ကွယ်လွန်ခြင်း (၁၀)နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ ပြည်သူချစ်အနုပညာရှင် အကယ်ဒမီ ဦးမော့စ်

ဟာသ များဖြင့် အနုပညာကို ချစ်တဲ့ ပရိသတ်တိုင်းရဲ့ ဘဝအမောကို ပြေစေသူ ၊ ပရိသတ်တိုင်းရဲ့ ငယ်ဘဝမှာ မပါမဖြစ်ရှိခဲ့သူ ၊ တော့ပ်ယူနန် ကြော်ငြာဆိုတာနဲ့ ပြေးမြင်ရတဲ့အထိကို အနုပညာနဲ့ ပတ်သက်ရင် ပြောင်မြောက်အောင် ကြိုးစားလွန်းသူကတော့ အားလုံးကချစ်ကြတဲ့ အနုပညာရှင်ကြီး အကယ်ဒမီ ဦးမော့စ်ပဲ ဖြစ်ပါတယ်။

ဦးမော့စ် ဟာ ဇာတ်သဘင်လောကမှာ ကားလိပ်ဆွဲ ဘဝမှစတင် ကြိုးစားခဲ့သူတစ်ဦးဖြစ်ပြီး နောက်ပိုင်းမှာ လူရွှင်တော် အဖြစ်သော်လည်းကောင်း ၊ ဟာသသရုပ်ဆောင်အဖြစ်သော်လည်းကောင်း အနုပညာလောကထဲသို့ စတင်ခြေလှမ်းချလာခဲ့သူတစ်ဦးဖြစ်ပြီး (၂၀၁၁) ခုနှစ်မှာတော့ အကောင်းဆုံးသောအမျိုးသားဇာတ်ပို့ဆုကို ဆွတ်ခူးရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။

ဦးမော့စ် ဟာ လွန်ခဲ့တဲ့ (၁၀) နှစ် ၊ (၂၀၁၃) ခုနှစ် ၊ ဖေဖော်ဝါရီ (၁၃) ရက်နေ့ ၊ အသက် (၅၉) နှစ်အရွယ်မှာ အသည်းရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး ဒီကနေ့ ဟာ ဦးမော့စ် ကွယ်လွန်ခြင်း (၁၀)နှစ်ပြည့်အထိမ်းအမှတ်နေ့တစ်နေ့ဖြစ်ပါတယ်။ ဦးမော့စ် ကို ချစ်ကြတဲ့ ပရိသတ်တွေ ဦးမော့စ်ကို အလွမ်း‌ပြေစေရန် အခုလိုရေးသားဖော်ပြလိုက်ရပါတယ်။


