မြန်မာပြည်မှာ အမှိုက် ဖြစ်နေပေမယ့် တရုတ်ပြည်မှာ အထူးဈေးကောင်းလှတဲ့ မြန်မာပြည်ထွက် ပေပင် ၊ ပေသီး….

မြန်မာပြည်မှာ အမှိုက်..ဒါပေမယ့် တရုပ်ပြည်မှာ အထူးပင် ဈေးကောင်းလှတဲ့ ပေသီး၊ ပေပင်…

မရိုးကုန်းရွာသွားစဉ် ပေပင်ကြီးတပင်ပွင့် နေတာကိုမြင်ခဲ့ရသည်၊ ကျနော့်ကိုလာကြိုသော တပည့်ကျော် အောင်သူက အပင်ကိုကြည့်ပြီး မှတ်ချက်ပြုသည်၊ ဆရာကြီး အဲဒါ “သေပန်းပွင့်” တယ်လို့ခေါ်တယ်၊ ဒေသရိယ စကားပေမို့ စိတ်ထပြုံးမိသည်၊

သူပြောတာလည်း မမှားပါဘူး ပန်းပွင့်ပြီးရင် ဒီပေပင်ကြီးက သေတော့မှာပါ၊ “ပေတသီး ကျီးတသား” ဆိုတဲ့ စကားက ဒီအချက်ကိုရည်ညွှန်းလို့နေပါတယ်၊ ပေပင်တပင်၏သက်တန်းက အနှစ် ၆၀ နီးပါးထိတောင်ရှည်တတ်တယ်လို့မှတ်သားဖူးပါသည်၊

ဒေသကလေးတွေက ပေသီးနုနုရရင် အပေါ်အခွံကိုခွာ အစေ့နှင့် အခွံကြားက အရသာရှိသော အပိုင်းလေး ကိုစားကြသည် စိမ့်သောအရသာရှိပြီး ထန်းသီးဆန်ထက် ပိုနုညံသည် လို့ပြောပြသည်၊ အညာဒေသမှာ အခုလို ပေပန်းပွင့်ပြီးရင်ပေရည်ထုတ်ကြသည်

ရေမြေကောင်းရင်ကောင်းသလို ပေရည်က စဉ့်အိုးကြီး ၂ လုံး ၃ လုံးမက ရကြသည်၊ ပေရည်သည် ထန်းရည်လိုဘဲ အရသာရှိသည်၊

အုန်းပင် ထန်းပင် တွေကို palm လို့ခေါ်သည်၊ ပေပင်သည် အကြီးဆုံးဖြစ်လို့ the largest palms လို့ခေါ်နိုင်သည်၊ အပင်အမြင့်သည် 82 ft အထိမြင့်တတ်ပြီး ပင်စည်အကျယ်မှာ တခါတရံ 4.3 ft လောက် အချင်းရှိတတ်သည်၊

ကမ္ဘာပေါ်တွင်အကြီးဆုံးအပင်တပင်လည်းဖြစ်သည်၊ အရွက်ကြီး တွေကလည်းကြီးလှသည် ၁၆ ပေနီးပါးကျယ်ပြီး ရွက်ညှာ အရှည်မှာ ၁၃ ပေနီးပါးရှည်သည်။ အရွက်များသည် ပင်စည်၏ထိပ်ဖြားတွင် စုလျှက် ထွက်ကြသည်၊ အရွက်ပမာဏ ၁၀၀ ကျော်ခန့်ရှိသည်၊

ကမ္ဘာပေါ်မှာအကြီးဆုံးပန်းကြီး ၂ ပွင့်ရှိသည် ပထမက လူတရပ်ကျော်သည်အထိကြီးမားသည့် ပိန်းပွင့်ကြီး Amorphophallus titanum ဖြစ်သည်၊ နောက်တပွင့်က ရီဖလက်စီးယား ခေါ် Rafflesia arnoldii ဖြစ်ပြီးတပွင့်ထဲသာပွင့်သည်၊

