
Pirate of the Carribean ဇာတ်ကားတွေထဲက ဇာတ်လိုက်ကျော် ပင်လယ်ဓားပြကြီး ကပ္ပတိန် ဂျက်စပဲရိုး Captain Jack Sparrow နဖူးပေါ်မှာ
တွဲလောင်းဆွဲထားတဲ့ သူ့ရဲ့အဆောင်လေးကို မိတ်ဆွေတို့ သတိထားမိမှာပါ
အဲ့သည့်အဆောင်လေးမှာ ပစ္စည်း ၈ မျိုးပါတဲ့အတွက် Jack Sparrow piece of eight လို့ခေါ်ပါတယ်။
ဒင်္ဂါးလေး တစ်ပြားပါပြီး ပုတီးစိလေးတွေ သီထားပါတယ်။ Jack ပထမဆုံး ဓါးမြတိုက်ခဲ့တဲ့ ပြင်သစ်သင်္ဘောက ရရှိတာဖြစ်ပြီး
ဒင်္ဂါးလေးကို ကံကောင်းစေတဲ့အဆောင်အဖြစ်Jack က သူ့နဖူးခေါင်းစီးမှာ အမြတ်တနိုး ဆွဲထားပါသတဲ့
ဒါမရှိရင် Jack Sparrow ဘုန်းနိမ့်မယ်ဆိုတာ သိတဲ့ သူ့ရန်သူတွေဟာ အဲ့ဒီအဆောင်လေးကို မရမက လိုက်လုပါတယ်။
Captain Jolly Roger ဆိုရင် လောင်းကစားလုပ်ပြီး လုဖူးပါတယ် ဒါပေမယ့် သူမရခဲ့ပါဘူး
နောက်ဆုံးတော့ At World’s End ထဲမှာ Jack ရဲ့ အဆောင်လေးကို Hector Barbossa ဖြတ်ထုတ်လိုက်တာကြောင့်Jack ကံဆိုးသွားပြီး
ရေဘဝဲကြီး ခံတွင်းထဲကို သက်ဆင်းသွားရပါတော့တယ် ဒါက piece of eight အကြောင်းပါ
စကားမစပ် မိတ်ဆွေတို့ သတိထားမိပါသလား သေချာကြည့်ကြည့်ပါ အဲ့သည့် ဒင်္ဂါးလေးဟာ ၁၉၆၂ ခုနှစ်ထုတ် မြန်မာငွေ ငါးပြား ဖြစ်နေပါတယ်
ကျွန်တော်လည်း တလောက HD ကြည့်မိမှ သတိထားမိတာပါ ဒါနဲ့ internet မှာရှာကြည့်ပါတယ်။
Disney က ဘာပြောထားသလဲဆိုတော့ဒင်္ဂါးလေးက ထိုင်းက ရှေးဟောင်း ဒင်္ဂါးလေးဖြစ်ပြီး ပုတီးစိလေးတွေကတော့ မော်ရိုကိုက ဖြစ်ပါတယ်တဲ့။
ကျွန်တော်လည်း တတ်စွမ်းသမျှ ယိုးဒယားဒင်္ဂါးတွေ ရှာကြည့်ပါတယ်ပုံစံတူလုံးဝ မရှိပါခင်ဗျာ
သူတို့ ပိုက်ဆံတွေမှာ ထိုင်းဘုရင်ပုံနဲ့ စေတီပုထိုးပုံတွေသာ သွန်းလောင်းပါတယ် ကေသရာဇာ ခြင်္သေ့ပုံ မရှိပါဘူးသေချာတိုက်ကြည့်ပါ
ဒါ ၁၉၆၂ ထုတ် မြန်မာ့ပိုက်ဆံ ငါးပြားသာဖြစ်ပါတယ်။
ဒါကြောင့် ကမ္ဘာကျော် Captain Jack Sparrow ဟာမြန်မာ့ငါးပြားကို တရိုတသေ ချိတ်ဆွဲ တိုက်ပွဲဝင်ခဲ့တာဖြစ်ပြီး
မြန်မာ့ငါးပြား မရှိတော့တဲ့အတွက် သူကံဆိုးသွားရတာ ဖြစ်ကြောင်း ပြောပြရင်း ငါးပြားရှင်
မြန်မာလူမျိုးတစ်ယောက် အနေနဲ့သင်လည်း ဂုဏ်ယူနိုင်ကြောင်း တင်ဆက်လိုက်ရပါတယ်။
