
စံပါယ်၊နှင်းဆီကို ပန်းအပွင့်များများပွင့်အောင်စိုက်ပျိုးနည်း
(1) နှင်းဆီအကြောင်း
အလှပန်းအိုးနဲ့စိုက်တာပဲဖြစ်ဖြစ် မြေမှာချစိုက်တာပဲဖြစ်ဖြစ် မြေဩဇာကို တစ်လတခါ တစ်လခွဲတခါ ပုံမှန်ကျွေးပေးရပါတယ်။မြေဩဇာ ပုံမှန်ကျွေးမပေးလို့ အဖူး အပွင့်သေးသွားတယ် အပင် ထပ်ပြီး မကြီးထွားဘူး အဲ့ဒီလိုမျိုးလည်း ဖြစ်တတ်ပါတယ်။
ဝယ်တဲ့အချိန်မှာ အပွင့် အဖူးကြီးတယ် အပင်တွေသန်တယ်ဆိုတာက ကျနော်တို့ ဒီမှာ ကျွေးပေးထားတဲ့ ဓါတ်မြေဩဇာ အရှိန်နဲ့ပါဒီမှာက ၃ပတ် တခါ ၁လတခါလောက် အပင်တွေကို ဓါတ်မြေဩဇာ ကျွေးပေးကြပါတယ်၊ ဓါတ်မြေဩဇာ အနေနဲ့က အာမို/နိုက်ထရိုဖော်စကာ 15:15:15 ကို သုံးပါတယ်)
နောက်တခုကအလှပန်းအိုးနဲ့ စိုက်တဲ့အခါမှာ နုန်း ဒါမှမဟုတ် မြေကြီးသက်သက်ချည်းပဲ ထည့်ရင်လည်း မြေကြပ်ပြီး အမြစ်ကောင်းကောင်း အလုပ်မလုပ်နိုင်တဲ့အတွက်အပွင့် အဖူးသေးတတ်ပါတယ်။တခါတခါ အပင်တောင် သေသွားတတ်ပါတယ်။ နုန်း/မြေကြီး ကို ဖွဲပြာ/စပါးခွံ/မြေပဲခွံ တမျိုးမျိုးနဲ့ရောစပ်ပြီးထည့်ပေးရပါတယ်။
(နုန်း/မြေကြီး ၁ဆ ဖွဲပြာ ၂ဆ ၁ဆ ၂ဆ ၁ဆ ၃ဆ ၁ဆ ၄ဆ အဆင်ပြေသလိုရောစပ်ပြီး အသုံးပြုနိုင်ပါပေတယ်)နောက်တခုက – လောင်းရိပ် အပင်တွေက လောင်းရိပ်/အရိပ်အောက် မကြိုက်ပါဘူး။နေရောင်ရမှ အစာချက်နိုင်တာပါ။ လောင်းရိပ်/အရိပ်အောက် ရောက်နေရင်လည်း အပွင့်အဖူးသေးပြီး အပင်မကြီးထွားတတ်ပါဘူး။
(နှင်းဆီပင်ကို နေပူမှာစိုးပြီး အရိပ်အောက်မှာပဲ ထား ထားတာကို တွေ့ဖူးခဲ့ပါတယ်)ခြုံငုံပြီး ပြောမယ်ဆိုရင် အပင်ကို အလှပန်းအိုးနဲ့စိုက်တာပဲဖြစ်ဖြစ် မြေကြီးမှာချစိုက်တာပဲဖြစ်ဖြစ် မြေဩဇာကို တစ်လ တခါ တစ်လခွဲ တခါလောက် ပုံမှန်ကျွေးပေးရပါတယ်။
အပင်ကို အလှပန်းအိုးနဲ့ထည့်စိုက်မယ်ဆိုရင် နုန်း/မြေကြီးနဲ့ ဖွဲပြာ/စပါးခွံ/မြေပဲခွံ တမျိုးမျိူးတို့ကိုရောစပ်ပြီးထည့်ပေးရပါတယ်။အပင်ကို လောင်းရိပ်/အရိပ်အောက်မှာ မထားပဲေ နရောင်ရတဲ့နေရာမှာသာ ထားပေးရပါတယ်။
(2)စံပယ်အကြောင်း