ဒီပန်းတွေကိုပြတိုက်တွေမှာထားသည်၊ ပန်းပွင့်ချိန်ဆို လူတွေ တခုတရ သွားကြည့်ကြသည်၊ ကမ္ဘာကျော် ဂင်းနစ်စာအုပ်ထဲတွင် စာရင်းသွင်းထားသည်၊ တကယ်တော့ ကမ္ဘာပေါ်မှာ အကြီးဆုံးပန်းခိုင် က ၂ ခုမဟုတ်ပါ ၊ ၃ ခုဖြစ်သည်

နောက်တခုက ကျနော်တို့အညာက ပေပန်းဖြစ်သည်၊ ပေပန်းခိုင်သည် ကမ္ဘာပေါ်တွင်အကြီးဆုံးပန်းခိုင်ဖြစ်သည် အမြင့် ၂၆ ပေရှိသည်၊ ပန်းပွင့်ကလေးတွေကို ရေတွက်ဖို့ လုံးဝမဖြစ်နိုင် သန်းနဲ့ချီပြီးပါသည် ၊

ကျနော်အနေဖြင့် ကမ္ဘာပေါ်မှာ အကြီးဆုံးပန်းခိုင်ရှိသည့်အပင်ကြီးကို ထိတွေ့ကိုင်တွယ်ရတာမို့ အလွန်ဘဲကြေနပ်မိသည်၊ MSc သတ္တဗေဒနဲ့ ကျောင်းပြီးသော မောင်အောင်သူ ကိုသာ အပင်ကြီးအကြောင်း ရှင်းပြနေမိသည်၊ ရုက္ခဗေဒ ကျောင်းသား သူတိုင်း သိသင့်သော အပင်ကြီးတပင်ဖြစ်သည်၊

အခုကျနောတွေ့သောပေပင်က ပန်းပွင့်ပြီးသွားလို့ အသီးတွေတင်နေပါဘီ၊ ကင်မရာထဲမှာမြင်ရသောအသီးလေးတွေက ထောင်ပေါင်းများစွာရှိနေလို့ ရေတွက်လို့မစွမ်းပါဘူး၊

အညာမှာပေသီးက သိပ် အသုံးဝင်ပုံမရပါဘူး၊ ဒါပေမဲ့နောက်ပိုင်း အဝေးပြေး ကားမောင်းသမားတွေမှီဖို့ အညောင်းဖြေ ထိုင်ခုံခင်းလုပ်ကြတယ်လို့ သိရသည်၊

ပေသီးနဲ့ပတ်သက်လို့အတွေ့ အကြုံတခုတင်ပြခြင်မိသည်၊ တရုပ်ပြည်ရောက်တော့ လက်ကောက်ဝတ်မှာဝတ်သော ပုတီး ၊ လည်မှာဆွဲသော ပုတီးမျိုးစုံတွေ့ခဲ့ရသည်၊

တရုပ်အတော်များများက ကံကောင်းသည့် အဆောင်အယောင် တခုသဖွယ်ဝတ်ဆင်ကြသည်၊ နိုင်ငံခြားသားအများစုလာသော ဖူကျို့မြို့က ရှေးဟောင်းပစ္စည်းဆိုင်လေးတွေမှာ ပုတီးအစုံတွေ့ခဲ့ရသည်၊ သစ်သားကိုပွတ်ထိုးပြီးလုပ်ထားသော လက်မှုအနုပညာ ပတီးတွေက စျေးတန်လှသည် ၊

အချို့က ၁၅၀၊ ၂၀၀၊ ၃၅၀ ယွမ်နီးပါး (မြန်မာငွေ ၇ သောင်းကျော်)၊ ထိုအထဲတွင် မြန်မာပြည်က ပေသီးပုတီးကတော့ စျေးအတော်တန်လှသည်၊ Why? ဘာ့ကြောင့်လည်း၊ ပေပင်ဆိုတာမျိုး ပူပြင်းသွေ့ခြောက်ပြီး ရေနဲသောအရပ်ကိုသိပ်ကြိုက်သည်၊

