
ဦးကျော်ဟိန်းကို (၁၉၄၇) ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်၊ တနင်္လာနေ့တွင် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ကျောင်းကုန်းလမ်း၌ အငြိမ်းစားခရိုင်ရဲဝန် အဖဦးဂျွန်မောင်စိန်နှင့် အမိဒေါ်ချိုချိုတို့မှ မွေးဖွားခဲ့သည်။
ကရကဋ် ရာသီဖွားဖြစ်ပြီး ငယ်နာမည် ကျော်ကြီး။ အမည်ရင်းမှာ ကျော်ဌေး ဖြစ်သည်။
သားသမီး ခြောက်ယောက်တွင် စတုတ္ထမြောက်ဖြစ်သည်။ (၁၉၆၇) ခုနှစ်မှ (၂၀၀၈) ခုနှစ်ထိ (နှစ်ပေါင်း ၄၁ နှစ်အတွင်း) ရိုက်ကူးခဲ့သော ရုပ်ရှင် ကားပေါင်း – ၂၂၂ ကား၊ ဗီဒီယိုကားပေါင်း – ၃၆၂ ကား၊ ဆိုခဲ့သော သီချင်းခွေပေါင်း – ၁၄ ခွေ ဖြစ်သည်။
ပညာရေးနှင့်ငယ်စဉ်ဘဝ
(၁၉၅၂) ခုနှစ်၊ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်၊ ABM ကျောင်းတွင် ပထမတန်းမှ စတုတ္ထတန်းအထိ ကျောင်းစာသင်ကြားခဲ့သည်။
စတုတ္ထတန်း စာမေးပွဲတွင် အောင်မှတ်မပြည့်၍ နွေရာသီကျောင်းပိတ်ရက် နှစ်လတွင် စာကျက်ပြီး စာမေးပွဲ ပြန်ဖြေခဲ့ရသည်။
(၁၉၅၆) ခုနှစ်တွင် အလုံမြို့နယ်၊ ဟုမ်းလမ်း ဘူတာရုံအနီးရှိ ယူနစ်ကရင်ကျောင်းတွင် ပဉ္စမတန်း တက်ရောက်သင်ကြားခဲ့သည်။(၁၉၅၇) ခုနှစ်၊ အလုံမြို့နယ်၊ ကူရှင်ကျောင်းတွင် ဆဋ္ဌမတန်း၊ သတ္တမတန်း (နှစ်ကြိမ်)၊ အဋ္ဌမတန်းတက်ရောက်ခဲ့ပြီး နဝမတန်းတွင် နှစ်ကြိမ်ကျရှုံးပြီး ကျောင်းထွက်ခဲ့ရသည်။
(၁၉၆၄) ခုနှစ် ရန်ကုန်မြို့၊ မြို့နယ်အသီးသီးရှိ အလွတ် ပညာသင်ကျောင်း (ညကျောင်းအပါအဝင်)၊ (၂၃) ကျောင်း ပြောင်းရွှေ့သင်ကြားခဲ့သည်။ နောက်ပိုင်းတွင် ကျောင်းမနေဖြစ်တော့ဘဲ အိမ်မှ – ၁၆ ကြိမ် ဆင်းခဲ့ပြီး အိမ်ပြေးဘဝဖြင့် လမ်းပေါ်တွင် လေလွင့်ခဲ့သည်။