Credit
Zawgyi
Pirate of the Carribean ဇာတ္ကားေတြထဲက ဇာတ္လိုက္ေက်ာ္ ပင္လယ္ဓားျပႀကီး ကပၸတိန္ ဂ်က္စပဲ႐ိုး Captain Jack Sparrow နဖူးေပၚမွာ
တြဲေလာင္းဆြဲထားတဲ့ သူ႔ရဲ႕အေဆာင္ေလးကို မိတ္ေဆြတို႔ သတိထားမိမွာပါ
အဲ့သည့္အေဆာင္ေလးမွာ ပစၥည္း ၈ မ်ိဳးပါတဲ့အတြက္ Jack Sparrow piece of eight လို႔ေခၚပါတယ္။
ဒဂၤါးေလး တစ္ျပားပါၿပီး ပုတီးစိေလးေတြ သီထားပါတယ္။ Jack ပထမဆုံး ဓါးျမတိုက္ခဲ့တဲ့ ျပင္သစ္သေဘၤာက ရရွိတာျဖစ္ၿပီး
ဒဂၤါးေလးကို ကံေကာင္းေစတဲ့အေဆာင္အျဖစ္Jack က သူ႔နဖူးေခါင္းစီးမွာ အျမတ္တႏိုး ဆြဲထားပါသတဲ့
ဒါမရွိရင္ Jack Sparrow ဘုန္းနိမ့္မယ္ဆိုတာ သိတဲ့ သူ႔ရန္သူေတြဟာ အဲ့ဒီအေဆာင္ေလးကို မရမက လိုက္လုပါတယ္။
Captain Jolly Roger ဆိုရင္ ေလာင္းကစားလုပ္ၿပီး လုဖူးပါတယ္ ဒါေပမယ့္ သူမရခဲ့ပါဘူး
ေနာက္ဆုံးေတာ့ At World’s End ထဲမွာ Jack ရဲ႕ အေဆာင္ေလးကို Hector Barbossa ျဖတ္ထုတ္လိုက္တာေၾကာင့္Jack ကံဆိုးသြားၿပီး
ေရဘဝဲႀကီး ခံတြင္းထဲကို သက္ဆင္းသြားရပါေတာ့တယ္ ဒါက piece of eight အေၾကာင္းပါ
စကားမစပ္ မိတ္ေဆြတို႔ သတိထားမိပါသလား ေသခ်ာၾကည့္ၾကည့္ပါ အဲ့သည့္ ဒဂၤါးေလးဟာ ၁၉၆၂ ခုႏွစ္ထုတ္ ျမန္မာေငြ ငါးျပား ျဖစ္ေနပါတယ္
ကြၽန္ေတာ္လည္း တေလာက HD ၾကည့္မိမွ သတိထားမိတာပါ ဒါနဲ႔ internet မွာရွာၾကည့္ပါတယ္။
Disney က ဘာေျပာထားသလဲဆိုေတာ့ဒဂၤါးေလးက ထိုင္းက ေရွးေဟာင္း ဒဂၤါးေလးျဖစ္ၿပီး ပုတီးစိေလးေတြကေတာ့ ေမာ္႐ိုကိုက ျဖစ္ပါတယ္တဲ့။
ကြၽန္ေတာ္လည္း တတ္စြမ္းသမွ် ယိုးဒယားဒဂၤါးေတြ ရွာၾကည့္ပါတယ္ပုံစံတူလုံးဝ မရွိပါခင္ဗ်ာ
သူတို႔ ပိုက္ဆံေတြမွာ ထိုင္းဘုရင္ပုံနဲ႔ ေစတီပုထိုးပုံေတြသာ သြန္းေလာင္းပါတယ္ ေကသရာဇာ ျခေသၤ့ပုံ မရွိပါဘူးေသခ်ာတိုက္ၾကည့္ပါ
ဒါ ၁၉၆၂ ထုတ္ ျမန္မာ့ပိုက္ဆံ ငါးျပားသာျဖစ္ပါတယ္။
ဒါေၾကာင့္ ကမာၻေက်ာ္ Captain Jack Sparrow ဟာျမန္မာ့ငါးျပားကို တ႐ိုတေသ ခ်ိတ္ဆြဲ တိုက္ပြဲဝင္ခဲ့တာျဖစ္ၿပီး
ျမန္မာ့ငါးျပား မရွိေတာ့တဲ့အတြက္ သူကံဆိုးသြားရတာ ျဖစ္ေၾကာင္း ေျပာျပရင္း ငါးျပားရွင္
ျမန္မာလူမ်ိဳးတစ္ေယာက္ အေနနဲ႔သင္လည္း ဂုဏ္ယူႏိုင္ေၾကာင္း တင္ဆက္လိုက္ရပါတယ္။
Credit