တချိန်က ပေပင်များစွာရှိခဲ့ သော ဂန့်ဂေါမြေက ထင်ရှားလှသည်၊ တရုပ်နိုင်ငံက မိုးများသည် ရာသီဥတု စွတ်စိုသည် အအေးပိုသည် ၊ ပေပင်တွေရှင်သန်ဖို့မဖြစ်နိုင်၊ ခရီးစဉ်တလျှောက်လုံးပေပင်မမြင်ခဲ့ရပါ၊ ပေသီးကို ရဖို့ နိုင်ငံခြားမှာမှဖြစ်မည်၊ စျေးကောင်းတာဒါ့ကြောင့်ဖြစ်မည်၊

ဒါကိုကြည့်ပြီး ကိုယ့်ရေမြေဒေသကို အလိုလို နှစ်သက်မိလာသည်၊ ဒီနိုင်ငံမှာ အမှိုက်ဖြစ်သောပေသီးက တရုပ်မှာ ရွှေဖြစ်နေသည်၊ “ပေသီးခေါက်သည်”ဆိုသော စကားပုံက ကပ်စေးနဲသည် တွန့်တိုသည် အဓိပ်ပါယျရှိမလားမသိ ၊

မြန်မာစာဆရာမဟုတ်လို့တိတိကျကျဘာသာမပြန်နိုင်ပာ၊ ဒါပေမဲ့ ကျနော့်အထင် တရုပ်လူမျိုးတွေဆီက လာပုံရသည်၊

ဒီပေပင်ကြီး အသက်ဘယ်လောက်ရှိမည် ကျနော်မသိပါ၊ အသီးနုတွေဝေပြီး မကြာခင်အသီးတွေမှည့်တော့မည်၊ အားလုံးပြီးရင် သူသေတော့မည်ဖြစ်သည်၊ သူ့ကိုကြည့်ရတာ စိတ်မချမ်းမသာတော့ဖြစ်မိသည်၊ အပင်ကြီးပုံက ဆေးရုံပေါ်တွင် အသက်ငင်နေသော လူမမာနဲ့ တူလှသည်၊

မျိုးဆက်အများ အပြားထားခဲ့ပြီးငြိမ်းချမ်းရာသွားတော့မည်ဖြစ်သည်၊ တာဝန်ကြေလှသောပေပင်ကြီးကို ကြည့်ရင်း နောက်ဆုံး ခရီးအတွက် စိတ်ထဲက နှုတ်ဆက်မိသည်၊

ပေရွက်တို့သည် ယပ်တောင်ပုံစံ ပြန့်ပြန့်ကားကားရှိလှသည်၊ ပေရွက်ကို ယပ်တောင်လုပ်ရာတွင်သုံးသည်၊ အထူးသဖြင့် ဇာတာရက်ချုပ်များဖွဲ့ရာတွင်သုံးကြသည်၊ ပေရွက်သည် ထန်းရွက်တို့ထက်ဗျက်ကျယ်ကာပျံ့ပြူးလှသည်၊

ရှေးက ပညာရှိများ ကဗျာ စာ ရေးဖွဲ့ရာမှာ ပေရွက်ကမပါမဖြစ်ခြေ၊ ပေလေးပင် ရှင်လေးပါးဆိုသည်မှာ ပေပင်နှင့်ဆက်နွယ်နေသော စကားစုဖြစ်ရမည်၊ ပေရွက်တို့သည် အကြမ်းခံလှသည် တော်ရုံဖြင့်မဆွေးမြေ့ မပျက်စီးပါ ၊ နှစ်ပေါင်း ရာချီထောင်ချီရှိနိုင်သည်မို့ ပေရွက်ကို ရွေးချယ်ခဲ့မည်ဟု ခန့်မှန်းရသည်၊

ပေပင်အကြောင်းရေးရလျှင်များစွာကျန်ပါသေးသည်၊ ရုက္ခဗေဒဘာသာရပ်ကိုသင်ယူနေသော တပည့်များကို တိုက်တွန်းလိုသည်မှာ ခရီးထွက်ဖို့လိုသည်၊ စာသင်ခန်းထဲက မပေးနိုင်သော အသိတရားတွေကို ခရီးကပေးနိုင်သည်၊