(၁၉၆၅) ခုနှစ်တွင် ကမာရွတ်မြို့နယ်၊ ဒေါ်သာထက်ကျောင်းမှ နဝမတန်း (သုံးကြိမ်မြောက်) သင်ကြား အောင်မြင်ခဲ့သည်။
(၁၉၆၆) ခုနှစ်တွင် ဒဂုံမြို့နယ်၊ ဒေါ်နုနုခင်အလွတ် ပညာသင်ကျောင်းတွင် ဒသမတန်း သင်ကြားခဲ့သော်လည်း သုံးလမျှတက်ပြီး ရေတပ်သို့ ဝင်ရောက်ခဲ့သည်။ ကိုယ်ပိုင်နံပါတ်မှာ – ၁၂၂၀၅ ဖြစ်ပြီး (၁၉၆၇) ခုနှစ်တွင် ရေတပ်မှ ထွက်ခဲ့သည်။
ထို့နောက် ဒသမတန်း ပြန်ဖြေ၍ (ခ) စာရင်းဖြင့် အောင်မြင်ခဲ့သည်။ငယ်စဉ်က စိန်ဂေါ်လီဂိုဏ်းဝင် တစ်ဦးဖြစ်သည်။ထို့နောက် ရုပ်ရှင်လောကအတွင်း ရောက်ရှိခဲ့သည်။
ရုပ်ရှင်သရုပ်ဆောင်ဘဝ
(၁၉၇၀) ပြည့်နှစ်မှစ၍ ရုပ်ရှင်မင်းသမီး စန္ဒာနှင့်အတူ ဖူးစာလမ်းစုံ ဇာတ်ကားဖြင့် ရုပ်ရှင်လောကထဲသို့ ဝင်ရောက်ခဲ့သည်။
ရုပ်ရှင်သရုပ်ဆောင်အဖြစ် `အကာကအချစ်၊ အနှစ်ကမေတ္တာ´။ `မွန်းတည့်ချိန်တွင် နေဝင်သည်´။ `ပန်းမြိုင်လယ်က ဥယျာဉ်မှူး´။ `ဝေလည်းမွှေး ကြွေလည်းမွှေး´ ဇာတ်ကားများဖြင့် အကယ်ဒမီ လေးကြိမ် ရရှိခဲ့သည်။ `မွန်းတည့်ချိန်တွင် နေဝင်သည်´ ဇာတ်ကားကို ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည်။
(၁၉၇၀) ခုနှစ်တွင် ပထမဆုံး ဒါရိုက်တာလုပ်၍ သရုပ်ဆောင် ရိုက်ကူးခဲ့သော ဇာတ်ကားမှာ စိန်သို့မဟုတ်စိန် ဖြစ်သည်။ထိုဇာတ်ကား၏ ကြော်ငြာဒီဇိုင်း၊ ပိုစတာများအားလုံးကို သူကိုယ်တိုင် နေမင်းထိပ်ခေါင် အမည်ဖြင့် ရေးဆွဲခဲ့သည်။
ဝတ္ထုတို၊ ဝတ္ထုရှည်အချို့ ရေးသားခဲ့ပြီး တေးစီးရီးအချို့ကိုလည်း သီဆိုထုတ်လုပ်ခဲ့သည်။ ရုပ်သံကြော်ငြာများတွင် သရုပ်ဆောင်ကြေး အများဆုံးရသူဖြစ်သည်။
ရဟန်းဘဝ
(၂၀၀၈) ခုနှစ်၊ နိုဝင်ဘာ (၄)ရက်နေ့မှစ၍ ဦးကျော်ဟိန်းသည် ရုပ်ရှင်လောကက အနားယူကာ ရဟန်းဝတ်ခဲ့လေသည်။ ဘွဲ့တော်မှာ ဦးကိတ္တိသာရ ဖြစ်သည်။ ဦးကျော်ဟိန်း ရဟန်းမဝတ်ခင်ကလည်း ကျော်ဟိန်း၏ နောက်ဆုံး နှုတ်ဆက်ခရီးစဉ်ဟု အမည်ပေးကာ မြန်မာနိုင်ငံအနှံ့သို့ သွားရောက်ခဲ့သေးသည်။
