တုတ်ခိုင်ကြီးမားသည့် ခြေထောက် (၂) ချောင်းကိုပင် ဒေါ်လာ (၁၅၀) (မြန်မာကျပ်ငွေ ၄ သိန်း ၂ သောင်းကျော်)ထိ ပေါက်ဈေးရှိနေတဲ့ နဂါးကြက်

ဗီယက်နမ်နိုင်ငံတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၂) ရက်နေ့မှာ ကျရောက်မယ့် ဗီယက်နမ်နှစ်သစ်ကူးတွင် ချမ်းသာကြွယ်ဝတဲ့ သူဌေးသူကြွယ်များကြားမှာ

ရေပန်းစားနေတဲ့ နဂါးကြက်ဟု တင်စားခေါ်ဝေါ်ကြသော ရှားပါးမျိုးနွယ် ကြက်တစ်ကောင်ရဲ့ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၂,၀၀၀) (မြန်မာကျပ်ငွေ ၅၇ သိန်း) အထိ ဈေးကောင်းနေတယ်လို့ သိရပါတယ်။

ဗီယက်နမ်မြောက်ပိုင်း Dong Tao ကျေးရွာတွင် သားပေါက်ခဲ့သည်ကို အစွဲပြု၍ Dong Tao ကြက်ဟုလည်း ခေါ်ကြသည့်

အဆိုပါ ရှားပါးကြက်၏ တုတ်ခိုင်ကြီးမားသည့် ခြေထောက် (၂) ချောင်းကိုပင် ဒေါ်လာ (၁၅၀) (မြန်မာကျပ်ငွေ ၄ သိန်း ၂ သောင်းကျော်) ပေးရတယ်လို့ သိရပါတယ်။

နဂါးကြက် သို့မဟုတ် Tong Tao ကြက်၏ ခြေထောက်ဟင်းလျာမှာ အရသာထူးကဲသည်ဟု ဗီယက်နမ်လူမျိုးများက ယူဆထားကြပြီး

အထူးသဖြင့် ချမ်းသာကြွယ်ဝသူများက Tet ဟု သိထားကြသည့် ဗီယက်နမ်နှစ်သစ်ကူးကာလအတွင်း ချမ်းသာကြွယ်ဝသူများကြား အကြိုက်တွေ့နေကြတယ်လို့ သိရပါတယ်။

(၂) ပိသာခွဲနီးပါး (၂ ကီလိုဂရမ်) အလေးချိန်ရှိ နဂါးကြက်တစ်ကောင်၏ ခြေထောက်များက ခန္ဓာကိုယ်အလေးချိန်ရဲ့ (၅) ပုံ (၁) ပုံခန့်ရှိတယ်လို့ သိရပါတယ်။

နဂါးကြက်၏ အရသာထူးကဲမှု၏ အဓိက အကြောင်းရင်းမှာ ပြောင်းနှင့်ဆန်ကိုစားပြီး လွတ်လပ်စွာ

သွားလာကျက်စားနိုင်သည့် လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူခြင်းဖြစ်ကြောင်း ဟနွိုင်းမြို့အနီးရှိ ကြက်မွေးမြူရေးခြံပိုင်ရှင်က ပြောပါတယ်။

“ကြက်တွေက လျှောက်သွားတာများလေ သူတို့ရဲ့ ကြွက်သားတွေ သန်မာပြီး ကြီးထွားလေပဲ” ဟု ၎င်းကဆိုပါတယ်။

အဆိုပါ ကြက်ခြံပိုင်ရှင်ဟာ နဂါးကြက်များကို မွေးမြူလာခဲ့သည်မှာ (၁၅) နှစ်ကြာပြီလည်း ဖြစ်ပါတယ်။

ပုံမှန်သဘောအရ တိုက်ကြက်များသာ တန်ဖိုးကြီးမြင့်လေ့ ရှိကြပြီး ယခုလို ဟင်းလျာအနေနဲ့ ရည်ရွယ်ထားတဲ့

ကြက်အမျိုးအစားအနေနဲ့ တန်ဖိုးအများအပြား ရှိနေတာကြောင့် ကြားသိရသူတိုင်း တအံ့တဩ ဖြစ်နေကြပါတယ်။