စာသင်ရာမှာ blackboard မြေဖြူပါးစပ် နဲ့တင်မရပါ ၊ အပြင်လောကမှာ ကျနော်တို့မသိသေးသော အပင်တွေအများကြီးရှိနေပါသေးသည်၊ လေ့လာစရာကားမကုန်နိုင်၊ ခရီးထွက်လေ အသိတိုးလေဖြစ်မည်၊

နိုင်ငံခြားမှာမရှိသော Biodiversity တွေကျနော်တို့မှာရှိနေသည်၊ အပင်မျိုးစုံသော အမိမြေအတွက် ဂုဏ်ယူနေရင်း..ဒီစာစုကိုရေးမိသည်..

သက်နိုင်ဦး ၁၂.၆.၂၀၁၇ မုံရွာတက္ကသိုလ် / မှီငြမ်းမှုပြုရသောပုံများအတွက်အထူးကျေးဇူးတင်ပါသည်

#ဆရာသက်နိုင်ဦးရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှ ၂၀၁၇ ခုနှစ်က တင်ခဲ့တဲ့ပို့စ်ပါ။ ဗဟုသုတရစေလိုသောရည်ရွယ်ချက်ဖြင့် ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။

greenness

crd

Zawgyi

ျမန္မာျပည္မွာ အမႈိက္..ဒါေပမယ့္ တ႐ုပ္ျပည္မွာ အထူးပင္ ေဈးေကာင္းလွတဲ့ ေပသီး၊ ေပပင္…

မ႐ိုးကုန္း႐ြာသြားစဥ္ ေပပင္ႀကီးတပင္ပြင့္ ေနတာကိုျမင္ခဲ့ရသည္၊ က်ေနာ့္ကိုလာႀကိဳေသာ တပည့္ေက်ာ္ ေအာင္သူက အပင္ကိုၾကည့္ၿပီး မွတ္ခ်က္ျပဳသည္၊ ဆရာႀကီး အဲဒါ “ေသပန္းပြင့္” တယ္လို႔ေခၚတယ္၊ ေဒသရိယ စကားေပမို႔ စိတ္ထၿပဳံးမိသည္၊

သူေျပာတာလည္း မမွားပါဘူး ပန္းပြင့္ၿပီးရင္ ဒီေပပင္ႀကီးက ေသေတာ့မွာပါ၊ “ေပတသီး က်ီးတသား” ဆိုတဲ့ စကားက ဒီအခ်က္ကိုရည္ၫႊန္းလို႔ေနပါတယ္၊ ေပပင္တပင္၏သက္တန္းက အႏွစ္ ၆၀ နီးပါးထိေတာင္ရွည္တတ္တယ္လို႔မွတ္သားဖူးပါသည္၊

ေဒသကေလးေတြက ေပသီးႏုႏုရရင္ အေပၚအခြံကိုခြာ အေစ့ႏွင့္ အခြံၾကားက အရသာရွိေသာ အပိုင္းေလး ကိုစားၾကသည္ စိမ့္ေသာအရသာရွိၿပီး ထန္းသီးဆန္ထက္ ပိုႏုညံသည္ လို႔ေျပာျပသည္၊ အညာေဒသမွာ အခုလို ေပပန္းပြင့္ၿပီးရင္ေပရည္ထုတ္ၾကသည္

ေရေျမေကာင္းရင္ေကာင္းသလို ေပရည္က စဥ့္အိုးႀကီး ၂ လုံး ၃ လုံးမက ရၾကသည္၊ ေပရည္သည္ ထန္းရည္လိုဘဲ အရသာရွိသည္၊

အုန္းပင္ ထန္းပင္ ေတြကို palm လို႔ေခၚသည္၊ ေပပင္သည္ အႀကီးဆုံးျဖစ္လို႔ the largest palms လို႔ေခၚႏိုင္သည္၊ အပင္အျမင့္သည္ 82 ft အထိျမင့္တတ္ၿပီး ပင္စည္အက်ယ္မွာ တခါတရံ 4.3 ft ေလာက္ အခ်င္းရွိတတ္သည္၊

