွက်ဦးအနီးရှိ တောင်ကုန်းလေးမှာ ခေတ္တထိုင်နားကြပါတယ်။

အဲဒီနေရာမှာ ရှင်မိယာဟာ ဇော်ဂျီကို ဥပယ်တံမျဉ်ပြုပြီး သတ်ပစ်လိုက်တဲ့အတွက် ဇော်ဂျီရေထွက်နဲ့ ရှင်မိယာကုန်းအဖြစ် ယနေ့တိုင် ရှိပါတယ်။

မင်းသားလေး အလောင်းကို တွေ့ရချိန်မှာ ရှင်မိယာဟာ ငိုကြွေးတမ်းတချိန် သိကြားမင်းက မင်းသားလေးကို ပြန်လည်အသက်သွင်းခဲ့ပြီး ဗာရာပြည်ကြီးမှာ အိမ်ရှေ့မင်းအရာ ထီးနန်းစိုးစံပါတယ်။

ရှင်မိယာ ရောက်လာချိန်မှစပြီး တိုင်းသူပြည်သားတွေ အနာရောဂါ ကင်းဝေးတာကို မလိုလားတဲ့ သမားတော်ကြီးများက ပရောဟိတ်များနဲ့ ပူး ပေါင်း၍ အကောက်ကြံပါတယ်။

ဘုရင့်ကို ကုန်းချောစကား ပြောတဲ့အတွက် မင်းသားလေးကို နယ်ခြားရှိ သူပုန်များ တိုက်ခိုက်ရန် စေလွှတ်လိုက်ချိန် ရှင်မိယာကို သတ်ပြီး လည်ချောင်းသွေးနဲ့ ယာဇ်ပူဇော်ဖို့ လုပ်တာကို

နတ်မျက်စိ၊ နတ်နားတို့ဖြင့် ကြားသိရသော ရှင်မိယာဟာ ငွေတောင်ပြည်ကို ပျံတက်သွားပါတယ်။မင်းသားလေးဟာလည်း နယ်ခြားမှာ ဘာမှမတွေ့တဲ့အတွက် ရိပ်မိပြီး ပြန်လာချိန်

အကြောင်းစုံသိကာ စိတ်တော်မကွက်ဘဲ ငွေတောင်ပြည်ကို လိုက်ပါခဲ့ရာ လမ်းခုလတ်မှာ ရှင်ရသေ့နဲ့တွေ့ပြီး ရှင်မိယာ ပေးခဲ့တဲ့ လက်စွပ်ကို ရရှိပါတယ်

ကြီးစွာသော မြစ်ကြီးကို ကူးဖြတ်ဖို့ ငှက်ဆင်ပျံများကို စီးပြီး တစ်ဖက် ငွေတောင်ပြည်ကို ရောက်ချိန် လူသူအနံ့အသက်များ ဆေးကြောရန် နတ် သမီးလေးများ နတ်ရေကန်မှာ ရေခပ်ဆင်းချိန်ဆုံပြီး မင်းသားလေး အဓိဋ္ဌာန်တာကြောင့်

နောက်ဆုံး နတ်သမီးလေး ရေအိုးမပင့်နိုင်ဘဲ မင်း သားလေး ပင့်ပေးလိုက်ချိန်မှာ လက်စွပ်လေးကို ထည့်လိုက်ပါတယ်။ရှင်မိယာ နောက်ဆုံး ရေအိုးနဲ့ ရေချိုးချိန်မှာ မင်းသားလေး ထည့်ပေး လိုက်တဲ့ လက်စွပ်နဲ့ စွပ်မိပြီး

မင်းသားလေး လိုက်လာတာ သိလိုက်တဲ့အတွက် ဖခမည်းတော်မင်းကြီးထံ လျှောက်တင်လိုက်ပါတယ်။ မင်း ကြီးကလည်း သမက်တော်အစွမ်းအစ သိလိုတဲ့အတွက်

တင်းတိမ်အတွင်းမှာ ရှိနေတဲ့ နတ်သမီး ခုနစ်ဖော်ကို လက်ညှိုးပဲ ထုတ်ထားပြီး ရွေးစေပါတယ်။သိကြားမင်းကတစ်ဆင့် မာတလိနတ်သား အကူအညီနဲ့

