ဆရာငြိမ် း16.Feb.2023 မှ 22.Feb.2023 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း ..
16.Feb.2023 မှ 22.Feb.2023 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း
#တနင်္ဂနွေ
ငွေကြေးအတွက် ပင်ပင်ပန်းပန်းရှာကြံရခြင်း ရှိနေတတ်သည်။ ငွေကြေးကိစ္စအတွက် စိတ်မော၊ လူမောဖြစ်ရ တတ်သည်။ သို့သော် အတိုက်အခံအခက်အခဲကို အောင်မြင်နိုင်စွမ်းရှိနေတတ်သည်။ ဘေးရန်ကင်းရှင်းနေတတ်သည်။ ကျန်းမာရေးအားနည်းချက်ရှိနေပါကဤအချိန်မှာကုသက အဆင်ပြေစွာ ပျောက်ကင်းနိုင်စွမ်းရှိတတ်ပါသည်။ အပေါင်း အသင်းအသိုင်းအဝိုင်းကြောင့် ငွေဝင်တတ်ပါသည်။ အဆက်အသွယ်ကောင်း ရရှိလာတတ်သည်။ အဆက်အသွယ် ကောင်း ကြောင့် အခွင့်အလမ်းကောင်း ကြုံရတတ်ပါသည်။ အိမ်ထောင်ရေးသာယာမှု ရှိနေတတ်သည်။ လူလွတ်ဖြစ်က အချစ်ရေး၊ သံယောဇဉ်ရေးကိစ္စ အခွင့်အရေးကြုံနေတတ်ပါသည်။ လုပ်ငန်းအဆင်ပြေနေတတ်သည်။ အကြံသစ်၊ ဉာဏ်သစ်များ အကောင် အထည်ဖော်ရတတ်ပါသည်။ ငွေကြေးကို တော့ ချွေတာသုံးစွဲနိုင်မှ တော်ကာကျမည်။ တစ်ခုခု ကို စိတ်နှစ်ထားပြီးလုပ်မှစိတ်ချမ်းသာမည်။ ငယ်ရွယ်သူ တို့အတွက် စိတ်ရှုပ်ရမည်။ ချစ်သူရှိသူများစိတ်တိုင်းမကျ စရာ မျိုးတွေကြုံရမည်။မမျှော်လင့်ဘဲအိမ်ထောင်ရေးအလွန်ကံကောင်းမည်။အိမ်ထောင်ဘက်ရဲ့အကူအညီရမည်။ အလုပ် တခြား အပြောတခြား ဖြစ်နေတတ်သည်။ ကတိ မတည်မှု့ တွေကြောင့် အရင်းနှီးဆုံး သူငယ်ချင်းများ နှင့် စိတ်ဝမ်း ကွဲ ကိန်းရှိသည်။ မရည်ရွယ်ဘဲ အလုပ်ဌာနပြောင်းရွှေ့ရတတ်ပါတယ်။ ရောင်းချင်နေသော ပစ္စည်းများရောင်းထွက်ပါ လိမ့် မယ်။ တစ်ပတ်ရစ် ပစ္စည်းများ အရောင်းအဝယ်ကောင်းမည်။ စာမေးပွဲ ဖြေရာတွင် နှစ်ဘာသာ အားနည်းတတ် သည်။ သို့သော် အောင်မြင်မည်။
အကျိုးပေးဂဏန်း ၁၊၂၊၉
အထူးဟော ကံအားနည်းနေပါလိမ့်မယ်။
ယတြာ ဘုရားရှင်အားသောက်တော်ရေ မျက်နှာသစ်တော်ရေ တစ်ပတ်လုံးကပ်လှူလိုက်ပါ။
#တနင်္လာ