ရဟန်းဘောင်ဝင်၍ တရားပွဲများ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။ ဘုန်းကြီးဝတ်အနေဖြင့် စာပေများရေးသောအခါ ကလောင်နာမည် ဦးကိတ္တိသာရ (ခေတ္တ ၃၁ ဘုံ) ဟု ဖြစ်သည်။ နောက်ဆုံး ရိုက်ကူးခဲ့သော ရုပ်ရှင်ကားမှာ “ကြိုးတန်း” ဖြစ်သည်။
သီဆိုထုတ်ခဲ့သောစီးရီးများ
မျက်ရည်ငှက်များ နားစေသတည်း။
လူကြီးမင်းများ လက်ခုပ်တီးပါ။
ယင်းမာတင်ဆက်မှု (၂)။
တစ်ကိုယ်တော်လေလွင့်ခြင်း။
စင်ပေါ်က သီချင်းများ။
အဓိပ္ပါယ်ရှိသောလူ။
ထာဝရရှင်သန်နေမယ်။
ဝီရရသ။ အသစ်။
ဒုတ် ဒုတ် ဒုတ် ဒုတ်။ မော်ဒန်အင်းတစ်ခ်၊အဓိပ္ပါယ်ရှိသော စင်ပေါ်ကသီချင်းများ။
နိုဝင်ဘာ – ၁၁။
The Next (နောက်ဆုံးကျော်ဟိန်း ဗီဒီယို ဇာတ်ကားထဲမှာ ဇာတ်ဝင်သီချင်း အဖြစ် ထည့်သုံးလိုက်သည်။)
ရေးသားခဲ့သော စာအုပ်စာရင်း
ကျွန်တော့်ကိုယ်စားပြောပေးပါ။
(လုံးချင်းဝတ္ထု) – ၁၉၇၅၊ (ဒု) – ၁၉၈၄
ရောင်စုံအပိုင်းအစများ (ဝတ္ထုတိုပေါင်းချုပ်) – ၂၀၀၂
ပြာ အက်ဆေး
စိတ်ဓားပြ – ကွယ်လွန်သူဒွေးရဲ့အမှတ်တရစာ
ကျော်ဟိန်းများ (ကျော်ဟိန်း၏ နှစ်ပေါင်း ၄ဝ သမိုင်း) စာအုပ်ကို
Faces မီဒီယာမှ (၂၀၀၉)၊ နိုဝင်ဘာ ၁၆ ရက်နေ့တွင် ဖြန့်ချိပြီး
တစ်အုပ်လျှင် (၁၁,၅၀ဝ) ကျပ်ဖြင့် ရောင်းချခဲ့သည်။
သရုပ်ဆောင်ကျမ်း
ဝတ္ထုတိုပေါင်းချုပ်
(ကျော်ဟိန်းရေးခဲ့သော ဝတ္ထုတိုများ စုစည်းမှု)
“လုံးဝအဖြူ” ရုပ်ပြဇာတ်လမ်းစာအုပ် (ပ+ဒု)
ကွယ်လွန်ခြင်း
(၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၁၁) ရက် မြန်မာစံတော်ချိန် မနက် (၉) နာရီ (၂၇) မိနစ်တွင် ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့၌ ဦးကိတ္တိသာရအဖြစ် ရဟန်းဘဝဖြင့် ခန္ဓာဝန်ချခဲ့သည်။ တူဖြစ်သူ မင်းသားဒွေးမှာလည်း ဇူလိုင်လ (၁၁) ရက်နေ့ တွင် ကွယ်လွန်ခဲ့သည်ဖြစ်၍ သူတို့နှစ်ဦးကွယ်လွန်သည့် နေ့ရက်နှင့်လမှာ တိုက်တိုက်ဆိုင်ဆိုင် အတူတူပင် ဖြစ်နေသည်။
crd; Wikipedia
Zawgyi
ဦးေက်ာ္ဟိန္းကို (၁၉၄၇) ခုႏွစ္၊ ဇူလိုင္လ(၁၄)ရက္၊ တနလၤာေန႔တြင္ ရန္ကုန္ၿမိဳ႕၊ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ေက်ာင္းကုန္းလမ္း၌ အၿငိမ္းစားခ႐ိုင္ရဲဝန္ အဖဦးဂြၽန္ေမာင္စိန္ႏွင့္ အမိေဒၚခ်ိဳခ်ိဳတို႔မွ ေမြးဖြားခဲ့သည္။
ကရကဋ္ ရာသီဖြားျဖစ္ၿပီး ငယ္နာမည္ ေက်ာ္ႀကီး။ အမည္ရင္းမွာ ေက်ာ္ေဌး ျဖစ္သည္။
သားသမီး ေျခာက္ေယာက္တြင္ စတုတၳေျမာက္ျဖစ္သည္။ (၁၉၆၇) ခုႏွစ္မွ (၂၀၀၈) ခုႏွစ္ထိ (ႏွစ္ေပါင္း ၄၁ ႏွစ္အတြင္း) ႐ိုက္ကူးခဲ့ေသာ ႐ုပ္ရွင္ ကားေပါင္း – ၂၂၂ ကား၊ ဗီဒီယိုကားေပါင္း – ၃၆၂ ကား၊ ဆိုခဲ့ေသာ သီခ်င္းေခြေပါင္း – ၁၄ ေခြ ျဖစ္သည္။
ပညာေရးႏွင့္ငယ္စဥ္ဘဝ
(၁၉၅၂) ခုႏွစ္၊ ရန္ကုန္ၿမိဳ႕၊ ၾကည့္ျမင္တိုင္၊ ABM ေက်ာင္းတြင္ ပထမတန္းမွ စတုတၳတန္းအထိ ေက်ာင္းစာသင္ၾကားခဲ့သည္။
စတုတၳတန္း စာေမးပြဲတြင္ ေအာင္မွတ္မျပည့္၍ ေႏြရာသီေက်ာင္းပိတ္ရက္ ႏွစ္လတြင္ စာက်က္ၿပီး စာေမးပြဲ ျပန္ေျဖခဲ့ရသည္။
(၁၉၅၆) ခုႏွစ္တြင္ အလုံၿမိဳ႕နယ္၊ ဟုမ္းလမ္း ဘူတာ႐ုံအနီးရွိ ယူနစ္ကရင္ေက်ာင္းတြင္ ပၪၥမတန္း တက္ေရာက္သင္ၾကားခဲ့သည္။(၁၉၅၇) ခုႏွစ္၊ အလုံၿမိဳ႕နယ္၊ ကူရွင္ေက်ာင္းတြင္ ဆ႒မတန္း၊ သတၱမတန္း (ႏွစ္ႀကိမ္)၊ အ႒မတန္းတက္ေရာက္ခဲ့ၿပီး နဝမတန္းတြင္ ႏွစ္ႀကိမ္က်ရႈံးၿပီး ေက်ာင္းထြက္ခဲ့ရသည္။
(၁၉၆၄) ခုႏွစ္ ရန္ကုန္ၿမိဳ႕၊ ၿမိဳ႕နယ္အသီးသီးရွိ အလြတ္ ပညာသင္ေက်ာင္း (ညေက်ာင္းအပါအဝင္)၊ (၂၃) ေက်ာင္း ေျပာင္းေ႐ႊ႕သင္ၾကားခဲ့သည္။ ေနာက္ပိုင္းတြင္ ေက်ာင္းမေနျဖစ္ေတာ့ဘဲ အိမ္မွ – ၁၆ ႀကိမ္ ဆင္းခဲ့ၿပီး အိမ္ေျပးဘဝျဖင့္ လမ္းေပၚတြင္ ေလလြင့္ခဲ့သည္။
