သင့် ANDROID ဖုန်း ပျောက်သွားတဲ့အခါ ဒီနည်းဖြင့် ရှာကြည့်ပါ
စမတ်ဖုန်း ပျောက်သွားတဲ့အဖြစ်က အတော်အနေရခက်စေတဲ့ ခံစားချက်တစ်ခု ဖြစ်ပါတယ်။ ဒီအချက်တွေနဲ့ စီမံဆောင်ရွက်ပါက လက်ငင်းပြန် ရမယ်လို့ အတိအကျတော့ ပြောရခက်ပါတယ်။ ကံအားလျှော်စွာဖြင့် Google မှ မိမိရဲ့ ပျောက်သွားတဲ့ဖုန်း၊ နေရာမှားထားတဲ့ ဖုန်းကို လျင်မြန်လွယ်ကူစွာ ရှာဖွေပေးမယ့် နည်းလမ်းတစ်ခု ဆောင်ရွက်ပေးထားပါတယ်။ အဲ့ဒါကတော့
၁။ ရိုးရိုးရှင်းရှင်းလေးပါ။ ပထမဦးဆုံး Google ကို သွား၊ ပြီးနောက် မိမိဖုန်းမှာ register လုပ်ထားတဲ့ Google account နဲ့ sign in သေချာဝင်ရပါမယ်။
၂။ ပြီးနောက် Where’s my phone? ကို ရိုက်ထည့်ပြီး ရှာပါ။
၃။ မြေပုံပေါ်လာပါလိမ့်မယ်။
၄။ ခဏကြာပြီးနောက် သင့်ဖုန်းရှိတဲ့ နေရာ သိနိုင်ပါပြီ။
၅။ ညက အပြင်ထွက်တုန်း နေရာမှားထားမိတာဆိုရင် ဘုရားမလို့ ဆိုရပါမယ်။
၆။ နောက် အိမ်နားတဝိုက်မှာပဲ ပျောက်သွားတာဆိုရင် ပထမ silent ဖြစ်ခဲ့ရင်တောင် ပြန်ရှာတွေ့စေဖို့ volume အဆုံးထိ တင်နိုင်ပါတယ်။
၇။ Google’ device manager ရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဖုန်းကို အဝေးမှ lock ချ နိုင်ပါတယ်။ ပါရှိတဲ့ဒေတာအချက်အလက်တွေ ဖျက်ပစ်နိုင်ပါတယ်။
၈။ iPhone ကိုင်သူများအတွက်တော့ ဝမ်းနည်းပါတယ်။ Android စမတ်ဖုန်းဖြစ်မှသာလျှင် Google မှ ခြေရာခံဆောင်ရွက်ပေးပါလိမ့်မယ်။
Credit : Trend
Zawgyi
Credit : Trend
Leave a Reply