
ပြည်တွင်းသို့တင်သွင်းသည့် လျှပ်စစ်ကားတစ်စီးတန်ဖိုးကျပ်သိန်း(၁)ထောင် နီးပါးရှိနေ
ပြည်တွင်းကိုတင်သွင်းလာသည့်လျှပ်စစ်ကားတွေ၏ ဈေးနှုန်းသည်တစ်စီးလျှင်ကျပ်သိန်းတစ်ထောင်နီးပါးထိရှိနေကြောင်းမော်တော်ယာဉ်တင်သွင်းသူတွေဆီကသိရသည်။လက်ရှိ တင်သွင်းလာသည့် လျှပ်စစ်ကားတွေထဲမှရောင်းအားအကောင်းဆုံးမော်ဒယ်ဖြစ်သည့် Atto-3 လျှပ်စစ်ကားကို
ပြည်တွင်း၌ရောင်းချသွားမည်ဖြစ်ပြီးတစ်စီးလျှင် တန်ဖိုး ၉၉၉ သိန်းထိ ရှိကြောင်း၊ လျှပ်စစ်ကားတင်သွင်းမှုတွေအတွက်ဖြေလျော့မှုတွေပြုလုပ်ပေးခဲ့ခြင်းကြောင့်မော်တော်ယာဉ်တင်သွင်းရောင်းချသူတွေအနေဖြင့်လျှပ်စစ်ကားနှင့်ဆက်စပ်ပစ္စည်းတွေတင်သွင်းမှုတွေရှိလာကြောင်း သိရသည်။
“ EV ကားကတော့ အချိန်ကာလတစ်ခုအရအကုန်လုံးသွားရမယ့်လုပ်ငန်းစဉ်ဖြစ်ပါတယ်။EV ကားရဲ့ ကျမယ့်ဈေးနှုန်းတွေကအနိမ့်ဆုံးကား၊Grade အနိမ့်ဆုံးနဲ့ထုတ်လုပ်တဲ့တိုင်းပြည်တွေကကားတွေတောင်မှမြန်မာပြည် exchange rate နဲ့တွက်ရင် ၇၀၀ ပတ်ချာလည်လောက်မှသုံးလို့ရမယ်။ EV ကားကိုတင်သွင်းခွင့်ပြုပြီး သုံးရမယ်ဆိုရင် EV ဆိုတာလူသားအကျိုးပြုအတွက်သုံးတဲ့ကားမျိုးပါ၊
ဘယ်သူကမှအကျိုးပြုလိမ့်မယ်လို့တော့မထင်ထားကြဘူး”ဟု ကားအရောင်းစင်တာမှပိုင်ရှင်တစ်ဦးက သုံးသပ်ပြောကြားထားသည်။ပြီးခဲ့သည့်ဇန်နဝါရီလတွင်တရုတ်နိုင်ငံထုတ် E2 အမျိုးအစားလျှပ်စစ်ကားအစီးရေ (၄၀)ကိုပထမဆုံးအကြိမ်အဖြစ်တင်သွင်းခဲ့ပြီးအဆိုပါယာဉ်တွေကိုအငှားယာဉ်တွေအဖြစ်စမ်းသပ်ပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။
Zawgyi
ျပည္တြင္းသို႔တင္သြင္းသည့္ လွ်ပ္စစ္ကားတစ္စီးတန္ဖိုးက်ပ္သိန္း(၁)ေထာင္ နီးပါးရွိေန
ျပည္တြင္းကိုတင္သြင္းလာသည့္လွ်ပ္စစ္ကားေတြ၏ ေဈးႏႈန္းသည္တစ္စီးလွ်င္က်ပ္သိန္းတစ္ေထာင္နီးပါးထိရွိေနေၾကာင္းေမာ္ေတာ္ယာဥ္တင္သြင္းသူေတြဆီကသိရသည္။လက္ရွိ တင္သြင္းလာသည့္ လွ်ပ္စစ္ကားေတြထဲမွေရာင္းအားအေကာင္းဆုံးေမာ္ဒယ္ျဖစ္သည့္ Atto-3 လွ်ပ္စစ္ကားကို
ျပည္တြင္း၌ေရာင္းခ်သြားမည္ျဖစ္ၿပီးတစ္စီးလွ်င္ တန္ဖိုး ၉၉၉ သိန္းထိ ရွိေၾကာင္း၊ လွ်ပ္စစ္ကားတင္သြင္းမႈေတြအတြက္ေျဖေလ်ာ့မႈေတြျပဳလုပ္ေပးခဲ့ျခင္းေၾကာင့္ေမာ္ေတာ္ယာဥ္တင္သြင္းေရာင္းခ်သူေတြအေနျဖင့္လွ်ပ္စစ္ကားႏွင့္ဆက္စပ္ပစၥည္းေတြတင္သြင္းမႈေတြရွိလာေၾကာင္း သိရသည္။
“ EV ကားကေတာ့ အခ်ိန္ကာလတစ္ခုအရအကုန္လုံးသြားရမယ့္လုပ္ငန္းစဥ္ျဖစ္ပါတယ္။EV ကားရဲ႕ က်မယ့္ေဈးႏႈန္းေတြကအနိမ့္ဆုံးကား၊Grade အနိမ့္ဆုံးနဲ႔ထုတ္လုပ္တဲ့တိုင္းျပည္ေတြကကားေတြေတာင္မွျမန္မာျပည္ exchange rate နဲ႔တြက္ရင္ ၇၀၀ ပတ္ခ်ာလည္ေလာက္မွသုံးလို႔ရမယ္။ EV ကားကိုတင္သြင္းခြင့္ျပဳၿပီး သုံးရမယ္ဆိုရင္ EV ဆိုတာလူသားအက်ိဳးျပဳအတြက္သုံးတဲ့ကားမ်ိဳးပါ၊
ဘယ္သူကမွအက်ိဳးျပဳလိမ့္မယ္လို႔ေတာ့မထင္ထားၾကဘူး”ဟု ကားအေရာင္းစင္တာမွပိုင္ရွင္တစ္ဦးက သုံးသပ္ေျပာၾကားထားသည္။ၿပီးခဲ့သည့္ဇန္နဝါရီလတြင္တ႐ုတ္ႏိုင္ငံထုတ္ E2 အမ်ိဳးအစားလွ်ပ္စစ္ကားအစီးေရ (၄၀)ကိုပထမဆုံးအႀကိမ္အျဖစ္တင္သြင္းခဲ့ၿပီးအဆိုပါယာဥ္ေတြကိုအငွားယာဥ္ေတြအျဖစ္စမ္းသပ္ေျပးဆြဲသြားမည္ျဖစ္ေၾကာင္းသိရသည္။