ထီပေါက်တာကို ဇနီးဖြစ်သူမသိအောင် ၂ နှစ်ကြာ ဖုံးကွယ်ထားတဲ့ အမျိုးသား၊ ဇနီးဖြစ်သူသိသွားတဲ့အခါ….

ထီပေါက်တာကို ဇနီးမသိအောင် ဖုံးကွယ်ထားတဲ့ အမျိုးသား

ယွမ် ၁၀ သန်းဆု (အမေရိကန်ဒေါ်လာ ၁.၅ သန်း) ထီပေါက်ခဲ့တဲ့ တရုတ်အမျိုးသားဟာ ဇနီးသည် မသိအောင် ၂ နှစ်ကြာ ဖုံးကွယ်ထားခဲ့ပါတယ်။

ကျိုးလို့ အမည်ရတဲ့ အမျိုးသားဟာ ၂၀၂၁ ခုနှစ်က ယွမ် ၁၀ သန်းဆု ထီပေါက်ခဲ့ပြီး အခွန်ဆောင်ပြီးချိန်မှာ ယွမ် ၈.၄၃ သန်း ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါဟာ မိသားစုဘ၀ ပြောင်းလဲသွားစေတဲ့ ငွေပမာဏဖြစ်ပေမဲ့ ကျိုးက သူ့မိန်းမကို မပြောခဲ့ပါဘူး။

ထီဆုကြေးငွေ ရချိန်မှာ သူ့အစ်မကို ယွမ် ၂ သန်းပေးခဲ့ပြီး ဇနီးဟောင်းဖြစ်သူ တိုက်ခန်းဝယ်ဖို့အတွက် ယွမ် ၇ သိန်း ပေးခဲ့ပါတယ်။ ၂ နှစ်အကြာမှာတော့ ကျိုးရဲ့ဇနီးက ဒီအကြောင်း သိသွားပြီး ကွာရှင်းခွင့်တောင်းခဲ့သလို ထီဆုကြေးငွေ ခွဲပေးဖို့လည်း တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။

ကျိုးရဲ့ထီဆုကြေးငွေဟာ သူနဲ့လည်း သက်ဆိုင်တယ်လို့ ဇနီးဖြစ်သူက လျှောက်ထားခဲ့ပြီး (သူ့အစ်မနဲ့ ဇနီးဟောင်းထံ ကျိုး ပေးပို့ခဲ့တဲ့) ယွမ် ၂.၇ သန်းထဲကနေ ၃ ပုံ၊ ၂ ပုံ ခွဲပေးဖို့ တောင်းဆိုခဲ့တာပါ။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ ဝမ်ကျိုးမြို့တရားရုံးက ကျိုးရဲ့ဇနီးသည် တောင်းဆိုတဲ့ ငွေကို ပေးအပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

တရုတ်လူမှုကွန်ရက်မှာ ဒီသတင်း ပျံ့နှံ့သွားခဲ့ပြီးနောက် လူအများစုက ထီပေါက်တာကို ဇနီးမသိအောင် ဖုံးကွယ်ခဲ့တဲ့ ကျိုးရဲ့လုပ်ရပ်အပေါ် ဝေဖန်ခဲ့ကြပါတယ်။


Ref: Man Forced to Compensate Wife After Concealing Lottery Win From Her For Years
crd

Zawgyi

ထီေပါက္တာကို ဇနီးမသိေအာင္ ဖုံးကြယ္ထားတဲ့ အမ်ိဳးသား

ယြမ္ ၁၀ သန္းဆု (အေမရိကန္ေဒၚလာ ၁.၅ သန္း) ထီေပါက္ခဲ့တဲ့ တ႐ုတ္အမ်ိဳးသားဟာ ဇနီးသည္ မသိေအာင္ ၂ ႏွစ္ၾကာ ဖုံးကြယ္ထားခဲ့ပါတယ္။

က်ိဳးလို႔ အမည္ရတဲ့ အမ်ိဳးသားဟာ ၂၀၂၁ ခုႏွစ္က ယြမ္ ၁၀ သန္းဆု ထီေပါက္ခဲ့ၿပီး အခြန္ေဆာင္ၿပီးခ်ိန္မွာ ယြမ္ ၈.၄၃ သန္း ပိုင္ဆိုင္ခဲ့ပါတယ္။ ဒါဟာ မိသားစုဘ၀ ေျပာင္းလဲသြားေစတဲ့ ေငြပမာဏျဖစ္ေပမဲ့ က်ိဳးက သူ႔မိန္းမကို မေျပာခဲ့ပါဘူး။

ထီဆုေၾကးေငြ ရခ်ိန္မွာ သူ႔အစ္မကို ယြမ္ ၂ သန္းေပးခဲ့ၿပီး ဇနီးေဟာင္းျဖစ္သူ တိုက္ခန္းဝယ္ဖို႔အတြက္ ယြမ္ ၇ သိန္း ေပးခဲ့ပါတယ္။ ၂ ႏွစ္အၾကာမွာေတာ့ က်ိဳးရဲ႕ဇနီးက ဒီအေၾကာင္း သိသြားၿပီး ကြာရွင္းခြင့္ေတာင္းခဲ့သလို ထီဆုေၾကးေငြ ခြဲေပးဖို႔လည္း တရား႐ုံးမွာ ေလွ်ာက္ထားခဲ့ပါတယ္။

က်ိဳးရဲ႕ထီဆုေၾကးေငြဟာ သူနဲ႔လည္း သက္ဆိုင္တယ္လို႔ ဇနီးျဖစ္သူက ေလွ်ာက္ထားခဲ့ၿပီး (သူ႔အစ္မနဲ႔ ဇနီးေဟာင္းထံ က်ိဳး ေပးပို႔ခဲ့တဲ့) ယြမ္ ၂.၇ သန္းထဲကေန ၃ ပုံ၊ ၂ ပုံ ခြဲေပးဖို႔ ေတာင္းဆိုခဲ့တာပါ။

 

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာေတာ့ ဝမ္က်ိဳးၿမိဳ႕တရား႐ုံးက က်ိဳးရဲ႕ဇနီးသည္ ေတာင္းဆိုတဲ့ ေငြကို ေပးအပ္ဖို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့ပါတယ္။

တ႐ုတ္လူမႈကြန္ရက္မွာ ဒီသတင္း ပ်ံ႕ႏွံ႔သြားခဲ့ၿပီးေနာက္ လူအမ်ားစုက ထီေပါက္တာကို ဇနီးမသိေအာင္ ဖုံးကြယ္ခဲ့တဲ့ က်ိဳးရဲ႕လုပ္ရပ္အေပၚ ေဝဖန္ခဲ့ၾကပါတယ္။
Ref: Man Forced to Compensate Wife After Concealing Lottery Win From Her For Years
crd