ပိုက်ဆံမရှိလို့ ထီဖွင့်ခဲ့တဲ့ သီပေါမင်း (ရတနာပုံခေတ်ကို နိဂုံးချုပ်စေခဲ့တဲ့ ထီနိမိတ်)

သီပေါမင်း နှင့် ထီနိမိတ်၊ နိုင်ငံတော်အစိုးရထီ ဟူသည် သက္ကရာဇ် ၁၂၄၀ ပြည့်နှစ်၊ တပေါင်းလ၊ ခရစ်နှစ် ၁၈၇၉ ခုနှစ်၊ မတ်လ၌ သီပေါမင်း လက်ထက် မန္တလေးမြို့ ရတနာပုံ ရွှေမြို့တော်မှာ ထီရုံဆောက်ပြီး တစ်စောင် ငွေဒင်္ဂါး ၅ ကျပ်ဖြင့် လက်မှတ်ပေါင်း ၁၂၀၀၀ ရောင်းချခဲ့ရာ ငွေကျပ် ၆၀၀၀၀ ကျော် ရရှိလေသည်။

ယင်းငွေထဲမှ ရှင်ဘုရင်အား ၁၀၀၀၀ ကျပ် အကျိုးဆောင်ခ နှုတ်ယူ၍ ကျန် ၅၀၀၀၀ ကို ဆုတော်ငွေအဖြစ် ချီးမြှင့်ပြီး သူဌေးရာထူး ပေးလေသည်။ ထီဖွင့်ပွဲတွင် ပထမဆုံး ထီပေါက်သူမှာ မအုံး ခေါ် ဒေါ်ချိမ့်အုံး ဖြစ်ပါသည်။ စာရေးဆရာကြီး ဟံသာဝတီ ဦးဘရင် ၏ မိခင် ဖြစ်ပါသည်။

သီပေါမင်းသည် ထီဖွင့်နေစဉ် ယောမင်းကြီး ဦးဖိုးလှိုင်က ထီဟူသည် လောင်းကစားနည်း တစ်မျိုးဖြစ်၍ မဖွင့်ရန် အကြိမ်ကြိမ် တားနေသည်ကို နားမဝင်ဘဲ ဖွင့်ခဲ့ခြင်း ဖြစ်ပါသည်။ ရဟန်းသံဃာများကလည်း ကန့်ကွက်ကြ၊ တားမြစ်ခဲ့ကြပါသည်။

မဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီးက ထီထိုးသူ ရဟန်း၊ ကိုရင်၊ ကျောင်းသား မှန်သမျှကို “ကစားမျိုးလိုက် ကျောင်းသားမိုက် ကျောင်း၌ မနေရပါဘုရား” ဆိုသည့်အတိုင်း ကျောင်းတိုက်မှ နှင်ထုတ်သည်။ ရွှေကျင်ဂိုဏ်းဝင် အဖြစ်မှ နှင်ထုတ်ခဲ့ပါသည်။

သီပေါမင်း ထီဖွင့်ခြင်းအပေါ် ဒွါရ အုတ်ဖိုဆရာတော်ကြီးက “သူပြုလုပ်အပ်သော ထီသည်ပင် သူ့ကို ပျက်စီးစေလတ္တံ့” ဟု ပုဗ္ဗနိမိတ် ကောက်ခဲ့ပါသည်။ ကောက်သည့် အတိုင်းလည်း မှန်ခဲ့ပါသည်။

ထီ ဟူသည် ဗျည်းအက္ခရာအားဖြင့် စနေနံ၊ မင်းကလည်း စနေသား၊ အက္ခရာ သင်္ချာအားဖြင့် ၇ ဂဏန်း။ အဘိဓမ္မာ နည်းအားဖြင့် ထီ (ဋ္ဌီ) နောင် ဘင် (ဘင်္ဂ) သာ ဖြစ်သောကြောင့် ငါ နိမိတ်ဖတ်ရလျှင် ၇ နှစ်၊ ၇ လ၊ ၇ ရက်ထက် နန်းသက်မလွန်နိုင် ဟူ၍ နိမိတ်ဖတ်ခဲ့သည်။

ဓီ ဟူသော နိပါတ်ပုဒ်၏ ကာရိယ ဖြစ်နိုင်၍ စက်ဆုပ်ရွံရှာဖွယ် အနက်ရှိသောကြောင့် ပျက်ဆီးသောအခါလည်း သူတစ်ပါး ပျက်သည်နှင့် မတူ။ ဓီ အနက်အရ စက်ဆုပ် ရွံရှာဖွယ် ပျက်စီးလတ္တံ့ ဟူ၍ နိမိတ်ဖတ်ခဲ့ခြင်း ဖြစ်ပါသည်။ (Aung Thiha) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – credit)

