ခေတ်အဆက်ဆက် မြန်မာ့ရွှေလောကကို ကြီးစိုးထားတဲ့ မဂိုလမ်းနဲ့ ခေတ်အဆက်ဆက် မြန်မာ့ရွှေဈေး…..

အတိတ်ကာလက ရွှေလောကကို ကြီးစိုးထားခဲ့တဲ့ မဂိုလမ်းနှင့် ထိုချိန်မှသည် ခေတ်အဆက်ဆက် မြန်မာ့ ရွှေဈေး…

၁၉၃၉/၁၉၄၀ ခုနှစ်လောက်က ဒါလဟိုဇီလမ်းနှင့် ကုန်သည်လမ်းအကြားကို မဂိုလမ်းဟု ခေါ်ဆိုကြပါတယ်။

ကိုလိုနီခေတ်ဦးက လမ်း၏ အောက်ပိုင်းကို ချစ်တီးလမ်း၊ အထက်ပိုင်းကို မဂိုလမ်းဟု ခေါ်တွင်ခဲ့သည်။

မဂို လူမျိုးကုန်သည်ကြီးများနေထိုင်ရာလမ်းဖြစ်သဖြင့် မဂိုလမ်းဟုခေါ်ဆိုကြခြင်းဖြစ်သည်။

ရှေးအခါကပင် မဂိုလမ်း၌ အန္ဒိယတိုင်းသား ဘာဘူသူဌေးများက ရွှေဆိုင်များဖွင့်လှစ်ရောင်းချခဲ့သည်။ မဂိုလူမျိုး ဆရာဝန်များလည်းဆေးခန်း ဖွင့်လှစ်ခဲ့ရာ လမ်းဖြစ်သည်။

ဒုတိယကမ္ဘာစစ်မဖြစ်မီက ရွှေဈေးမှာ ၅မူးသားရှိရွှေဒင်္ဂါး တစ်ပြားကျို ၁၃ကျပ်မှ ၁၅ကျပ်အထိ၊ရွှေတစ်ကျပ်သား ကို၂၆ကျပ်မှ ၃၀ကျပ်အထိဈေးနှုန်းပေါက်ခဲ့ပါသည်။

ထိုစဉ်က ရွှေကို အန္ဒိယနိုင်ငံ ရီဇတ်ဘဏ်မှ ရောင်းချပေးပြီး လိုင်စင်ရရှိသူရွှေကုန်သည်ကြီး ၁၁ဦး သာရှိရာ အားလုံးမှာ မြန်မာအမည်ခံယူထားသော အန္ဒိယလူမျိုးများသာ ဖြစ်၏။

တစ်ကြိမ်တွင် မြန်မာလူမျိုးရွှေပန်းထိမ်ဆရာကြီး ဦးဘိုးခက မခံချင်စိတ်ဖြင့် ရွှေလိုင်စင်လျှောက်ထားရာ ပယ်ချခံခဲ့ရသည်။

ထိုလမ်းမှာ ယခုအချိန်မှာတော့ ဒါလဟိုဇီလမ်းကို ဗန္ဓုလ လမ်း နှင့် မဂိုလမ်းကို ရွှေဘုံသာလမ်းဟု ပြောင်းလဲသွားခဲ့ပါပြီ။

ထိုခေတ်က မဂိုလမ်းထဲဝင်လိုက်လျှင် ဘာဘူကုလားများ၏ ရွှေဆိုင်နှင့်စိန်ဆိုင်များသာ အများဆုံး ရှိပါတယ်။

မြန်မာရွှေဆိုင်တွေတော့ ရှိတော့ရှိပါသည် သို့ပေမဲ့အလွန်နည်းပါသည်။

ရွှေဆိုင်တွေဆိုပေမဲ့ ယနေ့ခေတ်လို ရှိုးကေ့စ်တွေ မှန်ကောင်တာတွေနဲ့ တခမ်းတနားဖွင့်ထားတာမဟုတ်ပါ။

မှန်သေတ္တာလေးတစ်လုံးထဲ ရွှေအထည်နည်းနည်းပါးပါးထည့်ထားပြီး ရွှေချိန်မည့်ချိန်ခွင်တစ်ခုဖြင့် မိမိတိုက်ခန်းအဝင်ဝတွင် စာပွဲခုံတစ်လုံးပေါ်တွင်တင်၍ ရွှေဆိုင်ဖွင့်ကြပါသည်။

