ရှေးအခါက တ-ရုတ်တွေ လေးစားရတဲ့ မြန်မာပညာရှိ

ရှေးအခါက တရုတ်တွေ လေးစားသော မြန်မာပညာရှိ..

ဟိုးရှေးရှေး အခါက တရုပ်ပညာရှိတွေဟာ မြန်မာနိုင်ငံကိုလာပြီး မြန်မာပညာရှိတွေနဲ့ ပညာပြိုင်လေ့ရှိကြတယ်။

ဒီလိုနဲ့ တစ်ချိန်မှာ တရုတ်တွေဟာ မြန်မာနိုင်ငံလာပြီး မြန်မာပညာရှိတွေနဲ့ ပညာပြိုင်ဖို့ အုပ်ချုပ်မင်းလုပ်တဲ့ ဘုရင်ထံမှာ အရေးဆိုလာတယ်။ အဲဒီခေတ်က ဦးပေါ်ဦးလည်း မပေါ်သေးတဲ့အချိန်ပေါ့..

ပြိုင်ရမည့်ပုံစံက တရုတ်ပညာရှိနဲ့ မြန်မာပညာရှိတို့ ပေ (၂၀) အကွာမှာနေပြီး တရုပ်ပညာရှိက အမူအရာနဲ့မေးခွန်း (၃) ခုမေး မယ်။ မြန်မာပညာရှိက (၃) ခုလုံးမှန်အောင်ဖြေနိုင်ရမယ် ။

ဖြေနိုင်ရင် ဆုတွေချီးမြင့်ပြီး ဂုဏ်ပြုမယ်။ မဖြေနိုင်ရင် တရုပ် ပညာရှိတွေ မြန်မာတွေထက်များစွာတော်ကြောင်း အတိုင်းတိုင်းအပြည်ပြည်ကို ပြောမယ်လို အတိအလင်းပြောဆိုတယ်။

ကဲဘယ်လိုလုပ်ကြမလဲ ဘုရင်ကြီးလဲ စိတ်ညစ်နေရပြီ ။ ဘယ်သူကပြိုင်ဖိုလွယ်မလဲ ။

လက်ဟန်ခြေဟန်နဲ့မေးတာကို မြန်မာပညာရှိတွေလည်း မပြိုင်ရဲဘူးလေ ရှုံးရင် ပြစ်ဒဏ်ချနိုင်တော့ လန့်တာပေါ့ ။ တော်သေးတယ် တရုတ်ပညာရှိတွေက *(၇) ရက်အချိန်ပေးလို့

ဘုရင်ကြီးလည်း နန်းတွင်းထဲမှာ ရှာပြီးမရတဲ့အဆုံးမှာ ထုံးစံအတိုင်း ပြည်သူပြည်သားတွေဆီကို မောင်းထုပြီးဆော်ေဩာ် တော့တာပေါ့။ နိုင်ခဲ့ရင် မြို့စားမင်း ပေးမယ်ပေါ့ ။

ရှုံးခဲ့ရင်ကို ထည့်မပြောတော့ ဘယ်သူမှမပြိုင်ရဲကြဘူး။ ရှုံးရင် ပြစ်ဒဏ် က ကြီးကြီးမားမားဆိုတာ သိနေကြတယ်လေ။

ဒီလိုနဲ့ (၆ရက်ရောက်လာတဲ့အထိ ပြိုင်မဲ့လူမရသေးတော့ မှူးမတ်တွေ ခေါင်းချင်းရိုက်နေကြပြီလေ။ ဘုရင်ကြီးက လူမရရင် မင်းတို့ထဲက တစ်ယောက်ပြိုင်ရမယ်လို့ အမိန့်ထုတ်ထားတော့ တိုင် ပတ်နေကြပြီ ။

မှုးမတ်တို့လည်း ဟိုအော်ဒီအော်နဲ့ လျှောက်လာလိုက်တာ ကွေ့တစ်ကွေ့နားမှာ တစ်ယောက်နားရောက်လာတယ်။ အရက်မူးပြီးလဲနေတဲ့ လူကြီးတစ်ယောက်နားရောက်လာတယ်။

လူကြီးက ပိတ်ထားတဲ့မျက်လုံး ကိုဖွင့်ကြည့်ပြီး“ဟေ့လူတွေ အသံပြဲကြီးနဲ့မအော်နေနဲ့တော့ နားညီးတယ် ကျုပ်ပြိုင်မယ်” လို့အော်ပြောလိုက်တော့ မှူးမတ်တွေ စိတ်တိုသွားပြီး..