ရွှေယင်ကောင်လေးအဖြစ် မင်းသားလေးနဲ့ မင်းသမီးလေး လက် ညှိုးကို ကူးလူးပြီး ဆက်သွယ်ပြလို့ မှန်ကန်စွာ ရွေးချိန်မှာ မင်းကြီးကလည်း သမက်တော်ဟာ ဘုန်းတန်ခိုးနဲ့ ပြည့်စုံသူ ဖြစ်တယ်လို့ ဆိုပြီး လက် ထပ်ပေးလိုက်ပါတယ်။

ကုမ္မာဘယ မင်းသားလေးနဲ့ ရှင်မိယာ တို့ဟာ ငွေတောင်ပြည်မှာ နန်းစံပြီးချိန် အကြည်အသာ ခွင့်ပန်ပြီး ဗာရာပြည်ကို ပြန်လာခဲ့ကာ နတ်ရွာစံသွားပြီဖြစ်သော အရိုက်အရာကို ဆက်ခံကာ အုပ်ချုပ်မင်းလုပ်တော် မူပါတယ်တဲ့။

Credit – wikipedia

Zawgyi

ပုန္းတလုတ္ေရကန္ကေတာ့ ေ႐ႊဥမင္လိုဏ္ဂူနဲ႔ အနီးနားမွာတည္ရွိၿပီး ပင္းတယၿမိဳ႕လည္မွာတည္ရွိပါတယ္။ ကန္ေရျပင္က အစိမ္းရာင္သန္းေနၿပီး ၈၁ ဒႆမ ၁၂ ဧက က်ယ္ဝန္းပါတယ္။

ပင္းတယၿမိဳ႕ ေရွးသမိုင္းေၾကာင္း -ပင္းတယ သမိုင္းေၾကာင္းကို ျပန္ၾကည့္လိုက္မယ္ဆိုရင္ တစ္ ခါက ဗာရာျပည္ႀကီးမွာ ဗာရာမင္းႀကီးစိုးစံစဥ္ မင္းႀကီးမွာ လြန္စြာ႐ုပ္ဆင္းအဂၤါ ေခ်ာေမာလွပေသာ ကုမၼာဘယမင္းသား သားေတာ္တစ္ပါး ရွိပါတယ္။

(ဗာရာျပည္ႀကီးသည္ ေညာင္ေ႐ႊၿမိဳ႕ဟု ဆိုလိုျခင္းျဖစ္) ကုမၼာဘယမင္းသားသည္ မင္းသားတို႔ တတ္အပ္ေသာ ဓားခုတ္၊ လွံထိုး၊ ဆင္စီး၊ ျမင္းစီးတို႔ကို တတ္ေျမာက္ေလ၏။

အထူးသျဖင့္ ေလး၊ ျမားအတတ္တြင္ တစ္ဖက္ကမ္း ခတ္တတ္ေျမာက္တဲ့အတြက္ ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္ ျဖစ္ေနပါတယ္။အဲဒီသားေတာ္ကို အခ်ိန္မလြန္ခင္ အိမ္ေထာင္ျပဳဖို႔ သုံးႀကိမ္တိုင္ နားခ်ေသာ္လည္း

စိတ္မဝင္စားတာေၾကာင့္ သားေတာ္ျဖစ္သူလည္း ဖခင္ျဖစ္သူ သုံးႀကိမ္ေျမာက္ မေျပာခင္မွာ သထုံျပည့္ရွင္မင္းႀကီး၏ သမီးေတာ္ျဖစ္သူကို သြားေရာက္ ၾကည့္ရႈႏိုင္ရန္အတြက္ သြားေရာက္ခဲ့ပါတယ္။

သထုံျပည့္ရွင္မင္းႀကီးထံ အေရာက္မွာ အမႈေတာ္ထမ္းဖို႔ ေတာင္းပန္ၿပီး တာဝန္ထမ္းေဆာင္ေနစဥ္ မင္းႀကီးက ႐ုပ္ဆင္းအဂၤါ ျပည့္စုံတဲ့ မင္းသားျဖစ္သူကို ရိပ္မိၿပီး အမွန္အတိုင္း ေလွ်ာက္တင္ေစကာ သမီးေတာ္နဲ႔ ထိမ္းျမား လက္ ထပ္ ေစပါတယ္။

အခ်ိန္ကာလၾကာလာေတာ့ သထုံမင္းသမီး နဲ႔ သားေတာ္တစ္ပါး ရရွိခ်ိန္မွာ ကုမၼာဘယမင္းသား ေနျပည္ေတာ္ကို လြမ္းတဲ့အတြက္ အိမ္ျပန္ဖို႔ရာ မင္းသမီးထံ ခြင့္ပန္ၿပီး ျပန္လာခဲ့တယ္။

