စ စ်ရေးအတွက်လည်း ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားကြ ဖို့နှင့် စ စ်ရှောင်တိမ်းနိုင်ဖို့တွေအတွက်လည်း ပြင်ဆင်ထားနိုင်ဖို့ ကျောင်းသားခေါင်းဆောင် မင်းဟန်ထက်ပြော

“ဒီကနေ့ မန္တလေးမှာ ပြည်သူ့တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ကြတယ်။ ဒီလိုဖြစ်တာမှာ ပြည်သူ့တပ်ဖွဲ့ဝင်တွေအနေနဲ့ သေသေချာချာ ပြင်ဆင်ထားခြင်းများမရှိလိုက်ရတဲ့အတွက် အထိအခိုက်အကျအဆုံးတွေ ရှိခဲ့ရပါတယ်။ အမှန်တရားဘက်မှာ ပြည့်ပြည့်ဝဝ ရပ်တည်ပြီး ပြည်သူတွေကို ကာကွယ်ရင်း ကျဆုံးခဲ့ကြရတဲ့ သူရဲကောင်းများကို ဦးညွှတ်အလေးပြုပါတယ်။

ဒီလိုမြို့ပြတိုက်ပွဲမျိုးက လွန်ခဲ့တဲ့လတွေတုန်းကလည်း တိုင်းပြည်နေရာတချို့မှာ ဖြစ်ခဲ့ပါတယ်၊ အခုချိန်မှာတော့ မြို့ပြပြောက်ကျားစနစ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုပြီး စစ်ကောင်စီတပ်များကို ဦးတည်တိုက်ပွဲဝင်လာကြတဲ့ အခြေအနေမျိုးတွေကို ပိုတွေ့လာရပါပြီ။

လူမှုကွန်ယက်မှာ အချင်းချင်းသတိပေး၊ တိုက်တွန်းနေကြတဲ့အချက်များထဲကလိုပါပဲ ၊ နှုတ်လုံဖို့၊ သတင်းမပေါက်ကြားဖို့၊ ပြည်သူ့တပ်ဖွဲ့ဝင်များအတွက် ပြည်သူတိုင်းက သတင်းပေးဖြစ်ကြဖို့၊ ဒါတွေအပြင် လိုအပ်လာချိန်မှာ တုတ်ရှိသူက တုတ်ဆွဲပြီး၊ရှိသူက..ဆွဲပြီး..ထွက်နိုင်ဖို့အတွက်လည်း အချိန်မရွေးရှိနေကြဖို့ပါပဲ။

စစ်ရေးအတွက်လည်း ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားကြဖို့လိုပါတယ်။ ရေဒီယို တစ်လုံးစီကစလို့၊ အရေးကြီးပစ္စည်းတွေ၊ ဆေးဝါးတွေ၊ ငွေကြေးတွေ စတာတွေကို အရေးအကြောင်း တနိုင်ဆွဲပြီး စစ်ရှောင်တိမ်းနိုင်ဖို့တွေအတွက်လည် ပြင်ဆင်ထားနိုင်ဖို့ တိုက်တွန်းပါတယ်။ကြီးမြတ်စွာ ကျဆုံးခဲ့တဲ့ သူရဲကောင်းများအားလုံးနဲ့ အဓမ္မဖမ်းဆီးခံ ရဲဘော်များအားလုံးကို ဦးညွတ်အလေးပြုပါတယ်။

Zawgyi

“ဒီကေန႔ မႏၲေလးမွာ ျပည္သူ႔တပ္ဖြဲ႕ဝင္ေတြနဲ႔ စစ္ေကာင္စီတပ္ေတြ ထိေတြ႕တိုက္ပြဲ ျဖစ္ၾကတယ္။ ဒီလိုျဖစ္တာမွာ ျပည္သူ႔တပ္ဖြဲ႕ဝင္ေတြအေနနဲ႔ ေသေသခ်ာခ်ာ ျပင္ဆင္ထားျခင္းမ်ားမရွိလိုက္ရတဲ့အတြက္ အထိအခိုက္အက်အဆုံးေတြ ရွိခဲ့ရပါတယ္။ အမွန္တရားဘက္မွာ ျပည့္ျပည့္ဝဝ ရပ္တည္ၿပီး ျပည္သူေတြကို ကာကြယ္ရင္း က်ဆုံးခဲ့ၾကရတဲ့ သူရဲေကာင္းမ်ားကို ဦးၫႊတ္အေလးျပဳပါတယ္။

ဒီလိုၿမိဳ႕ျပတိုက္ပြဲမ်ိဳးက လြန္ခဲ့တဲ့လေတြတုန္းကလည္း တိုင္းျပည္ေနရာတခ်ိဳ႕မွာ ျဖစ္ခဲ့ပါတယ္၊ အခုခ်ိန္မွာေတာ့ ၿမိဳ႕ျပေျပာက္က်ားစနစ္ကို တြင္တြင္က်ယ္က်ယ္အသုံးျပဳၿပီး စစ္ေကာင္စီတပ္မ်ားကို ဦးတည္တိုက္ပြဲဝင္လာၾကတဲ့ အေျခအေနမ်ိဳးေတြကို ပိုေတြ႕လာရပါၿပီ။

လူမႈကြန္ယက္မွာ အခ်င္းခ်င္းသတိေပး၊ တိုက္တြန္းေနၾကတဲ့အခ်က္မ်ားထဲကလိုပါပဲ ၊ ႏႈတ္လုံဖို႔၊ သတင္းမေပါက္ၾကားဖို႔၊ ျပည္သူ႔တပ္ဖြဲ႕ဝင္မ်ားအတြက္ ျပည္သူတိုင္းက သတင္းေပးျဖစ္ၾကဖို႔၊ ဒါေတြအျပင္ လိုအပ္လာခ်ိန္မွာ တုတ္ရွိသူက တုတ္ဆြဲၿပီး၊ရွိသူက..ဆြဲၿပီး..ထြက္ႏိုင္ဖို႔အတြက္လည္း အခ်ိန္မေ႐ြးရွိေနၾကဖို႔ပါပဲ။

စစ္ေရးအတြက္လည္း ျပင္ဆင္စရာရွိတာ ျပင္ဆင္ထားၾကဖို႔လိုပါတယ္။ ေရဒီယို တစ္လုံးစီကစလို႔၊ အေရးႀကီးပစၥည္းေတြ၊ ေဆးဝါးေတြ၊ ေငြေၾကးေတြ စတာေတြကို အေရးအေၾကာင္း တႏိုင္ဆြဲၿပီး စစ္ေရွာင္တိမ္းႏိုင္ဖို႔ေတြအတြက္လည္ ျပင္ဆင္ထားႏိုင္ဖို႔ တိုက္တြန္းပါတယ္။ႀကီးျမတ္စြာ က်ဆုံးခဲ့တဲ့ သူရဲေကာင္းမ်ားအားလုံးနဲ႔ အဓမၼဖမ္းဆီးခံ ရဲေဘာ္မ်ားအားလုံးကို ဦးၫြတ္အေလးျပဳပါတယ္။

Crd – Myanmar Celebrity TV Club