လုပ်ငန်းကိစ္စများ အဆင်ပြေမှု တွေ့ကြုံရတတ်သည်။ သားသမီးတပည့်တပန်း၊ လက်အောက်ငယ်သားများ၏ ကူညီမှု၊အားပေးမှု၊ ထောက်ခံမှုရရှိတတ်သည်။ ယခင်က ကြိုးစားဆောင်ရွက်ထားသောကိစ္စများ အကောင်အထည် ပေါ် လာ တတ်သည်။ အကျိုးအမြတ်ရရှိလာတတ်သည်။ ငွေကြေးလည်ပတ်မှု ကောင်းမွန်လာတတ်သည်။ ငွေစုဆောင်း နိုင်မှု၊လက်ထဲတွင်ငွေကြေးမပြတ်အောင်အဆင်ပြေမှုရှိလာတတ်သည်။ သတင်းကောင်းကြားရတတ်သည်။ အချစ် ရေး ကိစ္စများတွင်စိတ်ချမ်း သာမှု ရှိလာတတ်သည်။ ဖြစ်ချင်သောကိစ္စများ အဆင်ပြေလာတတ်သည်။ လုပ်ချင်သောကိစ္စများ လုပ်ခွင့်ရလာတတ် သည်။ အကြံဉာဏ်ကောင်းများ ရရှိလာတတ်သည်။ ရစရာငွေများ ရရှိလာတတ်ပါသည်။ မိသားစု ထဲမှ မောင်နှများက ကူညီမှုပေးတတ်သည်။အဆင်ပြေလာတတ်သည်။ တိုင်ပင်ဆွေးနွေးဆောင်ရွက်မှု ကောင်းမွန်လာ တတ်သည်။ မိတ်ဆွေ သစ်များတွေ့ကြုံလာတတ်ပါသည်။အလုပ်တွေထဲစိတ်အရမ်းကြီး မနှစ်ထားဘဲပေါ့ပေါ့ပါးပါးလေး နေပြီးအနားယူသင့်တဲ့ အချိန်ပါ။ အိမ်မှာတော့အိမ်ထောင်ရေးပြဿ နာလေးတွေအနည်းငယ်ရှိပါတယ်။ သားသမီး အတွက်လဲ ပူပန်ရတတ်ပါ တယ်။လူမျိုး ခြားဘာသာခြားတွေနဲ့ဆက်စပ်လုပ်ကိုင်ခြင်းကအခက်အခဲများတတ်ပါတယ်။ ရပ်ဝေးကအလုပ်တွေက ထင်သ လောက် မအောင်မြင်တတ်ပါဘူး။ အသောက်အစားအပျော် အပါးတော့မလုပ်ပါနဲ့။ ထီဝါသနာပါသူများထီကံ စမ်း သင့်ပါတယ်။
အကျိုးပေးဂဏန်း ၄၊၇၊၁
အထူးဟော ကိစ္စများ အလုပ်များမည်။
ယတြာ ပြောင်းဖူးကြော်ပြီး ဘုရားကပ်လှူပါ။
#အင်္ဂါ
ငွေအစုလိုက်အပြုံလိုက်ရကိန်းရှိသည်။ ထီထိုး ပါ။ ၂ထိပ်၊၄ပိတ် ထိုးပါ။ ထီပေါက်ကိန်းရှိသည်။ လွတ်လပ်စွာ လုပ်ကိုင်ခြင်းဖြင့်အောင်မြင်မှုတွေရမည်။အလုပ်နဲ့ပတ်သက် သောခရီးတွေသွားရမည်။ အကြီး အကဲ ၏ ကူညီမှုရရှိ မည်။ အပေါင်းအသင်းတို့နှင့် စီးပွားရေးလုပ်ဖြစ်မည်။ တောင်အရပ်သို့ စီးပွားလုပ်ခြင်း ၊ ကုသိုလ်ပြုခြင်း ကောင်း၏။ မိသားစုအရေး ကံကောင်း ၏။ လူချစ်လူခင်ပိုများလာမည်။ လူသိပိုများလာမည်။ ဝင်ငွေကောင်းလာမည်။ စီးပွားတက် လာမည်။ ခရီးယာယီ များများသွားဖြစ်မည်။ လုပ်ငန်းဟောင်းလည်း အကျိူး ပေးသည်။ရည်မှန်းချက်များ ပြည့်ဝလိမ့် မည်။ စိတ်ကူးပုံဖော်ထားတဲ့အတိုင်း ဖြစ်လာလိမ့် မည်။ ဝန်ထမ်းဆိုအလုပ်ထွက်ချင်စိတ်ဖြစ်ပေါ်နေပါတယ်။ အထက် လူကြီးကျန်းမာရေး ညံ့နေတာ ကြောင့်တာဝန်တွေများရတဲ့အချိန်ပါပဲ။ သမ္မာအာ ဇီဝ ကျမည်ဆိုပါက ဘာပဲလုပ်လုပ် အောင်မြင်မဲ့အချိန်ပါ။ စိတ်ချမ်းမြေ့စရာများ ပျော်ရွှင်စရာများ ဆက်တိုက်ကြုံရ မည်။ကျန်းမာရေး ဂရုစိုက်ပါ။ရောဂါ ရှာဖွေ တာ၊ ဆေးစစ်၊သွေးစစ်တာတွေကိုတော့ ဦးစားပေး ဆောင်ရွက်နိုင်ပါတယ်။ နေမကောင်းပါက ဆေးမြီးတိုနှင့် မကုပါနှင့်။ နာတာရှည်ဖြစ်သွားတတ်လို့ပါ။ ငယ်ရွယ်သူများ ချစ်မှုရေးရာကိစ္စများတွင် စိတ်ချမ်းမြေ့ရမည်။ အိမ်ထောင် ဘက်နဲ့အဆင်မပြေတာများတဲ့ကာလပါပဲ။အိမ်ထောင်ရေးညံ့နေတာမျိုးတော့မဟုတ်ပါဘူး။အိမ်ထောင်ဘက်က ကောင်း စေ ချင်လို့ပြောတဲ့စကားကိုတော့အပြစ်မယူမိဖို့လိုတယ်။ပညာရေးမှာ စိုးရိမ်မှုကြောင့် စာမလိုက်နိုင်ဖြစ်ရမည်။
အကျိုးပေးဂဏန်း ၇၊ဝ၊၄
အထူးဟော ကံကောင်းနေတတ်သည်။
ယတြာ ကျန်းမာရေးအားနည်းသူကို ဆေးဝါးဓာတ်စာလှူဒါန်းလိုက်ပါ။
#ဗုဒ္ဓဟူး/ရာဟု
ပညာရေးကိစ္စ၊ စာမေးပွဲကိစ္စ၊ အဆင်ပြေတတ်သည်။ ပညာရေးနှင့်ပတ်သက်၍ အခွင့်အလမ်းကောင်းများ ရရှိလာတတ်သည်။ သားသမီးအတွက်၊ တပည့်တပန်းအတွက် စိတ်ချမ်းသာစရာ ကြုံရတတ်သည်။ လူငယ်ဖြစ်က အချစ်ရေးကိစ္စပါ အဆင်ပြေမှုရှိနေတတ်ပါသည်။ ရေလမ်းခရီးသွားလာက အခက်အခဲကြုံရတတ်သည်။ ငွေကြေး ကိစ္စကြောင့် မောက်မောက်မာမာအပြောအဆိုခံရတတ်သည်။ ရန်အတိုက်အခံပေါ်လာတတ်သည်။ သို့သော် မိမိမှာ ထိခိုက်မှုမရှိနိုင်ပါ။ ဝန်ထမ်းများအလုပ်ကိစ္စကြောင့် စိတ်ညစ်ရတတ်သည်။ ပြဿနာရှင်းရတတ်သည်။ ငွေကုန် ကြေးကျများတတ်သည်။ လုပ်ငန်းခွင်ထဲမှာအဆင်မပြေမှုလေးများက ထပ်၍ထပ်၍ကြုံနေတတ်သည်။ အရာရာမှာ စိတ်ဓာတ်ခိုင်မာစွာထား၍ အေးဆေးတည်ငြိမ်စွာ ကြိုးစားဆောင်ရွက်ပါ။ ဘဝရပ်တည်မှု တည်ငြိမ်လာပါလိမ့်မည်။ စပ်တူကိစ္စ၊ရှယ်ယာကိစ္စများအဆင်ပြေလိမ့်မည်။ အလုပ်စီးပွားတိုးတတ်မည်။မိမိတစ်ဦးတစ် ယောက်ထဲလုပ်ရတဲ့ ကိုယ်ပိုင်စီးပွားတွေကသိသာစွာအောင်မြင်တတ်ပါတယ်။ နိုင်ငံခြားတွင်စီးပွားရှာနေသူများလုပ်ဖော်ကိုင်ဖက်တွေရဲ့ ဝိုင်ဝန်းထောက်ခံမှုကြောင့် ရာထူးတိုးခြင်း၊နေရာကောင်းရခြင်း၊အခွင့်အလမ်းကောင်းတွေရခြင်းကြုံလိမ့်မည်။ ပန်ကာ လေမခံပါ နဲ့။ အကျီချွတ်ထားတာမျိုးမလုပ်ပါနဲ့။ ကျန်းမာရေးအားနည်းနေချိန်ဖြစ်တဲ့အတွက် အသေးအမွှားကအစ ဂရုစိုက်ပါ။အသက်ကြီးသူများ လေမဖြတ်အောင် ဂရုစိုက်ပါ။ အချစ်ရေးအဆင်ပြေမဲ့ကာလတွေပါ။ စိတ်ကောက် နေတဲ့ ချစ်သူကိုပြန်ချော့ဖို့အကောင်းဆုံးအချိန်ပါပဲ။ အိမ်ထောင်ရေးမှာတော့စိတ်ချမ်းမြေ့စရာ ကိစ္စတွေကြုံမည်။ အိမ်ထောင် ဘက်နဲ့ပတ်သက်ပြီးငွေဝင်လိမ့်မယ်။ ပညာရေးမှာစိတ်များနေတာကြောင့် အာရုံမစိုက်နိုင်ဖြစ်မည်။
အကျိုးပေးဂဏန်း ၃၊၇၊ဝ
အထူးဟော လူချစ်လူခင်များနေမည်၊
ယတြာ မိတ်ဆွေတစ်ယောက်ကို ဦးထုပ်လေးတစ်လုံးလက်ဆောင်ပေးလိုက်ပါ။
#ကြာသပတေး
ဆုံးဖြတ်ချက်ချစရာများ၊အနာဂတ်အတွက်ရှေးတိုးဆောင်ရွက်ရမဲ့ကိစ္စများအတွက် စတင်အကောင် အထည် ဖော်သင့်တဲ့အချိန်ပါပဲ။ လုပ်ငန်းပိုင်းမှာ မိတ်ဆွေအပေါင်းအသင်းများရဲ့ အကူအညီတွေအများကြီးရလိမ့်မယ်။ လုပ် ငန်းတော့ မချဲ့ပါနဲ့ဦး။ စီးပွားကောင်းပေမဲ့ ငွေမမြဲဖြစ်ရတတ်ပါတယ်။အခုကာလအတွင်း အိမ်ပြောင်းတာ အိမ်ပြင်တာ မျိုးတွေမလုပ်ပါနဲ့အုံး။ပူပင်သောကတွေ အေးချမ်းသွားလိမ့်မည်။ စိတ်ကောက်နေတဲ့ အိမ်ထောင်ဘက် ကိုပြန်ချော့ ဖို့အကောင်းဆုံးအချိန်ပါပဲ။ ဘာလုပ်လုပ်အချိန်မဆွဲဘဲလုပ်တတ်သူများ ပိုမိုအဆင်ပြေမဲ့နေ့ရက်တွေပါပဲ။ စားသောက် ကုန် လုပ်ငန်းများ၊လျှပ်စစ်လုပ်ငန်း၊ဆက်သွယ်ရေးလုပ်ငန်းများတိုး တတ် မည်။ ချစ်ရသူကို ချစ်ခွင့်ပန်ဖို့ကြိုးစားသင့်တဲ့ ကာလပါပဲ။ အချစ်ရေးကိစ္စတွေအထူးအဆင်ပြေနိုင်ပါတယ်။ အဝေးကနေ သတင်းကောင်းကြားရလိမ့်မယ်။ ပညာရေး အထူးကောင်းတယ်၊မိမိကိုယ်တိုင် ကလဲ ထိုးထွင်ဉာဏ်ရှိပါတယ်။ လူမျိုးခြား ၊ဘာသာခြားတွေရဲ့အကူ အညီရပါ လိမ့် မယ်။ ဘာသာ တရားများ များလုပ်ခြင်းဖြင့်ကံပိုကောင်းလာနိုင်ကြောင်းပါဗျ။စိတ်ရှုပ်စရာ စိတ်ညစ်စရာများ ဆက်တိုက် လျှော့ချနိုင် ပါလိမ့်မည်။ လူငယ်များအိမ်မကပ်ချင်တဲ့စိတ်ဖြစ်ပေါ်နေလိမ့်မည်။ ငွေကြေးအရှုပ်အထွေးတွေထဲမပါနဲ့။ စုမဲစမစုလိုက်ပါနဲ့။ မူးယစ်ဆေးဝါးသုံးနေတဲ့ မိတ်ဆွေ၊သူငယ်ချင်းတွေကို လုံးဝအတွေ့မခံသင့်တဲ့ကာလပါပဲ။ အပေါင်း အသင်းကြောင့်ဒုက္ခရောက်တတ်ပါတယ်။