လမ္းခုလတ္မွာ နဂါးပတ္ေတာင္ကို ေရာက္ၿပီး ေတာင္ေပၚမွာ အက်င့္သီလျပည့္စုံတဲ့ ရဟန္းတစ္ပါး သီတင္းသုံးကာ နဂါးတစ္ေကာင္ကလည္း မည္သူ႔မွ မေၾကာက္ဘဲ ရဲဝံ့စြာေနေနပါတယ္။

အဲ့ဒီတုန္းက ဒီေဒသဟာ ေတာအလြန္ေခါင္ၿပီး သားရဲတိရစာၦန္ေတြဟာေရရွားတဲ့ေဒသျဖစ္တဲ့အတြက္ ေသေၾကပ်က္စီးေနတာကို နဂါးပတ္ေတာင္ကနဂါးမင္းကမၾကည့္ရက္လို႔ ပင္လယ္သမုဒၵရာေရကို

သူရဲ႕ခံတြင္းထဲငုံၿပီး အခုလက္ရွိပုန္းတလုတ္ေရကန္မွာသြန္ခ်ခဲ့ၿပီး သတၱဝါေတြေရကန္ကို မဖ်က္စီးေအာင္ အဓိဌာန္ျပဳခဲ့ပါသတဲ့။ငါသည္ဤပုန္းတလုတ္ေရကန္အားသတၱဝါအမ်ား၏ ခ်မ္းသာစြာေနထိုင္ေရးအတြက္

အလြန္ေဝးကြာလွေသာအရပ္ေဒသမွပင္လယ္သမုဒၵရာေရကို ငါ၏ႏႈတ္ေတာ္ျဖင့္သယ္ေဆာင္၍ ေရကန္အျဖစ္ဖန္ဆင္းေပးခဲ့သည္။ဤမွန္ေသာသစၥာစကားေၾကာင့္ ဤကန္၌ငါးဖမ္းျခင္း၊ေလွေလွာ္ျခင္း၊

ေဖာင္စီးျခင္း၊ တံတားထိုးျခင္းျပဳလုပ္ပါက ေရမ်ားခမ္းေျခာက္ပါေစသတည္းလို႔အဓိဌာန္ျပဳခဲ့တဲ့ကန္ျဖစ္လို႔ ေရကန္၏အမည္အျပည့္အစုံမွာ နာဂဓိဌာန္ပုန္းတလုတ္ဟုေခၚတြင္ၾက၏။

အနားကဂဠဳန္ကလည္း နဂါးကို ျမင္ၿပီး သုတ္ခ်ီေျပးေပမယ့္ သုတ္မရတာေၾကာင့္ လူေယာင္ေဆာင္ၿပီး ရွင္ရေသ့ထံ ခ်ဥ္းကပ္ၿပီး အေၾကာင္းစုံ ေမးျမန္းရာမွာ

“ဒီနဂါးဟာ ပတၱျမားမ်က္ရွင္ ငုံထားတဲ့အတြက္ ဦးေခါင္းကျဖစ္ေစ၊ ခါးကျဖစ္ေစ၊ သယ္ယူ၍ မရေခ်။အကယ္၍ ဂဠဳန္ဟာ အၿမီးပိုင္းကေန သယ္ေဆာင္ သုတ္ခ်ီမယ္ဆိုရင္ ပတၱျမားမ်က္ရွင္ ထြက္က်မွာ ျဖစ္တဲ့အတြက္ ဉာဏ္နည္းေသာ ဂဠဳန္မ်ား မသိႏိုင္ကုန္”လို႔ ေျပာတာ

သိလိုက္တာနဲ႔တစ္ၿပိဳင္နက္ ဂဠဳန္လည္း ရွင္ရေသ့ ေျပာတဲ့အတိုင္း နဂါးကို သုတ္ခ်ီေျပးခ်ိန္မွ မင္းသားကို ေတြ႕ျမင္တဲ့နဂါးဟာ “ကယ္ေတာ္မူပါ၊ အသက္ေဘးက ကယ္တင္ရင္ ေက်း ဇူးဆပ္ပါမည္”ဟု ငိုယိုေတာင္းပန္တဲ့အတြက္

