“လူပျိုစင် ဘဝ” (ဒီခေတ်ကြီးထဲမှာ လက်မထပ်ရသေးပဲနဲ့ အတူနေတဲ့ ယောက်ျားလေးတွေအတွက်)

“လူပျိုစင် ဘဝ” (ဒီခေတ်ကြီးထဲမှာ တရားဝင် လက်မထပ်ရသေးပဲနဲ့ အတူနေတဲ့ ယောက်ျားလေးတွေအတွက်)

တရားဝင် လက်မထပ်ရသေးပဲနဲ့ Living Together နေတဲ့ ယောက်ျားလေးတွေဟာ တကယ်တော့ အခမဲ့ ပြည့်တန်ဆာတွေပါ။ သူတို့တွေဟာ ပိုက်ဆံပေးစရာမလိုပဲ အခမဲ့ အလကား ရတဲ့အမျိုးပေါ့။

သူတို့အတွက်လိုတာက ဟန်ဆောင်မှုတွေပါတဲ့ ချစ်တယ် ဆိုတဲ့ စကားလေး တစ်ခွန်းပါပဲ။ ဒီဘက်ခေတ် မြန်မာနိုင်ငံမှာ လူပျိုစင်ဘဝကို တန်ဖိုးမထားတဲ့ ယောက်ျားတွေတစ်နေ့တခြား တိုးပွားလာတာက ဝမ်းနည်းစရာပါ။ ချစ်တယ်ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့ ကိုယ့်ရဲ့တန်ဖိုးကြီးလွန်းတဲ့ လူပျိုစင်ဘဝကို ကိုယ့်အိမ်ထောင်ဖက် မဟုတ်သေးတဲ့ သူစိမ်းမိန်းခလေးတစ်ယောက်ကို အလဟက်သတ် လွယ်လွယ်နဲ့ အလကား ပေးလိုက်ရတာ တွေးတတ်ရင် တစ်ကယ်တော့ ရင်နာစရာပါ။

ကိုယ်က ကိုယ့်ချစ်သူကောင်မလေးနဲ့ Living Together နေလိုက်လို့ သူက ကိုယ့်ကိုယူမှာ သေချာရဲ့လား? သူနဲ့ ကိုယ်နဲ့ကရော မပြတ်ကြတော့ဘူးလား? သူ နဲ့ ကိုယ် ဖူးစာအကြောင်းမပါလို့ လမ်းခွဲရရင် နစ်နာရမဲ့သူက ယောက်ျားလေးဖြစ်တဲ့ကိုယ်ပဲလေ နောက်ပြီး ကိုယ့်ရဲ့ မသန့်ရှင်းတော့တဲ့ ခန္ဓာကိုယ်ကြီးကို နောက်တစ်ယောက်နဲ့ ဘယ်လိုစခန်းသွားကြမလဲ?

နောက်တစ်ယောက်ကို ကိုယ့်ရဲ့လူပျိုစင် မဟုတ်တော့တဲ့ ဘဝအကြောင်း ကို ဘယ်လိုပြောပြမလဲ? ဒီလိုကိစ္စမျိုးဆိုတာကလည်း ဒီခေတ်ကြီးမှ လိမ်ထားလို့ရတဲ့အရာ မဟုတ်တော့ ပိုဆိုးတာပေါ့။ ကိုယ်နဲ့တကယ် လက်ထပ်ရတဲ့ ကိုယ့်ဇနီးက သိပြီး သူ့ဘက်က ခွင့်လွှတ်နိုင်ပါတယ်လို့ ပြောပါစေအုံးတော့ နောင်တစ်ချိန်ချိန်မှာ သူကကိုယ့်ရဲ့လူပျိုစင်ဘဝကို မရလိုက်လေချင်းလို့တွေးတွေးပြီး ရင်နာနေမှာအမှန်ပဲလေ။

ဒီကနေစပြီး ငယ်ကျိုးငယ်နာတွေဖော်ပြီး အိမ်ထောင်ရေး အဆင်မပြေရာက ကွဲကြကွာကြနဲ့ နောက်ဆုံးပျက်စီးခြင်းပဲ အဖတ်တင်မှာပါ။ တကယ်တော့ Living Together ဆိုတာ ယဉ်ကျေးတဲ့လူ့အသိုင်းအဝိုင်းနဲ့ မအပ်စပ်သလို ဘာသာရေးအရကြည့်ရင်လည်း အင်မတန် ရွံစရာကောင်းတဲ့ပြစ်မှုတစ်ခုပါ။ ဒီတော့ ယောက်ဖတို့ရေ ယောက်ဖတို့ရဲ့ လူပျိုစင်ဘဝဟာ ရည်းစားအတွက်မဟုတ်ပဲ အိမ်ထောင်ဖက်အတွက်ပဲ ဖြစ်ပါစေနော်။

ဒီလိုမှမဟုတ်ရင် ပိုက်ဆံပေးပြီး ဆက်ဆံခံရတဲ့ ပြည့်တန်ဆာကမှ အခမဲ့ပြည့်တန်ဆာထက် ပိုပြီးတန်ဖိုးရှိမဲ့ အဖြစ်မျိုး ဖြစ်နေအုံးမယ်နော်။ အခမဲ့ပြည့်တန်ဆာဖြစ်ဖို့ ၃ စက္ကန့်လောက် အချိန်လေးပဲ ကြာပေမဲ့ လူပျိုစင်ပြန်ဖြစ်ဖို့တော့ ရှိသမျှစည်းစိမ်ပုံပေးတောင် ဒီတစ်သက် ဘယ်တော့မှပြန်မရတော့ဘူးနော်။ မြန်မာယောက်ျားလေး အများစုကို ရည်ရွယ်ပြောဆိုခြင်းဖြစ်သည်။ လူပျိုစင်ဘဝကိုတန်ဖိုးထားကြပါ ညီကိုတို့ရေ..

Crd

Zawgyi








Crd