Zawgyi

သီေပါမင္း ႏွင့္ ထီနိမိတ္၊ ႏိုင္ငံေတာ္အစိုးရထီ ဟူသည္ သကၠရာဇ္ ၁၂၄၀ ျပည့္ႏွစ္၊ တေပါင္းလ၊ ခရစ္ႏွစ္ ၁၈၇၉ ခုႏွစ္၊ မတ္လ၌ သီေပါမင္း လက္ထက္ မႏၲေလးၿမိဳ႕ ရတနာပုံ ေ႐ႊၿမိဳ႕ေတာ္မွာ ထီ႐ုံေဆာက္ၿပီး တစ္ေစာင္ ေငြဒဂၤါး ၅ က်ပ္ျဖင့္ လက္မွတ္ေပါင္း ၁၂၀၀၀ ေရာင္းခ်ခဲ့ရာ ေငြက်ပ္ ၆၀၀၀၀ ေက်ာ္ ရရွိေလသည္။

ယင္းေငြထဲမွ ရွင္ဘုရင္အား ၁၀၀၀၀ က်ပ္ အက်ိဳးေဆာင္ခ ႏႈတ္ယူ၍ က်န္ ၅၀၀၀၀ ကို ဆုေတာ္ေငြအျဖစ္ ခ်ီးျမႇင့္ၿပီး သူေဌးရာထူး ေပးေလသည္။ ထီဖြင့္ပြဲတြင္ ပထမဆုံး ထီေပါက္သူမွာ မအုံး ေခၚ ေဒၚခ်ိမ့္အုံး ျဖစ္ပါသည္။ စာေရးဆရာႀကီး ဟံသာဝတီ ဦးဘရင္ ၏ မိခင္ ျဖစ္ပါသည္။

သီေပါမင္းသည္ ထီဖြင့္ေနစဥ္ ေယာမင္းႀကီး ဦးဖိုးလႈိင္က ထီဟူသည္ ေလာင္းကစားနည္း တစ္မ်ိဳးျဖစ္၍ မဖြင့္ရန္ အႀကိမ္ႀကိမ္ တားေနသည္ကို နားမဝင္ဘဲ ဖြင့္ခဲ့ျခင္း ျဖစ္ပါသည္။ ရဟန္းသံဃာမ်ားကလည္း ကန္႔ကြက္ၾက၊ တားျမစ္ခဲ့ၾကပါသည္။

မဟာဝိသုဒၶါ႐ုံ ဆရာေတာ္ႀကီးက ထီထိုးသူ ရဟန္း၊ ကိုရင္၊ ေက်ာင္းသား မွန္သမွ်ကို “ကစားမ်ိဳးလိုက္ ေက်ာင္းသားမိုက္ ေက်ာင္း၌ မေနရပါဘုရား” ဆိုသည့္အတိုင္း ေက်ာင္းတိုက္မွ ႏွင္ထုတ္သည္။ ေ႐ႊက်င္ဂိုဏ္းဝင္ အျဖစ္မွ ႏွင္ထုတ္ခဲ့ပါသည္။

သီေပါမင္း ထီဖြင့္ျခင္းအေပၚ ဒြါရ အုတ္ဖိုဆရာေတာ္ႀကီးက “သူျပဳလုပ္အပ္ေသာ ထီသည္ပင္ သူ႔ကို ပ်က္စီးေစလတၱံ့” ဟု ပုဗၺနိမိတ္ ေကာက္ခဲ့ပါသည္။ ေကာက္သည့္ အတိုင္းလည္း မွန္ခဲ့ပါသည္။

ထီ ဟူသည္ ဗ်ည္းအကၡရာအားျဖင့္ စေနနံ၊ မင္းကလည္း စေနသား၊ အကၡရာ သခ်ၤာအားျဖင့္ ၇ ဂဏန္း။ အဘိဓမၼာ နည္းအားျဖင့္ ထီ (႒ီ) ေနာင္ ဘင္ (ဘဂၤ) သာ ျဖစ္ေသာေၾကာင့္ ငါ နိမိတ္ဖတ္ရလွ်င္ ၇ ႏွစ္၊ ၇ လ၊ ၇ ရက္ထက္ နန္းသက္မလြန္ႏိုင္ ဟူ၍ နိမိတ္ဖတ္ခဲ့သည္။

ဓီ ဟူေသာ နိပါတ္ပုဒ္၏ ကာရိယ ျဖစ္ႏိုင္၍ စက္ဆုပ္႐ြံရွာဖြယ္ အနက္ရွိေသာေၾကာင့္ ပ်က္ဆီးေသာအခါလည္း သူတစ္ပါး ပ်က္သည္ႏွင့္ မတူ။ ဓီ အနက္အရ စက္ဆုပ္ ႐ြံရွာဖြယ္ ပ်က္စီးလတၱံ့ ဟူ၍ နိမိတ္ဖတ္ခဲ့ျခင္း ျဖစ္ပါသည္။ (Aung Thiha) (မူရင္းေရးသားသူအား ေလးစားမႈျဖင့္ – credit)