
ပရိသတ်ကြီးရေ ခေးဆက်သွင်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးလေးတစ်လက်ပဲဖြစ်ပါတယ်။ ပြီးခဲ့တ့ လအနည်းငယ်ကတော့ သူ့ရဲ့ချစ်သူလေးနဲ့ရွှေလက်တွဲခဲ့တာ ပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မယ်ထင်ပါတယ်နော်။
ခေးဆက်သွင်ကတော့ အိမ်ထောင်ကျပြီးနောက်လည်း ခင်ပွန်းဖြစ်သူနဲ့ အချစ်ခံ အလိုလိုက်ခံနေရတာကြောင့် ပရိသတ်တွေကပါ ခေးဆက်သွင်ကို အားကျနေခဲ့ရတဲ့အထိပါပဲနော်။ ဒီနေ့မှာကျရောက်တဲ့ ချစ်သူများနေ့မှာလည်း ခေးဆက်သွင်ကခင်ပွန်းဆီကတော့ Surprise လက်ဆောင်လေးရရှိခဲ့တာကြောင့် ကြည်နူးပီတိဖြစ်နေခဲ့ပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။
အိပ်ပျော်နေတဲ့အချိန် ခင်ပွန်းဖြစ်သူက သူငယ်ချင်းဖြစ်သူ သရုပ်ဆောင် စိုပြေမြင့်ရဲ့ အကူအညီနဲ့ ခေးကို Surprise တိုက်ခဲ့တာပဲဖြစ်ပါတယ်။ CeleZone ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် ခေးကတော့ ရှယ်ကို အချစ်ခံနေရတာနော်။
Source – Khay Sett Thwin
Chilli – CeleZone
ပရိသတ္ႀကီးေရ ေခးဆက္သြင္ကေတာ့ ပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈကို အျပည့္အဝရရွိထားတဲ့ ပရိသတ္အခ်စ္ေတာ္ မင္းသမီးေလးတစ္လက္ပဲျဖစ္ပါတယ္။ ၿပီးခဲ့တ့ လအနည္းငယ္ကေတာ့ သူ႔ရဲ႕ခ်စ္သူေလးနဲ႔ေ႐ႊလက္တြဲခဲ့တာ ပရိသတ္ေတြလည္း သိရွိၿပီးသားျဖစ္မယ္ထင္ပါတယ္ေနာ္။
ေခးဆက္သြင္ကေတာ့ အိမ္ေထာင္က်ၿပီးေနာက္လည္း ခင္ပြန္းျဖစ္သူနဲ႔ အခ်စ္ခံ အလိုလိုက္ခံေနရတာေၾကာင့္ ပရိသတ္ေတြကပါ ေခးဆက္သြင္ကို အားက်ေနခဲ့ရတဲ့အထိပါပဲေနာ္။ ဒီေန႔မွာက်ေရာက္တဲ့ ခ်စ္သူမ်ားေန႔မွာလည္း ေခးဆက္သြင္ကခင္ပြန္းဆီကေတာ့ Surprise လက္ေဆာင္ေလးရရွိခဲ့တာေၾကာင့္ ၾကည္ႏူးပီတိျဖစ္ေနခဲ့ၿပီး သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန မွ်ေဝေဖာ္ျပလာခဲ့ပါတယ္။
အိပ္ေပ်ာ္ေနတဲ့အခ်ိန္ ခင္ပြန္းျဖစ္သူက သူငယ္ခ်င္းျဖစ္သူ သ႐ုပ္ေဆာင္ စိုေျပျမင့္ရဲ႕ အကူအညီနဲ႔ ေခးကို Surprise တိုက္ခဲ့တာပဲျဖစ္ပါတယ္။ CeleZone ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ေခးကေတာ့ ရွယ္ကို အခ်စ္ခံေနရတာေနာ္။
Source – Khay Sett Thwin
Chilli – CeleZone