ကမာၻေပၚတြင္အႀကီးဆုံးအပင္တပင္လည္းျဖစ္သည္၊ အ႐ြက္ႀကီး ေတြကလည္းႀကီးလွသည္ ၁၆ ေပနီးပါးက်ယ္ၿပီး ႐ြက္ညႇာ အရွည္မွာ ၁၃ ေပနီးပါးရွည္သည္။ အ႐ြက္မ်ားသည္ ပင္စည္၏ထိပ္ျဖားတြင္ စုလွ်က္ ထြက္ၾကသည္၊ အ႐ြက္ပမာဏ ၁၀၀ ေက်ာ္ခန္႔ရွိသည္၊

ကမာၻေပၚမွာအႀကီးဆုံးပန္းႀကီး ၂ ပြင့္ရွိသည္ ပထမက လူတရပ္ေက်ာ္သည္အထိႀကီးမားသည့္ ပိန္းပြင့္ႀကီး Amorphophallus titanum ျဖစ္သည္၊ ေနာက္တပြင့္က ရီဖလက္စီးယား ေခၚ Rafflesia arnoldii ျဖစ္ၿပီးတပြင့္ထဲသာပြင့္သည္၊

ဒီပန္းေတြကိုျပတိုက္ေတြမွာထားသည္၊ ပန္းပြင့္ခ်ိန္ဆို လူေတြ တခုတရ သြားၾကည့္ၾကသည္၊ ကမာၻေက်ာ္ ဂင္းနစ္စာအုပ္ထဲတြင္ စာရင္းသြင္းထားသည္၊ တကယ္ေတာ့ ကမာၻေပၚမွာ အႀကီးဆုံးပန္းခိုင္ က ၂ ခုမဟုတ္ပါ ၊ ၃ ခုျဖစ္သည္

ေနာက္တခုက က်ေနာ္တို႔အညာက ေပပန္းျဖစ္သည္၊ ေပပန္းခိုင္သည္ ကမာၻေပၚတြင္အႀကီးဆုံးပန္းခိုင္ျဖစ္သည္ အျမင့္ ၂၆ ေပရွိသည္၊ ပန္းပြင့္ကေလးေတြကို ေရတြက္ဖို႔ လုံးဝမျဖစ္ႏိုင္ သန္းနဲ႔ခ်ီၿပီးပါသည္ ၊

က်ေနာ္အေနျဖင့္ ကမာၻေပၚမွာ အႀကီးဆုံးပန္းခိုင္ရွိသည့္အပင္ႀကီးကို ထိေတြ႕ကိုင္တြယ္ရတာမို႔ အလြန္ဘဲေၾကနပ္မိသည္၊ MSc သတၱေဗဒနဲ႔ ေက်ာင္းၿပီးေသာ ေမာင္ေအာင္သူ ကိုသာ အပင္ႀကီးအေၾကာင္း ရွင္းျပေနမိသည္၊ ႐ုကၡေဗဒ ေက်ာင္းသား သူတိုင္း သိသင့္ေသာ အပင္ႀကီးတပင္ျဖစ္သည္၊

အခုက်ေနာေတြ႕ေသာေပပင္က ပန္းပြင့္ၿပီးသြားလို႔ အသီးေတြတင္ေနပါဘီ၊ ကင္မရာထဲမွာျမင္ရေသာအသီးေလးေတြက ေထာင္ေပါင္းမ်ားစြာရွိေနလို႔ ေရတြက္လို႔မစြမ္းပါဘူး၊

အညာမွာေပသီးက သိပ္ အသုံးဝင္ပုံမရပါဘူး၊ ဒါေပမဲ့ေနာက္ပိုင္း အေဝးေျပး ကားေမာင္းသမားေတြမွီဖို႔ အေညာင္းေျဖ ထိုင္ခုံခင္းလုပ္ၾကတယ္လို႔ သိရသည္၊