အကျိုးပေးဂဏန်း ၅၊၇၊၆
အထူးဟော ပင်ပန်းမည်။
ယတြာ ထန်းလျက်ခဲ ဘုရားကပ်လှူဆုတောင်းပါ။
#သောကြာ
အဝေးကနေသတင်းကောင်းကြားရတတ်သည်။တစ်စိမ်းတရံတွေရဲ့ကူညီမစခြင်းခံရလိမ့်မယ်။မိသားစု အတွင်း မောင်နှမအချင်းချင်း တစ်ယောက်တစ်ခွန်းစကားများရလိမ့်မယ်။ ငွေကံကောင်းပေမဲ့အဖတ်မတင်တတ် ၊အကြောင်း အမျိုးမျိုးကြောင့်ပြန်ထွက်ပါလိမ့်မည်။ စပ်တူအလုပ်များဘာလုပ်လုပ်သဲထဲရေသွန်သလိုဖြစ်လိမ့်မယ်။ လုပ်သလောက် အကျိုး မဖြစ်ထွန်းတဲ့အချိန်ပါပဲ။ဈေး ရောင်း ဈေးဝယ်သမားများ အရောင်းအဝယ်ပါးလိမ့်မည်။အိမ်ထောင်သည်များ အိမ်ထောင်ရေးရှုပ်ထွေးတတ်ကြသည်။ သူများနဲ့စွပ်စွဲခြင်းခံရတတ်သည်။ငယ်ရွယ်သူများ လှေနံနှစ်ဖက် နင်းချင်တဲ့ စိတ်တွေဖြစ်ပေါ်နေသည်။ သစ္စာတရားလက်ကိုင်ထားသင့်တဲ့အချိန်ပါပဲ။ ပညာရေးကိစ္စ၊ ဘာသာရေးကိစ္စ တွေအထူး အောင် မြင်ချိန်ပါပဲ။ သိစရာ တတ်စရာတွေရှိပါက စတင်သင်ယူဖို့အကောင်းဆုံးကာလပါ။ ခရီးကိစ္စ ၊နိုင်ငံရပ်ခြား ဆက်သွယ် လုပ်ရသောကိစ္စတွေအထူးအဆင်ပြေလိမ့်မယ်။ငွေအထွက် နည်းအောင်ချွေတာပြီး သေချာစုဆောင်းမှ အဖတ်တင်ပါလိမ့်မယ်။ ဘုရားရှင်ပုံ ၊ရဟန္တာအရှင်သူမြတ်တွေရဲ့ပုံတွေ လက်ဆောင်ရပါကထီထိုးလိုက်ပါ။ ကျန်းမာရေး အားနည်းသွားတတ်တဲ့အတွက် သောက်နေကျ ဆေးတွေဆောင်ထားပါ။ ကိုယ်လက်မအီမသာဖြစ်တာ အိမ်ရေးမဝ သလိုမျိုးခံစားရလိမ့်မယ်။ စိတ်ပင်ပန်း လူပင်ပန်းဖြစ်ရလိမ့်မယ်။ ဝန်ထမ်းများအလုပ်ထဲမှာ မပျော်ပိုက်တာမျိုး ဖြစ်လိမ့် မည်။ သွေးအားနည်းတာမျိုး ၊အရေပြား အဖုအပိန့်ထွက်တာမျိုးဖြစ်လွယ်တဲ့ကာလပါ။ ရှေးတိုးဆောင်ရွက်မဲ့ စီးပွားရေး လူမှုရေးကိစ္စများ မိဘတွေနဲ့ တိုင်ပင်လုပ်ကိုင်ပါ။
အကျိုးပေးဂဏန်း ၂၊၅၊၇
အထူးဟော ကံသင့်ပါတယ်။
ယတြာ နီးစပ်ရာကလေးငယ်ကို မုန့်ဝယ်ကျွေးလိုက်ပါ။
#စနေ
