ဘာရောဂါပဲ ဖြစ်ဖြစ် ရောဂါ မျိုးစုံအတွက် ရှေးကရေးသားခဲ့သော ဆေးနည်းများ ၂

ဘာရောဂါပဲ ဖြစ်ဖြစ် ရောဂါ မျိုးစုံအတွက် ရှေးကရေးသားခဲ့သော ဆေးနည်းများ ၂

ရောဂါ ပေါင်းစုံအတွက် ရှေးကရေးသား ဆေးနည်းများ ပေါင်းချုပ်…။

ရှေးကရေးသား ဆေးနည်းများ (၂)

ရေဖျဉ်းရောဂါပျောက် ဆေးနည်း

– ယမနေမြစ်ကို သွေး၍သောက်ပါ၊ ကိုယ်ကိုလည်း လိမ်းပေးပါ။ (တစ်နည်း)

– ပွေးကိုင်းရွက်နှင့် ဆီးဖြူသီးကိုကြိတ်၍ အရည်ကို တိုက်ပေးပါ။ (တစ်နည်း)

– ပုနး်ရည်တစ်ကျပ်သား၊ ဆီနှစ်ကျပ်သား၊ ဆားငါးပဲသား၊ ၎င်းဆေးသုံးပါးအား ကြေးနီခွက်တွင်ထည့်၍ နေလှမ်းပြီး သုံးကြိမ်သောက်ပေးပါ။ (တစ်နည်း)

– ကုက္ကိုခေါက်ကို သုံးခွက်တစ်ခွက်တင် ကျို၍သောက်ပေးပါ။ (တစ်နည်း)

ရေကျောက်ပျောက် ဆေးနည်း

– စောင်းလျားသီးအရည်ကို ညှစ်၍တိုက်ပါ၊ ရေကို တစ်နေ့ နှစ်ကြိမ် သုံးကြိမ် ချိုးပေးပါ။

လိပ်ခေါင်းပျောက် ဆေးနည်း

– တရုတ်စံကားပင် အမြစ်ကို ကျို၍သောက်ပါ။ (တစ်နည်း)

– ဝက်သားတစ်ဆယ်ကျပ်သားနှင့် ဖန်ခါးသီး တစ်ဆယ်ကျပ်သားအားရောချက်၍ တစ်ထိုင်တည်း ဝအောင်စားပါ။ သုံးကြိမ်လောက် အနည်းဆုံး ချက်စားပါ။ (တစ်နည်း)

လေထိုးလေအောင့်ပျောက် ဆေးနည်း

– ခွေးတောက်ရွက်ကို ဟင်းခါးချက်၍ သောက်ပေးပါ။

လည်ပင်းကြီးရောဂါပျောက် ဆေးနည်း

– ကြက်သွန်ဖြူအဆီကို တစ်နေ့ နှစ်ကြိမ်သုံးကြိမ် တိုက်ကျွေးခြင်း၊ အနာကို လိမ်းပေးခြင်းများကို ပြုလုပ်ပေးပါ။ (တစ်နည်း)

– ဟင်းဂလားအရိုင်းပင်၏ အရွက်ကို ကြက်သွန်ဖြူဥတစ်လုံးနှင့် ကြိတ်ပြီး အပြားလုပ်ပါ၊ ၎င်းအပြားကို အနားမှာ ကပ်ပေးပါ။ နံနက် ကပ်လျှင် ညခွာပါ၊ ညကပ်လျှင် နံနက်ခွာပါ၊

နေ့စဉ်ပြုလုပ်ပေး၍ ရက်အနည်းငယ် ကြာသောအခါ နုလျှင်ပိန်ပြီး၊ ရင့်လျှင်ပြည်ပေါက်၍ ပျောက်ကင်းပါသည်။

ဝဲပျောက် ဆေးနည်း

– ကြက်သွန်ဖြူကိုကြိတ်၍ အုန်းဆီနှင့်ဖျော်ပြီး လိမ်းပေးပါ။ (တစ်နည်း)

– ဘုမ္မရာဇာမြစ်ကိုသွေး၍ အုန်းဆီနှင့်ဖျော်ပြီး လိမ်းပေးပါ။ (တစ်နည်း)

– တမာရွက်ကိုကြိတ်၍ ဒိန်ချဉ်နှင့် ရောစပ်၍ လိမ်းပေးပါ။ (တစ်နည်း)

– ကင်ပွန်းသီး လေးပဲသား၊ ကွမ်းသီးကြက်ချေး တစ်ကျပ်သား၊ လေးညှင်း တစ်ကျပ်သား၊ ဆေးဒါန်း တစ်ကျပ်သား၊ ကင်ပွန်းသီး၊ ကွမ်းသီး၊ လေးညှင်း ၎င်း ဆေးသုံးပါးအား ကျွမ်းအောင်လှော်ပြီး အမူန့်ပြုလုပ်ပါ။ ၎င်းဆေးအားလုံးကို ရောစပ်၍ အုန်းဆီနှင့် ဖျော်ပြီး လိမ်းပေးပါက ဝဲစိုဝဲခြောက်ကို ပျောက်ကင်း၏။ (တစ်နည်း)

– ထိကရုံး ပဥ္စငါးပါးအား အခြောက်လှန်း၍ပြာချပြီး ၎င်းပြာကို ရေနံချေးဖြင့် ရောစပ်၍ လိမ်းပေးပါ။ (တစ်နည်း)

– ခရမ်းချဉ်ပင် ပဥ္စငါးပါးအား အခြောက်လှန်း ပြာချ၍ ၎င်းပြာကို ရေနံချေးဖြင့် ရောစပ်၍ လိမ်းပေးပါ။ (တစ်နည်း)

ဝက်ခြံပျောက် ဆေးနည်း

– ကွမ်းစားထုံးကို အုံပေးပါ။ ရောင်လျှင် ဇာတိပ္ပိုလ်သီးကို သွေး၍လိမ်းပေးပါ။ (တစ်နည်း)

– ဆေးမြင်းခွာကို ဆန်ဆေးရည်ဖြင့် ကြိတ်၍ တစ်နေ့သုံးကြိမ် လိမ်းပေးပါ။ (တစ်နည်း)

– ကွမ်းစားထုံးကို သြဇာစေ့နှင့်ကြိတ်၍ အနာထိပိကို အုံပေးပါ။ (တစ်နည်း)

– ငရုတ်ကောင်းဂေါ်ရဇင်းနှင့် ကြိတ်၍ ဝက်ခြံရှိသော နေရာတွင် လိမ်းပေးပါ။ (တစ်နည်း)

– သံပရာရည်နှင့် ဇဝက်သားကိုရောစပ်၍ ဝက်ခြံရှိသော နေရာတွင် လိမး်ကျံပေးပါ။ (တစ်နည်း)

– ကသစ်ဆူးကို သွေး၍ ဝက်ခြံရှိသောနေရာကို လိမ်းပေးပါ။ (တစ်နည်း)

– လက်ပံပင်၏ဆူးကို နို့ရည်နှင့်သွေး၍ လိမ်းပေးပါက ဝက်ခြံ၊ တင်းတိတ်တို့ ပျောက်ကင်း၏။ (တစ်နည်း)

– ညောင်ကြပ်ညွှန့်ကို ပဲပိစပ်နှင့် ကြိတ်၍ လိမ်းပေးပါ။ (တစ်နည်း)

– ကြက်ဆူရွက်အရည်ကို ဘူးစေ့နှင့်ကြိတ်၍ လိမ်းပေးပါ၊ ဝက်ခြံ၊ တင်းတိတ် ပျောက်ကင်း၏။ (တစ်နည်း)

– ရွှေဖရုံသီးအညျာကို ဆန်ဆေးရည်နှင့်သွေး၍ လိမ်းပေးပါ။ (တစ်နည်း)

ဝမ်းကိုက်ပျောက် ဆေးနည်း

– ငုရွက်ကို ဟင်းချက်စားပါ။ ကြော်စားပါ။ (တစ်နည်း)

– ချင့်ချိန်၍ သောက်ပါ။ (တစ်နည်း)

– ချင့်ချိန်၍ စားပါ။ (တစ်နည်း)

– ဆားပုတ်တစ်ကျပ်သား၊ ဆားခါးတစ်ကျပ်သား၊ မနကျည်းမှည့် ငါးကျပ်သား ၎င်းဆေးသုံးပါးအား ရောနယ်၍စားပါ။ (တစ်နည်း)

– ငရုတ်ကောင်း တစ်ဆ၊ ချင်းခြောက် နှစ်ဆ၊ လက်ထုပ် ခေါက်လေးဆ ၎င်းဆေးများကို တင်လဲဟောင်းနှင့် ရောနုယ်၍စားပါ။ (တစ်နည်း)

– ရှားစေး တစ်ပဲသား၊ ကွမး်ရွက် ဆယ်ရွက်၊ ကြောင်ပန်းရွက် လက်တစ်ဆုပ် ၎င်းဆေးသုံးပါးအား သုံးခွက်တစ်ခွက်တင်ကျို၍ သောက်ပါ။ (တစ်နည်း)

– မြန်မာလက်ဖက်ခြောက် တစ်ကျပ်သား၊ သကြားတစ်ကျပ်သား၊ ဆီးဖြူသီး တစ်ကျပ်သား ၎င်းဆေးသုံးပါးအား ကြိတ်၍ ကိုးလုး လုံးပါ။ တစ်နေ့သုံးလုံး သောက်ပါ။ သုံးရက်ကြာလျှင်လည်း ပျောက်ကင်း၏။ (တစ်နည်း)

သွေးဝမ်းသွားပျောက် ဆေးနည်း

– ဗာဒံရွက်ကို ကြက်သွန်ဖြူနှင့် ကြော်၍စားပါ။ (တစ်နည်း)