တထောင်နဲ့ထောင်းမလို့လုပ်တုန်း အခြားမှူးမတ်တစ်ယောက်က “ဟေ့ဟေ့မလုပ်နဲ့ ပြိုင်မဲ့လူက သူဘဲရှိတာ ခေါ်လာခဲ့ ခေါ်ခဲ့” လို့ပြောပြီး တွဲပြီးခေါ်လာခဲ့ကြတယ်။

ဘူး လက်ခံရတာဘဲ ရှုံးလဲပြိုင်မဲ့သူရှိတော့ တော်သေးတာပေါ့တဲ့ ။ ဘုရင်ကြီးလဲမ တက်နိုင်ဘဘူး။ လက်ခံလိုက်ရတာပဲ ရှုံးလဲပြိုင်မယ့်သူရှိတော့ တော်သေးတာပေါ့တဲ့။

ပြိုင်မဲ့နေ့မနက်မှာ ရေချိုးအဝတ်လဲ အမွေးနံသာနဲ့ မျက်နှာကတော့ နီရဲနေတာဘဲ။ ပညာရှိပီသပါပေတယ်။ ဒီလိုနဲ့ပြိုင်မဲ့ အချိန်ရောက်ရော တရုတ်ပညာရှိက စမေးတော့တာဘဲ။

(၁) တရုတ်ပညာရှိက လက်ငါးချောင်းထောင်ပြတယ်။ မြန်မာပညာရှိက လက်ဆယ်ချောင်းထောင်ပြတယ်။ တရုပ်ပညာရှိ ပြုံးသွားတယ်။ ဘုရင်ကြီးက လန့်သွားတယ်။

(၂) တရုတ်ပညာရှိက ရင်ဘတ်ပုတ်ပြတယ်။ မြန်မာပညာရှိက ရင်ဘတ်နဲ့ ကျောကို ပုတ်ပြပြီးခေါင်းခါတယ်။ တရုပ်ပညာရှိ ခေါင်းတစ်စပ်စပ်ညိတ်ပြီးရယ်တယ်။ ဘုရင်ကြီးချွေးပြန်နေပြီ။

(၃) တရုတ်ပညာရှိက ဘဲဥထောင်ပြတယ်။ မြန်မာပညာရှိက ကြက်သွန်နီ ထောင်ပြတယ်။ တရုတ်ပညာရှိ လက်ခုတ်တီးပြီး ကျုပ်တို့ ရှုံးပါပြီလို့ ဝန်ခံလိုက်တော့

မြန်မာတွေဘက်က ဟင်ကနဲ ဟာကနဲဖြစ်သွားကြတယ်။ ဘယ်လိုမှ ထင်မထားကြဘူး လေ။ တရုပ်ပညာရှိက ဆုတွေချီးမြင့်ပြီး မြန်မာပညာရှိတွေ တော်လိုက်ပုံကိုချီးမွန်းတယ်။

ဘုရင်ကြီးလဲ မအောင့်နိုင်တော့လို့ တရုတ်ပညာရှိကို အမေးနဲ့ အဖြေကိုမေးတယ်။ တရုတ်ပညာရှိက ကျုပ်မေးတာက (၁) သင်တို့ဘုရင် ငါးပါးသီလမြဲရဲ့လား။ သူက လက်ဆယ်ချောင်းထောင်ပြီး မင်းကျင့်တရားဆယ်ပါးနဲ့ညီတယ်လို့ ဖြေတယ်။

(၂) သင်တို့ဘုရင် ပြည်သူတွေအပေါ်ရင်ဝယ်သားပမာထားရဲ့လားလို့ မေးတယ်။ သူက ကျောနဲ့ရင်ပုတ်ပြီး ခေါင်းခါတယ် သဘောက ကျောသားရင်သားမခွဲဘူးပေါ့ ကျုပ်လေ သူကတော်နေတော့ နောက်ဆုံးတစ်ခုအခက်ဆုံး မေးလိုက်တယ်။

(၃) ဒီကမ္ဘာကြီးက ဘဲဥလိုလားလို့ မေးတော့ ။ သူက ကြက်သွန်နီထောင်ပြတာ အရမ်းသဘောကြတာဘဲ အလွှာလိုက်ရှိတယ်ဆိုတဲ့ သဘောပေါ့။

ကျုပ်တို့ပြိုင်လာတာကြာပြီ ပြန်သွားကြပါတယ်။ ဒီကြမှရှုံးတော့တယ် ကဲ ကျုပ်တို့ပြန်အုံးမယ်ဆိုပြီးပြန်သွားကြပါတယ်။

