
Debswana လို့ခေါ်တဲ့ စိန်ကုမ္ပဏီကြီးတစ်ခုဟာ Botswana နိုင်ငံ၌ကမ္ဘာ့တတိယအကြီးဆုံးစိန်တုံးကိုရှာဖွေတွေ့ရှိခဲ့ကြောင်းယုံကြည်ထားရပါတယ်။
ကုမ္ပဏီဟာ အလေးချိန် 1,098ကာရက်ရှိစိန်တစ်လုံးကိုတွေ့ရှိခဲ့ပြီးနှစ်ပတ်အကြာမှာသမ္မတ Mokgweetsi အားပြသခဲ့ပါတယ်။
၎င်းဟာ 2015 ခုနှစ်၌ Botswana တွင် ရှာဖွေတွေ့ရှိခဲ့သည့် Lucara Diamonds ကုမ္ပဏီမှတူးဖော်တွေ့ရှိခဲ့သောဒုတိယအကြီးဆုံး 1,109 ကာရက် Lesedi La Rona စိန်ထက် အနည်းငယ်သာ အလေးချိန် ပေါ့ပါးပါတယ်။
ဒီအကြည်ရောင်စိန်တုံးကြီးကို ရှာဖွေတွေ့ရှိပြီးနောက် ၊Debswana Diamond Company ရဲ့ မန်နေးဂျင်းဒါရိုက်တာ Lynette Armstrong က
“ဒီကျောက်တုံးဟာ လည်ပတ်မှုသမိုင်းမှာ နှစ် 50 ကျော်အတွင်း Debswana ကုမ္ပဏီက ရှာဖွေတွေ့ရှိခဲ့တဲ့ အကြီးဆုံးစိန်ပါပဲ။
ကျွန်တော်တို့ရဲ့ ကနဦးဆန်းစစ်ချက်အရ ဒါဟာ ကမ္ဘာပေါ်မှာ တတိယမြောက် အရည်အသွေးရှိတဲ့ ကျောက်မျက်ရတနာ ဖြစ်နိုင်ပါတယ် ” လို့ပြောကြားခဲ့ပါတယ်။
Debswana ကုမ္ပဏီဟာ အစိုးရနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ဘီလူးကြီး De Beers တို့ကြား ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်ပြီး ရောင်းချမှုမှ ရရှိသည့်ဝင်ငွေ၏ ၈၀ ရာခိုင်နှုန်းဟာ
အမြတ်ဝေစုများ ၊မူပိုင်ခွင့်များနှင့် အခွန်များမှတစ်ဆင့် နိုင်ငံတော်ဘဏ္ဍာတိုက်သို့ ရောက်သွားပါတယ်။လက်ရှိမှာတော့
Debswana ကုမ္ပဏီဟာ De Beers သို့မဟုတ် အစိုးရပိုင် Okavango Diamond ကုမ္ပဏီမှတဆင့် ဒီ “ရှားပါးပြီး ထူးကဲတဲ့ အကြည်ရောင်ကျောက်တုံးကြီး” ကိုရောင်းချလိုခြင်း ရှိ၊မရှိ မဆုံးဖြတ်ရသေးပါဘူး။
ကုမ္ပဏီဟာ ကမ္ဘာလုံးဆိုင်ရာ စိန်ဈေးကွက်က ကူးစက်ရောဂါဘေးမှ ပြန်လည်နာလန်ထူလာနိုင်ပြီဖြစ်တာကြောင့်၊ရောဂါမဖြစ်ပွါးမီကရည်ရွယ်ထားခဲ့တဲ့ ကာရက် ၂၃ သန်းအထိ ထုတ်လုပ်မှုကို ၃၈ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားရန် စီစဉ်ထားပြီး
ကူးစက်ရောဂါနှင့် ပတ်သက်သည့် စည်းကမ်းကန့်သတ်ချက်များကိုလည်း ဖြေလျှော့ပေးထားပါတယ်။
ထို့အပြင် ၎င်းကျောက်တုံးကြီးရဲ့တရားဝင်အမည်ကိုတော့ မဆုံးဖြတ်ရသေးကြောင်းလည်း သိရှိရပါတယ်။