– မန်ကျည်းပွင့်နှင့် ထန်းလျက်ကို ရော၍စားပါ။ (တစ်နည်း)

– ယမနေသီးကို ပြုတ်၍သောက်ပါ။ (တစ်နည်း)

သွေးသန့်၍ အားရှိစေသော ဆေးနည်း

– တမာစေးကို သောက်ခြင်းအားဖြင့် သွေးများသန့်ရှင်းစေပြီး ရက်အနည်းငယ် စွဲသောက်ပါက ကိုယ်အားရှိ၍ လာ၏။

သွေးမစင်ကြယ်မူပျောက် ဆေးနည်း

– တမာခေါက်ကို ရေစိမ်၍ သောက်ပါ။ သွေးမစင်ကြယ်မူ ကင်းဝေးပြီး အဖုအနာများလည်း ပျောက်ကင်းစေသည်။

သွက်ချာပါဒရောဂါ ပျောက်ဆေးနည်း

– တမာဆီကို သွက်ချာပါဒ ရှိသူ၏ အင်္ဂါကြီးငယ်တို့အား လိမ်းကျံပေးခြင်းအားဖြင့် တဖြည်းဖြည်းပျောက်ကင်း၏။

သွားခိုင် ဆေးနည်း

– ရှားစေးကို အမူန့်ပြုလုပ်ပြီး သွားတိုက်ပါ။

သွားနာသွားကိုက်ပျောက် ဆေးနည်း

– ခွေးသေးပန်းရွက် အပင် ပဥ္စငါးပါးကို ကျိုက်ကျိုက်ဆူအောင်ပြုတ်၍ ခပ်နွေးနွေးကို ငုံပေးပါ။ ပိုကိုက်လျှင် မကြောက်ပါနှင့်၊ မကြာခဏ ငုံပေးပါက ပျောက်ကင်း၏။ (တစ်နည်း)

– လက်ပံစေးနှင့် ရှားစေးကို ဆတူရောပြီး အမူန့်ပြုလုပ်၍ သွားနာ၊ သွားကိုက်သောနေရာအား သိပ်ပေးပါ။ (တစ်နည်း)

– တမာရွက်၊ တမာခေါက်တို့ကို ဆူအောင်ပြုတ်ပြီး ခပ်နွေးနွေး ငုံပေးပါ။ (တစ်နည်း)

– တမာရွက်အကြေမ်းကို ကျွမ်းအောင်လှော်ပြီး အမူန့်ပြုုလပ်ပါ။ ၎င်းကို သွားနာ သွားကိုက်သော နေရာများတွင် သိပ်ပေးပါ။ (တစ်နည်း)

– မရိုးစေနှင့် နှမ်းဆီရောစပ်၍ သွားကို သိပ်ပေး လိမ်းပေးပါ။ (တစ်နည်း)

– ကြက်ဥခွံ၊ ခဲပုတ် ၎င်းနှစ်မျိုးကို ထောင်း၍ သွားနာ၊ သွားကိုက် သိပ်ပေးပါ။ (တစ်နည်း)

– ကွမ်းသီးကြက်ချေးကိုပြာချ၍ ကျောက်ချဉ်ရှားစေးတို့ဖြင့် အမူန့်ပြုလုပ်ပြီး သိပ်ပေးပါ။ (တစ်နည်း)

– ထနောင်းခေါက်ကို ပြုတ်၍ ၎င်းအရည်ကို မပူမနွေး ငုံပေးပါ။ (တစ်နည်း)

– ခရေပွင့်အစိုကိုကြိတ်၍ သိပ်ပေးပါ။ (တစ်နည်း)

– ကုက္ကိုစေ့သုံးမတ်၊ ငရုတ်ကောင်းစေ့ သုံးမူး ၎င်းဆေးနှစ်ပါးကို ရောစပ်ကြိတ်၍ သိပ်ပေးပါ။ (တစ်နည်း)

– လေးညှင်းပွင့်၊ လေးညှင်းဆီ ရရာကို သွားနာ သွားကိုက်သောနေရာတွင် သိပ်ပေးပါ။ (တစ်နည်း)

– ပိတောက်ရွက်ကို ပြုတ်၍ ခပ်နွေးနွေး ငုံပေးပါ။ (တစ်နည်း)

– ခရမ်းကဆော့ပင်မြစ်ကို သွေး၍ သိပ်ပေးပါ။ (တစ်နည်း)

– လင်းလ၊ ငရုတ်ကောင်း၊ ချီးသီးအမျှစီကြိတ်၍ လိမ်းပေးပါ။ (တစ်နည်း)

– သံပရာရွက်ကိုပြုတ်၍ ကိုက်သောနေရာကို သိပ်ပေးပါ။ (တစ်နည်း)

– ကနစိုအဆံကိုကြိတ်၍ ကိုက်သောနေရာကို သိပ်ပေးပါ။ (တစ်နည်း)

– စမုန်နက်နှင် ယမ်းစိမ်းကို အမျှစီကြိတ်၍ သိပ်ပေးပါ။ ရေနွေးဖြင့့် ပလုပ်ကျင်းပါ။ (တစ်နည်း)

– ကွမ်းစားထုံးနှင့် အိမ်သုံးနနွင်းကို သမအောင်ရောစပ်၍ ကိုက်သော သွားပေါက်ထဲသို့ သိပ်ထည့်ပေးပါ။(တစ်နည်း)

သွေးဖျင်းဖုနာ ဆေးနည်း

– တမာခေါက်ကိုသွေး၍ အနာပေါ်တွင် ထူထူလိမ်းကျံပေးပါ။

သားဖွားမြန်စေရန် ဆေးနည်း

– တမာမြစ်ကို သားဖွားသောမိန်းမ၏ ခါး၌ချည်ထားပေးခြင်းဖြင့် လွယ်ကူစွာသားဖွားစေနိုင်သည်။ သားဖွားပြီးလျှင် ပြီးချင်း ဖြုတ်ပေးပါ။

သွေးထွက်သံယိုပျောက် ဆေးနည်း

– ထုံးကိုနနွင်းနှင့်ရောစပ်၍ သွေးထွက်သောဒဏ်ရာကို သိပ်ပေးပါ။ (တစ်နည်း)

– ကုက္ကိုရွက်ကို ကြိတ်၍ သွေးထွက်၍ ဒဏ်ရာရရှိသော နေရာတွင် သိပ်ပေးပါ။ (တစ်နည်း)

– ခွေးသေးပန်းရွက်ကို ကြိတ်၍ သွေးထွက်သော ဒဏ်ရာကို သိပ်ပေးပါ။ (တစ်နည်း)

– ကြိတ်မှန်ရွက်ကိုကြိတ်၍ သွေးထွက်သောဒဏ်ရာကို သိပ်ပေးပါ။ (တစ်နည်း)

သွေးအန်ရောဂါပျောက် ဆေးနည်း

– ကျောက်ဖရုံသီးကိုကြိတ်၍ အရည်ညှစ်ပြီး သောက်ပေးပါ။

သွေးတက်ရောဂါပျောက် ဆေးနည်း

– သားသည်မိခင်များ သွေးထွက်လျှင် နနွင်းမိူင်းကို ရူပေးပါ။

သံကျ ဆေးနည်း

– လင်းလေးနှင့် ရှိန်ခိုးကိုရောကြိတ်ပြီး ဝမ်းဗိုက်ကိုသုတ်လိမ်းပေးပါ။ အောက်သို့ သပ်ချ၍ လိမ်းပေးပါ။ (တစ်နည်း)

– နကျယ်ကောင်နေသော နကျယ်အုံကိုရေစိမ်၍ အပေါ်ရေကြည်စစ်၍ တိုက်ပါ။ (တစ်နည်း)

– မဖောက်ထုံး၊ ဆေးရွက်ကြီး၊ ရှိန်ခိုး ၎င်းဆေးသုံးပါးကို ကြိတ်၍ အုန်းဆီနှင့်ဖျော်ပြီး ဝမ်းဗိုက်ပေါ်မျာ လိမ်းပေးပါ။ (တစ်နည်း)

– သင်္ဘောသီအစေ့ကို ထန်းလျက်နှင့်နယ်ပြီး စားပါ။ (တစ်နည်း)

– နာနတ်သီးကို ပျားရည်နှင့်လူး၍ စားပါ။ (တစ်နည်း)

– ကြက်ဟင်းခါးရွက် အရည်ကို ညှစ်၍သောက်ပါ။ (တစ်နည်း)

– နာနတ်ရွက် သတ္တုရည်ကို သောက်ပါ။ (တစ်နည်း)

– ဂန့်ဂလာပင်ကိုကြိတ်၍ သတ္တုရည်ကိုသောက်ပါ။ (တစ်နည်း)

– ဘောစကိုင်းရွက်ကိုပြုတ်၍ ပါးပါးလှီးပြီး လက်သုပ်လုပ်၍ စားပါ။ (တစ်နည်း)

သမင်ဖြူနာပျောက်် ဆေးနည်း

– ကြက်သွန်ဖြူကို နေ့စဉ် စားသုံးပေးပါ။ (တစ်နည်း)

– နနွင်းခါးနှင့် ပျားရည်ကို ရောစပ်၍ လက်ဖက်ရည်တစ်ဇွန်းခန့် နေ့စဉ်သုံးပေးပါ။ (တစ်နည်း)

– တောင်ဆီးဖြူပင် ပဥ္စငါးပါးကို သံးခွက်တစ်ခွက်တင်ကျို၍ သောက်ပေးပါ။ (တစ်နည်း)