ဘုရင်ကြီးလဲအရက်သမားကြီးကိုခေါ် ပြီး “ကဲ မောင်မင်း ခုမြို့စားကြီးလဲဖြစ်ပြီ။ မင်းဖြေတာ အရမ်းတော်တယ်.. အဖြေ ကို ဘယ်လိုတွေးလဲပေါ့ဘယ်လိုဖြေလဲ” လို့ မေးတော်မူတယ် ။

အရက်အကြောင်းဘဲသိတဲ့ အရက်သမားကြီးက “ (၁) သုက ကျုပ်ကို အရက်ငါးပုလင်းသောက်နိုင်လားလို့မေးတော့.. ကျုပ်က ဆယ်ပုလင်းသောက်နိုင်တယ်လို့..

၂) သူက ဆယ်ပုလင်း သောက်ရင် ရင်ပတ်ပူလားမေးတော့ ကျုပ်ကကျောရောရင်ပါ မပူဘူးလို့ ခေါင်းခါပြလိုက်တယ်..

(၃) သူကအရက်သောက် ရင် ဘဲဥနဲ့မြည်းလားမေးတော့ ကျုပ်က ကြက်သွန်နီနဲ့ မြည်းတယ်လို့ဖြေလိုက်တာပါ ဘုရား. ထင်တဲ့ အတိုင်းပြောရရင် သူ တို့လဲ တရုတ်အရက်သမားတွေဖြစ်မယ်´ လို့ မူးဝေစွာနဲ့ ကြလေတော့သတည်း။

ပြောလိုက်ရာ.. နန်းတော်ကြီးတစ်ခုလုံးငိုအားထက် ရယ်အားသန်ကြလေတော့သတည်း။

Credit

Zawgyi

ေရွးအခါက တ႐ုတ္ေတြ ေလးစားေသာ ျမန္မာပညာရွိ..

ဟိုးေရွးေရွး အခါက တ႐ုပ္ပညာရွိေတြဟာ ျမန္မာႏိုင္ငံကိုလာၿပီး ျမန္မာပညာရွိေတြနဲ႔ ပညာၿပိဳင္ေလ့ရွိၾကတယ္။

ဒီလိုနဲ႔ တစ္ခ်ိန္မွာ တ႐ုတ္ေတြဟာ ျမန္မာႏိုင္ငံလာၿပီး ျမန္မာပညာရွိေတြနဲ႔ ပညာၿပိဳင္ဖို႔ အုပ္ခ်ဳပ္မင္းလုပ္တဲ့ ဘုရင္ထံမွာ အေရးဆိုလာတယ္။ အဲဒီေခတ္က ဦးေပၚဦးလည္း မေပၚေသးတဲ့အခ်ိန္ေပါ့..

ၿပိဳင္ရမည့္ပုံစံက တ႐ုတ္ပညာရွိနဲ႔ ျမန္မာပညာရွိတို႔ ေပ (၂၀) အကြာမွာေနၿပီး တ႐ုပ္ပညာရွိက အမူအရာနဲ႔ေမးခြန္း (၃) ခုေမး မယ္။ ျမန္မာပညာရွိက (၃) ခုလုံးမွန္ေအာင္ေျဖႏိုင္ရမယ္ ။

ေျဖႏိုင္ရင္ ဆုေတြခ်ီးျမင့္ၿပီး ဂုဏ္ျပဳမယ္။ မေျဖႏိုင္ရင္ တ႐ုပ္ ပညာရွိေတြ ျမန္မာေတြထက္မ်ားစြာေတာ္ေၾကာင္း အတိုင္းတိုင္းအျပည္ျပည္ကို ေျပာမယ္လို အတိအလင္းေျပာဆိုတယ္။

ကဲဘယ္လိုလုပ္ၾကမလဲ ဘုရင္ႀကီးလဲ စိတ္ညစ္ေနရၿပီ ။ ဘယ္သူကၿပိဳင္ဖိုလြယ္မလဲ ။

လက္ဟန္ေျခဟန္နဲ႔ေမးတာကို ျမန္မာပညာရွိေတြလည္း မၿပိဳင္ရဲဘူးေလ ရႈံးရင္ ျပစ္ဒဏ္ခ်ႏိုင္ေတာ့ လန႔္တာေပါ့ ။ ေတာ္ေသးတယ္ တ႐ုတ္ပညာရွိေတြက *(၇) ရက္အခ်ိန္ေပးလို႔