“စံပယ်ပန်း အပွင့်များများပွင့်အောင် စိုက်နည်းနှင့် ယခုလို စံပယ်ပေါချိန်တွင် စံပယ်ပန်းခြောက် ရေနွေးကြမ်း ပြုလုပ်နည်းလေး”
၁။ စံပါယ်ပင်လေးတွေ စိုက်တော့မယ်ဆိုရင် အိုးနဲ့စိုက်မှာလား၊ မြေမှာ ချပြီးစိုက်မှာလား ရွေးပါ။ အိုးနဲ့စိုက်မယ်ဆိုရင်လည်း အိုးက ရေမဝပ်အောင် အောက်ခြေမှာ အပေါက်လေးတွေပါတဲ့အိုးနဲ့ စိုက်ပါ။ မြေမှာ စိုက်မယ်ဆိုရင်လည်း ရေမဝပ်နိုင်တဲ့နေရာမှာ စိုက်ပေးပါ။
၂။ စံပယ်ပင်လေးတွေဟာ နေရောင်ကြိုက်ပါတယ်။ အလင်းရောင် ကောင်းကောင်းရတဲ့ နေရာမှာ စိုက်ပါ။
၃။ စံပယ်ပင်လေးတွေကို တစ်နေ့တစ်ကြိမ် ရေလောင်းပါ။ ရေလောင်းတဲ့ အခါမှာ အောက်ခြေ မြေကြီးကိုပဲ လောင်းပါ။ သစ်ရွက်လေးတွေကို ရေမစိုပါစေနဲ့။ စံပယ်ရွက်လေးတွေကို ရေစိုသွားရင် နေရောင်နဲ့ထိတဲ့အခါမှာ အရွက်လေးတွေ ပုပ်သွား တတ်ပါတယ်။
၄။ စံပယ်မျိုးစိတ်အများစုက နွယ်တက် တတ်ပါတယ်။ စံပယ်ပင်နားမှာ တိုင်လေးဖြစ်ဖြစ်၊စင်လေးဖြစ်ဖြစ် ထားပေးပါ။
၅။ စံပယ်ပွင့်လေးတွေ အမြဲတမ်း ဝေနေစေချင်ရင် တစ်လတစ်ခါလောက်တော့ မြေသြဇာသုံးပေးပါ။ ပျိုးပင်ဆိုင်လေးတွေမှာ စံပယ်ပင်အတွက် မြေသြဇာ ဝယ်နိုင်ပါတယ်နော်။
၆။ စံပါယ်ပင်လေးတွေကို ကိုင်းညှပ်ပေးပါ။ မခူးဖြစ်တဲ့ အပွင့်ခြောက်တွေ၊ အရွက်ခြောက်တွေ၊ ကိုင်းခြောက်တွေကို ကတ်ကြေးနဲ့ ညှပ်ပါ။ သတိထားရမှာက ပန်းပွင့်နေချိန်မှာ ကိုင်းမညှပ်ပါနဲ့။ ပန်းပွင့်နှုန်း လျော့သွားတတ်လို့ပါ။
၇။ အပြင်မှာ ရာသီဥတုအရမ်းအေးလွန်းရင် စံပယ်ပင်လေးကို အိမ်ထဲရွှေ့ထားပါ။ မြေမှာချ စိုက်ထားတယ်ဆိုရင် အပင်ခြေနားတဝိုက်ကို ကောက်ရိုးလေးတွေ ပုံထားပေးပါ။
၈။ ရာသီဥတုပူလွန်းရင်လည်း စံပယ်ပင်လေးတွေ ပူပြီးခြောက်မသွားအောင် ရေမကြာခဏ လောင်းပေးပါ။
၉။ သင့်စံပယ်ပင်လေးတွေ အပွင့်မပွင့်တာကြာပြီ၊ အရွက်ကြမ်းတွေပဲ ထွက်နေတယ် ဆိုရင် မြေကြီး ထဲကို Nitrogen မြေသြဇာလေး ထည့်ပေးပါ။ ပြီးရင် အပေါ်ကပြောခဲ့တဲ့ အချက်တွေနဲ့ ကိုက်ညီရဲ့လား ပြန်စစ်ဆေးကြည့်ပါ။