– ခရာမြစ်ကိုသွေးပြီး ဆားအနည်းငယ်ထည့်၍ သောက်ပါ။ (တစ်နည်း)

– မြန်မာနှင်းဆီပန်း၏ ပွင့်ဖတ်များကိုခြွေ၍ ရေနွေးပူပူတွင် ခပ်၍သောက်ပါ။ နေ့စဉ် သောက်ခြင်းဖြင့် ရက်မကြာခင် ပျောက်ကင်း စေ၏။ (တစ်နည်း)

သွေးစုနာပျောက် ဆေးနည်း

– ပျားရည်နှင့် သံပုရာရည်ဆတူရော၍ သောက်ပေးပါ။

အဖျားဖြတ်ဆေးနည်း

– ကြက်သွန်နီကိုခွဲပြီး ရှိန်းခိုးသွပ်၍ မီိးကပင်စားပါ၊ အဖျားပြတ်၏။(တစ်နည်း)

– ကြိတ်မှန်ရွက် သုံးဇွန်း၊ ရေနွေး သုံးဇွန်း၊ ပျားရည် နှစ်ဇွန်း ၎င်းဆေးသုံးပါးကို သမအောင်မွှေပြီး အဖျားမတက်မီ ကြိုတင်တိုက်ပါ။

အဖျားဝမ်းသက် ဆေးနည်း

– နာတာရှည်အဖျား ဝမ်းသက်ရှိသူကို တမာခေါက်ကိုပြုတ်၍ ၎င်းအရည်ကို တိုက်ပါ။

အဖျားနာတာရှည်ပျောက် ဆေးနည်း

– နာတာရှည်အဖျားရှိသူသည် အဖျားတငွေ့ငွေ့ တက်နေပါက တမာရွက်ပြုတ်ရည်ကို တိုက်ပေးခြင်း၊ တမာပင်အောက်မှာနေခြင်းများ ပြုလုပ်ပေးပါ။

အနာပဆုပ်ပျောက် ဆေးနည်း

– ပဆုပ်ပနီအုံကို မီးနှင့် ကျွမ်းအောင်လှော်၍ ဆီနှင့်ပြန်ချက်ပါ။ ၎င်းကို လိမ်းပေးပါ။ (တစ်နည်း)

– သနပ်ခါး၏ အမြစ်ကို သွေး၍ လိမ်းပေးပါ။ (တစ်နည်း)

– ဆီးဖြူသီးကို ကြိတ်၍ အုံပေးပါ။ (တစ်နည်း)

– ထိကရုံးပဥ္စငါးပါးကို ကြိတ်၍ အုံပေးပါ။ (တစ်နည်း)

အနာဝင်ပျောက် ဆေးနည်း

– ထန်းလျက်၊ ကြက်ချေးခြောက်၊ ဆေးတံဆေး ၎င်းဆေးသုံးပါးအား အညီအမျှကြိတ်၍ အနာဝချန်ပြီး ကွင်း၍ အနာကို လိမ်းပေးပါ။ (တစ်နည်း)

– ကြိတ်မှန်ရွက်ကို ထန်းလျက်နှင့် ဂုံညင်းဆံ သင့်ရုံထည့်ပြီး သောက်ပါ။ (တစ်နည်း)

အနာပျက်ရောဂါပျောက် ဆေးနည်း

– ဆေးကုသ၍မရသော အနာဟောင်း အနာပျက်များကို တမာရွက်ကိုကြိတ်ပြီး အနာကိုကပ်၍ ပတ်တီးစည်းထားပေးပါက ပျောက်၏။ (တစ်နည်း)

– အနာရောဂါရှိသူများျ၏ အိမ်တံခါး၊ အိမ်ပေါက်ဝများတွင် တမာရွက်၊ တာမကိုင်းများ ချိတ်ဆွဲထားပေးပါ။ (တစ်နည်း)

အနာစက်ရောဂါပျောက် ဆေးနည်း

– တမာရွက် တမာခေါက်များကို ပြုတ်၍ အနာကို ဖန်ရည် မကြာခဏ ဆေးပေးပါ။

အနာနှင့် အရိုးပုပ်ပျောက် ဆေးနည်း

– တမာရွက်ကို ထောပတ်နှင့်ရောပြီး ကြော်၍ကြိတ်ပါ။ ၀ါဂွမး်နုနုဖြင့်တို့ပြီး အနာနှင့် အရိုးပုပ်နာများကို ထည့်ပေးပါ။ (တစ်နည်း)

အနာစိမ်းပျောက် ဆေးနည်း

– တမာရွက်ပြုတ်ရည်နှင့် အနာကို ဖန်ရည်ဆေးပြီး တမာဆီကို ထည့်ပေးပါ။ (တစ်နည်း)

– ခွေးထောက်ရွက်ကို မီးကင်၍ မကြာခဏ ကပ်ပေးပါ။ (တစ်နည်း)

အနာပေါက်ပျောက် ဆေးနည်း

– ထုံးနှင့် နနွင်းကို ရောစပ်၍ လိမ်းပေးပါ။ (တစ်နည်း)

– ဖလံတောင်ဝှေးအရွက်ကို မီးကင်ပြီး ကပ်ထားပေးပါက အနာနုလျှင် ပိန်သွားပြီး ရင့်လျှင် ပြည်များပေါက်၍ ပျောက်ကင်းပါမည်။ (တစ်နည်း)

အနာကျက် ဆေးနည်း

– ရှားစေးကို ပျားဖယောင်းနှင့်ရော၍ အနာပေါ်သို့ ကပ်ထားပေးခြင်းဖြင့် အနာ အမြန်ကျက်စေသည်။ (တစ်နည်း)

– တမာရွက်ပြုတ်ရည်ကို ပျားရည်နှင့် ရောစပ်၍ လိမ်းပေးပါက လျင်မြန်စွာ အကျက်မြန်သည်။

အရူးရောဂါပျောက် ဆေးနည်း

– နေ့စဉ် နံနက်စောစော တမာစေ့ နှစ်ကျပ်လေးပဲသားကို ရေစိမ်သောက်ခြင်းအားဖြင့် အရူးရောဂါ ပျောက်ကင်းစေပါသည်။

အရေပြားရောဂါ ပျောက်ဆေးနည်း

– တမာရွက်နုနု ဆယ့်နှစ်ပဲသားကို ကြိတ်၍ ရှာလပတ်ရည် ပြုလုပ်၍ နေ့စဉ်သောက်ပါ။ နှစ်ပတ်ကြာသော် ထူးခြားစွာ သက်သာပျောက်ကင်း၏။ (တစ်နည်း)

– တမာဆီကို ကိုယ်တွင် လိမ်းကျံပေးပါ။ (တစ်နည်း)

အနာပြည်ယိုပျောက် ဆေးနည်း

– အနာများ၌ ပြည်များထွက်၍ ယိုစီးပြီး မပျောက်ရှိခဲ့သော် တမာခေါက်ကို ပြာချ၍ လိမ်းပေးပါ။ (တစ်နည်း)

– ထန်းနို့ခြောက်ကို ပြာချ၍ အုန်းဆီနှင့်ဖျော်၍ လိမ်းကျံပေးပါ။

အနာပြည်ပေါက် ဆေးနည်း

– နွားချေးနှင့် ထန်းလျက်ကိုကြိတ်၍ အုံပေးပါ။ (တစ်နည်း)

– သင်္ဘောကုက္ကိုခေါက်ကို သွေး၍ အနာပေါ်သို့ လိမ်းပေးပါ။ (တစ်နည်း)

– ကွမ်းရွက်ကို မီးကင်၍ အနာပေါ် ကပ်ထားပေးပါ။ (တစ်နည်း)

အဆိပ်မမိရန် ဆေးနည်း

– နေ့စဉ် နံနက်စောစော တမာရွက် လက်တစ်ဆုပ်ကို ၀ါးပေးပါက ကိုယ်၌ အဆိပ်ရောဂါ မမိနိုင်။

အဆိပ်ဖြေ ဆေးနည်း

– ကြွက်၊ ကင်း၊ ပုရွက်ဆိန်နီများ စသည့် အဆိပ်ရှိသော သတ္တဝါးများကိုက်ပါက ကိုက်သောနေရာကို သလဲရွက်ကြိတ်၍ ပွတ်ပေးပါ။ (တစ်နည်း)

– သင်္ဘောမယ်ဇလီရွက်ကို အဆိပ်ရှိသော သတ္တဝါကိုက်သည့် နေရာတွင် ပွတ်ပွတ်ပေးပါ။ (တစ်နည်း)

– သံပုရာသီးအရည်ကို သကြားအနည်းငယ် ထည့်၍သောက်ပါက ဘိန်း၊ အရက်မှဖြစ်သော အဆိပ်၊ အစာမှဖြစ်သော အဆိပ်၊ မြွေဆိပ်-ကင်းဆိပ်တို့ ပျောက်ကင်း၏။ (တစ်နည်း)

– တမာရွက်ရည်၊ မုန်ညင်းဆီ၊ ရေ-၎င်းဆေးသုံးပါးကိုချက်၍ အဆိပ်ရှိသော အနာကို လိမ်းပေးပါ။ (တစ်နည်း)

– ကုက္ကိုရွက်အပွင့်၊ အသီး၊ အခေါက်၊ အမြစ် ပဥ္စငါးပါးကို ကြိတ်၍သောက်ပါ၊ မျက်စဉ်းခတ်ပါ။ ရူပါ၊ အဆိပ်ရှိသောအနာကို လိမ်းပါ။ (တစ်နည်း)

– ကျောက်ချဉ်ကို သွေး၍လိမး်ပါ။ (တစ်နည်း)

