
မျက်ရည်များရဲ့ နောက်ကွယ် … 😁
အကို့ ဆေးရုံကြီး တစ်ချက် သွားချင်လို့ ဘယ်လောက် ပေးရမလဲ ?
၃၅၀၀ ပါ ခဗျ
ဈေးဆစ်သံ မကြားပဲ ကားတံခါး ဖွင့်ပြီး ဝင်ထိုင် လိုက်သော မိန်းခလေး ကို နောက်ကြည့်မှန်မှ တစ်ချက် ကြည့်လိုက် မိသည် ။
ပါးပြင်မှာ ရေစို နေလျက် မို့အစ် နေသော မျက်ဝန်း တစ်စုံ ၊ မျက်ဝန်းထဲ ရေအပြည့်နှင့် အမှတ် တမဲ့ ကြည့်လျင် မျက်နှာသစ်ပြီး ကာစ …
ကျနော် သိလိုက် ပါပြီ ။ သူမ ငိုထား လေသည် ။
ကားလမ်း တစ်လျှောက် အမြဲ ခရီးသည် နှင့် စကား ပြောနေကျ ကျနော့် အဖို့ နှုတ်ဆိတ်စွာ နေလျက် ဘယ်လို နှစ်သိမ့် ပေးရ မလဲ မသိတာ ကြောင့် လမ်းကိုသာ ဂရု ပြုလျက် အမြန်ဆုံး ရောက်ရှိရေး အတွက်သာ တွေးတော လုပ်ဆောင် ပေးနေမိလေသည် …
ထိုသို့ ပြုခြင်း ပင်လျင် သူ့အတွက် အကောင်းဆုံး လက်ဆောင် ပေ ပဲ ဟု သတ်မှတ် မိသောကြောင့် ပင် … ။
မကြာသော အချိန် အတွင်း မှာပဲ သူ့ဘက်က စကား တစ်ခွန်း ပြောလာသည် ။
” အကို့ အမြန် မောင်းပေးပါ ” တဲ့
အသံ လာရာကို နောက်ကြည့်မှန် မှ ကြည့်လိုက်တော့ ဝဲ ယာ မျက်လုံးမှ စီးလာသော မျက်ရည်ကို သုတ်နေသည် ကို တွေ့ရ သည်။
စိတ်မကောင်း ဖြစ်မိ ပါသည်
ဘယ်လို ဒုက္ခတွေများ ရောက်နေ ပါလိမ့်
စိတ်ထဲမှာ အမျိုး အမည် မသိသော ဝေဒနာ တစ်ခုကို ခံစားရင်း …..
ဆိုက်ရောက် ပါပြီလေ ….
ကားခ မပေးပဲ သူမ ဆင်းသွား လေသည် …
ကျနော်လည်း ရင်ထဲ မကောင်းတာနဲ့ ဘာမှ မပြောပဲ ငေးကြည့်နေ မိသည် …
စိတ်မပါ လက်မပါ နဲ့ ကားမောင်း ထွက်ဖို့ ပြုစဉ် …
ကားနောက်ခန်းမှာ ခရီးသည် ဘာကျန်ခဲ့သေးလဲ ကြည့်လိုက် မိသည်…
တွေ့ပါပီ ..
အမဲရောင် အိပ်သေးလေး တစ်လုံး …
တစ်ချက် လှမ်းယူပြီး လိုက်ပေးဖို့ စမ်းကြည့် လိုက်တော့ ကြက်သွန် လိုလို အလုံးလေး ၂ လုံး …
မသင်္ကာ တာနဲ့ ဖွင့်ကြည့်မှပဲ ရှင်းသွားလေသည် …
နွှာပြီးသား ကြက်သွန်နီ နှစ်လုံးကို မြင်လိုက်တော့ မှ ကိုယ့်နှဖူး ကိုယ် ရိုက်လိုက်မိသည် ….
” အသုံးမကျ လိုက်လေခြင်း ”
ဒါနဲ့လေ ကောင်မလေးက ချောသားဗျ … ဟီးဟီး
😁😁😁
Credit _ Original Writer
Zawgyi
မ်က္ရည္မ်ားရဲ႕ ေနာက္ကြယ္ … 😁
အကို႔ ေဆး႐ုံႀကီး တစ္ခ်က္ သြားခ်င္လို႔ ဘယ္ေလာက္ ေပးရမလဲ ?