အဲဒီအချိန်တုန်းက ရွှေဆိုင်တွေက မဂိုလမ်းအောက်လမ်းဘက်မှာပဲ အများဆုံးရှိကြပါတယ်။

ထိုခေတ်တုန်းက နာမည်ကြီး ရွှေဆိုင်တွေကတော့ ကာလီဒတ်တို့ ပရမ်ချန်းတို့ ဖြစ်ကြပါတယ်။

ဘာဘူတို့ရဲ့ရွှေဆိုင် စိန်ဆိုင်တွေကို ကြည့်လိုက်လျှင် သမံတလင်းပေါ် ခင်းထားသော သစ်သားပြင်ပေါ်မှာ မွှေယာကြီးတွေကို အိနေအောင် ခင်းထားကြပါသည်။

ဝယ်သူမလာသေးလျှင် အဲဒီမွှေ့ယာပေါ်မှာ ခေါင်းအုံးကို တံတောင်တစ်ဖက်ဖြင့် ထောက်ပြီးခြေဆင်းကာသက်သောင့်သက်သာ နေကြပါတယ်။ ဝယ်သူလာမှ ထ၍ရောင်းကြပါသည်။

စစ်ပြီးခါစ …

၁၉၄၆/၁၉၄၇ ခုနှစ်လောက်က ရွှေဈေးက တစ်ကျပ်သား ၁၅၀ ကျပ်ရှိပြီး အလုပ်သမား လယ်သမားနှင့် အစိုးရဝန်ထမ်းများသည် သူတို့၏ လခဖြင့် ရွှေတစ်ကျပ်သားကို လူတိုင်းဝယ်ယူနိုင်ကြပါသည်။

ထိုခေတ်က အောက်တန်းစာရေး တစ်ယောက်လခသည် ၁၂၆ ကျပ်ဖြစ်ပါသည်။

ထို့ကြောင့် အောက်တန်းစာရေးတစ်ယောက်သည် လစဉ် ရွှေငါးမူးသားလောက်ဝယ်နိုင်ပါသည်။

၁၉၅၀ ခုနှစ်ရွှေဈေး ၁၈၀ ကျပ်၊ ၁၉၆၀ ခုနှစ်ရွှေဈေး ၂၄၀ ကျပ်မှ ၃၀၀ ကျပ်၊ ၁၉၇၀ ခုနှစ်ရွှေဈေး ၄၆၀ ကျပ်၊ ၁၉၇၅ ခုနှစ်ရွှေဈေး ၁၈၆၀ ကျပ်၊ ၁၉၈၀ ခုနှစ်ရွှေဈေး ၃၈၀၀ကျပ်မှ၄၀၀၀ ကျပ်

၁၉၉၀ ခုနှစ်ရွှေဈေး ၁၅၈၀၀ ကျပ်၊ ၁၉၉၁ ခုနှစ်ရွှေဈေး ၁၆၀၀၀ ကျပ်၊ ၁၉၉၄ ခုနှစ်ရွှေဈေး ၂၅၂၀၀ ကျပ်၊ ၁၉၉၆ ခုနှစ်ရွှေဈေး ၃၆၀၀၀ ကျပ်၊ ၂၀၁၇ ခုနှစ်ရွှေဈေး ၉၀၀၀၀၀ ကျပ်…

ယခု ၂၀၂၂- ၂၀၂၃ ရွှေဈေး== ကာလပေါက်ဈေး…

၁၉၅၀ခုနှစ်လွတ်လပ်ရေး ရပြီးခါစခောတ်က လူတော်တော်များများ လစဉ်ရွှေဝယ်နိုင်ကြပေမဲ့ ယနေ့ ၂၀၂၃ ခုနှစ်မှာတော့…..

