သမိုင်းဝင် ဒုတိယ တော်လှန်ရေးရက်စွဲဖြစ်လာမည့် နေ့ တစ်နေ့အကြောင်း (သို့) တိုက်ပွဲခေါ်သံ D DAY

သမိုင်းဝင် ဒုတိယ တော်လှန်ရေးရက်စွဲဖြစ်လာမည့် နေ့ တစ်နေ့အကြောင်း (သို့) တိုက်ပွဲခေါ်သံ D day

မြို့ကြီးတွေကို စစ်မြေတလင်းလို စိစိညက်ညက်အချေခံခဲ့ရ ပြီးတဲ့နောက် တစစနဲ့ ပြန်လည်လှုပ်ရှားအသက်ဝင်လာတာကို ပုံမှန်ပြန်ဖြစ်သွားပြီလို့ ပုံဖော်နေကြသူတွေ ရှိတယ်။ တော်လှန်ရေးဆိုတာ ဒါပါပဲကွာလို့ သမိုင်းအဆွေးကြီးထဲက ရုန်းမထွက်ချင်ကြသူတွေက

အတိတ်ကာလကို ပုံတူယူပြီး အနာဂတ်ကို စိတ်ကူးယဉ်ပြီး ပုံဖျက်ပြောဆိုနေကြတာတွေလည်း ရှိတယ်။ အဲဒီလို စစ်ဖိနပ်ကို ခါးချိအောင်ကုန်းပြီး လျှာနဲ့ လျက်နေကြသူတွေအကြားမှာ ငါတို့ဟာ ငါတို့အလုပ်ကို နေ့စဉ်မပြတ် လုပ်နေကြတယ်။ ငါတို့ဟာ ငါတို့ ခရီးကို ငါတို့အင်အားနဲ့

ငါတို့ ဆက်နေကြတယ်။ မြို့ပေါ်က လူက မြို့ပေါ်မှာ ဆက်ပြီး ဆန့်ကျင်နေကြတယ်။ တောထဲက လူက တောတွင်းမှာ လေ့ကျင့်နေကြတယ်။ လွတ်မြောက်နယ်မြေက လူကလည်း ရသလို ဖီဆန်နေကြတယ်။ နွေဦးတော်လှန်ရေးဟာ… မုန်တိုင်းထဲမှာပဲ ရှေ့သို့ တဆင့်ပြီး နောက်တဆင့်။

ငါတို့ဟာ တခုတည်းသော ယုံကြည်ချက်ပေါ် အားလုံးစုစည်းညီညွတ်စွာ အင်အားအပြည့် တလှမ်းချင်း နောက်မဆုတ်စတမ်း ခိုင်ခိုင်ကြည်ကြည် လျှောက်လှမ်းနေကြတယ်။ ဒီမြေမှာ … စစ်အာဏာရှင် စနစ် အမြစ်ပြတ် ကျရှုံးပျောက်ကွယ်စေရမယ်။ ဒီမြေမှာ…

လူတစုကောင်းစားရေးအတွက် ပြည်သူကို ရန်သူသဖွယ် သတ်ဖြတ်နှိမ်နင်းနေတဲ့ အသုံးချခံ စစ်တပ်ကို အပြီးပြတ် ချေမှုန်းသုတ်သင်ဖျက်သိမ်းပစ်ရမယ်။ ဒီမြေမှာ… ပြည်သူကို သစ္စာမခံ၊ မစောင့်ရှောက်ဘဲ နီးရာဓားကြောက်၊ နှလုံးသားမှာ လောက်ပေါက်နေတဲ့ ဝန်ထမ်းတွေနဲ့ မောင်းနှင်နေတဲ့

အုပ်ချုပ်ရေး ယန္တရားတခုလုံးကို တစစီပျက်သုဉ်းနိဂုံးချုပ်စေရမယ်။ ငါတို့ အမိမြေကို အကျည်းတန်စေတဲ့ အဓမ္မဝါဒီ မိစ္ဆာကောင်တွေရဲ့ အာဏာငရဲမီးကို နောက်ဆုံးမီးတောက်အဖြစ် ငါတို့ ငြိမ်းသက်ကြမယ်။ ငါတို့ လွတ်မြောက်ကြရမယ်။ တရားမျှတမှု ပြန်ရကို ရရမယ်။

ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ကို ဖြစ်ရမယ်။ အဲဒီ ယုံကြည်ချက်တွေနဲ့ ပေးဆပ်စွန့်လှူခဲ့ကြတဲ့ ငါတို့ ပြည်သူတွေရဲ့ သွေးကြွေးကို ပြန်ရယူမယ့်နေ့။ ငါတို့အားလုံးရဲ့ ရင်ခေါင်းထဲလာတဲ့ အသံနက်ကြီးနဲ့ … “စ…စ်…………”ဆိုပြီး တနိုင်ငံလုံး ညာသံပေး တိုက်ပွဲခေါ်သံပေးမယ့်နေ့။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ကြီးနဲ့အတူ ငါတို့ ပြည်သူအားလုံး ရရာလက်နက်ဆွဲကိုင်ပြီး တနိုင်ငံလုံး DDay တိုက်ပွဲခေါ်မယ်နေ့။ အဲဒီနေ့ကို… ငါတို့ အားလုံး နားစွင့်နေကြတယ်။ ငါတို့ အားလုံး အသင့်ရှိနေကြတယ်။ ငါတို့ အားလုံး စောင့်စားနေကြတယ်။

အဲဒီနေ့ဆီ… ငါတို့ အားလုံး ချီတက်နေကြတယ်။ D Day နေ့မှာ ရာဇဝင်သစ် ငါတို့ခေတ် ဖြစ်စေရမယ်။ ငါတို့ခေတ်ကို ရောက်ကို ရောက်စေရမယ်။

crd-နိုင်သင့်မြတ်

——–

သမိုင္းဝင္ ဒုတိယ ေတာ္လွန္ေရးရက္စြဲျဖစ္လာမည့္ ေန႔ တစ္ေန႔အေၾကာင္း (သို႔) တိုက္ပြဲေခၚသံ D day

ၿမိဳ႕ႀကီးေတြကို စစ္ေျမတလင္းလို စိစိညက္ညက္အေခ်ခံခဲ့ရ ၿပီးတဲ့ေနာက္ တစစနဲ႔ ျပန္လည္လႈပ္ရွားအသက္ဝင္လာတာကို ပုံမွန္ျပန္ျဖစ္သြားၿပီလို႔ ပုံေဖာ္ေနၾကသူေတြ ရွိတယ္။ ေတာ္လွန္ေရးဆိုတာ ဒါပါပဲကြာလို႔ သမိုင္းအေဆြးႀကီးထဲက ႐ုန္းမထြက္ခ်င္ၾကသူေတြက

အတိတ္ကာလကို ပုံတူယူၿပီး အနာဂတ္ကို စိတ္ကူးယဥ္ၿပီး ပုံဖ်က္ေျပာဆိုေနၾကတာေတြလည္း ရွိတယ္။ အဲဒီလို စစ္ဖိနပ္ကို ခါးခ်ိေအာင္ကုန္းၿပီး လွ်ာနဲ႔ လ်က္ေနၾကသူေတြအၾကားမွာ ငါတို႔ဟာ ငါတို႔အလုပ္ကို ေန႔စဥ္မျပတ္ လုပ္ေနၾကတယ္။ ငါတို႔ဟာ ငါတို႔ ခရီးကို ငါတို႔အင္အားနဲ႔

ငါတို႔ ဆက္ေနၾကတယ္။ ၿမိဳ႕ေပၚက လူက ၿမိဳ႕ေပၚမွာ ဆက္ၿပီး ဆန႔္က်င္ေနၾကတယ္။ ေတာထဲက လူက ေတာတြင္းမွာ ေလ့က်င့္ေနၾကတယ္။ လြတ္ေျမာက္နယ္ေျမက လူကလည္း ရသလို ဖီဆန္ေနၾကတယ္။ ေႏြဦးေတာ္လွန္ေရးဟာ… မုန္တိုင္းထဲမွာပဲ ေရွ႕သို႔ တဆင့္ၿပီး ေနာက္တဆင့္။

