တစ်ခွက်ကို မြန်မာငွေ ၆သောင်းကနေ ၃ သိန်းကြားရှိ ကမ္ဘာ့ဈေးကြီးဆုံး ကြောင်ကတိုး မစင်က ပြုလုပ်ထားတဲ့ ကော်ဖီ

တစ်ခွက်ကို မြန်မာငွေ ၆သောင်းကနေ ၃ သိန်းကြားရှိ ကမ္ဘာ့ဈေးကြီးဆုံး ကြောင်ကတိုး မစင်က ပြုလုပ်ထားတဲ့ ကော်ဖီ

ကြောင်ကတိုးခေါ် ကြောင်နံ့သာ တိရစ္ဆာန်သည် နို့တိုက်သတ္တဝါများဖြစ်ကြသည်။

ကြောင်ကတိုးများကို အာဖရိကနှင့် အာရှဒေသများတွင် တွေ့ရလေ့ရှိပြီး ကမ္ဘာ့ဈေးအကြီးဆုံးကော်ဖီကို ပြုလုပ်ပေးနိုင်သည်။

Kopi ဆိုတာက ကော်ဖီ ၊ Luwak ဆိုတာ အင်ဒိုနီးရှားဘာသာနဲ့ Civet ကြောင်ကို ခေါ်တာပါ။

မြန်မာလိုဆိုရင်တော့ ကြောင်ကတိုး လို့ခေါ်ပါတယ်။ ကြောင်ကတိုးက ထုတ်တဲ့ကော်ဖီပေါ့။

ပုံမှန်ဈေးကြီးပါတယ်ဆိုတဲ့ကော်ဖီတွေထက် ၁၀ဆလောက်ဈေးပိုကြီးတဲ့ ကမ္ဘာ့ဈေးအကြီးဆုံးကော်ဖီတွေထဲက တစ်မျိုးဖြစ်ပါတယ်။

ကြောင်ကတိုးမစင်မှ ရရှိသော ကော်ဖီသည် အမေရိကန် ဒေါ်လာ ၆၀၀ တန်သည်။

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားမှ လယ်သမားတစ်ဦးသည် အရင်ဆုံး ကော်ဖီသီးလေးများကို ရွေးထုတ်ကာ ကြောင်ကတိုးများကို ကော်ဖီသီးများ ချကျွေးပါသည်။

ကြောင်ကတိုးများသည် ကော်ဖီသီးလေးများကို စားသုံးကြသည်။

ကြောင်ကတိုး၏ အင်ဇိုင်းစနစ် အတွင်းမှာ အစာခြေမှု ပြုလုပ်နေစဉ်အတွင်း ကော်ဖီအစေ့လေးများ ရောနှောသွားပါသည်။ ကြောင်ကတိုးမစင်များကို လိုက်ကောက်ရပါသည်။

ဤစားသောက်ဖွယ်ရာ ကော်ဖီ၏ အရသာ ရလဒ်ကို ပျက်မှာစိုးသည့်အတွက် မစင်စွန့်ထုတ်၍ ရရှိလာသော ကော်ဖီစေ့များကို စင်ကြယ်စွာ ဆေးကြော ပြုလုပ်ရပါသည်။

ထို့နောက် ကော်ဖီစေ့များကို လှော်၍ အမှုန့်ကြိတ်ကာ ကြောင်ကတိုးကော်ဖီ ရရှိလာပါသည်။

ကြောင်ကတိုး ကော်ဖီသည် အလွန်ကောင်းမွန်၍ ခါးသက်သော အရသာရှိသည့် ကော်ဖီဖြစ်ပြီး သောက်ဘူးသူတိုင်း စွဲလန်းနှစ်သက်ကြပေသည်။

အင်ဒိုနီးရှားမှာတော့ ဒီကော်ဖီထုတ်လုပ်မှုကို အကြီးအကျယ်လုပ်လျှက်ရှိပြီး နောက်ထပ် နှစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့မှာလည်း ထုတ်လုပ်လျှက်ရှိပါတယ်။

ဗီယက်နမ် Dak Lak မှာ civet ကြောင်ပေါင်း အကောင် ၃၀၀ ခန့်နဲ့ ထုတ်လုပ်နေသလို ၊ ဖိလစ်ပိုင် Davao မှာ ကောင်ရေ ၂၀၀ နဲ့ Iligan မှာ ကောင်ရေ ၁၀၀ ခန့် နဲ့ ထုတ်လုပ်လျှက်ရှိပါတယ်။