ေလးေတာ္ႏွင့္ ခြင္းတဲ့အတြက္ ေကာင္းကင္မွ ျပဳတ္က်ပါတယ္။ေလးဒဏ္ရာထိေသာ ဂဠဳန္ဟာ ေသအံ့ဆဲဆဲ “ငါနဂါးကို စားရခါနီးအခ်ိန္တြင္ သင့္လက္ခ်က္ေၾကာင့္ ေသရေတာ့မွာ ျဖစ္တဲ့အတြက္

ေနာင္ဘဝမွာ ႀကီးစြာေသာ ခႏၶာကိုယ္ျဖင့္ သင့္လမ္းေၾကာင္းမွာ ပိတ္ၿပီး ရန္မူႏိုင္ပါေစ”ဟု က်ိန္ဆိုၿပီး ေသပါတယ္။နဂါးကလည္း မင္းသားထံ ခ်ဥ္းကပ္ၿပီး

အသင္မင္းသား လိုအပ္ခ်ိန္မွာ ေျမႀကီးကို သုံးခ်က္ပုတ္၍ ေခၚလိုက္ပါက အျမန္ခ်က္ခ်င္း ကြၽႏ္ုပ္ေရာက္လာၿပီး ေက်းဇူးဆပ္ပါမည္ဟု ေျပာၿပီး ေနရပ္ျပန္သြားပါတယ္။

ဂဠဳန္ သည္ ဒီဘဝမွ ေသဆုံးၿပီး အေနာက္ဘက္ေတာင္ေၾကာ ေအာက္ေျခရွိ ေတာင္ကမ္းပါးယံတြင္ ဥမင္သုံးခုတို႔တြင္ အလယ္ဥမင္၌ ႀကီးမားစြာေသာ ပင့္ကူႀကီး ျဖစ္ေနပါတယ္။

အဆိုပါ ဥမင္သုံးခုတို႔မွာ ပင္းတယလိုဏ္ဂူေတာ္တို႔ပင္ ျဖစ္ပါတယ္။အဆိုပါ ဥမင္သုံးခု၏ ေတာင္ေျခရင္းတြင္ နတ္သမီးတို႔ ေရကစားေပ်ာ္ျမဴးေလ့ရွိေသာ ေရကန္ႀကီး (ပုန္းတလုတ္) တည္ရွိပါတယ္။

ထိုေရကန္ႀကီးမွာ ေငြေတာင္ျပည္ကို အစိုးရေသာ နတ္မင္းႀကီး၏ သမီးေတာ္ ခုနစ္ေဖာ္တို႔ ေရကစားေလ့ ရွိပါတယ္။ထိုေန႔မွာ နတ္သမီးတို႔ ေရကစားေပ်ာ္ပါးေနခ်ိန္ အေမွာင္ရီပ်ိဳးခ်ိန္ ေရာက္လာေတာ့

ေငြေတာင္ျပည္ကို မျပန္တတ္ေတာ့ဘဲ အနီးအနားမွာရွိတဲ့ ဥမင္သုံးခု၏ ေတာင္ ဘက္ဆုံး ဥမင္ထဲမွာ တစ္ညတာ အိပ္စက္ အနားယူၾကပါတယ္။

အလယ္ဂူမွာ ေနထိုင္တဲ့ ပင့္ကူႀကီးဟာ နတ္သမီးမ်ားရဲ႕ စကား ေျပာဆိုသံမ်ားၾကားရၿပီး လ်င္ျမန္စြာျဖင့္ ဂူေပါက္ဝကို ေရာက္ရွိလာၿပီးေတာ့ ႀကီးမားတုတ္ခိုင္တဲ့ ပင့္ကူမွ်င္မ်ားနဲ႔ အထပ္ထပ္ပိတ္လိုက္ၿပီး အလယ္ဂူကို ျပန္သြားပါတယ္။

ေနာက္တစ္ေန႔ မိုးေသာက္ခ်ိန္မွာ မင္းသားေလး ေရကန္အနားသို႔ ေရာက္ရွိလာၿပီး အသံၾကားသျဖင့္ အနီး အနား ေမာ့ၾကည့္ရွာေဖြရာ

ေတာင္ကမ္းပါးယံရွိ ဂူမ်ားတြင္ နတ္သမီး ေအာ္သံမ်ားကို ၾကားရၿပီး သြားေရာက္ ၾကည့္ရႈရာ ပင့္ကူမွ်င္မ်ားနဲ႔ ပိတ္ဆို႔ေနတဲ့ ဂူေပါက္ဝကို ေတြ႕ရပါေတာ့တယ္။

