ရေးမြို့မှ ရဲဝန်ထမ်း ၇ ဦးတွင် ကိုဗစ်ပိုးတွေ့

ရေးမြို့မှ ရဲဝန်ထမ်း ၇ ဦးတွင် ကိုဗစ်ပိုးတွေ့

ရေး၊ဇွန် ၂၂

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ မီးရထားရဲစခန်းမှ ရဲဝန်ထမ်း ၇ ဦးတွင် ကိုးဗစ်ပိုးတွေ့ရှိခဲ့ကြောင်း အောင်မင်္ဂလာလူငယ်အဖွဲ့ထံမှ သိရသည်။

မီးရထားရဲစခန်းမှ စခန်းမှူး၊ဒုရဲအုပ်အပါအဝင် စုစုပေါင်း ၁၄ ယောက်အား စစ်ဆေးခဲ့ရာတွင် ၇ ဦးတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပိုးတွေ့ရှိသူ ရဲဝန်ထမ်း ၇ ဦးအား မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ထားပြီး ၎င်းတိုနှင့်ထိတွေ့ထားသူများအား နေအိမ်တွင် ၁၄ ရက် အသွားအလာသန့်သတ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ပိုးတွေ့လူနာ ၁၄၈၆၁၂ ဦး၊ သေဆုံးသူ ၃၂၆၅ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၁၃၃၇၅၃ ရှိကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာနထုတ်ပြန်ချက်များ အရ သိရသည်။

Photo-CJ

———-

ေရးၿမိဳ႕မွ ရဲဝန္ထမ္း ၇ ဦးတြင္ ကိုဗစ္ပိုးေတြ႕

ေရး၊ဇြန္ ၂၂

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္၊ ေအာင္မဂၤလာရပ္ကြက္၊ မီးရထားရဲစခန္းမွ ရဲဝန္ထမ္း ၇ ဦးတြင္ ကိုးဗစ္ပိုးေတြ႕ရွိခဲ့ေၾကာင္း ေအာင္မဂၤလာလူငယ္အဖြဲ႕ထံမွ သိရသည္။

မီးရထားရဲစခန္းမွ စခန္းမႉး၊ဒုရဲအုပ္အပါအဝင္ စုစုေပါင္း ၁၄ ေယာက္အား စစ္ေဆးခဲ့ရာတြင္ ၇ ဦးတြင္ ပိုးေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

ပိုးေတြ႕ရွိသူ ရဲဝန္ထမ္း ၇ ဦးအား ေမာ္လၿမိဳင္ေဆး႐ုံသို႔ ပို႔ေဆာင္ထားၿပီး ၎တိုႏွင့္ထိေတြ႕ထားသူမ်ားအား ေနအိမ္တြင္ ၁၄ ရက္ အသြားအလာသန႔္သတ္ထားေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ ကိုဗစ္ပိုးေတြ႕လူနာ ၁၄၈၆၁၂ ဦး၊ ေသဆုံးသူ ၃၂၆၅ ဦးရွိၿပီး ေဆး႐ုံဆင္းခြင့္ရရွိသူ ၁၃၃၇၅၃ ရွိေၾကာင္း က်န္းမာေရးဝန္ႀကီး႒ာနထုတ္ျပန္ခ်က္မ်ား အရ သိရသည္။

Photo-CJ