(၁၉၆၅) ခုႏွစ္တြင္ ကမာ႐ြတ္ၿမိဳ႕နယ္၊ ေဒၚသာထက္ေက်ာင္းမွ နဝမတန္း (သုံးႀကိမ္ေျမာက္) သင္ၾကား ေအာင္ျမင္ခဲ့သည္။
(၁၉၆၆) ခုႏွစ္တြင္ ဒဂုံၿမိဳ႕နယ္၊ ေဒၚႏုႏုခင္အလြတ္ ပညာသင္ေက်ာင္းတြင္ ဒသမတန္း သင္ၾကားခဲ့ေသာ္လည္း သုံးလမွ်တက္ၿပီး ေရတပ္သို႔ ဝင္ေရာက္ခဲ့သည္။ ကိုယ္ပိုင္နံပါတ္မွာ – ၁၂၂၀၅ ျဖစ္ၿပီး (၁၉၆၇) ခုႏွစ္တြင္ ေရတပ္မွ ထြက္ခဲ့သည္။
ထို႔ေနာက္ ဒသမတန္း ျပန္ေျဖ၍ (ခ) စာရင္းျဖင့္ ေအာင္ျမင္ခဲ့သည္။ငယ္စဥ္က စိန္ေဂၚလီဂိုဏ္းဝင္ တစ္ဦးျဖစ္သည္။ထို႔ေနာက္ ႐ုပ္ရွင္ေလာကအတြင္း ေရာက္ရွိခဲ့သည္။
႐ုပ္ရွင္သ႐ုပ္ေဆာင္ဘဝ
(၁၉၇၀) ျပည့္ႏွစ္မွစ၍ ႐ုပ္ရွင္မင္းသမီး စႏၵာႏွင့္အတူ ဖူးစာလမ္းစုံ ဇာတ္ကားျဖင့္ ႐ုပ္ရွင္ေလာကထဲသို႔ ဝင္ေရာက္ခဲ့သည္။
႐ုပ္ရွင္သ႐ုပ္ေဆာင္အျဖစ္ `အကာကအခ်စ္၊ အႏွစ္ကေမတၱာ´။ `မြန္းတည့္ခ်ိန္တြင္ ေနဝင္သည္´။ `ပန္းၿမိဳင္လယ္က ဥယ်ာဥ္မႉး´။ `ေဝလည္းေမႊး ေႂကြလည္းေမႊး´ ဇာတ္ကားမ်ားျဖင့္ အကယ္ဒမီ ေလးႀကိမ္ ရရွိခဲ့သည္။ `မြန္းတည့္ခ်ိန္တြင္ ေနဝင္သည္´ ဇာတ္ကားကို ဒါ႐ိုက္တာအျဖစ္ ႐ိုက္ကူးခဲ့သည္။
(၁၉၇၀) ခုႏွစ္တြင္ ပထမဆုံး ဒါ႐ိုက္တာလုပ္၍ သ႐ုပ္ေဆာင္ ႐ိုက္ကူးခဲ့ေသာ ဇာတ္ကားမွာ စိန္သို႔မဟုတ္စိန္ ျဖစ္သည္။ထိုဇာတ္ကား၏ ေၾကာ္ျငာဒီဇိုင္း၊ ပိုစတာမ်ားအားလုံးကို သူကိုယ္တိုင္ ေနမင္းထိပ္ေခါင္ အမည္ျဖင့္ ေရးဆြဲခဲ့သည္။
ဝတၳဳတို၊ ဝတၳဳရွည္အခ်ိဳ႕ ေရးသားခဲ့ၿပီး ေတးစီးရီးအခ်ိဳ႕ကိုလည္း သီဆိုထုတ္လုပ္ခဲ့သည္။ ႐ုပ္သံေၾကာ္ျငာမ်ားတြင္ သ႐ုပ္ေဆာင္ေၾကး အမ်ားဆုံးရသူျဖစ္သည္။
ရဟန္းဘဝ