၁ဝ။ စံပယ်ပန်းလေးတွေကို ခူးရင် ကတ်ကြေး ထက်ထက်နဲ့ ညှပ်ပြီး ခူးပါ။ လက်နဲ့ မချိုးပါနဲ့၊ မဆိတ်ပါနဲ့။ ခူးပြီးသား စံပယ်ပွင့်လေးတွေကို ကြာရှည် လတ်ဆတ်နေချင်ရင် ရိုးတံလေးကို ရေထဲ စိမ်ထားပေးပါ။
“စံပယ်ဖူးလေးတွေကိုသုံးပြီး ကျန်းမာရေး အတွက် အထောက်အကူ ဖြစ်စေတဲ့ စံပယ်ပန်း ခြောက် ရေနွေးကြမ်းလး လုပ်သောက်လို့ ရပါတယ်နော်”
၁။ မနက်စောစောမှာ စံပယ်ဖူးလေးတွေကို ခူးပါ။ မနက်စောစောအချိန်က စံပယ်ဖူးလေးတွေအတွက် အမွှေးဆုံးနဲ့ အာနိသင်အကောင်းဆုံးအချိန်ပါ။
ပြီးရင် စံပယ်ဖူးလေးတွေကို ဗန်းသန့်သန့်လေးမှာ ထည့်ခင်းပြီး နေပူလှန်းပါ။
၂။ နေပူလှန်းတဲ့အခါ နေရောင်တိုက်ရိုက် မထိပါ စေနဲ့။ မှန်ပြတင်းကို ဖြတ်ပြီးဝင်လာတဲ့ နေရောင်နဲ့ လှမ်းပါ။ တစ်နေ့နဲ့ တစ်ည လှမ်းပြီး သွားရင် စံပယ် ဖူးလေးတွေကို လေလုံတဲ့ဘူးထဲ ထည့်ထား လိုက်ပါ။ပြီးရင် ရေနွေးပူပူထဲကို ၄၊ ၅ ဖူးလောက် ခတ်ပြီး သောက်ပါ။ နှလုံးရောဂါအတွက် တကယ်ကို အသုံးဝင်ပါတယ်။
ခရစ်ဒစ်
———
စံပါယ္၊ႏွင္းဆီကို ပန္းအပြင့္မ်ားမ်ားပြင့္ေအာင္စိုက္ပ်ိဳးနည္း
(1) ႏွင္းဆီအေၾကာင္း
အလွပန္းအိုးနဲ႔စိုက္တာပဲျဖစ္ျဖစ္ ေျမမွာခ်စိုက္တာပဲျဖစ္ျဖစ္ ေျမဩဇာကို တစ္လတခါ တစ္လခြဲတခါ ပုံမွန္ေကြၽးေပးရပါတယ္။ေျမဩဇာ ပုံမွန္ေကြၽးမေပးလို႔ အဖူး အပြင့္ေသးသြားတယ္ အပင္ ထပ္ၿပီး မႀကီးထြားဘူး အဲ့ဒီလိုမ်ိဳးလည္း ျဖစ္တတ္ပါတယ္။
ဝယ္တဲ့အခ်ိန္မွာ အပြင့္ အဖူးႀကီးတယ္ အပင္ေတြသန္တယ္ဆိုတာက က်ေနာ္တို႔ ဒီမွာ ေကြၽးေပးထားတဲ့ ဓါတ္ေျမဩဇာ အရွိန္နဲ႔ပါဒီမွာက ၃ပတ္ တခါ ၁လတခါေလာက္ အပင္ေတြကို ဓါတ္ေျမဩဇာ ေကြၽးေပးၾကပါတယ္၊ ဓါတ္ေျမဩဇာ အေနနဲ႔က အာမို/ႏိုက္ထ႐ိုေဖာ္စကာ 15:15:15 ကို သုံးပါတယ္)
ေနာက္တခုကအလွပန္းအိုးနဲ႔ စိုက္တဲ့အခါမွာ ႏုန္း ဒါမွမဟုတ္ ေျမႀကီးသက္သက္ခ်ည္းပဲ ထည့္ရင္လည္း ေျမၾကပ္ၿပီး အျမစ္ေကာင္းေကာင္း အလုပ္မလုပ္ႏိုင္တဲ့အတြက္အပြင့္ အဖူးေသးတတ္ပါတယ္။တခါတခါ အပင္ေတာင္ ေသသြားတတ္ပါတယ္။ ႏုန္း/ေျမႀကီး ကို ဖြဲျပာ/စပါးခြံ/ေျမပဲခြံ တမ်ိဳးမ်ိဳးနဲ႔ေရာစပ္ၿပီးထည့္ေပးရပါတယ္။