– ချင်းခြောက်ကို အမူန့်ပြုလုပ်၍ စားပါ။ (တစ်နည်း)

အကြိတ်နာပျောက် ဆေးနည်း

– အကြိတ်နာများ ပေါ်ထွက်လာပါက နနွင်းနှင့် ထုံးကို ရောစပ်၍ လိမ်းပါ။

အကွက်ထခြငး်ပျောက် ဆေးနည်း

– ကိုယ်တွင်း အကွက်ထခြင်းနှင့်အခြား ကိုယ်ရေပြားရောဂါများဖြစ်ပါက တမာရွက်ကိုကြိတ်၍ အရည်ကိုပွတ်လိမ်းပါ။

အဖုအကျိတ်ရောင်ပျောက် ဆေးနည်း

– ကိုယ်တွင် အဖုအကျိတ်များ ရောင်တင်းနေပါက တမာဆီကို လိမ်ပေးပါ။

အဆစ်အမြစ်ကိုက်ပျောက် ဆေးနည်း

– တမာအတွင်းသားအခေါက်ကို ရေနှင့်ပျစ်ပျစ်သွေး၍ လိမ်းပေးပါက မကြာခဏ လိမ်းပေးခြင်းအားဖြင့် ပျောက်ကင်း၏။ (တစ်နည်း)

– ပင်လယ်ကသစ်ပင် ပဥ္စငါးပါးကို နုပ်နုပ်စဉ်း၍ တောအရက်နှင့် စိမ်ပြီးလိမ်းပါ။ (တစ်နည်း)

– ရှောက်ရည်နှင့် ဓာတ်ဆီ ရောစပ်၍ လိမ်းပါ။ (တစ်နည်း)

အဖောအရောင်ပျောက် ဆေးနည်း

– ကြောင်ပန်းရွက်၊ သက်ရင်းကြီးရွက်၊ သက်ရင်းကြီးမြစ် ၎င်းဆေးသုံးပါးကိုကြိတ်၍ အရည်ကိုသောက်ပါ။ (တစ်နည်း)

– သင်္ဘောကုက္ကိုခေါက်နျင့် နနွင်းတက်ကို သွေး၍ လိမ်းပေးပါ။ (တစ်နည်း)

– ဒါန်းကြီးရွက်ကို အရည်ညှစ်၍ လိမ်းပေးပါ။ (တစ်နည်း)

– သက်ရင်းကြီးမြစ်ကို သွေးပါ။ ရသောအရည်နှင့် ကြောင်ပန်းရွက်အရည် ရောစပ်၍ သောက်ပါ။ (တစ်နည်း)

– ကနဖော့ ပဥ္စငါးပါးကိုပြုတ်၍ ရေချိုးပါ။ (တစ်နည်း)

– နှမ်းဖတ်ကို ညက်စွာထောင်းပြီး ထန်းဖို ထန်းလျက်နှင့် ရော၍စားပါး။ (တစ်နည်း)

အနာဝင်ပျောက် ဆေးနည်း

– ကြက်သွန်ဖြူ ဥတစ်လုံကို ငရုတ်ကောင်း ခုနှစ်စေ့ဖြင့် ညက်စွာကြိတ်၍ အုံပေးပါ။ (တစ်နည်း)

– အနာရှိသူ ညှော်မိ၍ ဇက်၊ ခါး တောင့်တင်းပြီး အနာဝင်နေပါက အုန်းရည်တွင် ငရုတ်ကောင်းမူန့် အနည်းငယ်ထည့်၍ ဝမ်းထဲရောက်အောင် တိုက်ပါ။ တဖြည်းဖြည်း ပျောက်ကင်းပါလိမ့်မည်။

အနာညှော်ဝင်ပျောက် ဆေးနည်း

– ကြက်င်းခါးအရွက်ကို ညှော်ဝင်၊ ညှော်မိသော အနာအား လိမ်းပေးပါ။

အပူလောင်နာပျောက် ဆေးနည်း

– ကွမး်ရွက်ကို သကြားနှင့်ရောစိပ်၍ ကြိတ်ပြီး အုံပေးပါ။

အူကျရောဂါပျောက် ဆေးနည်း

– ကြက်သွန်နီ ဥတစ်လုံကို ပါးပါးလှီး၍ သကြားတစ်ဖွန်းခန့်ဖြင့် ရေစိမ်ပါ။ တစ်ညခန့်စိမ်ပြီး သောက်ပါက ပျောက်၏။

အသည်းရောင် အသားဝါပျောက် ဆေးနည်း

– ငုပင်၏ ပဥ္စငါးပါးကို သုံးခွက်တစ်ခွက်တင် ကျို၍သောက်ပါ ပျောက်ကင်း၏။ (တစ်နည်း)

– ကြက်မောက်ဆူပင်၏ ပဥ္စငါးပါးကို သုံးခွက်တစ်ခွက်တင်ကျို၍ သောက်ပါ။

အနာပိုးကျပျောက် ဆေးနည်း

– အနာအတွင်းသို့ ပိုးလောက်များကျလာပါက တမာရွက်ပြုတ်ရည်ဖြင့် ဖန်ရည်ဆေးပြီး ဆေးရွက်ကြီးကိုပြာချ၍ သိပ်ပေးပါ။

အရိုးဆက်နည်း

– မြင်းခွာရွက်၊ မိတ်သလင်၊ နနွင်းစိမး် ၎င်းဆေးသုံးပါးအား ဆတူရောကြိတ်၍ ကျိုးသောနေရာတွင် ကပ်၍ ပတ်တီးစည်းထားပေးပါ၊ အရိုးပြန်ဆက်၍ ပျောက်ကင်း၏။

အသံဝင်ပျောက် ဆေးနည်း

– ကင်ပါန်းသီးတစ်တောင့်ကို မီးကျွမ်းအောင်ဖုတ်ပါ၊ ဆားမီးဖုတ်နှင့်ရောစပ်၍ ပျားရည်နှင့်ဖျော်ပြီး စားပါ။

အသားမာပျောက် ဆေးနည်း

– သွတ်ကြီးမြစ်ကို ဆန်ဆေးရည်နှင့်သွေး၍ အသားမာရှိသောနေရာကို မကြာခဏ လိမ်းပေးပါ။

အဆစ်ရောင်ရောဂါပျောက် ဆေးနည်း

– ကသစ်ရွက်ကို ကြိတ်၍ လိမ်းပေးပါက ပျောက်၏။

အမွေးကျွတ်စေသော ဆေးနည်း

– ဆေးဒန်းနှင့် ကန့်ကိုကြိတ်၍ နာနတ်သီးမှည့် အရည်ဖြင့် ရောစပ်ပြီး လိမ်းပါ။ (တစ်နည်း)

– ကွမး်သီးပင်မှ အရွက်ုိ ကန့်နှင့်အတူကြိတ်၍ လိမ်းပေးပါက အမွှေးဟူသမျှ ကျွတ်၏။ (တစ်နည်း)

လူတိုင်းလူတိုင်း ကြီးပွားချမး်သာလိုစိတ် ရှိကြသည်။ ကြီးပွားချမး်သာစေနိုင်သော စွမ်းရည်သတ္တိတွေလည်း များစွာရှိကြသည်။

ကြီးပွားချမး်သာရေးအတွက် မိမိတို့ကြားဖူးနားဝရှိသမျှှနှင့် နေ့မအားညမအား လုပ်ကိုင်ကြသော်လည်း လုပ်သလောက် အကျိုးမခံစားကြရပေ။

နည်းမှန်လမ်းမှန် မရှိခြင်းကြောင့် မဟုတ်၊ မသိခြင်းကြောင့်သာ ဖြစ်ပေသည်။

သုတေသီဇေယျာမင်း၏ မြန်မာ့ဆေးမှီးတိုများ စာအုပ်မှ ကောက်နုတ်တင်ပြပေးထားသည်

မေတ္တာရိပ်

Zawgyi

ဘာေရာဂါပဲ ျဖစ္ျဖစ္ ေရာဂါ မ်ိဳးစုံအတြက္ ေရွးကေရးသားခဲ့ေသာ ေဆးနည္းမ်ား ၂

ေရာဂါ ေပါင္းစုံအတြက္ ေရွးကေရးသား ေဆးနည္းမ်ား ေပါင္းခ်ဳပ္…။

ေရွးကေရးသား ေဆးနည္းမ်ား (၂)

ေရဖ်ဥ္းေရာဂါေပ်ာက္ ေဆးနည္း

– ယမေနျမစ္ကို ေသြး၍ေသာက္ပါ၊ ကိုယ္ကိုလည္း လိမ္းေပးပါ။ (တစ္နည္း)

– ေပြးကိုင္း႐ြက္ႏွင့္ ဆီးျဖဴသီးကိုႀကိတ္၍ အရည္ကို တိုက္ေပးပါ။ (တစ္နည္း)

– ပုနး္ရည္တစ္က်ပ္သား၊ ဆီႏွစ္က်ပ္သား၊ ဆားငါးပဲသား၊ ၎ေဆးသုံးပါးအား ေၾကးနီခြက္တြင္ထည့္၍ ေနလွမ္းၿပီး သုံးႀကိမ္ေသာက္ေပးပါ။ (တစ္နည္း)

– ကုကၠိဳေခါက္ကို သုံးခြက္တစ္ခြက္တင္ က်ိဳ၍ေသာက္ေပးပါ။ (တစ္နည္း)

ေရေက်ာက္ေပ်ာက္ ေဆးနည္း

– ေစာင္းလ်ားသီးအရည္ကို ညႇစ္၍တိုက္ပါ၊ ေရကို တစ္ေန႔ ႏွစ္ႀကိမ္ သုံးႀကိမ္ ခ်ိဳးေပးပါ။