ခရက်ဒစ်…အားလုံးကိုလေးစားစွာဖြင့် အောင်ကမ္ဘာ ကိုရဲ

Sai Min Thant ဆရာစိုင်းထံမှ ပြန်လည်မျှဝေပါသည် ။

Zawgyi

အတိတ္ကာလက ေ႐ႊေလာကကို ႀကီးစိုးထားခဲ့တဲ့ မဂိုလမ္းႏွင့္ ထိုခ်ိန္မွသည္ ေခတ္အဆက္ဆက္ ျမန္မာ့ ေ႐ႊေဈး…

၁၉၃၉/၁၉၄၀ ခုႏွစ္ေလာက္က ဒါလဟိုဇီလမ္းႏွင့္ ကုန္သည္လမ္းအၾကားကို မဂိုလမ္းဟု ေခၚဆိုၾကပါတယ္။

ကိုလိုနီေခတ္ဦးက လမ္း၏ ေအာက္ပိုင္းကို ခ်စ္တီးလမ္း၊ အထက္ပိုင္းကို မဂိုလမ္းဟု ေခၚတြင္ခဲ့သည္။

မဂို လူမ်ိဳးကုန္သည္ႀကီးမ်ားေနထိုင္ရာလမ္းျဖစ္သျဖင့္ မဂိုလမ္းဟုေခၚဆိုၾကျခင္းျဖစ္သည္။

ေရွးအခါကပင္ မဂိုလမ္း၌ အႏၵိယတိုင္းသား ဘာဘူသူေဌးမ်ားက ေ႐ႊဆိုင္မ်ားဖြင့္လွစ္ေရာင္းခ်ခဲ့သည္။ မဂိုလူမ်ိဳး ဆရာဝန္မ်ားလည္းေဆးခန္း ဖြင့္လွစ္ခဲ့ရာ လမ္းျဖစ္သည္။

ဒုတိယကမာၻစစ္မျဖစ္မီက ေ႐ႊေစ်းမွာ ၅မူးသားရွိေ႐ႊဒဂၤါး တစ္ျပားက်ိဳ ၁၃က်ပ္မွ ၁၅က်ပ္အထိ၊ေ႐ႊတစ္က်ပ္သား ကို၂၆က်ပ္မွ ၃၀က်ပ္အထိေစ်းႏႈန္းေပါက္ခဲ့ပါသည္။

ထိုစဥ္က ေ႐ႊကို အႏၵိယႏိုင္ငံ ရီဇတ္ဘဏ္မွ ေရာင္းခ်ေပးၿပီး လိုင္စင္ရရွိသူေ႐ႊကုန္သည္ႀကီး ၁၁ဦး သာရွိရာ အားလုံးမွာ ျမန္မာအမည္ခံယူထားေသာ အႏၵိယလူမ်ိဳးမ်ားသာ ျဖစ္၏။

တစ္ႀကိမ္တြင္ ျမန္မာလူမ်ိဳးေ႐ႊပန္းထိမ္ဆရာႀကီး ဦးဘိုးခက မခံခ်င္စိတ္ျဖင့္ ေ႐ႊလိုင္စင္ေလွ်ာက္ထားရာ ပယ္ခ်ခံခဲ့ရသည္။

ထိုလမ္းမွာ ယခုအခ်ိန္မွာေတာ့ ဒါလဟိုဇီလမ္းကို ဗႏၶဳလ လမ္း ႏွင့္ မဂိုလမ္းကို ေ႐ႊဘုံသာလမ္းဟု ေျပာင္းလဲသြားခဲ့ပါၿပီ။

ထိုေခတ္က မဂိုလမ္းထဲဝင္လိုက္လွ်င္ ဘာဘူကုလားမ်ား၏ ေ႐ႊဆိုင္ႏွင့္စိန္ဆိုင္မ်ားသာ အမ်ားဆုံး ရွိပါတယ္။

ျမန္မာေ႐ႊဆိုင္ေတြေတာ့ ရွိေတာ့ရွိပါသည္ သို႔ေပမဲ့အလြန္နည္းပါသည္။

ေ႐ႊဆိုင္ေတြဆိုေပမဲ့ ယေန႔ေခတ္လို ရႈိးေက့စ္ေတြ မွန္ေကာင္တာေတြနဲ႔ တခမ္းတနားဖြင့္ထားတာမဟုတ္ပါ။

မွန္ေသတၱာေလးတစ္လုံးထဲ ေ႐ႊအထည္နည္းနည္းပါးပါးထည့္ထားၿပီး ေ႐ႊခ်ိန္မည့္ခ်ိန္ခြင္တစ္ခုျဖင့္ မိမိတိုက္ခန္းအဝင္ဝတြင္ စာပြဲခုံတစ္လုံးေပၚတြင္တင္၍ ေ႐ႊဆိုင္ဖြင့္ၾကပါသည္။