ေပသီးနဲ႔ပတ္သက္လို႔အေတြ႕ အႀကဳံတခုတင္ျပျခင္မိသည္၊ တ႐ုပ္ျပည္ေရာက္ေတာ့ လက္ေကာက္ဝတ္မွာဝတ္ေသာ ပုတီး ၊ လည္မွာဆြဲေသာ ပုတီးမ်ိဳးစုံေတြ႕ခဲ့ရသည္၊

တ႐ုပ္အေတာ္မ်ားမ်ားက ကံေကာင္းသည့္ အေဆာင္အေယာင္ တခုသဖြယ္ဝတ္ဆင္ၾကသည္၊ ႏိုင္ငံျခားသားအမ်ားစုလာေသာ ဖူက်ိဳ႕ၿမိဳ႕က ေရွးေဟာင္းပစၥည္းဆိုင္ေလးေတြမွာ ပုတီးအစုံေတြ႕ခဲ့ရသည္၊ သစ္သားကိုပြတ္ထိုးၿပီးလုပ္ထားေသာ လက္မႈအႏုပညာ ပတီးေတြက ေစ်းတန္လွသည္ ၊

အခ်ိဳ႕က ၁၅၀၊ ၂၀၀၊ ၃၅၀ ယြမ္နီးပါး (ျမန္မာေငြ ၇ ေသာင္းေက်ာ္)၊ ထိုအထဲတြင္ ျမန္မာျပည္က ေပသီးပုတီးကေတာ့ ေစ်းအေတာ္တန္လွသည္၊ Why? ဘာ့ေၾကာင့္လည္း၊ ေပပင္ဆိုတာမ်ိဳး ပူျပင္းေသြ႕ေျခာက္ၿပီး ေရနဲေသာအရပ္ကိုသိပ္ႀကိဳက္သည္၊

တခ်ိန္က ေပပင္မ်ားစြာရွိခဲ့ ေသာ ဂန္႔ေဂါေျမက ထင္ရွားလွသည္၊ တ႐ုပ္ႏိုင္ငံက မိုးမ်ားသည္ ရာသီဥတု စြတ္စိုသည္ အေအးပိုသည္ ၊ ေပပင္ေတြရွင္သန္ဖို႔မျဖစ္ႏိုင္၊ ခရီးစဥ္တေလွ်ာက္လုံးေပပင္မျမင္ခဲ့ရပါ၊ ေပသီးကို ရဖို႔ ႏိုင္ငံျခားမွာမွျဖစ္မည္၊ ေစ်းေကာင္းတာဒါ့ေၾကာင့္ျဖစ္မည္၊

ဒါကိုၾကည့္ၿပီး ကိုယ့္ေရေျမေဒသကို အလိုလို ႏွစ္သက္မိလာသည္၊ ဒီႏိုင္ငံမွာ အမႈိက္ျဖစ္ေသာေပသီးက တ႐ုပ္မွာ ေ႐ႊျဖစ္ေနသည္၊ “ေပသီးေခါက္သည္”ဆိုေသာ စကားပုံက ကပ္ေစးနဲသည္ တြန္႔တိုသည္ အဓိပ္ပါယ်ရွိမလားမသိ ၊

ျမန္မာစာဆရာမဟုတ္လို႔တိတိက်က်ဘာသာမျပန္ႏိုင္ပာ၊ ဒါေပမဲ့ က်ေနာ့္အထင္ တ႐ုပ္လူမ်ိဳးေတြဆီက လာပုံရသည္၊

ဒီေပပင္ႀကီး အသက္ဘယ္ေလာက္ရွိမည္ က်ေနာ္မသိပါ၊ အသီးႏုေတြေဝၿပီး မၾကာခင္အသီးေတြမွည့္ေတာ့မည္၊ အားလုံးၿပီးရင္ သူေသေတာ့မည္ျဖစ္သည္၊ သူ႔ကိုၾကည့္ရတာ စိတ္မခ်မ္းမသာေတာ့ျဖစ္မိသည္၊ အပင္ႀကီးပုံက ေဆး႐ုံေပၚတြင္ အသက္ငင္ေနေသာ လူမမာနဲ႔ တူလွသည္၊