လိပ္ေခါင္းေပ်ာက္ ေဆးနည္း

– တ႐ုတ္စံကားပင္ အျမစ္ကို က်ိဳ၍ေသာက္ပါ။ (တစ္နည္း)

– ဝက္သားတစ္ဆယ္က်ပ္သားႏွင့္ ဖန္ခါးသီး တစ္ဆယ္က်ပ္သားအားေရာခ်က္၍ တစ္ထိုင္တည္း ဝေအာင္စားပါ။ သုံးႀကိမ္ေလာက္ အနည္းဆုံး ခ်က္စားပါ။ (တစ္နည္း)

ေလထိုးေလေအာင့္ေပ်ာက္ ေဆးနည္း

– ေခြးေတာက္႐ြက္ကို ဟင္းခါးခ်က္၍ ေသာက္ေပးပါ။

လည္ပင္းႀကီးေရာဂါေပ်ာက္ ေဆးနည္း

– ၾကက္သြန္ျဖဴအဆီကို တစ္ေန႔ ႏွစ္ႀကိမ္သုံးႀကိမ္ တိုက္ေကြၽးျခင္း၊ အနာကို လိမ္းေပးျခင္းမ်ားကို ျပဳလုပ္ေပးပါ။ (တစ္နည္း)

– ဟင္းဂလားအ႐ိုင္းပင္၏ အ႐ြက္ကို ၾကက္သြန္ျဖဴဥတစ္လုံးႏွင့္ ႀကိတ္ၿပီး အျပားလုပ္ပါ၊ ၎အျပားကို အနားမွာ ကပ္ေပးပါ။ နံနက္ ကပ္လွ်င္ ညခြာပါ၊ ညကပ္လွ်င္ နံနက္ခြာပါ၊

ေန႔စဥ္ျပဳလုပ္ေပး၍ ရက္အနည္းငယ္ ၾကာေသာအခါ ႏုလွ်င္ပိန္ၿပီး၊ ရင့္လွ်င္ျပည္ေပါက္၍ ေပ်ာက္ကင္းပါသည္။

ဝဲေပ်ာက္ ေဆးနည္း

– ၾကက္သြန္ျဖဴကိုႀကိတ္၍ အုန္းဆီႏွင့္ေဖ်ာ္ၿပီး လိမ္းေပးပါ။ (တစ္နည္း)

– ဘုမၼရာဇာျမစ္ကိုေသြး၍ အုန္းဆီႏွင့္ေဖ်ာ္ၿပီး လိမ္းေပးပါ။ (တစ္နည္း)

– တမာ႐ြက္ကိုႀကိတ္၍ ဒိန္ခ်ဥ္ႏွင့္ ေရာစပ္၍ လိမ္းေပးပါ။ (တစ္နည္း)

– ကင္ပြန္းသီး ေလးပဲသား၊ ကြမ္းသီးၾကက္ေခ်း တစ္က်ပ္သား၊ ေလးညႇင္း တစ္က်ပ္သား၊ ေဆးဒါန္း တစ္က်ပ္သား၊ ကင္ပြန္းသီး၊ ကြမ္းသီး၊ ေလးညႇင္း ၎ ေဆးသုံးပါးအား ကြၽမ္းေအာင္ေလွာ္ၿပီး အမူန႔္ျပဳလုပ္ပါ။ ၎ေဆးအားလုံးကို ေရာစပ္၍ အုန္းဆီႏွင့္ ေဖ်ာ္ၿပီး လိမ္းေပးပါက ဝဲစိုဝဲေျခာက္ကို ေပ်ာက္ကင္း၏။ (တစ္နည္း)

– ထိက႐ုံး ပၪၥငါးပါးအား အေျခာက္လွန္း၍ျပာခ်ၿပီး ၎ျပာကို ေရနံေခ်းျဖင့္ ေရာစပ္၍ လိမ္းေပးပါ။ (တစ္နည္း)

– ခရမ္းခ်ဥ္ပင္ ပၪၥငါးပါးအား အေျခာက္လွန္း ျပာခ်၍ ၎ျပာကို ေရနံေခ်းျဖင့္ ေရာစပ္၍ လိမ္းေပးပါ။ (တစ္နည္း)

ဝက္ၿခံေပ်ာက္ ေဆးနည္း

– ကြမ္းစားထုံးကို အုံေပးပါ။ ေရာင္လွ်င္ ဇာတိပၸိဳလ္သီးကို ေသြး၍လိမ္းေပးပါ။ (တစ္နည္း)

– ေဆးျမင္းခြာကို ဆန္ေဆးရည္ျဖင့္ ႀကိတ္၍ တစ္ေန႔သုံးႀကိမ္ လိမ္းေပးပါ။ (တစ္နည္း)

– ကြမ္းစားထုံးကို ၾသဇာေစ့ႏွင့္ႀကိတ္၍ အနာထိပိကို အုံေပးပါ။ (တစ္နည္း)

– င႐ုတ္ေကာင္းေဂၚရဇင္းႏွင့္ ႀကိတ္၍ ဝက္ၿခံရွိေသာ ေနရာတြင္ လိမ္းေပးပါ။ (တစ္နည္း)

– သံပရာရည္ႏွင့္ ဇဝက္သားကိုေရာစပ္၍ ဝက္ၿခံရွိေသာ ေနရာတြင္ လိမး္က်ံေပးပါ။ (တစ္နည္း)

– ကသစ္ဆူးကို ေသြး၍ ဝက္ၿခံရွိေသာေနရာကို လိမ္းေပးပါ။ (တစ္နည္း)

– လက္ပံပင္၏ဆူးကို ႏို႔ရည္ႏွင့္ေသြး၍ လိမ္းေပးပါက ဝက္ၿခံ၊ တင္းတိတ္တို႔ ေပ်ာက္ကင္း၏။ (တစ္နည္း)

– ေညာင္ၾကပ္ၫႊန႔္ကို ပဲပိစပ္ႏွင့္ ႀကိတ္၍ လိမ္းေပးပါ။ (တစ္နည္း)

– ၾကက္ဆူ႐ြက္အရည္ကို ဘူးေစ့ႏွင့္ႀကိတ္၍ လိမ္းေပးပါ၊ ဝက္ၿခံ၊ တင္းတိတ္ ေပ်ာက္ကင္း၏။ (တစ္နည္း)

– ေ႐ႊဖ႐ုံသီးအည်ာကို ဆန္ေဆးရည္ႏွင့္ေသြး၍ လိမ္းေပးပါ။ (တစ္နည္း)

ဝမ္းကိုက္ေပ်ာက္ ေဆးနည္း

– ငု႐ြက္ကို ဟင္းခ်က္စားပါ။ ေၾကာ္စားပါ။ (တစ္နည္း)

– ခ်င့္ခ်ိန္၍ ေသာက္ပါ။ (တစ္နည္း)

– ခ်င့္ခ်ိန္၍ စားပါ။ (တစ္နည္း)

– ဆားပုတ္တစ္က်ပ္သား၊ ဆားခါးတစ္က်ပ္သား၊ မနက်ည္းမွည့္ ငါးက်ပ္သား ၎ေဆးသုံးပါးအား ေရာနယ္၍စားပါ။ (တစ္နည္း)

– င႐ုတ္ေကာင္း တစ္ဆ၊ ခ်င္းေျခာက္ ႏွစ္ဆ၊ လက္ထုပ္ ေခါက္ေလးဆ ၎ေဆးမ်ားကို တင္လဲေဟာင္းႏွင့္ ေရာႏုယ္၍စားပါ။ (တစ္နည္း)

– ရွားေစး တစ္ပဲသား၊ ကြမး္႐ြက္ ဆယ္႐ြက္၊ ေၾကာင္ပန္း႐ြက္ လက္တစ္ဆုပ္ ၎ေဆးသုံးပါးအား သုံးခြက္တစ္ခြက္တင္က်ိဳ၍ ေသာက္ပါ။ (တစ္နည္း)

– ျမန္မာလက္ဖက္ေျခာက္ တစ္က်ပ္သား၊ သၾကားတစ္က်ပ္သား၊ ဆီးျဖဴသီး တစ္က်ပ္သား ၎ေဆးသုံးပါးအား ႀကိတ္၍ ကိုးလုး လုံးပါ။ တစ္ေန႔သုံးလုံး ေသာက္ပါ။ သုံးရက္ၾကာလွ်င္လည္း ေပ်ာက္ကင္း၏။ (တစ္နည္း)

ေသြးဝမ္းသြားေပ်ာက္ ေဆးနည္း

– ဗာဒံ႐ြက္ကို ၾကက္သြန္ျဖဴႏွင့္ ေၾကာ္၍စားပါ။ (တစ္နည္း)

– မန္က်ည္းပြင့္ႏွင့္ ထန္းလ်က္ကို ေရာ၍စားပါ။ (တစ္နည္း)

– ယမေနသီးကို ျပဳတ္၍ေသာက္ပါ။ (တစ္နည္း)

ေသြးသန႔္၍ အားရွိေစေသာ ေဆးနည္း

– တမာေစးကို ေသာက္ျခင္းအားျဖင့္ ေသြးမ်ားသန႔္ရွင္းေစၿပီး ရက္အနည္းငယ္ စြဲေသာက္ပါက ကိုယ္အားရွိ၍ လာ၏။

ေသြးမစင္ၾကယ္မူေပ်ာက္ ေဆးနည္း

– တမာေခါက္ကို ေရစိမ္၍ ေသာက္ပါ။ ေသြးမစင္ၾကယ္မူ ကင္းေဝးၿပီး အဖုအနာမ်ားလည္း ေပ်ာက္ကင္းေစသည္။