ဘုရင္ႀကီးလည္း နန္းတြင္းထဲမွာ ရွာၿပီးမရတဲ့အဆုံးမွာ ထုံးစံအတိုင္း ျပည္သူျပည္သားေတြဆီကို ေမာင္းထုၿပီးေဆာ္ေဩာ္ ေတာ့တာေပါ့။ ႏိုင္ခဲ့ရင္ ၿမိဳ႕စားမင္း ေပးမယ္ေပါ့ ။

ရႈံးခဲ့ရင္ကို ထည့္မေျပာေတာ့ ဘယ္သူမွမၿပိဳင္ရဲၾကဘူး။ ရႈံးရင္ ျပစ္ဒဏ္ က ႀကီးႀကီးမားမားဆိုတာ သိေနၾကတယ္ေလ။

ဒီလိုနဲ႔ (၆ရက္ေရာက္လာတဲ့အထိ ၿပိဳင္မဲ့လူမရေသးေတာ့ မႉးမတ္ေတြ ေခါင္းခ်င္း႐ိုက္ေနၾကၿပီေလ။ ဘုရင္ႀကီးက လူမရရင္ မင္းတို႔ထဲက တစ္ေယာက္ၿပိဳင္ရမယ္လို႔ အမိန႔္ထုတ္ထားေတာ့ တိုင္ ပတ္ေနၾကၿပီ ။

မႈးမတ္တို႔လည္း ဟိုေအာ္ဒီေအာ္နဲ႔ ေလွ်ာက္လာလိုက္တာ ေကြ႕တစ္ေကြ႕နားမွာ တစ္ေယာက္နားေရာက္လာတယ္။ အရက္မူးၿပီးလဲေနတဲ့ လူႀကီးတစ္ေယာက္နားေရာက္လာတယ္။

လူႀကီးက ပိတ္ထားတဲ့မ်က္လုံး ကိုဖြင့္ၾကည့္ၿပီး“ေဟ့လူေတြ အသံၿပဲႀကီးနဲ႔မေအာ္ေနနဲ႔ေတာ့ နားညီးတယ္ က်ဳပ္ၿပိဳင္မယ္” လို႔ေအာ္ေျပာလိုက္ေတာ့ မႉးမတ္ေတြ စိတ္တိုသြားၿပီး..

တေထာင္နဲ႔ေထာင္းမလို႔လုပ္တုန္း အျခားမႉးမတ္တစ္ေယာက္က “ေဟ့ေဟ့မလုပ္နဲ႔ ၿပိဳင္မဲ့လူက သူဘဲရွိတာ ေခၚလာခဲ့ ေခၚခဲ့” လို႔ေျပာၿပီး တြဲၿပီးေခၚလာခဲ့ၾကတယ္။

ဘူး လက္ခံရတာဘဲ ရႈံးလဲၿပိဳင္မဲ့သူရွိေတာ့ ေတာ္ေသးတာေပါ့တဲ့ ။ ဘုရင္ႀကီးလဲမ တက္ႏိုင္ဘဘူး။ လက္ခံလိုက္ရတာပဲ ရႈံးလဲၿပိဳင္မယ့္သူရွိေတာ့ ေတာ္ေသးတာေပါ့တဲ့။

ၿပိဳင္မဲ့ေန႔မနက္မွာ ေရခ်ိဳးအဝတ္လဲ အေမြးနံသာနဲ႔ မ်က္ႏွာကေတာ့ နီရဲေနတာဘဲ။ ပညာရွိပီသပါေပတယ္။ ဒီလိုနဲ႔ၿပိဳင္မဲ့ အခ်ိန္ေရာက္ေရာ တ႐ုတ္ပညာရွိက စေမးေတာ့တာဘဲ။

(၁) တ႐ုတ္ပညာရွိက လက္ငါးေခ်ာင္းေထာင္ျပတယ္။ ျမန္မာပညာရွိက လက္ဆယ္ေခ်ာင္းေထာင္ျပတယ္။ တ႐ုပ္ပညာရွိ ၿပဳံးသြားတယ္။ ဘုရင္ႀကီးက လန႔္သြားတယ္။

(၂) တ႐ုတ္ပညာရွိက ရင္ဘတ္ပုတ္ျပတယ္။ ျမန္မာပညာရွိက ရင္ဘတ္နဲ႔ ေက်ာကို ပုတ္ျပၿပီးေခါင္းခါတယ္။ တ႐ုပ္ပညာရွိ ေခါင္းတစ္စပ္စပ္ညိတ္ၿပီးရယ္တယ္။ ဘုရင္ႀကီးေခြၽးျပန္ေနၿပီ။

