တူရကီနဲ့ ဆီးရီးယားနယ်စပ်ဒေသမှာ တနင်္လာနေ့က လှုပ်ခတ်တဲ့ အားပြင်း ငလျင်ဒဏ်ကြောင့် သေဆုံးရသူအရေအတွက်ဟာ အခုအချိန်အထိ လူပေါင်း ၂၁၀၀၀ ကျော်နေပြီလို့ သိရပါတယ်။ ပြိုကျပျက်စီးနေတဲ့ အဆောက်အအုံတွေအောက်မှာ သေဆုံးသူတွေအပြင် အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေး သမားတွေက အချိန်လုပြီး ကြိုးစား ရှာဖွေနေကြဆဲဖြစ်တယ်လို့ ဆိုပါတယ်။
သတင်းတွေရဲ့ ဖော်ပြချက်အရ တူရကီအစိုးရ သဘာဝဘေးဒဏ်ဆိုင်ရာ စီမံခန့်ခွဲတဲ့ အဖွဲ့ကတော့ ကယ်ဆယ်ရေးလုပ်သား တစ်သိန်း တစ်သောင်းလောက် အပါအဝင်၊ ထွန်စက်တွေ၊ ကရိန်းကားတွေ၊ ဘူဒိုဇာတွေ၊ တူးဖေါ်ရေး ဆိုင်ရာယာဉ် အစင်းပေါင်း ၅,၅၀၀ လောက် ငလျင်ဒဏ်သင့် ဒေသကို ပို့ပေးထားတယ်လို့ ပြောပါတယ်။
သေဆုံးသူဦးရေ ၂ သောင်းခဲ့တဲ့အထဲမှာ တူရကီနိုင်ငံက လူပေါင်း ၁၇,၀၀၀ ကျော်လောက် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၆၃,၀၀၀ ကျော်ရှိနေတယ်လို့ တူရကီအာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။ ဆီးရီးယားဘက်မှာတော့ သေဆုံးသူက ၃,၁၀၀ ရှိနေတယ်လို့ ဆီးရီးယားအစိုးရနဲ့ ကူညီကယ်ဆယ်သူတွေက ပြောဆိုခဲ့ပါတယ်။
သတင်း အရင်းအမြစ်៖ Source – VOA
တူရကီ၊ ဆီရီးယား ငလျင်ဒဏ်ကြောင့် သေဆုံးသူဦးရေ ၂၁,၀၀၀ ကျော်အထိမြင့်တက်