သြက္ခ်ာပါဒေရာဂါ ေပ်ာက္ေဆးနည္း

– တမာဆီကို သြက္ခ်ာပါဒ ရွိသူ၏ အဂၤါႀကီးငယ္တို႔အား လိမ္းက်ံေပးျခင္းအားျဖင့္ တျဖည္းျဖည္းေပ်ာက္ကင္း၏။

သြားခိုင္ ေဆးနည္း

– ရွားေစးကို အမူန႔္ျပဳလုပ္ၿပီး သြားတိုက္ပါ။

သြားနာသြားကိုက္ေပ်ာက္ ေဆးနည္း

– ေခြးေသးပန္း႐ြက္ အပင္ ပၪၥငါးပါးကို က်ိဳက္က်ိဳက္ဆူေအာင္ျပဳတ္၍ ခပ္ေႏြးေႏြးကို ငုံေပးပါ။ ပိုကိုက္လွ်င္ မေၾကာက္ပါႏွင့္၊ မၾကာခဏ ငုံေပးပါက ေပ်ာက္ကင္း၏။ (တစ္နည္း)

– လက္ပံေစးႏွင့္ ရွားေစးကို ဆတူေရာၿပီး အမူန႔္ျပဳလုပ္၍ သြားနာ၊ သြားကိုက္ေသာေနရာအား သိပ္ေပးပါ။ (တစ္နည္း)

– တမာ႐ြက္၊ တမာေခါက္တို႔ကို ဆူေအာင္ျပဳတ္ၿပီး ခပ္ေႏြးေႏြး ငုံေပးပါ။ (တစ္နည္း)

– တမာ႐ြက္အေၾကမ္းကို ကြၽမ္းေအာင္ေလွာ္ၿပီး အမူန႔္ျပဳုလပ္ပါ။ ၎ကို သြားနာ သြားကိုက္ေသာ ေနရာမ်ားတြင္ သိပ္ေပးပါ။ (တစ္နည္း)

– မ႐ိုးေစႏွင့္ ႏွမ္းဆီေရာစပ္၍ သြားကို သိပ္ေပး လိမ္းေပးပါ။ (တစ္နည္း)

– ၾကက္ဥခြံ၊ ခဲပုတ္ ၎ႏွစ္မ်ိဳးကို ေထာင္း၍ သြားနာ၊ သြားကိုက္ သိပ္ေပးပါ။ (တစ္နည္း)

– ကြမ္းသီးၾကက္ေခ်းကိုျပာခ်၍ ေက်ာက္ခ်ဥ္ရွားေစးတို႔ျဖင့္ အမူန႔္ျပဳလုပ္ၿပီး သိပ္ေပးပါ။ (တစ္နည္း)

– ထေနာင္းေခါက္ကို ျပဳတ္၍ ၎အရည္ကို မပူမေႏြး ငုံေပးပါ။ (တစ္နည္း)

– ခေရပြင့္အစိုကိုႀကိတ္၍ သိပ္ေပးပါ။ (တစ္နည္း)

– ကုကၠိဳေစ့သုံးမတ္၊ င႐ုတ္ေကာင္းေစ့ သုံးမူး ၎ေဆးႏွစ္ပါးကို ေရာစပ္ႀကိတ္၍ သိပ္ေပးပါ။ (တစ္နည္း)

– ေလးညႇင္းပြင့္၊ ေလးညႇင္းဆီ ရရာကို သြားနာ သြားကိုက္ေသာေနရာတြင္ သိပ္ေပးပါ။ (တစ္နည္း)

– ပိေတာက္႐ြက္ကို ျပဳတ္၍ ခပ္ေႏြးေႏြး ငုံေပးပါ။ (တစ္နည္း)

– ခရမ္းကေဆာ့ပင္ျမစ္ကို ေသြး၍ သိပ္ေပးပါ။ (တစ္နည္း)

– လင္းလ၊ င႐ုတ္ေကာင္း၊ ခ်ီးသီးအမွ်စီႀကိတ္၍ လိမ္းေပးပါ။ (တစ္နည္း)

– သံပရာ႐ြက္ကိုျပဳတ္၍ ကိုက္ေသာေနရာကို သိပ္ေပးပါ။ (တစ္နည္း)

– ကနစိုအဆံကိုႀကိတ္၍ ကိုက္ေသာေနရာကို သိပ္ေပးပါ။ (တစ္နည္း)

– စမုန္နက္ႏွင္ ယမ္းစိမ္းကို အမွ်စီႀကိတ္၍ သိပ္ေပးပါ။ ေရေႏြးျဖင့့္ ပလုပ္က်င္းပါ။ (တစ္နည္း)

– ကြမ္းစားထုံးႏွင့္ အိမ္သုံးနႏြင္းကို သမေအာင္ေရာစပ္၍ ကိုက္ေသာ သြားေပါက္ထဲသို႔ သိပ္ထည့္ေပးပါ။(တစ္နည္း)

ေသြးဖ်င္းဖုနာ ေဆးနည္း

– တမာေခါက္ကိုေသြး၍ အနာေပၚတြင္ ထူထူလိမ္းက်ံေပးပါ။

သားဖြားျမန္ေစရန္ ေဆးနည္း

– တမာျမစ္ကို သားဖြားေသာမိန္းမ၏ ခါး၌ခ်ည္ထားေပးျခင္းျဖင့္ လြယ္ကူစြာသားဖြားေစႏိုင္သည္။ သားဖြားၿပီးလွ်င္ ၿပီးခ်င္း ျဖဳတ္ေပးပါ။

ေသြးထြက္သံယိုေပ်ာက္ ေဆးနည္း

 

– ထုံးကိုနႏြင္းႏွင့္ေရာစပ္၍ ေသြးထြက္ေသာဒဏ္ရာကို သိပ္ေပးပါ။ (တစ္နည္း)

– ကုကၠိဳ႐ြက္ကို ႀကိတ္၍ ေသြးထြက္၍ ဒဏ္ရာရရွိေသာ ေနရာတြင္ သိပ္ေပးပါ။ (တစ္နည္း)

– ေခြးေသးပန္း႐ြက္ကို ႀကိတ္၍ ေသြးထြက္ေသာ ဒဏ္ရာကို သိပ္ေပးပါ။ (တစ္နည္း)

– ႀကိတ္မွန္႐ြက္ကိုႀကိတ္၍ ေသြးထြက္ေသာဒဏ္ရာကို သိပ္ေပးပါ။ (တစ္နည္း)

ေသြးအန္ေရာဂါေပ်ာက္ ေဆးနည္း

– ေက်ာက္ဖ႐ုံသီးကိုႀကိတ္၍ အရည္ညႇစ္ၿပီး ေသာက္ေပးပါ။

ေသြးတက္ေရာဂါေပ်ာက္ ေဆးနည္း

– သားသည္မိခင္မ်ား ေသြးထြက္လွ်င္ နႏြင္းမိူင္းကို ႐ူေပးပါ။

သံက် ေဆးနည္း

– လင္းေလးႏွင့္ ရွိန္ခိုးကိုေရာႀကိတ္ၿပီး ဝမ္းဗိုက္ကိုသုတ္လိမ္းေပးပါ။ ေအာက္သို႔ သပ္ခ်၍ လိမ္းေပးပါ။ (တစ္နည္း)

– နက်ယ္ေကာင္ေနေသာ နက်ယ္အုံကိုေရစိမ္၍ အေပၚေရၾကည္စစ္၍ တိုက္ပါ။ (တစ္နည္း)

– မေဖာက္ထုံး၊ ေဆး႐ြက္ႀကီး၊ ရွိန္ခိုး ၎ေဆးသုံးပါးကို ႀကိတ္၍ အုန္းဆီႏွင့္ေဖ်ာ္ၿပီး ဝမ္းဗိုက္ေပၚမ်ာ လိမ္းေပးပါ။ (တစ္နည္း)

– သေဘၤာသီအေစ့ကို ထန္းလ်က္ႏွင့္နယ္ၿပီး စားပါ။ (တစ္နည္း)

– နာနတ္သီးကို ပ်ားရည္ႏွင့္လူး၍ စားပါ။ (တစ္နည္း)

– ၾကက္ဟင္းခါး႐ြက္ အရည္ကို ညႇစ္၍ေသာက္ပါ။ (တစ္နည္း)

– နာနတ္႐ြက္ သတၱဳရည္ကို ေသာက္ပါ။ (တစ္နည္း)

– ဂန႔္ဂလာပင္ကိုႀကိတ္၍ သတၱဳရည္ကိုေသာက္ပါ။ (တစ္နည္း)

– ေဘာစကိုင္း႐ြက္ကိုျပဳတ္၍ ပါးပါးလွီးၿပီး လက္သုပ္လုပ္၍ စားပါ။ (တစ္နည္း)

သမင္ျဖဴနာေပ်ာက္္ ေဆးနည္း

– ၾကက္သြန္ျဖဴကို ေန႔စဥ္ စားသုံးေပးပါ။ (တစ္နည္း)

– နႏြင္းခါးႏွင့္ ပ်ားရည္ကို ေရာစပ္၍ လက္ဖက္ရည္တစ္ဇြန္းခန႔္ ေန႔စဥ္သုံးေပးပါ။ (တစ္နည္း)

– ေတာင္ဆီးျဖဴပင္ ပၪၥငါးပါးကို သံးခြက္တစ္ခြက္တင္က်ိဳ၍ ေသာက္ေပးပါ။ (တစ္နည္း)

– ခရာျမစ္ကိုေသြးၿပီး ဆားအနည္းငယ္ထည့္၍ ေသာက္ပါ။ (တစ္နည္း)