နတ္သမီးေတြကလည္း ေၾကာက္လန႔္ၿပီး ဂူေပါက္ဝကို ဖြင့္ေပးရန္ ေတာင္းပန္ၿပီး ကယ္တင္ေပးမည္ဆိုပါက အေထြးဆုံး နတ္သမီး ရွင္မိယာကို မင္းသားေလးအား ေပးဆပ္ပါမည္ဟု ကူညီေတာင္းပန္ၾကတာနဲ႔

မင္းသားေလးလည္း စဥ္းစားလိုက္တယ္။အရင္ဆုံး ဂူေပါက္ဝဖြင့္ေနစဥ္ ပင့္ကူလက္ခ်က္နဲ႔ ေသဆုံးႏိုင္တဲ့အတြက္ ပင့္ကူကို ရွာေဖြၿပီး သတ္ႏိုင္ရန္ ေျမာက္ဘက္မွာရွိတဲ့ အျခားဂူေပါက္မ်ားကို သြားေရာက္ရွာေဖြစဥ္

အလယ္ဂူမွာ ရန္သူေတာ္ ပင့္ကူႀကီးနဲ႔ ထိပ္တိုက္ ပက္ပင္းေတြ႕ဆုံပါေတာ့တယ္။ ရန္သူေတာ္ ပင့္ကူႀကီးဟာ အင္မတန္ ႀကီးမားၿပီး ေက်ာက္တုံး ေက်ာက္စိုင္မ်ား နဲ႔ ပစ္ခတ္ကာ မင္းသားေလးကိုအၿငိဳးနဲ႔စတင္ တိုက္ခိုက္ပါေတာ့တယ္။

ပင့္ကူႀကီးဟာ ႀကီးမားေသာ ေက်ာက္ တုံးႀကီးမ်ားကို ပစ္ခြဲျပၿပီး မင္းသားကို တိုက္ခိုက္ပါတယ္။ မင္းသားေလးဟာ ပါလာတဲ့ ေလးကိုထုတ္ၿပီး ျမားနဲ႔ ပစ္ခြင္းလိုက္စဥ္ လွ်ပ္စီးရဲ႕ လ်င္ျမန္ျခင္းမ်ိဳးနဲ႔ ပဲ့တင္ထပ္ၿပီး

ပင့္ကူႀကီးရဲ႕ နားရင္းမွာ စိုက္ဝင္ကာ မေသခင္မွာ ေနာင္ဘဝမ်ားမွာ ဘီလူးႀကီးဘဝနဲ႔ ထိုမင္းသား သြားေလရာမွာ ႏွိပ္စက္ႏိုင္သူ ျဖစ္ပါေစဆိုၿပီး က်ိန္ဆို၍ ပင့္ကူႀကီး ေသပြဲဝင္ရွာပါတယ္။

မင္းသားေလးဟာလည္း “ပင့္ကူရၿပီ။ ပင့္ကူရၿပီ” ဆိုကာ သုံးႀကိမ္တိုင္တိုင္ လက္ခေမာင္းခတ္ကာ ႀကဳံးဝါးပါေတာ့တယ္။ အဲဒီလို မင္းသားေလးဟာ ပင့္ကူရၿပီဟု ေႂကြးေၾကာ္ခဲ့သည္ကို အစြဲျပဳၿပီး ပင့္ကူရမွ ပင္းတယဟု ၿမိဳ႕အမည္တြင္လာရျခင္းျဖစ္ေၾကာင္း ဆို႐ိုးရွိပါတယ္။

မင္းသားေလးဟာ နတ္သမီး ခုနစ္ေဖာ္ တို႔ကို ျပန္လည္ ကယ္ တင္လိုက္ခ်ိန္မွာ နတ္သမီး ခုနစ္ေဖာ္ကလည္း ကတိအတိုင္း အေထြးဆုံး ရွင္မိယာကို မင္းသားေလး ႏွစ္သက္ပါက ယူေဆာင္သြားပါဟုေျပာ ၿပီး ေငြေတာင္ျပည္ကို ျပန္သြားၾကပါတယ္။

