မြန်မာပြည်မှာ နောက်ဆုံးပေါ် ပေါ်လာတဲ့ ကတော်တစ်မျိုး…
မြန်မာပြည်မှာ နောက်ဆုံးပေါ် ပေါ်လာတဲ့ ကတော်တစ်မျိုး…
မြန်မာပြည်မှာ အရင်က အရာရှိကတော်၊ သင်္ဘောသားကတော်၊ လူကြီးကတော် စသည်ဖြင့် ကတော်တွေ ရှိခဲ့ဖူးတယ်။
လတ်တလော အခုနောက်ပိုင်းပေါ်လာတဲ့ ကတော်တမျိုးရှိတယ်
အဲဒါ ဘက်စ်ကားဆရာကတော်ပဲ။ ရှေ့ဆုံးခုံမှာ မိန့်မိန့်ကြီးထိုင်နေတာနော်။
တက်လာတာနဲ့ ရုပ်တည်ကြီးနဲ့ မေးတာ “ဘယ်သွားမှာလဲ” “ဘယ်ထိစီးမှာလဲ” နဲ့
မသိရင် လေဆိပ်က immigration က ဝန်ထမ်းတွေလိုပဲ
ပိုက်ဆံကိုခြင်းကြီးနဲ့ကောက်။ ထိုင်ရာကမထဘဲကားတစ်စီးလုံးကိုအမိန့်တွေပေးတာ
အရင်ခေတ်က စပါယ်ယာတွေက လူထဲကူတိုးပေးသေးတယ်
ဒင်းကမတိုးတော့ဘူး (ချွေးထွက်မှာစိုးလို့ အလှပျက်မှာစိုးလို့ )
တစီးလုံးကိုဟောက်တာ။ ၃၀၀ခရီးကို ၅၀၀ကောက်တယ်
ဂိတ်ဆုံးထိမသွားခိုင်းဘဲ တဝက်ကပြန်လှည့်ခိုင်းတယ်။ သူခိုင်းတဲ့အတိုင်း ဒရိုင်ဘာကမောင်းရတယ်
ခရီးသည်တွေက သူ့ပဲထိုင်ကန်တော့ရမလိုလို။ နီးစပ်ရာမှတ်တိုင်ပဲ ပြေးဆင်းရမလိုလိုနဲ့
ဪ တို့ဘဝတွေလည်း ကားဆရာကတော်ကဟောက်လိုက်။ ၄တန်းမအောင်တဲ့ရာအိမ်မှူးကဟောက်လိုက်
ဘဏ်လုံခြုံရေးကဟောက်လိုက်နဲ့ နတ်ကတော်ကြောက်ရတဲ့ဘဝကနေ
ကားဆရာကတော်ထိကြောက်နေရပြီ ချစ်တို့ရေ…….
မူရင်း Min Yel Kyaw Swar လေးစားစွာ ခရက်ဒစ်
Zawgyi