ကံကောင်းမှု့များ နှင့်ပျော်ရွှင်မှု့များ ဝမ်းသာ အားရမှု့ များ ကြုံတွေ့လိမ့် မည်။စက်၊ ယာဉ် ရကိန်း ရှိသည်။ စာမေး ပွဲဖြေလျှင် အောင်မည်။ စီးပွားရေးလုပ်လျှင် အဆင်ပြေမည်။ လူငယ်များ နေအိမ်မှ ထွက်ခွာသွားခြင်း ခိုးထွက်ခြင်းများ ပြုချင်တတ်သည်။ဆင်ခြင်ပါ။မိမိအမှားသာဖြစ်လိမ့်မယ်။ အပေါင်းအသင်းမှားကိန်းရှိသည်။ ငွေကြေးစကားရှုပ်မည်။ လူရင်းတွေနဲ့စိတ်ဝမ်းကွဲမည်။ ငွေကြေးကိစ္စ နှင့် စကားပြောရလိမ့်မည်။ ငွေချေးငှားတာမျိုး တွေအထူးရှောင်ပါ။ အကြီးအကဲတို့၏ ထင်မြင်လွဲမှားမှု ခံရတတ်သည်။ စကားပြော ဆင်ခြင်ပါ။ စကားရှုပ်တတ် သည်။ နေရာ ပြောင်းလဲမှုများ၊ အလုပ်အကိုင် ပြောင်းလဲမှုများ၊ စိတ်မတည်ငြိမ်မှုများ ဖြစ်ကိန်းရှိ သည်။ လုပ်ငန်း သစ်များ ရကိန်းရှိ သည်။ နေရာသစ်တွင် နေထိုင်ရကိန်းရှိသည်။ အသက်ကြီးသူများ လေဖြတ်တတ်၍အနေ အထိုင်ဆင်ခြင်ပါ။ အပေါင်း အသင်းမိတ်ဆွေ အသစ်က ကူညီမည်။ စီးပွားရေးလုပ်ငန်းများအဆင်ပြေမည်။ အရှေ့တောင်အရပ်ရှိ ဒေသများသို့ ညခရီး မသွားသင့်ပါ။ ရစရာရှိသောငွေများ တစ်ချို့တစ်ဝက် ပြန်ရမည်။ အရောင်းအဝယ်လုပ်ငန်းများ ပို၍ရောင်း ကောင်း မည်။ အချစ်ရေးမှာ လှည့်စားခံရမည်။ ချစ်သူအသစ်လည်း တွေ့မည်။ ဒါမှမဟုတ်ကွဲကွာနေ တဲ့အချစ်ဟောင်း နှင့် ပြန်ဆုံမည်။ အိမ်ထောင်ရေး အနှောင့်အယှက်ရှိသည်။ ကြားလူတွေ ကြောင့် မိမိတို့အိမ်ထောင်ရေးစိတ်ဝမ်း ကွဲစရာကြုံမည်။လူလိမ်၊ ငွေလိမ်ခံရကိန်းရှိသည်။ စာမေးပွဲ များ၊ အင်တာဗျုးများ အောင်မြင်မှု ရှိမည်။
အကျိုးပေးဂဏန်း ၃၊၆၊၈
အထူးဟော အလုပ်များအဆင်ပြေအောင်မြင်မည်။
ယတြာ လက်ဖက်ရည်နဲ့ ကိတ်မုန့် ဘုရားကပ်လှူဆုတောင်းပါ။
၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
0977 5555 695
09 44 5555 695
Zawgyi
#တနင်္ဂနွေ
အကျိုးပေးဂဏန်း ၁၊၂၊၉
#တနင်္လာ
အကျိုးပေးဂဏန်း ၄၊၇၊၁
#အင်္ဂါ
အကျိုးပေးဂဏန်း ၇၊ဝ၊၎
#ဗုဒ္ဓဟူး/ရာဟု
အကျိုးပေးဂဏန်း ၃၊၇၊ဝ
#ကြာသပတေး
အကျိုးပေးဂဏန်း ၅၊၇၊၆
အထူးဟော ပင်ပန်းမည်။
#သောကြာ
အကျိုးပေးဂဏန်း ၂၊၅၊၇
အထူးဟော ကံသင့်ပါတယ်။
#စနေ
အကျိုးပေးဂဏန်း ၃၊၆၊၈
0977 5555 695
09 44 5555 695