
မြန်မာသင်္ဘောသားများပါဝင်သည့် ကုန်တင်သင်္ဘောတစ်စင်း တောင်ကိုရီးယားနိုင်ငံ၏ပင်လယ်ပြင်မှာ နစ်မြှပ်
မြန်မာသင်္ဘောသား ၈ ယောက်နဲ့ တရုတ်သင်္ဘောသား ၁၄ ယောက်ပါတဲ့ ကုန်တင်သင်္ဘောတစ်စင်းဟာအင်္ဂါနေ့ ညပိုင်းကဂျပန်အနောက်တောင်ပိုင်း၊ နာဂါဆာကီစီရင်စုနဲ့ တောင်ကိုရီးယားနိုင်ငံ၊ဂျယ်ဂျူကျွန်းတို့ကြားကကမ်းလွန်ပင်လယ်ပြင်မှာနစ်မြုပ်သွားတယ်လို့
ဂျပန်သတင်းဌာနဖြစ်တဲ့ ကျိုဒိုသတင်းဌာနမှာဖော်ပြထားပါတယ်။လက်ရှိမှာတော့ အသက်ကယ်လှေတစ်စင်းနဲ့မျောပါနေတဲ့တရုတ်သင်္ဘောသား ၄ ယောက်ကို ကယ်တင်ထား နိုင်ပြီးကျန်တဲ့သင်္ဘောသားတွေကိုဂျပန်နဲ့တောင်ကိုရီးယားနှစ်နိုင်ငံကမ်းခြေစောင့်တပ်တွေကဆက်လက်ရှာဖွေနေတယ်လို့ ဂျပန်ကမ်းခြေ စောင့်တပ်ဖွဲ့ကပြောပါတယ်။
သင်္ဘောဆီကနေဂျပန်ကမ်းခြေစောင့်တပ်ကိုသတင်းပေးပို့မှုအရသင်္ဘောသားအားလုံးအသက်ကယ်လှေတွေဆီကိုပြောင်းရွှေ့နိုင်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီသင်္ဘောဟာ တန်ချိန် ၆၅၅၁ တန်ရှိပြီး တရုတ်(ဟောင်ကောင်)မှာ မှတ်ပုံတင်ထားတဲ့ ကုန်တင်သင်္ဘော တစ်စင်း ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါသင်္ဘောသည် မနစ်မြုပ်ခင် တစ်နာရီခန့်အကြာမှာ Digital Selective Calling စနစ်ဖြင့် ပထမဆုံးသော အချက်ပြမှုကို ယနေ့ နံနက် ၁နာရီ ၄၅မိနစ်အချိန်မှာ ထုတ်လွှင့်ခဲ့တယ်လို့ သတင်းအေဂျင်စီရဲ့ ဖော်ပြချက်မှာ ထည့်သွင်းရေးသားထားတာဖြစ်ပါတယ်။
Zawgyi
ျမန္မာသေဘၤာသားမ်ားပါဝင္သည့္ ကုန္တင္သေဘၤာတစ္စင္း ေတာင္ကိုရီးယားႏိုင္ငံ၏ပင္လယ္ျပင္မွာ နစ္ျမႇပ္
ျမန္မာသေဘၤာသား ၈ ေယာက္နဲ႔ တ႐ုတ္သေဘၤာသား ၁၄ ေယာက္ပါတဲ့ ကုန္တင္သေဘၤာတစ္စင္းဟာအဂၤါေန႔ ညပိုင္းကဂ်ပန္အေနာက္ေတာင္ပိုင္း၊ နာဂါဆာကီစီရင္စုနဲ႔ ေတာင္ကိုရီးယားႏိုင္ငံ၊ဂ်ယ္ဂ်ဴကြၽန္းတို႔ၾကားကကမ္းလြန္ပင္လယ္ျပင္မွာနစ္ျမဳပ္သြားတယ္လို႔
ဂ်ပန္သတင္းဌာနျဖစ္တဲ့ က်ိဳဒိုသတင္းဌာနမွာေဖာ္ျပထားပါတယ္။လက္ရွိမွာေတာ့ အသက္ကယ္ေလွတစ္စင္းနဲ႔ေမ်ာပါေနတဲ့တ႐ုတ္သေဘၤာသား ၄ ေယာက္ကို ကယ္တင္ထား ႏိုင္ၿပီးက်န္တဲ့သေဘၤာသားေတြကိုဂ်ပန္နဲ႔ေတာင္ကိုရီးယားႏွစ္ႏိုင္ငံကမ္းေျခေစာင့္တပ္ေတြကဆက္လက္ရွာေဖြေနတယ္လို႔ ဂ်ပန္ကမ္းေျခ ေစာင့္တပ္ဖြဲ႕ကေျပာပါတယ္။
သေဘၤာဆီကေနဂ်ပန္ကမ္းေျခေစာင့္တပ္ကိုသတင္းေပးပို႔မႈအရသေဘၤာသားအားလုံးအသက္ကယ္ေလွေတြဆီကိုေျပာင္းေ႐ႊ႕ႏိုင္ခဲ့တယ္လို႔ဆိုပါတယ္။ အဲဒီသေဘၤာဟာ တန္ခ်ိန္ ၆၅၅၁ တန္ရွိၿပီး တ႐ုတ္(ေဟာင္ေကာင္)မွာ မွတ္ပုံတင္ထားတဲ့ ကုန္တင္သေဘၤာ တစ္စင္း ျဖစ္တယ္လို႔ သိရပါတယ္။
အဆိုပါသေဘၤာသည္ မနစ္ျမဳပ္ခင္ တစ္နာရီခန႔္အၾကာမွာ Digital Selective Calling စနစ္ျဖင့္ ပထမဆုံးေသာ အခ်က္ျပမႈကို ယေန႔ နံနက္ ၁နာရီ ၄၅မိနစ္အခ်ိန္မွာ ထုတ္လႊင့္ခဲ့တယ္လို႔ သတင္းေအဂ်င္စီရဲ႕ ေဖာ္ျပခ်က္မွာ ထည့္သြင္းေရးသားထားတာျဖစ္ပါတယ္။
Leave a Reply