မန်ချက်စတာယူနိုက်တက်အသင်းကို ဝယ်ယူဖို့ကြိုးစားနေတဲ့ ကာတာစော်ဘွားခေါင်းဆောင်

မန်ချက်စတာ ယူနိုက်တက်ကို လက်ရှိမှာဝယ်ယူလိုသူတွေအတော်များပြားနေခဲ့ပြီး ဝယ်ယူဖို့ ကြိုးစားနေတဲ့ထဲကမှ ထူးခြားတာတစ်ခုကတော့ ကာတာစော်ဘွားအုပ်စုက ကာတာနိုင်ငံရဲ့ စော်ဘွားခေါင်းဆောင် အယ်သနီရဲ့ မိသားစုဝင်ကလည်း ဝယ်ယူဖို့အသည်းအသန်ကြိုးစားနေကြောင်း သိရပါတယ်။

ကာတာနိုင်ငံ စော်ဘွားများရဲ့ ခေါင်းဆောင်ဖြစ်သူ ၊ တော်ဝင်မိသားစုဝင် အီမာ အယ်သနီ ဟာ မန်ချက်စတာ ယူနိုက်တက်ကို ငယ်စဉ်ကတည်းက အားပေးခဲ့သူ ဖြစ်ပြီး သူက မန်ချက်စတာ ယူနိုက်တက်ကို ယခုနှစ် ဘောလုံးရာသီ မကုန်ခင်မှာပဲ အပြီးသတ် ဝယ်ယူဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့သိရပါတယ်။

အီမာ အယ်သနီရဲ့ မိသားစုဟာဆိုရင် စုစုပေါင်း ဒေါ်လာ (၃၃၅) ဘီလီယံ အထိ ကြွယ်ဝချမ်းသာပြီး မန်ချက်စတာစီးတီးရဲ့ ပိုင်ရှင် ဖြစ်တဲ့ ရှိတ်မန်ဆော် ထက် ဆယ်ဆကျော် ပိုမို ချမ်းသာတယ်လို့သိရပြီး အချမ်းသာဆုံးလို့နာမည်ကျော်ကြားတဲ့ နယူးကာဆယ်ရဲ့ ပိုင်ရှင် မိသားစု ဆော်ဒီတော်ဝင်မိသားစုထက်တောင် ပိုမို ချမ်းသာကြွယ်ဝတာကြောင့် အယ်သနီကသာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပိုင်ရှင် ဖြစ်လာခဲ့ရင် မန်ချက်စတာ ယူနိုက်တက်က ဘောလုံးလောကရဲ့ အချမ်းသာဆုံး ကလပ်အသင်း ဖြစ်လာမှာပါ။

မန္ခ်က္စတာ ယူႏိုက္တက္ကို လက္ရွိမွာဝယ္ယူလိုသူေတြအေတာ္မ်ားျပားေနခဲ့ၿပီး ဝယ္ယူဖို႔ ႀကိဳးစားေနတဲ့ထဲကမွ ထူးျခားတာတစ္ခုကေတာ့ ကာတာေစာ္ဘြားအုပ္စုက ကာတာႏိုင္ငံရဲ႕ ေစာ္ဘြားေခါင္းေဆာင္ အယ္သနီရဲ႕ မိသားစုဝင္ကလည္း ဝယ္ယူဖို႔အသည္းအသန္ႀကိဳးစားေနေၾကာင္း သိရပါတယ္။

ကာတာႏိုင္ငံ ေစာ္ဘြားမ်ားရဲ႕ ေခါင္းေဆာင္ျဖစ္သူ ၊ ေတာ္ဝင္မိသားစုဝင္ အီမာ အယ္သနီ ဟာ မန္ခ်က္စတာ ယူႏိုက္တက္ကို ငယ္စဥ္ကတည္းက အားေပးခဲ့သူ ျဖစ္ၿပီး သူက မန္ခ်က္စတာ ယူႏိုက္တက္ကို ယခုႏွစ္ ေဘာလုံးရာသီ မကုန္ခင္မွာပဲ အၿပီးသတ္ ဝယ္ယူဖို႔ စိတ္ပိုင္းျဖတ္ထားတယ္လို႔သိရပါတယ္။

အီမာ အယ္သနီရဲ႕ မိသားစုဟာဆိုရင္ စုစုေပါင္း ေဒၚလာ (၃၃၅) ဘီလီယံ အထိ ႂကြယ္ဝခ်မ္းသာၿပီး မန္ခ်က္စတာစီးတီးရဲ႕ ပိုင္ရွင္ ျဖစ္တဲ့ ရွိတ္မန္ေဆာ္ ထက္ ဆယ္ဆေက်ာ္ ပိုမို ခ်မ္းသာတယ္လို႔သိရၿပီး အခ်မ္းသာဆုံးလို႔နာမည္ေက်ာ္ၾကားတဲ့ နယူးကာဆယ္ရဲ႕ ပိုင္ရွင္ မိသားစု ေဆာ္ဒီေတာ္ဝင္မိသားစုထက္ေတာင္ ပိုမို ခ်မ္းသာႂကြယ္ဝတာေၾကာင့္ အယ္သနီကသာ မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ ပိုင္ရွင္ ျဖစ္လာခဲ့ရင္ မန္ခ်က္စတာ ယူႏိုက္တက္က ေဘာလုံးေလာကရဲ႕ အခ်မ္းသာဆုံး ကလပ္အသင္း ျဖစ္လာမွာပါ။