
ယနေ့ခေတ်မှာခရုမျိုးစိတ်တွေကို သင်ဘယ်လောက် အတိုင်းအတာထိ မြင်ဖူးကြလဲ..။
အကြီးဆုံးဆိုရင်တော့ အုန်းသီးအရွယ်အစားမျှသာပဲ သင်မြင်ဖူးမယ်လို့ ထင်ပါတယ်။
အခုဖော်ပြပေးမယ့် ခရုမျိုးစိတ်ကို သင်မြင်ရင်တော့အံ့အားသင့်သွားမှာ သေချာပါတယ်။
ဒါကတော့ တစ်ချိန်က အတ္တလန်တိတ်မှာ ရှင်သန်ခဲ့တဲ့ အမ္မုန်လို့ခေါ်တဲ့ဧရာမခရုကြီးရဲ့ ရုပ်ကြွင်းတွေပဲဖြစ်ပါတယ်။
ပညာရှင်တွေရဲ့ခန့်မှန်းချက်မှာတော့ ဒီခရုကြီးတွေဟာ ဒိုင်နိုဆောများ သက်တမ်းကုန်ဆုံးစေခဲ့တဲ့နည်းတူဥက္ကာခဲများ
ရိုက်ခတ်မှုကြောင့် မျိုးသုဉ်ပျောက်ကွယ်သွားကြတာလို့ဆိုပါတယ်။
ရုပ်ကြွင်းရဲ့ အရွယ်အစားက ၁.၈ မီတာ ( ၆ ပေ) အထိရှည်လျားပါတယ်။
သက်တမ်းအားဖြင့်တော့နှစ်သန်းပေါင်း ၈၀ ကျော်သက်တမ်းရှိပြီလို့ ခန့်မှန်းခဲ့ကြပါတယ်။
ပြီးတော့ Universityof Portsmouth ဦးဆောင်တဲ့ သုတေသနအသစ်အရ
လွန်ခဲ့တဲ့နှစ်ပေါင်း၈၃ သန်းခန့်က United Kingdomနှင့် Mexico တို့မှာ နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီရုပ်ကြွင်းကတော့ ပထမဆုံးရှာတွေ့ခြင်းတော့ မဟုတ်ပါဘူး။
ဂျာမနီ၊ မက္ကဆီကို ၊ ယူကေနှင့် အင်္ဂလန် တို့မှာ တွေ့ရတဲ့ ရုပ်ကြွင်း ၁၅၄ အနက် တစ်ခုဖြစ်ပါတယ်။
Zawgyi
ယေန႔ေခတ္မွာခ႐ုမ်ိဳးစိတ္ေတြကို သင္ဘယ္ေလာက္ အတိုင္းအတာထိ ျမင္ဖူးၾကလဲ..။
အႀကီးဆုံးဆိုရင္ေတာ့ အုန္းသီးအ႐ြယ္အစားမွ်သာပဲ သင္ျမင္ဖူးမယ္လို႔ ထင္ပါတယ္။
အခုေဖာ္ျပေပးမယ့္ ခ႐ုမ်ိဳးစိတ္ကို သင္ျမင္ရင္ေတာ့အံ့အားသင့္သြားမွာ ေသခ်ာပါတယ္။
ဒါကေတာ့ တစ္ခ်ိန္က အတၱလန္တိတ္မွာ ရွင္သန္ခဲ့တဲ့ အမၼဳန္လို႔ေခၚတဲ့ဧရာမခ႐ုႀကီးရဲ႕ ႐ုပ္ႂကြင္းေတြပဲျဖစ္ပါတယ္။
ပညာရွင္ေတြရဲ႕ခန႔္မွန္းခ်က္မွာေတာ့ ဒီခ႐ုႀကီးေတြဟာ ဒိုင္ႏိုေဆာမ်ား သက္တမ္းကုန္ဆုံးေစခဲ့တဲ့နည္းတူဥကၠာခဲမ်ား
႐ိုက္ခတ္မႈေၾကာင့္ မ်ိဳးသုဥ္ေပ်ာက္ကြယ္သြားၾကတာလို႔ဆိုပါတယ္။
႐ုပ္ႂကြင္းရဲ႕ အ႐ြယ္အစားက ၁.၈ မီတာ ( ၆ ေပ) အထိရွည္လ်ားပါတယ္။
သက္တမ္းအားျဖင့္ေတာ့ႏွစ္သန္းေပါင္း ၈၀ ေက်ာ္သက္တမ္းရွိၿပီလို႔ ခန႔္မွန္းခဲ့ၾကပါတယ္။
ၿပီးေတာ့ Universityof Portsmouth ဦးေဆာင္တဲ့ သုေတသနအသစ္အရ
လြန္ခဲ့တဲ့ႏွစ္ေပါင္း၈၃ သန္းခန႔္က United Kingdomႏွင့္ Mexico တို႔မွာ ေနထိုင္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။
ဒီ႐ုပ္ႂကြင္းကေတာ့ ပထမဆုံးရွာေတြ႕ျခင္းေတာ့ မဟုတ္ပါဘူး။
ဂ်ာမနီ၊ မကၠဆီကို ၊ ယူေကႏွင့္ အဂၤလန္ တို႔မွာ ေတြ႕ရတဲ့ ႐ုပ္ႂကြင္း ၁၅၄ အနက္ တစ္ခုျဖစ္ပါတယ္။