မိသားစုနဲ့အတူ ယနေ့ပြုလုပ်ဖြစ်ခဲ့တဲ့ ကောင်းမှုကုသိုလ် အလှူပုံရိပ်တွေကို ဝေမျှလာတဲ့ သူရိယ

သူရိယ ကတော့ ဗီဒီယို ဇာတ်ကားတွေကို စတင်ရိုက်ကူးခဲ့ရာကနေ ပရိသတ်တွေ ရဲ့ ရင်ထဲ စတင်ရောက် ရှိလာခဲ့တာပဲဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်ပြီး ခံစားသက်ဝင်မှု အပြည့်နဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ယနေ့ချိန်ထိ အောင်မြင်ကျော်ကြား လူကြိုက်များ နေတာပဲဖြစ်ပါတယ်။

သူရိယ ရဲ့ အပြုံးတွေကလည်း ကလေးတစ်ယောက်လို ဖြူစင်ရိုးသားနေတာကြောင့် ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ သည်းသည်းလှုပ်ချစ်တာကို ခံနေရတာပါ ။ဒါ့အပြင် အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း ရှေ့ဆုံးကနေ အမြဲလိုလို လှူဒါန်းတတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ် ။

သူရဲ့ အလှူပုံရိပ်လေးတွေကိုလည်း အများသူငါ သာဓု ခေါ်ဆိုနိုင်စေရန် ဖော်ပြပေးလေ့ရှိပါတယ် ။ အခုလည်း မိသားစုနဲ့အတူ ပြုလုပ်ခဲ့တဲ့ အလွန်မွန်မြတ်သော ကောင်းမှု ကုသိုလ် အလှူပုံလေးတွေကို ဝေမျှလာရာ သာဓု သုံးကြိမ် ခေါ်ဆိုရင်း ပရိသတ်ကြီး အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone




Yuan – Cele Zone