မ်ိဳးဆက္အမ်ား အျပားထားခဲ့ၿပီးၿငိမ္းခ်မ္းရာသြားေတာ့မည္ျဖစ္သည္၊ တာဝန္ေၾကလွေသာေပပင္ႀကီးကို ၾကည့္ရင္း ေနာက္ဆုံး ခရီးအတြက္ စိတ္ထဲက ႏႈတ္ဆက္မိသည္၊

ေပ႐ြက္တို႔သည္ ယပ္ေတာင္ပုံစံ ျပန္႔ျပန္႔ကားကားရွိလွသည္၊ ေပ႐ြက္ကို ယပ္ေတာင္လုပ္ရာတြင္သုံးသည္၊ အထူးသျဖင့္ ဇာတာရက္ခ်ဳပ္မ်ားဖြဲ႕ရာတြင္သုံးၾကသည္၊ ေပ႐ြက္သည္ ထန္း႐ြက္တို႔ထက္ဗ်က္က်ယ္ကာပ်ံ႕ျပဴးလွသည္၊

ေရွးက ပညာရွိမ်ား ကဗ်ာ စာ ေရးဖြဲ႕ရာမွာ ေပ႐ြက္ကမပါမျဖစ္ေျခ၊ ေပေလးပင္ ရွင္ေလးပါးဆိုသည္မွာ ေပပင္ႏွင့္ဆက္ႏြယ္ေနေသာ စကားစုျဖစ္ရမည္၊ ေပ႐ြက္တို႔သည္ အၾကမ္းခံလွသည္ ေတာ္႐ုံျဖင့္မေဆြးေျမ့ မပ်က္စီးပါ ၊ ႏွစ္ေပါင္း ရာခ်ီေထာင္ခ်ီရွိႏိုင္သည္မို႔ ေပ႐ြက္ကို ေ႐ြးခ်ယ္ခဲ့မည္ဟု ခန္႔မွန္းရသည္၊

ေပပင္အေၾကာင္းေရးရလွ်င္မ်ားစြာက်န္ပါေသးသည္၊ ႐ုကၡေဗဒဘာသာရပ္ကိုသင္ယူေနေသာ တပည့္မ်ားကို တိုက္တြန္းလိုသည္မွာ ခရီးထြက္ဖို႔လိုသည္၊ စာသင္ခန္းထဲက မေပးႏိုင္ေသာ အသိတရားေတြကို ခရီးကေပးႏိုင္သည္၊

စာသင္ရာမွာ blackboard ေျမျဖဴပါးစပ္ နဲ႔တင္မရပါ ၊ အျပင္ေလာကမွာ က်ေနာ္တို႔မသိေသးေသာ အပင္ေတြအမ်ားႀကီးရွိေနပါေသးသည္၊ ေလ့လာစရာကားမကုန္ႏိုင္၊ ခရီးထြက္ေလ အသိတိုးေလျဖစ္မည္၊

ႏိုင္ငံျခားမွာမရွိေသာ Biodiversity ေတြက်ေနာ္တို႔မွာရွိေနသည္၊ အပင္မ်ိဳးစုံေသာ အမိေျမအတြက္ ဂုဏ္ယူေနရင္း..ဒီစာစုကိုေရးမိသည္..

သက္ႏိုင္ဦး ၁၂.၆.၂၀၁၇ မုံ႐ြာတကၠသိုလ္ / မွီျငမ္းမႈျပဳရေသာပုံမ်ားအတြက္အထူးေက်းဇူးတင္ပါသည္

#ဆရာသက္ႏိုင္ဦးရဲ႕ ေဖ့ဘြတ္ခ္စာမ်က္ႏွာမွ ၂၀၁၇ ခုႏွစ္က တင္ခဲ့တဲ့ပို႔စ္ပါ။ ဗဟုသုတရေစလိုေသာရည္႐ြယ္ခ်က္ျဖင့္ ျပန္လည္မွ်ေဝျခင္း ျဖစ္ပါသည္။

greenness

crd