ထုတ်လုပ်တဲ့နေရာ များစွာရှိပေမယ့် မူလထွက်ရှိတဲ့နေရာဖြစ်တဲ့ စူမားတြားကျွန်းက ကော်ဖီကို အကောင်းဆုံးလို့ သတ်မှတ်ထားကြပါတယ်။

ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးကော်ဖီဖြစ်နေရခြင်း အကြောင်းကတော့ အရသာကောင်းတဲ့အပြင် အရှားပါးဆုံးဖြစ်နေလို့ပါ။

တစ်နှစ်မှာ ဒီကော်ဖီမှုန့် ၇၀၀ ကီလိုဂရမ်ပဲ ရရှိနိုင်ပါသတဲ့။ ဒီကော်ဖီကို အများဆုံးသောက်သုံးသူတွေကတော့ ဂျပန်တွေဖြစ်ပြီး သူ့နောက်ကတော့ အမေရိကန်တွေဖြစ်ပါတယ်။

ဒီကော်ဖီနာမည်ကြီးရခြင်းမှာ ကျန်းမာရေးကို ကောင်းကျိုးဖြစ်တဲ့အကြောင်းတွေလည်း ပါဝင်ပါတယ်တဲ့။

ဒါတွေကတော့ အသားအရေပျက်စီးခြင်းကို ကာကွယ်တာ ၊ ကင်ဆာကို ဟန့်တားပေးတာ၊ အာရုံကြောအတွက်ကောင်းတာ ၊ ကျောက်တည်တာနဲ့ ဆိုင်တဲ့ရောဂါတွေကိုကောင်းစေတာ ၊ သွားတွေကို ကာကွယ်ပေးတာ နဲ့ ဆီးချိုရောဂါတွေကို ထိမ်းချုပ်ပေးတာ စတာတို့ ဖြစ်ပါတယ်။

ခရက်ဒစ်

Zawgyi

တစ္ခြက္ကို ျမန္မာေငြ ၆ေသာင္းကေန ၃ သိန္းၾကားရွိ ကမာၻ႔ေဈးႀကီးဆုံး ေၾကာင္ကတိုး မစင္က ျပဳလုပ္ထားတဲ့ ေကာ္ဖီ

ေၾကာင္ကတိုးေခၚ ေၾကာင္နံ႕သာ တိရစာၦန္သည္ နို႔တိုက္သတၱဝါမ်ားျဖစ္ၾကသည္။

ေၾကာင္ကတိုးမ်ားကို အာဖရိကႏွင့္ အာရွေဒသမ်ားတြင္ ေတြ႕ရေလ့ရွိၿပီး ကမာၻ႔ေဈးအႀကီးဆုံးေကာ္ဖီကို ျပဳလုပ္ေပးနိုင္သည္။

Kopi ဆိုတာက ေကာ္ဖီ ၊ Luwak ဆိုတာ အင္ဒိုနီးရွားဘာသာနဲ႕ Civet ေၾကာင္ကို ေခၚတာပါ။

ျမန္မာလိုဆိုရင္ေတာ့ ေၾကာင္ကတိုး လို႔ေခၚပါတယ္။ ေၾကာင္ကတိုးက ထုတ္တဲ့ေကာ္ဖီေပါ့။

ပုံမွန္ေဈးႀကီးပါတယ္ဆိုတဲ့ေကာ္ဖီေတြထက္ ၁၀ဆေလာက္ေဈးပိုႀကီးတဲ့ ကမာၻ႔ေဈးအႀကီးဆုံးေကာ္ဖီေတြထဲက တစ္မ်ိဳးျဖစ္ပါတယ္။

ေၾကာင္ကတိုးမစင္မွ ရရွိေသာ ေကာ္ဖီသည္ အေမရိကန္ ေဒၚလာ ၆၀၀ တန္သည္။

အင္ဒိုနီးရွားနိုင္ငံ အေရွ႕ဂ်ာဗားမွ လယ္သမားတစ္ဦးသည္ အရင္ဆုံး ေကာ္ဖီသီးေလးမ်ားကို ေ႐ြးထုတ္ကာ ေၾကာင္ကတိုးမ်ားကို ေကာ္ဖီသီးမ်ား ခ်ေကြၽးပါသည္။