မင္းသားေလး ကုမၼာဘယနဲ႔ ရွင္မိယာဟာ ႀကီးစြာေသာ ေညာင္ပင္ေအာက္မွာ အိပ္ရင္း ရန္သူေတာ္ ဘီလူးႀကီးဟာ လက္နက္မွာ ႀကိဳတင္သိမ္းဆည္းၿပီး သံကြန္ခ်ာျဖင့္ အုပ္ထားလိုက္ပါတယ္။

ထိုသို႔ မင္းသားေလး ေမွာင္မိုက္စြာ ေနရေသာအရပ္ကို ယခုအခါ တမဲေက်း႐ြာ ဟု ေခၚဆိုၿပီး ေတာင္႐ိုးလူမ်ိဳးမ်ား ေနထိုင္ၾကကာ သီဟိုဠ္ႏိုင္ငံမွ ပင့္ေဆာင္လာတဲ့ ပၪၥေလာဟာနဲ႔ ဆင္စြယ္ယပ္ေတာင္ဟာ ယေန႔တိုင္ရွိေနပါတယ္။

မင္းသားေလးဟာ နဂါးမင္းထံ အကူအညီေတာင္းၿပီး လက္နက္မ်ားကို ျပန္လည္ ယူ ေဆာင္ေစရာ နဂါးမင္းကလည္း အနားကပ္ေျပာလိုက္ဘိသကဲ့သို႔ ေရာက္ရွိလာၿပီး လက္နက္မ်ားကို ျပန္လည္ရွာေဖြ ဆက္သေစပါတယ္။

မင္းသားေလးက လက္နက္မ်ားကို ဘယ္က ယူလာခဲ့သနည္းေမးရာ ထိုအရပ္ကို ေျပာျပခ်ိန္ အင္မတန္ေဝးလွသျဖင့္ “အလြန္ေဝးလွပါတ ကား”ဟု ေရ႐ြတ္ေသာအရပ္ကို ယခုအခါ ေပြးလွဟု ေခၚတြင္ေသာ ေက်း႐ြာ ျဖစ္လာပါတယ္။
မင္းသားနဲ႔ ဘီလူးႀကီးတို႔ဟာ အျပင္းအထန္ တိုက္ခိုက္ၾကၿပီးခ်ိန္မွာေတာ့ မင္းသားဟာ ေသငယ္ေဇာနဲ႔ ေမ်ာၿပီး ဘီလူးႀကီးက မင္းသားလက္ခ်က္နဲ႔ ခ်က္ခ်င္းေသဆုံးကာ ထိုေနရာမွာပင္ ဥပပတ္ပဋိသေႏၶျဖင့္ ေဇာ္ဂ်ီ ျဖစ္လာတယ္။

ေဇာ္ဂ်ီဟာ မင္းသားကို တကယ္ေသၿပီ မွတ္ၿပီး ရွင္မိယာလက္ကိုဆြဲၿပီး ပင္းတယေျမာက္ ေရထြက္ဦးအနီးရွိ ေတာင္ကုန္းေလးမွာ ေခတၱထိုင္နားၾကပါတယ္။

အဲဒီေနရာမွာ ရွင္မိယာဟာ ေဇာ္ဂ်ီကို ဥပယ္တံမ်ဥ္ျပဳၿပီး သတ္ပစ္လိုက္တဲ့အတြက္ ေဇာ္ဂ်ီေရထြက္နဲ႔ ရွင္မိယာကုန္းအျဖစ္ ယေန႔တိုင္ ရွိပါတယ္။

မင္းသားေလး အေလာင္းကို ေတြ႕ရခ်ိန္မွာ ရွင္မိယာဟာ ငိုေႂကြးတမ္းတခ်ိန္ သိၾကားမင္းက မင္းသားေလးကို ျပန္လည္အသက္သြင္းခဲ့ၿပီး ဗာရာျပည္ႀကီးမွာ အိမ္ေရွ႕မင္းအရာ ထီးနန္းစိုးစံပါတယ္။

ရွင္မိယာ ေရာက္လာခ်ိန္မွစၿပီး တိုင္းသူျပည္သားေတြ အနာေရာဂါ ကင္းေဝးတာကို မလိုလားတဲ့ သမားေတာ္ႀကီးမ်ားက ပေရာဟိတ္မ်ားနဲ႔ ပူး ေပါင္း၍ အေကာက္ႀကံပါတယ္။