(ႏုန္း/ေျမႀကီး ၁ဆ ဖြဲျပာ ၂ဆ ၁ဆ ၂ဆ ၁ဆ ၃ဆ ၁ဆ ၄ဆ အဆင္ေျပသလိုေရာစပ္ၿပီး အသုံးျပဳႏိုင္ပါေပတယ္)ေနာက္တခုက – ေလာင္းရိပ္ အပင္ေတြက ေလာင္းရိပ္/အရိပ္ေအာက္ မႀကိဳက္ပါဘူး။ေနေရာင္ရမွ အစာခ်က္ႏိုင္တာပါ။ ေလာင္းရိပ္/အရိပ္ေအာက္ ေရာက္ေနရင္လည္း အပြင့္အဖူးေသးၿပီး အပင္မႀကီးထြားတတ္ပါဘူး။
(ႏွင္းဆီပင္ကို ေနပူမွာစိုးၿပီး အရိပ္ေအာက္မွာပဲ ထား ထားတာကို ေတြ႕ဖူးခဲ့ပါတယ္)ၿခဳံငုံၿပီး ေျပာမယ္ဆိုရင္ အပင္ကို အလွပန္းအိုးနဲ႔စိုက္တာပဲျဖစ္ျဖစ္ ေျမႀကီးမွာခ်စိုက္တာပဲျဖစ္ျဖစ္ ေျမဩဇာကို တစ္လ တခါ တစ္လခြဲ တခါေလာက္ ပုံမွန္ေကြၽးေပးရပါတယ္။
အပင္ကို အလွပန္းအိုးနဲ႔ထည့္စိုက္မယ္ဆိုရင္ ႏုန္း/ေျမႀကီးနဲ႔ ဖြဲျပာ/စပါးခြံ/ေျမပဲခြံ တမ်ိဳးမ်ိဴးတို႔ကိုေရာစပ္ၿပီးထည့္ေပးရပါတယ္။အပင္ကို ေလာင္းရိပ္/အရိပ္ေအာက္မွာ မထားပဲေ နေရာင္ရတဲ့ေနရာမွာသာ ထားေပးရပါတယ္။
(2)စံပယ္အေၾကာင္း
“စံပယ္ပန္း အပြင့္မ်ားမ်ားပြင့္ေအာင္ စိုက္နည္းႏွင့္ ယခုလို စံပယ္ေပါခ်ိန္တြင္ စံပယ္ပန္းေျခာက္ ေရေႏြးၾကမ္း ျပဳလုပ္နည္းေလး”
၁။ စံပါယ္ပင္ေလးေတြ စိုက္ေတာ့မယ္ဆိုရင္ အိုးနဲ႔စိုက္မွာလား၊ ေျမမွာ ခ်ၿပီးစိုက္မွာလား ေ႐ြးပါ။ အိုးနဲ႔စိုက္မယ္ဆိုရင္လည္း အိုးက ေရမဝပ္ေအာင္ ေအာက္ေျခမွာ အေပါက္ေလးေတြပါတဲ့အိုးနဲ႔ စိုက္ပါ။ ေျမမွာ စိုက္မယ္ဆိုရင္လည္း ေရမဝပ္ႏိုင္တဲ့ေနရာမွာ စိုက္ေပးပါ။
၂။ စံပယ္ပင္ေလးေတြဟာ ေနေရာင္ႀကိဳက္ပါတယ္။ အလင္းေရာင္ ေကာင္းေကာင္းရတဲ့ ေနရာမွာ စိုက္ပါ။
၃။ စံပယ္ပင္ေလးေတြကို တစ္ေန႔တစ္ႀကိမ္ ေရေလာင္းပါ။ ေရေလာင္းတဲ့ အခါမွာ ေအာက္ေျခ ေျမႀကီးကိုပဲ ေလာင္းပါ။ သစ္႐ြက္ေလးေတြကို ေရမစိုပါေစနဲ႔။ စံပယ္႐ြက္ေလးေတြကို ေရစိုသြားရင္ ေနေရာင္နဲ႔ထိတဲ့အခါမွာ အ႐ြက္ေလးေတြ ပုပ္သြား တတ္ပါတယ္။
၄။ စံပယ္မ်ိဳးစိတ္အမ်ားစုက ႏြယ္တက္ တတ္ပါတယ္။ စံပယ္ပင္နားမွာ တိုင္ေလးျဖစ္ျဖစ္၊စင္ေလးျဖစ္ျဖစ္ ထားေပးပါ။
