အနံ့ရလို့ အိမ်နံရံကို စစ်ဆေးကြည့်ရာမှာ ထင်မှတ်မထားတာကို တွေ့ရှိခဲ့တဲ့ ဖြစ်ရပ်

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ၊ Santa Rosa မြို့ရှိ အမျိုးသားတစ်ဦးဟာ သူ့ရဲ့ နေအိမ်မှာ ဆိုးရွားတဲ့ အနံ့ပြဿတစ်ခုကြောင့် ပိုးမွှားထိန်းချုပ်ရေး ပညာရှင်များထံ ဖုန်းဆက်ပြီး အကူအညီတောင်းခံခဲ့ပါတယ်။ ပညာရှင်တွေ ရောက်လာတဲ့အချိန်မှာတော့ ဆိုးရွားတဲ့ အနံ့က နံရံထဲကနေ လာတာ သိလိုက်ရပါတယ်။ အစကတော့ အထဲမှာ တိရစ္ဆာန်တစ်ကောင်ပိတ်မိပြီး သေဆုံးနေတာလို့ ယူဆခဲ့ကြပါတယ်။

အိမ်နံရံကို ဖောက်ထွင်းစစ်ဆေးကြည့်ရာမှာ လုံးဝထင်မှတ်မထားတဲ့ အရာတွေကို တွေ့ရှိခဲ့ပါတယ်။ အဲ့ဒါကတော့ သူတို့ထင်ထားသလို တိရစ္ဆာန်အသေကောင်မဟုတ်ဘဲ ဝက်သစ်ချသီးစေ့တွေ ဖြစ်နေတာပါ။ ပိုးမွှားပညာရှင်တွေကလည်း သူလုပ်လာတဲ့ နှစ် ၂၀ ကျော် သက်တမ်းတလျှောက်မှာ ဒါဟာ ပထမဆုံး တွေ့ဖူးခြင်းလို့ ဆိုပါတယ်။ ပြီးတော့ ဝက်သစ်ချသီးတွေကို နံရံထဲကနေ ထုတ်ယူရာမှာလည်း အိတ် ၈ အိတ် ၊ အလေးချိန် ၃၀၈ ကီလိုဂရမ်ခန့်လောက် ရခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် အစေ့တွေကို ကားပေါ်တင်ဖို့ အိမ်ထဲကနေ ထွက်လာတဲ့ အချိန်မှာ သစ်ပင်ပေါ်မှာ ငှက်အများအပြား နားနေကြတာကို သတိထားမိခဲ့ကြပါတယ်။ အဲ့ဒီတော့မှ ဒီငှက်တွေဟာ အခြားကနေ ကိုက်ချီလာတဲ့ ရိတ်ခါအစေ့တွေကို မီးခိုးခေါင်းတိုင်ကနေတစ်ဆင့် ၂ နှစ် ကနေ ၅ နှစ်အထိ ဆုဆောင်းသိမ်းဆည်းခဲ့ကြတာဖြစ်မယ်လို့ ယုံကြည့်ခဲ့ကြပါတယ်။

သတင်း အရင်းအမြစ်៖ Source – iol

အေမရိကန္ျပည္ေထာင္စု ကယ္လီဖိုးနီးယားျပည္နယ္ ၊ Santa Rosa ၿမိဳ႕ရွိ အမ်ိဳးသားတစ္ဦးဟာ သူ႔ရဲ႕ ေနအိမ္မွာ ဆိုး႐ြားတဲ့ အနံ႔ျပႆတစ္ခုေၾကာင့္ ပိုးမႊားထိန္းခ်ဳပ္ေရး ပညာရွင္မ်ားထံ ဖုန္းဆက္ၿပီး အကူအညီေတာင္းခံခဲ့ပါတယ္။ ပညာရွင္ေတြ ေရာက္လာတဲ့အခ်ိန္မွာေတာ့ ဆိုး႐ြားတဲ့ အနံ႔က နံရံထဲကေန လာတာ သိလိုက္ရပါတယ္။ အစကေတာ့ အထဲမွာ တိရစာၦန္တစ္ေကာင္ပိတ္မိၿပီး ေသဆုံးေနတာလို႔ ယူဆခဲ့ၾကပါတယ္။

အိမ္နံရံကို ေဖာက္ထြင္းစစ္ေဆးၾကည့္ရာမွာ လုံးဝထင္မွတ္မထားတဲ့ အရာေတြကို ေတြ႕ရွိခဲ့ပါတယ္။ အဲ့ဒါကေတာ့ သူတို႔ထင္ထားသလို တိရစာၦန္အေသေကာင္မဟုတ္ဘဲ ဝက္သစ္ခ်သီးေစ့ေတြ ျဖစ္ေနတာပါ။ ပိုးမႊားပညာရွင္ေတြကလည္း သူလုပ္လာတဲ့ ႏွစ္ ၂၀ ေက်ာ္ သက္တမ္းတေလွ်ာက္မွာ ဒါဟာ ပထမဆုံး ေတြ႕ဖူးျခင္းလို႔ ဆိုပါတယ္။ ၿပီးေတာ့ ဝက္သစ္ခ်သီးေတြကို နံရံထဲကေန ထုတ္ယူရာမွာလည္း အိတ္ ၈ အိတ္ ၊ အေလးခ်ိန္ ၃၀၈ ကီလိုဂရမ္ခန႔္ေလာက္ ရခဲ့တယ္လို႔ ဆိုပါတယ္။

အဲ့ဒီေနာက္ အေစ့ေတြကို ကားေပၚတင္ဖို႔ အိမ္ထဲကေန ထြက္လာတဲ့ အခ်ိန္မွာ သစ္ပင္ေပၚမွာ ငွက္အမ်ားအျပား နားေနၾကတာကို သတိထားမိခဲ့ၾကပါတယ္။ အဲ့ဒီေတာ့မွ ဒီငွက္ေတြဟာ အျခားကေန ကိုက္ခ်ီလာတဲ့ ရိတ္ခါအေစ့ေတြကို မီးခိုးေခါင္းတိုင္ကေနတစ္ဆင့္ ၂ ႏွစ္ ကေန ၅ ႏွစ္အထိ ဆုေဆာင္းသိမ္းဆည္းခဲ့ၾကတာျဖစ္မယ္လို႔ ယုံၾကည့္ခဲ့ၾကပါတယ္။

သတင္း အရင္းအျမစ္៖ Source – iol