ဘုရင့္ကို ကုန္းေခ်ာစကား ေျပာတဲ့အတြက္ မင္းသားေလးကို နယ္ျခားရွိ သူပုန္မ်ား တိုက္ခိုက္ရန္ ေစလႊတ္လိုက္ခ်ိန္ ရွင္မိယာကို သတ္ၿပီး လည္ေခ်ာင္းေသြးနဲ႔ ယာဇ္ပူေဇာ္ဖို႔ လုပ္တာကို

နတ္မ်က္စိ၊ နတ္နားတို႔ျဖင့္ ၾကားသိရေသာ ရွင္မိယာဟာ ေငြေတာင္ျပည္ကို ပ်ံတက္သြားပါတယ္။မင္းသားေလးဟာလည္း နယ္ျခားမွာ ဘာမွမေတြ႕တဲ့အတြက္ ရိပ္မိၿပီး ျပန္လာခ်ိန္

အေၾကာင္းစုံသိကာ စိတ္ေတာ္မကြက္ဘဲ ေငြေတာင္ျပည္ကို လိုက္ပါခဲ့ရာ လမ္းခုလတ္မွာ ရွင္ရေသ့နဲ႔ေတြ႕ၿပီး ရွင္မိယာ ေပးခဲ့တဲ့ လက္စြပ္ကို ရရွိပါတယ္

ႀကီးစြာေသာ ျမစ္ႀကီးကို ကူးျဖတ္ဖို႔ ငွက္ဆင္ပ်ံမ်ားကို စီးၿပီး တစ္ဖက္ ေငြေတာင္ျပည္ကို ေရာက္ခ်ိန္ လူသူအနံ႔အသက္မ်ား ေဆးေၾကာရန္ နတ္ သမီးေလးမ်ား နတ္ေရကန္မွာ ေရခပ္ဆင္းခ်ိန္ဆုံၿပီး မင္းသားေလး အဓိ႒ာန္တာေၾကာင့္

ေနာက္ဆုံး နတ္သမီးေလး ေရအိုးမပင့္ႏိုင္ဘဲ မင္း သားေလး ပင့္ေပးလိုက္ခ်ိန္မွာ လက္စြပ္ေလးကို ထည့္လိုက္ပါတယ္။ရွင္မိယာ ေနာက္ဆုံး ေရအိုးနဲ႔ ေရခ်ိဳးခ်ိန္မွာ မင္းသားေလး ထည့္ေပး လိုက္တဲ့ လက္စြပ္နဲ႔ စြပ္မိၿပီး

မင္းသားေလး လိုက္လာတာ သိလိုက္တဲ့အတြက္ ဖခမည္းေတာ္မင္းႀကီးထံ ေလွ်ာက္တင္လိုက္ပါတယ္။ မင္း ႀကီးကလည္း သမက္ေတာ္အစြမ္းအစ သိလိုတဲ့အတြက္

တင္းတိမ္အတြင္းမွာ ရွိေနတဲ့ နတ္သမီး ခုနစ္ေဖာ္ကို လက္ညႇိဳးပဲ ထုတ္ထားၿပီး ေ႐ြးေစပါတယ္။သိၾကားမင္းကတစ္ဆင့္ မာတလိနတ္သား အကူအညီနဲ႔

ေ႐ႊယင္ေကာင္ေလးအျဖစ္ မင္းသားေလးနဲ႔ မင္းသမီးေလး လက္ ညႇိဳးကို ကူးလူးၿပီး ဆက္သြယ္ျပလို႔ မွန္ကန္စြာ ေ႐ြးခ်ိန္မွာ မင္းႀကီးကလည္း သမက္ေတာ္ဟာ ဘုန္းတန္ခိုးနဲ႔ ျပည့္စုံသူ ျဖစ္တယ္လို႔ ဆိုၿပီး လက္ ထပ္ေပးလိုက္ပါတယ္။

ကုမၼာဘယ မင္းသားေလးနဲ႔ ရွင္မိယာ တို႔ဟာ ေငြေတာင္ျပည္မွာ နန္းစံၿပီးခ်ိန္ အၾကည္အသာ ခြင့္ပန္ၿပီး ဗာရာျပည္ကို ျပန္လာခဲ့ကာ နတ္႐ြာစံသြားၿပီျဖစ္ေသာ အ႐ိုက္အရာကို ဆက္ခံကာ အုပ္ခ်ဳပ္မင္းလုပ္ေတာ္ မူပါတယ္တဲ့။

Credit – wikipedia

Be the first to comment

Leave a Reply

Your email address will not be published.


*