(၃) တ႐ုတ္ပညာရွိက ဘဲဥေထာင္ျပတယ္။ ျမန္မာပညာရွိက ၾကက္သြန္နီ ေထာင္ျပတယ္။ တ႐ုတ္ပညာရွိ လက္ခုတ္တီးၿပီး က်ဳပ္တို႔ ရႈံးပါၿပီလို႔ ဝန္ခံလိုက္ေတာ့

ျမန္မာေတြဘက္က ဟင္ကနဲ ဟာကနဲျဖစ္သြားၾကတယ္။ ဘယ္လိုမွ ထင္မထားၾကဘူး ေလ။ တ႐ုပ္ပညာရွိက ဆုေတြခ်ီးျမင့္ၿပီး ျမန္မာပညာရွိေတြ ေတာ္လိုက္ပုံကိုခ်ီးမြန္းတယ္။

ဘုရင္ႀကီးလဲ မေအာင့္ႏိုင္ေတာ့လို႔ တ႐ုတ္ပညာရွိကို အေမးနဲ႔ အေျဖကိုေမးတယ္။ တ႐ုတ္ပညာရွိက က်ဳပ္ေမးတာက (၁) သင္တို႔ဘုရင္ ငါးပါးသီလၿမဲရဲ႕လား။ သူက လက္ဆယ္ေခ်ာင္းေထာင္ၿပီး မင္းက်င့္တရားဆယ္ပါးနဲ႔ညီတယ္လို႔ ေျဖတယ္။

(၂) သင္တို႔ဘုရင္ ျပည္သူေတြအေပၚရင္ဝယ္သားပမာထားရဲ႕လားလို႔ ေမးတယ္။ သူက ေက်ာနဲ႔ရင္ပုတ္ၿပီး ေခါင္းခါတယ္ သေဘာက ေက်ာသားရင္သားမခြဲဘူးေပါ့ က်ဳပ္ေလ သူကေတာ္ေနေတာ့ ေနာက္ဆုံးတစ္ခုအခက္ဆုံး ေမးလိုက္တယ္။

(၃) ဒီကမာၻႀကီးက ဘဲဥလိုလားလို႔ ေမးေတာ့ ။ သူက ၾကက္သြန္နီေထာင္ျပတာ အရမ္းသေဘာၾကတာဘဲ အလႊာလိုက္ရွိတယ္ဆိုတဲ့ သေဘာေပါ့။

က်ဳပ္တို႔ၿပိဳင္လာတာၾကာၿပီ ျပန္သြားၾကပါတယ္။ ဒီၾကမွရႈံးေတာ့တယ္ ကဲ က်ဳပ္တို႔ျပန္အုံးမယ္ဆိုၿပီးျပန္သြားၾကပါတယ္။

ဘုရင္ႀကီးလဲအရက္သမားႀကီးကိုေခၚ ၿပီး “ကဲ ေမာင္မင္း ခုၿမိဳ႕စားႀကီးလဲျဖစ္ၿပီ။ မင္းေျဖတာ အရမ္းေတာ္တယ္.. အေျဖ ကို ဘယ္လိုေတြးလဲေပါ့ဘယ္လိုေျဖလဲ” လို႔ ေမးေတာ္မူတယ္ ။

အရက္အေၾကာင္းဘဲသိတဲ့ အရက္သမားႀကီးက “ (၁) သုက က်ဳပ္ကို အရက္ငါးပုလင္းေသာက္ႏိုင္လားလို႔ေမးေတာ့.. က်ဳပ္က ဆယ္ပုလင္းေသာက္ႏိုင္တယ္လို႔..

၂) သူက ဆယ္ပုလင္း ေသာက္ရင္ ရင္ပတ္ပူလားေမးေတာ့ က်ဳပ္ကေက်ာေရာရင္ပါ မပူဘူးလို႔ ေခါင္းခါျပလိုက္တယ္..

(၃) သူကအရက္ေသာက္ ရင္ ဘဲဥနဲ႔ျမည္းလားေမးေတာ့ က်ဳပ္က ၾကက္သြန္နီနဲ႔ ျမည္းတယ္လို႔ေျဖလိုက္တာပါ ဘုရား. ထင္တဲ့ အတိုင္းေျပာရရင္ သူ တို႔လဲ တ႐ုတ္အရက္သမားေတြျဖစ္မယ္´ လို႔ မူးေဝစြာနဲ႔ ၾကေလေတာ့သတည္း။

ေျပာလိုက္ရာ.. နန္းေတာ္ႀကီးတစ္ခုလုံးငိုအားထက္ ရယ္အားသန္ၾကေလေတာ့သတည္း။

Credit