ကျောင်းတက်နေပြီး စာတွေတတ်လာတဲ့ သားတွေသမီးတွေကိုကြည့်ပြီး ပီတိတွေဖြစ်နေခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ မိဘမဲ့ခိုးကိုးရာမဲ့ ကလေးငယ်တွေကို မိခင်အရင်းသဖွယ်ပြုစုစောင့်ရှောက်နေခဲ့တာ ပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါနော်။ လက်ရှိမှာဆိုရင်တော့ ခိုင်နှင်းဝေရဲ့ဂေဟာက ကလေးတွေထဲမှာ ကျောင်းတက်ဖို့အရွယ်ရောက်နေတဲ့ ကလေးတွေအတွက် ခိုင်နှင်းဝေက ပညာရေးကိုလည်း အားသွန်ခွန်စိုက် ဖြည့်ဆည်းပေးနေခဲ့ပါသေးတယ်။

ပညာရေးနဲ့ပတ်သက်ပြီးတော့လည်း အားပေးတဲ့ခိုင်နှင်းဝေကတော့ မနေ့က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ကျောင်းတတ်နေတဲ့ကလေးတွေရဲ့ တိုးတက်လာမှုဗီဒီယိုတွေကို မျှဝေဖော်ပြလာခဲ့ပါတယ်။ ခိုင်နှင်းဝေကတော့ ကျောင်းမှာ စာတွေကို ကဗျာတွေကို ပိုင်ပိုင်နိုင်နိုင်လိုက်ဆို နိုင်နေတဲ့ကလေးတွေကိုကြည့်ပြီး ပီတိတွေဖြစ်နေခဲ့ပါသေးတယ်။

ခိုင်နှင်းဝေကိုယ်တိုင်ကလည်း ကလေးတွေကိုကြည့်ပြီး ပီတိတွေဖြစ်ကာ “ပညာတတ်ကြီးတွေ ဖြစ်ပါစေ..လူသားများကို အကျိုးပြုတဲ့ သူများ ဖြစ်ကြပါစေ” ဆိုပြီး ကလေးတွေအတွက် ပီတိတွေနဲ့တောင်းဆုပြုထားခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ ခိုင်နှင်းဝေရဲ့ တောင်းဆုလေးပြည့်ဝစေဖို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။

Source – Khine Hnin Wai




Source – Khine Hnin Wai