– ျမန္မာႏွင္းဆီပန္း၏ ပြင့္ဖတ္မ်ားကိုေႁခြ၍ ေရေႏြးပူပူတြင္ ခပ္၍ေသာက္ပါ။ ေန႔စဥ္ ေသာက္ျခင္းျဖင့္ ရက္မၾကာခင္ ေပ်ာက္ကင္း ေစ၏။ (တစ္နည္း)

ေသြးစုနာေပ်ာက္ ေဆးနည္း

– ပ်ားရည္ႏွင့္ သံပုရာရည္ဆတူေရာ၍ ေသာက္ေပးပါ။

အဖ်ားျဖတ္ေဆးနည္း

– ၾကက္သြန္နီကိုခြဲၿပီး ရွိန္းခိုးသြပ္၍ မီိးကပင္စားပါ၊ အဖ်ားျပတ္၏။(တစ္နည္း)

– ႀကိတ္မွန္႐ြက္ သုံးဇြန္း၊ ေရေႏြး သုံးဇြန္း၊ ပ်ားရည္ ႏွစ္ဇြန္း ၎ေဆးသုံးပါးကို သမေအာင္ေမႊၿပီး အဖ်ားမတက္မီ ႀကိဳတင္တိုက္ပါ။

အဖ်ားဝမ္းသက္ ေဆးနည္း

– နာတာရွည္အဖ်ား ဝမ္းသက္ရွိသူကို တမာေခါက္ကိုျပဳတ္၍ ၎အရည္ကို တိုက္ပါ။

အဖ်ားနာတာရွည္ေပ်ာက္ ေဆးနည္း

– နာတာရွည္အဖ်ားရွိသူသည္ အဖ်ားတေငြ႕ေငြ႕ တက္ေနပါက တမာ႐ြက္ျပဳတ္ရည္ကို တိုက္ေပးျခင္း၊ တမာပင္ေအာက္မွာေနျခင္းမ်ား ျပဳလုပ္ေပးပါ။

အနာပဆုပ္ေပ်ာက္ ေဆးနည္း

– ပဆုပ္ပနီအုံကို မီးႏွင့္ ကြၽမ္းေအာင္ေလွာ္၍ ဆီႏွင့္ျပန္ခ်က္ပါ။ ၎ကို လိမ္းေပးပါ။ (တစ္နည္း)

– သနပ္ခါး၏ အျမစ္ကို ေသြး၍ လိမ္းေပးပါ။ (တစ္နည္း)

– ဆီးျဖဴသီးကို ႀကိတ္၍ အုံေပးပါ။ (တစ္နည္း)

– ထိက႐ုံးပၪၥငါးပါးကို ႀကိတ္၍ အုံေပးပါ။ (တစ္နည္း)

အနာဝင္ေပ်ာက္ ေဆးနည္း

– ထန္းလ်က္၊ ၾကက္ေခ်းေျခာက္၊ ေဆးတံေဆး ၎ေဆးသုံးပါးအား အညီအမွ်ႀကိတ္၍ အနာဝခ်န္ၿပီး ကြင္း၍ အနာကို လိမ္းေပးပါ။ (တစ္နည္း)

– ႀကိတ္မွန္႐ြက္ကို ထန္းလ်က္ႏွင့္ ဂုံညင္းဆံ သင့္႐ုံထည့္ၿပီး ေသာက္ပါ။ (တစ္နည္း)

အနာပ်က္ေရာဂါေပ်ာက္ ေဆးနည္း

– ေဆးကုသ၍မရေသာ အနာေဟာင္း အနာပ်က္မ်ားကို တမာ႐ြက္ကိုႀကိတ္ၿပီး အနာကိုကပ္၍ ပတ္တီးစည္းထားေပးပါက ေပ်ာက္၏။ (တစ္နည္း)

– အနာေရာဂါရွိသူမ်ား်၏ အိမ္တံခါး၊ အိမ္ေပါက္ဝမ်ားတြင္ တမာ႐ြက္၊ တာမကိုင္းမ်ား ခ်ိတ္ဆြဲထားေပးပါ။ (တစ္နည္း)

အနာစက္ေရာဂါေပ်ာက္ ေဆးနည္း

– တမာ႐ြက္ တမာေခါက္မ်ားကို ျပဳတ္၍ အနာကို ဖန္ရည္ မၾကာခဏ ေဆးေပးပါ။

အနာႏွင့္ အ႐ိုးပုပ္ေပ်ာက္ ေဆးနည္း

– တမာ႐ြက္ကို ေထာပတ္ႏွင့္ေရာၿပီး ေၾကာ္၍ႀကိတ္ပါ။ ၀ါဂြမး္ႏုႏုျဖင့္တို႔ၿပီး အနာႏွင့္ အ႐ိုးပုပ္နာမ်ားကို ထည့္ေပးပါ။ (တစ္နည္း)

အနာစိမ္းေပ်ာက္ ေဆးနည္း

– တမာ႐ြက္ျပဳတ္ရည္ႏွင့္ အနာကို ဖန္ရည္ေဆးၿပီး တမာဆီကို ထည့္ေပးပါ။ (တစ္နည္း)

– ေခြးေထာက္႐ြက္ကို မီးကင္၍ မၾကာခဏ ကပ္ေပးပါ။ (တစ္နည္း)

အနာေပါက္ေပ်ာက္ ေဆးနည္း

– ထုံးႏွင့္ နႏြင္းကို ေရာစပ္၍ လိမ္းေပးပါ။ (တစ္နည္း)

– ဖလံေတာင္ေဝွးအ႐ြက္ကို မီးကင္ၿပီး ကပ္ထားေပးပါက အနာႏုလွ်င္ ပိန္သြားၿပီး ရင့္လွ်င္ ျပည္မ်ားေပါက္၍ ေပ်ာက္ကင္းပါမည္။ (တစ္နည္း)

အနာက်က္ ေဆးနည္း

– ရွားေစးကို ပ်ားဖေယာင္းႏွင့္ေရာ၍ အနာေပၚသို႔ ကပ္ထားေပးျခင္းျဖင့္ အနာ အျမန္က်က္ေစသည္။ (တစ္နည္း)

– တမာ႐ြက္ျပဳတ္ရည္ကို ပ်ားရည္ႏွင့္ ေရာစပ္၍ လိမ္းေပးပါက လ်င္ျမန္စြာ အက်က္ျမန္သည္။

အ႐ူးေရာဂါေပ်ာက္ ေဆးနည္း

– ေန႔စဥ္ နံနက္ေစာေစာ တမာေစ့ ႏွစ္က်ပ္ေလးပဲသားကို ေရစိမ္ေသာက္ျခင္းအားျဖင့္ အ႐ူးေရာဂါ ေပ်ာက္ကင္းေစပါသည္။

အေရျပားေရာဂါ ေပ်ာက္ေဆးနည္း

– တမာ႐ြက္ႏုႏု ဆယ့္ႏွစ္ပဲသားကို ႀကိတ္၍ ရွာလပတ္ရည္ ျပဳလုပ္၍ ေန႔စဥ္ေသာက္ပါ။ ႏွစ္ပတ္ၾကာေသာ္ ထူးျခားစြာ သက္သာေပ်ာက္ကင္း၏။ (တစ္နည္း)

– တမာဆီကို ကိုယ္တြင္ လိမ္းက်ံေပးပါ။ (တစ္နည္း)

အနာျပည္ယိုေပ်ာက္ ေဆးနည္း

– အနာမ်ား၌ ျပည္မ်ားထြက္၍ ယိုစီးၿပီး မေပ်ာက္ရွိခဲ့ေသာ္ တမာေခါက္ကို ျပာခ်၍ လိမ္းေပးပါ။ (တစ္နည္း)

– ထန္းႏို႔ေျခာက္ကို ျပာခ်၍ အုန္းဆီႏွင့္ေဖ်ာ္၍ လိမ္းက်ံေပးပါ။

အနာျပည္ေပါက္ ေဆးနည္း

– ႏြားေခ်းႏွင့္ ထန္းလ်က္ကိုႀကိတ္၍ အုံေပးပါ။ (တစ္နည္း)

– သေဘၤာကုကၠိဳေခါက္ကို ေသြး၍ အနာေပၚသို႔ လိမ္းေပးပါ။ (တစ္နည္း)

– ကြမ္း႐ြက္ကို မီးကင္၍ အနာေပၚ ကပ္ထားေပးပါ။ (တစ္နည္း)

အဆိပ္မမိရန္ ေဆးနည္း

– ေန႔စဥ္ နံနက္ေစာေစာ တမာ႐ြက္ လက္တစ္ဆုပ္ကို ၀ါးေပးပါက ကိုယ္၌ အဆိပ္ေရာဂါ မမိႏိုင္။

အဆိပ္ေျဖ ေဆးနည္း

– ႂကြက္၊ ကင္း၊ ပု႐ြက္ဆိန္နီမ်ား စသည့္ အဆိပ္ရွိေသာ သတၱဝါးမ်ားကိုက္ပါက ကိုက္ေသာေနရာကို သလဲ႐ြက္ႀကိတ္၍ ပြတ္ေပးပါ။ (တစ္နည္း)

– သေဘၤာမယ္ဇလီ႐ြက္ကို အဆိပ္ရွိေသာ သတၱဝါကိုက္သည့္ ေနရာတြင္ ပြတ္ပြတ္ေပးပါ။ (တစ္နည္း)

– သံပုရာသီးအရည္ကို သၾကားအနည္းငယ္ ထည့္၍ေသာက္ပါက ဘိန္း၊ အရက္မွျဖစ္ေသာ အဆိပ္၊ အစာမွျဖစ္ေသာ အဆိပ္၊ ေႁမြဆိပ္-ကင္းဆိပ္တို႔ ေပ်ာက္ကင္း၏။ (တစ္နည္း)