Reference : goodtimes
crd
Zawgyi
Debswana လို႔ေခၚတဲ့ စိန္ကုမၸဏီႀကီးတစ္ခုဟာ Botswana ႏိုင္ငံ၌ကမာၻ႔တတိယအႀကီးဆုံးစိန္တုံးကိုရွာေဖြေတြ႕ရွိခဲ့ေၾကာင္းယုံၾကည္ထားရပါတယ္။
ကုမၸဏီဟာ အေလးခ်ိန္ 1,098ကာရက္ရွိစိန္တစ္လုံးကိုေတြ႕ရွိခဲ့ၿပီးႏွစ္ပတ္အၾကာမွာသမၼတ Mokgweetsi အားျပသခဲ့ပါတယ္။
၎ဟာ 2015 ခုႏွစ္၌ Botswana တြင္ ရွာေဖြေတြ႕ရွိခဲ့သည့္ Lucara Diamonds ကုမၸဏီမွတူးေဖာ္ေတြ႕ရွိခဲ့ေသာဒုတိယအႀကီးဆုံး 1,109 ကာရက္ Lesedi La Rona စိန္ထက္ အနည္းငယ္သာ အေလးခ်ိန္ ေပါ့ပါးပါတယ္။
ဒီအၾကည္ေရာင္စိန္တုံးႀကီးကို ရွာေဖြေတြ႕ရွိၿပီးေနာက္ ၊Debswana Diamond Company ရဲ႕ မန္ေနးဂ်င္းဒါ႐ိုက္တာ Lynette Armstrong က
“ဒီေက်ာက္တုံးဟာ လည္ပတ္မႈသမိုင္းမွာ ႏွစ္ 50 ေက်ာ္အတြင္း Debswana ကုမၸဏီက ရွာေဖြေတြ႕ရွိခဲ့တဲ့ အႀကီးဆုံးစိန္ပါပဲ။
ကြၽန္ေတာ္တို႔ရဲ႕ ကနဦးဆန္းစစ္ခ်က္အရ ဒါဟာ ကမာၻေပၚမွာ တတိယေျမာက္ အရည္အေသြးရွိတဲ့ ေက်ာက္မ်က္ရတနာ ျဖစ္ႏိုင္ပါတယ္ ” လို႔ေျပာၾကားခဲ့ပါတယ္။
Debswana ကုမၸဏီဟာ အစိုးရႏွင့္ ကမာၻလုံးဆိုင္ရာ စိန္ဘီလူးႀကီး De Beers တို႔ၾကား ဖက္စပ္လုပ္ငန္းတစ္ခုျဖစ္ၿပီး ေရာင္းခ်မႈမွ ရရွိသည့္၀င္ေငြ၏ ၈၀ ရာခိုင္ႏႈန္းဟာ
အျမတ္ေဝစုမ်ား ၊မူပိုင္ခြင့္မ်ားႏွင့္ အခြန္မ်ားမွတစ္ဆင့္ ႏိုင္ငံေတာ္ဘ႑ာတိုက္သို႔ ေရာက္သြားပါတယ္။လက္ရွိမွာေတာ့
Debswana ကုမၸဏီဟာ De Beers သို႔မဟုတ္ အစိုးရပိုင္ Okavango Diamond ကုမၸဏီမွတဆင့္ ဒီ “ရွားပါးၿပီး ထူးကဲတဲ့ အၾကည္ေရာင္ေက်ာက္တုံးႀကီး” ကိုေရာင္းခ်လိုျခင္း ရွိ၊မရွိ မဆုံးျဖတ္ရေသးပါဘူး။
ကုမၸဏီဟာ ကမာၻလုံးဆိုင္ရာ စိန္ေဈးကြက္က ကူးစက္ေရာဂါေဘးမွ ျပန္လည္နာလန္ထူလာႏိုင္ၿပီျဖစ္တာေၾကာင့္၊ေရာဂါမျဖစ္ပြါးမီကရည္႐ြယ္ထားခဲ့တဲ့ ကာရက္ ၂၃ သန္းအထိ ထုတ္လုပ္မႈကို ၃၈ ရာခိုင္ႏႈန္းအထိ တိုးျမႇင့္သြားရန္ စီစဥ္ထားၿပီး
ကူးစက္ေရာဂါႏွင့္ ပတ္သက္သည့္ စည္းကမ္းကန႔္သတ္ခ်က္မ်ားကိုလည္း ေျဖေလွ်ာ့ေပးထားပါတယ္။
ထို႔အျပင္ ၎ေက်ာက္တုံးႀကီးရဲ႕တရားဝင္အမည္ကိုေတာ့ မဆုံးျဖတ္ရေသးေၾကာင္းလည္း သိရွိရပါတယ္။
Reference : goodtimes
crd