၅။ စံပယ္ပြင့္ေလးေတြ အၿမဲတမ္း ေဝေနေစခ်င္ရင္ တစ္လတစ္ခါေလာက္ေတာ့ ေျမၾသဇာသုံးေပးပါ။ ပ်ိဳးပင္ဆိုင္ေလးေတြမွာ စံပယ္ပင္အတြက္ ေျမၾသဇာ ဝယ္ႏိုင္ပါတယ္ေနာ္။
၆။ စံပါယ္ပင္ေလးေတြကို ကိုင္းညႇပ္ေပးပါ။ မခူးျဖစ္တဲ့ အပြင့္ေျခာက္ေတြ၊ အ႐ြက္ေျခာက္ေတြ၊ ကိုင္းေျခာက္ေတြကို ကတ္ေၾကးနဲ႔ ညႇပ္ပါ။ သတိထားရမွာက ပန္းပြင့္ေနခ်ိန္မွာ ကိုင္းမညႇပ္ပါနဲ႔။ ပန္းပြင့္ႏႈန္း ေလ်ာ့သြားတတ္လို႔ပါ။
၇။ အျပင္မွာ ရာသီဥတုအရမ္းေအးလြန္းရင္ စံပယ္ပင္ေလးကို အိမ္ထဲေ႐ႊ႕ထားပါ။ ေျမမွာခ် စိုက္ထားတယ္ဆိုရင္ အပင္ေျခနားတဝိုက္ကို ေကာက္႐ိုးေလးေတြ ပုံထားေပးပါ။
၈။ ရာသီဥတုပူလြန္းရင္လည္း စံပယ္ပင္ေလးေတြ ပူၿပီးေျခာက္မသြားေအာင္ ေရမၾကာခဏ ေလာင္းေပးပါ။
၉။ သင့္စံပယ္ပင္ေလးေတြ အပြင့္မပြင့္တာၾကာၿပီ၊ အ႐ြက္ၾကမ္းေတြပဲ ထြက္ေနတယ္ ဆိုရင္ ေျမႀကီး ထဲကို Nitrogen ေျမၾသဇာေလး ထည့္ေပးပါ။ ၿပီးရင္ အေပၚကေျပာခဲ့တဲ့ အခ်က္ေတြနဲ႔ ကိုက္ညီရဲ႕လား ျပန္စစ္ေဆးၾကည့္ပါ။
၁ဝ။ စံပယ္ပန္းေလးေတြကို ခူးရင္ ကတ္ေၾကး ထက္ထက္နဲ႔ ညႇပ္ၿပီး ခူးပါ။ လက္နဲ႔ မခ်ိဳးပါနဲ႔၊ မဆိတ္ပါနဲ႔။ ခူးၿပီးသား စံပယ္ပြင့္ေလးေတြကို ၾကာရွည္ လတ္ဆတ္ေနခ်င္ရင္ ႐ိုးတံေလးကို ေရထဲ စိမ္ထားေပးပါ။
“စံပယ္ဖူးေလးေတြကိုသုံးၿပီး က်န္းမာေရး အတြက္ အေထာက္အကူ ျဖစ္ေစတဲ့ စံပယ္ပန္း ေျခာက္ ေရေႏြးၾကမ္းလး လုပ္ေသာက္လို႔ ရပါတယ္ေနာ္”
၁။ မနက္ေစာေစာမွာ စံပယ္ဖူးေလးေတြကို ခူးပါ။ မနက္ေစာေစာအခ်ိန္က စံပယ္ဖူးေလးေတြအတြက္ အေမႊးဆုံးနဲ႔ အာနိသင္အေကာင္းဆုံးအခ်ိန္ပါ။
ၿပီးရင္ စံပယ္ဖူးေလးေတြကို ဗန္းသန႔္သန႔္ေလးမွာ ထည့္ခင္းၿပီး ေနပူလွန္းပါ။
၂။ ေနပူလွန္းတဲ့အခါ ေနေရာင္တိုက္႐ိုက္ မထိပါ ေစနဲ႔။ မွန္ျပတင္းကို ျဖတ္ၿပီးဝင္လာတဲ့ ေနေရာင္နဲ႔ လွမ္းပါ။ တစ္ေန႔နဲ႔ တစ္ည လွမ္းၿပီး သြားရင္ စံပယ္ ဖူးေလးေတြကို ေလလုံတဲ့ဘူးထဲ ထည့္ထား လိုက္ပါ။ၿပီးရင္ ေရေႏြးပူပူထဲကို ၄၊ ၅ ဖူးေလာက္ ခတ္ၿပီး ေသာက္ပါ။ ႏွလုံးေရာဂါအတြက္ တကယ္ကို အသုံးဝင္ပါတယ္။
ခရစ္ဒစ္