အဲဒီအခ်ိန္တုန္းက ေ႐ႊဆိုင္ေတြက မဂိုလမ္းေအာက္လမ္းဘက္မွာပဲ အမ်ားဆုံးရွိၾကပါတယ္။

ထိုေခတ္တုန္းက နာမည္ႀကီး ေ႐ႊဆိုင္ေတြကေတာ့ ကာလီဒတ္တို႔ ပရမ္ခ်န္းတို႔ ျဖစ္ၾကပါတယ္။

ဘာဘူတို႔ရဲ႕ေ႐ႊဆိုင္ စိန္ဆိုင္ေတြကို ၾကည့္လိုက္လွ်င္ သမံတလင္းေပၚ ခင္းထားေသာ သစ္သားျပင္ေပၚမွာ ေမႊယာႀကီးေတြကို အိေနေအာင္ ခင္းထားၾကပါသည္။

ဝယ္သူမလာေသးလွ်င္ အဲဒီေမႊ႕ယာေပၚမွာ ေခါင္းအုံးကို တံေတာင္တစ္ဖက္ျဖင့္ ေထာက္ၿပီးေျခဆင္းကာသက္ေသာင့္သက္သာ ေနၾကပါတယ္။ ဝယ္သူလာမွ ထ၍ေရာင္းၾကပါသည္။

စစ္ၿပီးခါစ …

၁၉၄၆/၁၉၄၇ ခုႏွစ္ေလာက္က ေ႐ႊေစ်းက တစ္က်ပ္သား ၁၅၀ က်ပ္ရွိၿပီး အလုပ္သမား လယ္သမားႏွင့္ အစိုးရဝန္ထမ္းမ်ားသည္ သူတို႔၏ လချဖင့္ ေ႐ႊတစ္က်ပ္သားကို လူတိုင္းဝယ္ယူႏိုင္ၾကပါသည္။

ထိုေခတ္က ေအာက္တန္းစာေရး တစ္ေယာက္လခသည္ ၁၂၆ က်ပ္ျဖစ္ပါသည္။

ထို႔ေၾကာင့္ ေအာက္တန္းစာေရးတစ္ေယာက္သည္ လစဥ္ ေ႐ႊငါးမူးသားေလာက္ဝယ္ႏိုင္ပါသည္။

၁၉၅၀ ခုႏွစ္ေ႐ႊေစ်း ၁၈၀ က်ပ္၊ ၁၉၆၀ ခုႏွစ္ေ႐ႊေစ်း ၂၄၀ က်ပ္မွ ၃၀၀ က်ပ္၊ ၁၉၇၀ ခုႏွစ္ေ႐ႊေစ်း ၄၆၀ က်ပ္၊ ၁၉၇၅ ခုႏွစ္ေ႐ႊေစ်း ၁၈၆၀ က်ပ္၊ ၁၉၈၀ ခုႏွစ္ေ႐ႊေစ်း ၃၈၀၀က်ပ္မွ၄၀၀၀ က်ပ္

၁၉၉၀ ခုႏွစ္ေ႐ႊေစ်း ၁၅၈၀၀ က်ပ္၊ ၁၉၉၁ ခုႏွစ္ေ႐ႊေစ်း ၁၆၀၀၀ က်ပ္၊ ၁၉၉၄ ခုႏွစ္ေ႐ႊေစ်း ၂၅၂၀၀ က်ပ္၊ ၁၉၉၆ ခုႏွစ္ေ႐ႊေစ်း ၃၆၀၀၀ က်ပ္၊ ၂၀၁၇ ခုႏွစ္ေ႐ႊေစ်း ၉၀၀၀၀၀ က်ပ္…

ယခု ၂၀၂၂- ၂၀၂၃ ေ႐ႊေစ်း== ကာလေပါက္ေစ်း…

၁၉၅၀ခုႏွစ္လြတ္လပ္ေရး ရၿပီးခါစေခာတ္က လူေတာ္ေတာ္မ်ားမ်ား လစဥ္ေ႐ႊဝယ္ႏိုင္ၾကေပမဲ့ ယေန႔ ၂၀၂၃ ခုႏွစ္မွာေတာ့…..

ခရက္ဒစ္…အားလုံးကိုေလးစားစြာျဖင့္ ေအာင္ကမာၻ ကိုရဲ

Sai Min Thant ဆရာစိုင္းထံမွ ျပန္လည္မွ်ေဝပါသည္ ။