– တမာ႐ြက္ရည္၊ မုန္ညင္းဆီ၊ ေရ-၎ေဆးသုံးပါးကိုခ်က္၍ အဆိပ္ရွိေသာ အနာကို လိမ္းေပးပါ။ (တစ္နည္း)

– ကုကၠိဳ႐ြက္အပြင့္၊ အသီး၊ အေခါက္၊ အျမစ္ ပၪၥငါးပါးကို ႀကိတ္၍ေသာက္ပါ၊ မ်က္စဥ္းခတ္ပါ။ ႐ူပါ၊ အဆိပ္ရွိေသာအနာကို လိမ္းပါ။ (တစ္နည္း)

– ေက်ာက္ခ်ဥ္ကို ေသြး၍လိမး္ပါ။ (တစ္နည္း)

– ခ်င္းေျခာက္ကို အမူန႔္ျပဳလုပ္၍ စားပါ။ (တစ္နည္း)

အႀကိတ္နာေပ်ာက္ ေဆးနည္း

– အႀကိတ္နာမ်ား ေပၚထြက္လာပါက နႏြင္းႏွင့္ ထုံးကို ေရာစပ္၍ လိမ္းပါ။

အကြက္ထျခငး္ေပ်ာက္ ေဆးနည္း

– ကိုယ္တြင္း အကြက္ထျခင္းႏွင့္အျခား ကိုယ္ေရျပားေရာဂါမ်ားျဖစ္ပါက တမာ႐ြက္ကိုႀကိတ္၍ အရည္ကိုပြတ္လိမ္းပါ။

အဖုအက်ိတ္ေရာင္ေပ်ာက္ ေဆးနည္း

– ကိုယ္တြင္ အဖုအက်ိတ္မ်ား ေရာင္တင္းေနပါက တမာဆီကို လိမ္ေပးပါ။

အဆစ္အျမစ္ကိုက္ေပ်ာက္ ေဆးနည္း

– တမာအတြင္းသားအေခါက္ကို ေရႏွင့္ပ်စ္ပ်စ္ေသြး၍ လိမ္းေပးပါက မၾကာခဏ လိမ္းေပးျခင္းအားျဖင့္ ေပ်ာက္ကင္း၏။ (တစ္နည္း)

– ပင္လယ္ကသစ္ပင္ ပၪၥငါးပါးကို ႏုပ္ႏုပ္စဥ္း၍ ေတာအရက္ႏွင့္ စိမ္ၿပီးလိမ္းပါ။ (တစ္နည္း)

– ေရွာက္ရည္ႏွင့္ ဓာတ္ဆီ ေရာစပ္၍ လိမ္းပါ။ (တစ္နည္း)

အေဖာအေရာင္ေပ်ာက္ ေဆးနည္း

– ေၾကာင္ပန္း႐ြက္၊ သက္ရင္းႀကီး႐ြက္၊ သက္ရင္းႀကီးျမစ္ ၎ေဆးသုံးပါးကိုႀကိတ္၍ အရည္ကိုေသာက္ပါ။ (တစ္နည္း)

– သေဘၤာကုကၠိဳေခါက္န်င့္ နႏြင္းတက္ကို ေသြး၍ လိမ္းေပးပါ။ (တစ္နည္း)

– ဒါန္းႀကီး႐ြက္ကို အရည္ညႇစ္၍ လိမ္းေပးပါ။ (တစ္နည္း)

– သက္ရင္းႀကီးျမစ္ကို ေသြးပါ။ ရေသာအရည္ႏွင့္ ေၾကာင္ပန္း႐ြက္အရည္ ေရာစပ္၍ ေသာက္ပါ။ (တစ္နည္း)

– ကနေဖာ့ ပၪၥငါးပါးကိုျပဳတ္၍ ေရခ်ိဳးပါ။ (တစ္နည္း)

– ႏွမ္းဖတ္ကို ညက္စြာေထာင္းၿပီး ထန္းဖို ထန္းလ်က္ႏွင့္ ေရာ၍စားပါး။ (တစ္နည္း)

အနာဝင္ေပ်ာက္ ေဆးနည္း

– ၾကက္သြန္ျဖဴ ဥတစ္လုံကို င႐ုတ္ေကာင္း ခုႏွစ္ေစ့ျဖင့္ ညက္စြာႀကိတ္၍ အုံေပးပါ။ (တစ္နည္း)

– အနာရွိသူ ေညႇာ္မိ၍ ဇက္၊ ခါး ေတာင့္တင္းၿပီး အနာဝင္ေနပါက အုန္းရည္တြင္ င႐ုတ္ေကာင္းမူန႔္ အနည္းငယ္ထည့္၍ ဝမ္းထဲေရာက္ေအာင္ တိုက္ပါ။ တျဖည္းျဖည္း ေပ်ာက္ကင္းပါလိမ့္မည္။

အနာေညႇာ္ဝင္ေပ်ာက္ ေဆးနည္း

– ၾကက္င္းခါးအ႐ြက္ကို ေညႇာ္ဝင္၊ ေညႇာ္မိေသာ အနာအား လိမ္းေပးပါ။

အပူေလာင္နာေပ်ာက္ ေဆးနည္း

– ကြမး္႐ြက္ကို သၾကားႏွင့္ေရာစိပ္၍ ႀကိတ္ၿပီး အုံေပးပါ။

အူက်ေရာဂါေပ်ာက္ ေဆးနည္း

– ၾကက္သြန္နီ ဥတစ္လုံကို ပါးပါးလွီး၍ သၾကားတစ္ဖြန္းခန႔္ျဖင့္ ေရစိမ္ပါ။ တစ္ညခန႔္စိမ္ၿပီး ေသာက္ပါက ေပ်ာက္၏။

အသည္းေရာင္ အသားဝါေပ်ာက္ ေဆးနည္း

– ငုပင္၏ ပၪၥငါးပါးကို သုံးခြက္တစ္ခြက္တင္ က်ိဳ၍ေသာက္ပါ ေပ်ာက္ကင္း၏။ (တစ္နည္း)

– ၾကက္ေမာက္ဆူပင္၏ ပၪၥငါးပါးကို သုံးခြက္တစ္ခြက္တင္က်ိဳ၍ ေသာက္ပါ။

အနာပိုးက်ေပ်ာက္ ေဆးနည္း

– အနာအတြင္းသို႔ ပိုးေလာက္မ်ားက်လာပါက တမာ႐ြက္ျပဳတ္ရည္ျဖင့္ ဖန္ရည္ေဆးၿပီး ေဆး႐ြက္ႀကီးကိုျပာခ်၍ သိပ္ေပးပါ။

အ႐ိုးဆက္နည္း

– ျမင္းခြာ႐ြက္၊ မိတ္သလင္၊ နႏြင္းစိမး္ ၎ေဆးသုံးပါးအား ဆတူေရာႀကိတ္၍ က်ိဳးေသာေနရာတြင္ ကပ္၍ ပတ္တီးစည္းထားေပးပါ၊ အ႐ိုးျပန္ဆက္၍ ေပ်ာက္ကင္း၏။

အသံဝင္ေပ်ာက္ ေဆးနည္း

– ကင္ပါန္းသီးတစ္ေတာင့္ကို မီးကြၽမ္းေအာင္ဖုတ္ပါ၊ ဆားမီးဖုတ္ႏွင့္ေရာစပ္၍ ပ်ားရည္ႏွင့္ေဖ်ာ္ၿပီး စားပါ။

အသားမာေပ်ာက္ ေဆးနည္း

– သြတ္ႀကီးျမစ္ကို ဆန္ေဆးရည္ႏွင့္ေသြး၍ အသားမာရွိေသာေနရာကို မၾကာခဏ လိမ္းေပးပါ။

အဆစ္ေရာင္ေရာဂါေပ်ာက္ ေဆးနည္း

– ကသစ္႐ြက္ကို ႀကိတ္၍ လိမ္းေပးပါက ေပ်ာက္၏။

အေမြးကြၽတ္ေစေသာ ေဆးနည္း

– ေဆးဒန္းႏွင့္ ကန႔္ကိုႀကိတ္၍ နာနတ္သီးမွည့္ အရည္ျဖင့္ ေရာစပ္ၿပီး လိမ္းပါ။ (တစ္နည္း)

– ကြမး္သီးပင္မွ အ႐ြက္ုိ ကန႔္ႏွင့္အတူႀကိတ္၍ လိမ္းေပးပါက အေမႊးဟူသမွ် ကြၽတ္၏။ (တစ္နည္း)

လူတိုင္းလူတိုင္း ႀကီးပြားခ်မး္သာလိုစိတ္ ရွိၾကသည္။ ႀကီးပြားခ်မး္သာေစႏိုင္ေသာ စြမ္းရည္သတၱိေတြလည္း မ်ားစြာရွိၾကသည္။

ႀကီးပြားခ်မး္သာေရးအတြက္ မိမိတို႔ၾကားဖူးနားဝရွိသမွ်ွႏွင့္ ေန႔မအားညမအား လုပ္ကိုင္ၾကေသာ္လည္း လုပ္သေလာက္ အက်ိဳးမခံစားၾကရေပ။

နည္းမွန္လမ္းမွန္ မရွိျခင္းေၾကာင့္ မဟုတ္၊ မသိျခင္းေၾကာင့္သာ ျဖစ္ေပသည္။

သုေတသီေဇယ်ာမင္း၏ ျမန္မာ့ေဆးမွီးတိုမ်ား စာအုပ္မွ ေကာက္ႏုတ္တင္ျပေပးထားသည္

ေမတၱာရိပ္