ခရက်ဒစ်

Zawgyi

ဗီယက္နမ္နိုင္ငံတြင္ ၂၀၂၃ ခုႏွစ္ ဇန္နဝါရီလ (၂၂) ရက္ေန႕မွာ က်ေရာက္မယ့္ ဗီယက္နမ္ႏွစ္သစ္ကူးတြင္ ခ်မ္းသာႂကြယ္ဝတဲ့ သူေဌးသူႂကြယ္မ်ားၾကားမွာ

ေရပန္းစားေနတဲ့ နဂါးၾကက္ဟု တင္စားေခၚေဝၚၾကေသာ ရွားပါးမ်ိဳးႏြယ္ ၾကက္တစ္ေကာင္ရဲ႕ တန္ဖိုးမွာ အေမရိကန္ေဒၚလာ (၂,၀၀၀) (ျမန္မာက်ပ္ေငြ ၅၇ သိန္း) အထိ ေဈးေကာင္းေနတယ္လို႔ သိရပါတယ္။

ဗီယက္နမ္ေျမာက္ပိုင္း Dong Tao ေက်း႐ြာတြင္ သားေပါက္ခဲ့သည္ကို အစြဲျပဳ၍ Dong Tao ၾကက္ဟုလည္း ေခၚၾကသည့္

အဆိုပါ ရွားပါးၾကက္၏ တုတ္ခိုင္ႀကီးမားသည့္ ေျခေထာက္ (၂) ေခ်ာင္းကိုပင္ ေဒၚလာ (၁၅၀) (ျမန္မာက်ပ္ေငြ ၄ သိန္း ၂ ေသာင္းေက်ာ္) ေပးရတယ္လို႔ သိရပါတယ္။

နဂါးၾကက္ သို႔မဟုတ္ Tong Tao ၾကက္၏ ေျခေထာက္ဟင္းလ်ာမွာ အရသာထူးကဲသည္ဟု ဗီယက္နမ္လူမ်ိဳးမ်ားက ယူဆထားၾကၿပီး

အထူးသျဖင့္ ခ်မ္းသာႂကြယ္ဝသူမ်ားက Tet ဟု သိထားၾကသည့္ ဗီယက္နမ္ႏွစ္သစ္ကူးကာလအတြင္း ခ်မ္းသာႂကြယ္ဝသူမ်ားၾကား အႀကိဳက္ေတြ႕ေနၾကတယ္လို႔ သိရပါတယ္။

(၂) ပိသာခြဲနီးပါး (၂ ကီလိုဂရမ္) အေလးခ်ိန္ရွိ နဂါးၾကက္တစ္ေကာင္၏ ေျခေထာက္မ်ားက ခႏၶာကိုယ္အေလးခ်ိန္ရဲ႕ (၅) ပုံ (၁) ပုံခန႔္ရွိတယ္လို႔ သိရပါတယ္။

နဂါးၾကက္၏ အရသာထူးကဲမႈ၏ အဓိက အေၾကာင္းရင္းမွာ ေျပာင္းႏွင့္ဆန္ကိုစားၿပီး လြတ္လပ္စြာ

သြားလာက်က္စားနိုင္သည့္ လႊတ္ေက်ာင္းစနစ္ျဖင့္ ေမြးျမဴျခင္းျဖစ္ေၾကာင္း ဟႏြိုင္းၿမိဳ႕အနီးရွိ ၾကက္ေမြးျမဴေရးၿခံပိုင္ရွင္က ေျပာပါတယ္။

“ၾကက္ေတြက ေလွ်ာက္သြားတာမ်ားေလ သူတို႔ရဲ႕ ႂကြက္သားေတြ သန္မာၿပီး ႀကီးထြားေလပဲ” ဟု ၎ကဆိုပါတယ္။

 

အဆိုပါ ၾကက္ၿခံပိုင္ရွင္ဟာ နဂါးၾကက္မ်ားကို ေမြးျမဴလာခဲ့သည္မွာ (၁၅) ႏွစ္ၾကာၿပီလည္း ျဖစ္ပါတယ္။

ပုံမွန္သေဘာအရ တိုက္ၾကက္မ်ားသာ တန္ဖိုးႀကီးျမင့္ေလ့ ရွိၾကၿပီး ယခုလို ဟင္းလ်ာအေနနဲ႕ ရည္႐ြယ္ထားတဲ့

ၾကက္အမ်ိဳးအစားအေနနဲ႕ တန္ဖိုးအမ်ားအျပား ရွိေနတာေၾကာင့္ ၾကားသိရသူတိုင္း တအံ့တဩ ျဖစ္ေနၾကပါတယ္။

ခရက္ဒစ္