ေၾကာင္ကတိုးမ်ားသည္ ေကာ္ဖီသီးေလးမ်ားကို စားသုံးၾကသည္။

ေၾကာင္ကတိုး၏ အင္ဇိုင္းစနစ္ အတြင္းမွာ အစာေျခမႈ ျပဳလုပ္ေနစဥ္အတြင္း ေကာ္ဖီအေစ့ေလးမ်ား ေရာေႏွာသြားပါသည္။ ေၾကာင္ကတိုးမစင္မ်ားကို လိုက္ေကာက္ရပါသည္။

ဤစားေသာက္ဖြယ္ရာ ေကာ္ဖီ၏ အရသာ ရလဒ္ကို ပ်က္မွာစိုးသည့္အတြက္ မစင္စြန႔္ထုတ္၍ ရရွိလာေသာ ေကာ္ဖီေစ့မ်ားကို စင္ၾကယ္စြာ ေဆးေၾကာ ျပဳလုပ္ရပါသည္။

ထို႔ေနာက္ ေကာ္ဖီေစ့မ်ားကို ေလွာ္၍ အမႈန႔္ႀကိတ္ကာ ေၾကာင္ကတိုးေကာ္ဖီ ရရွိလာပါသည္။

ေၾကာင္ကတိုး ေကာ္ဖီသည္ အလြန္ေကာင္းမြန္၍ ခါးသက္ေသာ အရသာရွိသည့္ ေကာ္ဖီျဖစ္ၿပီး ေသာက္ဘူးသူတိုင္း စြဲလန္းႏွစ္သက္ၾကေပသည္။

အင္ဒိုနီးရွားမွာေတာ့ ဒီေကာ္ဖီထုတ္လုပ္မႈကို အႀကီးအက်ယ္လုပ္လွ်က္ရွိၿပီး ေနာက္ထပ္ ႏွစ္နိုင္ငံျဖစ္တဲ့ ဗီယက္နမ္နဲ႕ ဖိလစ္ပိုင္တို႔မွာလည္း ထုတ္လုပ္လွ်က္ရွိပါတယ္။

ဗီယက္နမ္ Dak Lak မွာ civet ေၾကာင္ေပါင္း အေကာင္ ၃၀၀ ခန႔္နဲ႕ ထုတ္လုပ္ေနသလို ၊ ဖိလစ္ပိုင္ Davao မွာ ေကာင္ေရ ၂၀၀ နဲ႕ Iligan မွာ ေကာင္ေရ ၁၀၀ ခန႔္ နဲ႕ ထုတ္လုပ္လွ်က္ရွိပါတယ္။

ထုတ္လုပ္တဲ့ေနရာ မ်ားစြာရွိေပမယ့္ မူလထြက္ရွိတဲ့ေနရာျဖစ္တဲ့ စူမားၾတားကြၽန္းက ေကာ္ဖီကို အေကာင္းဆုံးလို႔ သတ္မွတ္ထားၾကပါတယ္။

ကမာၻေပၚမွာ ေဈးအႀကီးဆုံးေကာ္ဖီျဖစ္ေနရျခင္း အေၾကာင္းကေတာ့ အရသာေကာင္းတဲ့အျပင္ အရွားပါးဆုံးျဖစ္ေနလို႔ပါ။

တစ္ႏွစ္မွာ ဒီေကာ္ဖီမႈန႔္ ၇၀၀ ကီလိုဂရမ္ပဲ ရရွိနိုင္ပါသတဲ့။ ဒီေကာ္ဖီကို အမ်ားဆုံးေသာက္သုံးသူေတြကေတာ့ ဂ်ပန္ေတြျဖစ္ၿပီး သူ႕ေနာက္ကေတာ့ အေမရိကန္ေတြျဖစ္ပါတယ္။

ဒီေကာ္ဖီနာမည္ႀကီးရျခင္းမွာ က်န္းမာေရးကို ေကာင္းက်ိဳးျဖစ္တဲ့အေၾကာင္းေတြလည္း ပါဝင္ပါတယ္တဲ့။

ဒါေတြကေတာ့ အသားအေရပ်က္စီးျခင္းကို ကာကြယ္တာ ၊ ကင္ဆာကို ဟန႔္တားေပးတာ၊ အာ႐ုံေၾကာအတြက္ေကာင္းတာ ၊ ေက်ာက္တည္တာနဲ႕ ဆိုင္တဲ့ေရာဂါေတြကိုေကာင္းေစတာ ၊ သြားေတြကို ကာကြယ္ေပးတာ နဲ႕ ဆီးခ်ိဳေရာဂါေတြကို ထိမ္းခ်ဳပ္ေပးတာ စတာတို႔ ျဖစ္ပါတယ္။

ခရက္ဒစ္