အဆိုတော် ရေမွန် သေဆုံးရခြင်းအဖြစ်အမှန်ကို နိုဗန်ထူး ဖြေရှင်း

{"uid":"168D9ABC-E037-4F23-B30D-96AD2A4DED60_1624441791335","source":"other","origin":"unknown"}

အဆိုတော် ရေမွန် ရုတ်တရက် သေဆုံးတာနဲ့ပတ်သက်ပြီး ကောလာဟလတွေ ထွက်နေသလိုမဟုတ်ပဲ ငှက်ဖျားရောဂါနဲ့ သာကွယ်လွန်တာ ဖြစ်တယ်လို့ သူနဲ့အတူနေ ဂီတညီအကို နိုဗန်ထူးက ပြောပါတယ်။

သူက တရှောင်ရှောင်ဖြစ်နေတာတော့ နည်းနည်းကြာနေပြီ၊ ဒီနေ့မနက် မှ ရုတ်တရက် ဖြစ်သွားတာ။ မနက်ကတော်တော်နဲ့ မနိုးတော့ ပထမ အိပ်နေတယ် ထင်သေးတယ်။ သိတဲ့အချိန်မှာ အသက်ကယ်ဖို့ကြိုးစားကြပေမယ့်အချိန်မမှီတော့ဘူး ။ အနားမှာ ရဲဘော်ရဲဘက်ဘော်ဒါတွေလည်း ရှိတယ်။ အပြင်မှာ ပြောနေကြတဲ့ ကောလာဟလတွေလို လုံးဝ မဟုတ်ပါဘူးလို့ နိုဗန်ထူးက ပြောပါတယ် ။

ရေမွန်နဲ့အတူ နိုဗန်ထူးတို့လူငယ်တွေဟာစ်အုပ်စုရဲ့ တရားမဝင်အာဏာသိမ်းမှုကို လက်မခံကြပဲ ၊ မြို့ပြဆန္ဒပြပွဲတွေကနေတဆင့် လွတ်မြောက်နယ်မြေကို အတူတူရောက်လာကြတာ ဖြစ်ပါတယ်။ရေမွန်ရဲ့ စျာပန အစီအစဥ်ကိုဘယ်လိုကျင်းပမယ်ဆိုတာကိုတော့ မိသားစုဝင်တွေနဲ့ တိုင်ပင်ပြီး ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။

Zawgyi

အဆိုေတာ္ ေရမြန္ ႐ုတ္တရက္ ေသဆုံးတာနဲ႔ပတ္သက္ၿပီး ေကာလာဟလေတြ ထြက္ေနသလိုမဟုတ္ပဲ ငွက္ဖ်ားေရာဂါနဲ႔ သာကြယ္လြန္တာ ျဖစ္တယ္လို႔ သူနဲ႔အတူေန ဂီတညီအကို ႏိုဗန္ထူးက ေျပာပါတယ္။

သူက တေရွာင္ေရွာင္ျဖစ္ေနတာေတာ့ နည္းနည္းၾကာေနၿပီ၊ ဒီေန႔မနက္ မွ ႐ုတ္တရက္ ျဖစ္သြားတာ။ မနက္ကေတာ္ေတာ္နဲ႔ မႏိုးေတာ့ ပထမ အိပ္ေနတယ္ ထင္ေသးတယ္။ သိတဲ့အခ်ိန္မွာ အသက္ကယ္ဖို႔ႀကိဳးစားၾကေပမယ့္အခ်ိန္မမွီေတာ့ဘူး ။ အနားမွာ ရဲေဘာ္ရဲဘက္ေဘာ္ဒါေတြလည္း ရွိတယ္။ အျပင္မွာ ေျပာေနၾကတဲ့ ေကာလာဟလေတြလို လုံးဝ မဟုတ္ပါဘူးလို႔ ႏိုဗန္ထူးက ေျပာပါတယ္ ။

ေရမြန္နဲ႔အတူ ႏိုဗန္ထူးတို႔လူငယ္ေတြဟာစ္အုပ္စုရဲ႕ တရားမဝင္အာဏာသိမ္းမႈကို လက္မခံၾကပဲ ၊ ၿမိဳ႕ျပဆႏၵျပပြဲေတြကေနတဆင့္ လြတ္ေျမာက္နယ္ေျမကို အတူတူေရာက္လာၾကတာ ျဖစ္ပါတယ္။ေရမြန္ရဲ႕ စ်ာပန အစီအစဥ္ကိုဘယ္လိုက်င္းပမယ္ဆိုတာကိုေတာ့ မိသားစုဝင္ေတြနဲ႔ တိုင္ပင္ၿပီး ဆုံးျဖတ္သြားမယ္လို႔ ဆိုပါတယ္။