၃၅၀၀ ပါ ခဗ်
ေဈးဆစ္သံ မၾကားပဲ ကားတံခါး ဖြင့္ၿပီး ဝင္ထိုင္ လိုက္ေသာ မိန္းခေလး ကို ေနာက္ၾကည့္မွန္မွ တစ္ခ်က္ ၾကည့္လိုက္ မိသည္ ။
ပါးျပင္မွာ ေရစို ေနလ်က္ မို႔အစ္ ေနေသာ မ်က္ဝန္း တစ္စုံ ၊ မ်က္ဝန္းထဲ ေရအျပည့္ႏွင့္ အမွတ္ တမဲ့ ၾကည့္လ်င္ မ်က္ႏွာသစ္ၿပီး ကာစ …
က်ေနာ္ သိလိုက္ ပါၿပီ ။ သူမ ငိုထား ေလသည္ ။
ကားလမ္း တစ္ေလွ်ာက္ အၿမဲ ခရီးသည္ ႏွင့္ စကား ေျပာေနက် က်ေနာ့္ အဖို႔ ႏႈတ္ဆိတ္စြာ ေနလ်က္ ဘယ္လို ႏွစ္သိမ့္ ေပးရ မလဲ မသိတာ ေၾကာင့္ လမ္းကိုသာ ဂ႐ု ျပဳလ်က္ အျမန္ဆုံး ေရာက္ရွိေရး အတြက္သာ ေတြးေတာ လုပ္ေဆာင္ ေပးေနမိေလသည္ …
ထိုသို႔ ျပဳျခင္း ပင္လ်င္ သူ႔အတြက္ အေကာင္းဆုံး လက္ေဆာင္ ေပ ပဲ ဟု သတ္မွတ္ မိေသာေၾကာင့္ ပင္ … ။
မၾကာေသာ အခ်ိန္ အတြင္း မွာပဲ သူ႔ဘက္က စကား တစ္ခြန္း ေျပာလာသည္ ။
” အကို႔ အျမန္ ေမာင္းေပးပါ ” တဲ့
အသံ လာရာကို ေနာက္ၾကည့္မွန္ မွ ၾကည့္လိုက္ေတာ့ ဝဲ ယာ မ်က္လုံးမွ စီးလာေသာ မ်က္ရည္ကို သုတ္ေနသည္ ကို ေတြ႕ရ သည္။
စိတ္မေကာင္း ျဖစ္မိ ပါသည္
ဘယ္လို ဒုကၡေတြမ်ား ေရာက္ေန ပါလိမ့္
စိတ္ထဲမွာ အမ်ိဳး အမည္ မသိေသာ ေဝဒနာ တစ္ခုကို ခံစားရင္း …..
ဆိုက္ေရာက္ ပါၿပီေလ ….
ကားခ မေပးပဲ သူမ ဆင္းသြား ေလသည္ …
က်ေနာ္လည္း ရင္ထဲ မေကာင္းတာနဲ႔ ဘာမွ မေျပာပဲ ေငးၾကည့္ေန မိသည္ …
စိတ္မပါ လက္မပါ နဲ႔ ကားေမာင္း ထြက္ဖို႔ ျပဳစဥ္ …
ကားေနာက္ခန္းမွာ ခရီးသည္ ဘာက်န္ခဲ့ေသးလဲ ၾကည့္လိုက္ မိသည္…
ေတြ႕ပါပီ ..
အမဲေရာင္ အိပ္ေသးေလး တစ္လုံး …
တစ္ခ်က္ လွမ္းယူၿပီး လိုက္ေပးဖို႔ စမ္းၾကည့္ လိုက္ေတာ့ ၾကက္သြန္ လိုလို အလုံးေလး ၂ လုံး …
မသကၤာ တာနဲ႔ ဖြင့္ၾကည့္မွပဲ ရွင္းသြားေလသည္ …
ႏႊာၿပီးသား ၾကက္သြန္နီ ႏွစ္လုံးကို ျမင္လိုက္ေတာ့ မွ ကိုယ့္ႏွဖူး ကိုယ္ ႐ိုက္လိုက္မိသည္ ….
” အသုံးမက် လိုက္ေလျခင္း ”
ဒါနဲ႔ေလ ေကာင္မေလးက ေခ်ာသားဗ် … ဟီးဟီး
😁😁😁
Credit _ Original Writer
Leave a Reply