ငါတို႔ဟာ တခုတည္းေသာ ယုံၾကည္ခ်က္ေပၚ အားလုံးစုစည္းညီၫြတ္စြာ အင္အားအျပည့္ တလွမ္းခ်င္း ေနာက္မဆုတ္စတမ္း ခိုင္ခိုင္ၾကည္ၾကည္ ေလွ်ာက္လွမ္းေနၾကတယ္။ ဒီေျမမွာ … စစ္အာဏာရွင္ စနစ္ အျမစ္ျပတ္ က်ရႈံးေပ်ာက္ကြယ္ေစရမယ္။ ဒီေျမမွာ…

လူတစုေကာင္းစားေရးအတြက္ ျပည္သူကို ရန္သူသဖြယ္ သတ္ျဖတ္ႏွိမ္နင္းေနတဲ့ အသုံးခ်ခံ စစ္တပ္ကို အၿပီးျပတ္ ေခ်မႈန္းသုတ္သင္ဖ်က္သိမ္းပစ္ရမယ္။ ဒီေျမမွာ… ျပည္သူကို သစၥာမခံ၊ မေစာင့္ေရွာက္ဘဲ နီးရာဓားေၾကာက္၊ ႏွလုံးသားမွာ ေလာက္ေပါက္ေနတဲ့ ဝန္ထမ္းေတြနဲ႔ ေမာင္းႏွင္ေနတဲ့

အုပ္ခ်ဳပ္ေရး ယႏၲရားတခုလုံးကို တစစီပ်က္သုဥ္းနိဂုံးခ်ဳပ္ေစရမယ္။ ငါတို႔ အမိေျမကို အက်ည္းတန္ေစတဲ့ အဓမၼဝါဒီ မိစာၦေကာင္ေတြရဲ႕ အာဏာငရဲမီးကို ေနာက္ဆုံးမီးေတာက္အျဖစ္ ငါတို႔ ၿငိမ္းသက္ၾကမယ္။ ငါတို႔ လြတ္ေျမာက္ၾကရမယ္။ တရားမွ်တမႈ ျပန္ရကို ရရမယ္။

ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စု ျဖစ္ကို ျဖစ္ရမယ္။ အဲဒီ ယုံၾကည္ခ်က္ေတြနဲ႔ ေပးဆပ္စြန႔္လႉခဲ့ၾကတဲ့ ငါတို႔ ျပည္သူေတြရဲ႕ ေသြးေႂကြးကို ျပန္ရယူမယ့္ေန႔။ ငါတို႔အားလုံးရဲ႕ ရင္ေခါင္းထဲလာတဲ့ အသံနက္ႀကီးနဲ႔ … “စ…စ္…………”ဆိုၿပီး တႏိုင္ငံလုံး ညာသံေပး တိုက္ပြဲေခၚသံေပးမယ့္ေန႔။

ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ႀကီးနဲ႔အတူ ငါတို႔ ျပည္သူအားလုံး ရရာလက္နက္ဆြဲကိုင္ၿပီး တႏိုင္ငံလုံး DDay တိုက္ပြဲေခၚမယ္ေန႔။ အဲဒီေန႔ကို… ငါတို႔ အားလုံး နားစြင့္ေနၾကတယ္။ ငါတို႔ အားလုံး အသင့္ရွိေနၾကတယ္။ ငါတို႔ အားလုံး ေစာင့္စားေနၾကတယ္။

အဲဒီေန႔ဆီ… ငါတို႔ အားလုံး ခ်ီတက္ေနၾကတယ္။ D Day ေန႔မွာ ရာဇဝင္သစ္ ငါတို႔ေခတ္ ျဖစ္ေစရမယ္။ ငါတို႔ေခတ္ကို ေရာက္ကို ေရာက္ေစရမယ္။

crd-ႏိုင္သင့္ျမတ္