(၂၀၀၈) ခုႏွစ္၊ ႏိုဝင္ဘာ (၄)ရက္ေန႔မွစ၍ ဦးေက်ာ္ဟိန္းသည္ ႐ုပ္ရွင္ေလာကက အနားယူကာ ရဟန္းဝတ္ခဲ့ေလသည္။ ဘြဲ႕ေတာ္မွာ ဦးကိတၱိသာရ ျဖစ္သည္။ ဦးေက်ာ္ဟိန္း ရဟန္းမဝတ္ခင္ကလည္း ေက်ာ္ဟိန္း၏ ေနာက္ဆုံး ႏႈတ္ဆက္ခရီးစဥ္ဟု အမည္ေပးကာ ျမန္မာႏိုင္ငံအႏွံ႔သို႔ သြားေရာက္ခဲ့ေသးသည္။
ရဟန္းေဘာင္ဝင္၍ တရားပြဲမ်ား ျပဳလုပ္ျခင္းႏွင့္ ပတ္သက္၍ ေဝဖန္ေျပာဆိုမႈမ်ား ရွိခဲ့သည္။ ဘုန္းႀကီးဝတ္အေနျဖင့္ စာေပမ်ားေရးေသာအခါ ကေလာင္နာမည္ ဦးကိတၱိသာရ (ေခတၱ ၃၁ ဘုံ) ဟု ျဖစ္သည္။ ေနာက္ဆုံး ႐ိုက္ကူးခဲ့ေသာ ႐ုပ္ရွင္ကားမွာ “ႀကိဳးတန္း” ျဖစ္သည္။
သီဆိုထုတ္ခဲ့ေသာစီးရီးမ်ား
မ်က္ရည္ငွက္မ်ား နားေစသတည္း။
လူႀကီးမင္းမ်ား လက္ခုပ္တီးပါ။
ယင္းမာတင္ဆက္မႈ (၂)။
တစ္ကိုယ္ေတာ္ေလလြင့္ျခင္း။
စင္ေပၚက သီခ်င္းမ်ား။
အဓိပၸါယ္ရွိေသာလူ။
ထာဝရရွင္သန္ေနမယ္။
ဝီရရသ။ အသစ္။
ဒုတ္ ဒုတ္ ဒုတ္ ဒုတ္။ ေမာ္ဒန္အင္းတစ္ခ္၊အဓိပၸါယ္ရွိေသာ စင္ေပၚကသီခ်င္းမ်ား။
ႏိုဝင္ဘာ – ၁၁။
The Next (ေနာက္ဆုံးေက်ာ္ဟိန္း ဗီဒီယို ဇာတ္ကားထဲမွာ ဇာတ္ဝင္သီခ်င္း အျဖစ္ ထည့္သုံးလိုက္သည္။)
ေရးသားခဲ့ေသာ စာအုပ္စာရင္း
ကြၽန္ေတာ့္ကိုယ္စားေျပာေပးပါ။
(လုံးခ်င္းဝတၳဳ) – ၁၉၇၅၊ (ဒု) – ၁၉၈၄
ေရာင္စုံအပိုင္းအစမ်ား (ဝတၳဳတိုေပါင္းခ်ဳပ္) – ၂၀၀၂
ျပာ အက္ေဆး
စိတ္ဓားျပ – ကြယ္လြန္သူေဒြးရဲ႕အမွတ္တရစာ
ေက်ာ္ဟိန္းမ်ား (ေက်ာ္ဟိန္း၏ ႏွစ္ေပါင္း ၄ဝ သမိုင္း) စာအုပ္ကို
Faces မီဒီယာမွ (၂၀၀၉)၊ ႏိုဝင္ဘာ ၁၆ ရက္ေန႔တြင္ ျဖန႔္ခ်ိၿပီး
တစ္အုပ္လွ်င္ (၁၁,၅၀ဝ) က်ပ္ျဖင့္ ေရာင္းခ်ခဲ့သည္။
သ႐ုပ္ေဆာင္က်မ္း
ဝတၳဳတိုေပါင္းခ်ဳပ္
(ေက်ာ္ဟိန္းေရးခဲ့ေသာ ဝတၳဳတိုမ်ား စုစည္းမႈ)
“လုံးဝအျဖဴ” ႐ုပ္ျပဇာတ္လမ္းစာအုပ္ (ပ+ဒု)
ကြယ္လြန္ျခင္း
(၂၀၂၀) ျပည့္ႏွစ္၊ ဇူလိုင္လ (၁၁) ရက္ ျမန္မာစံေတာ္ခ်ိန္ မနက္ (၉) နာရီ (၂၇) မိနစ္တြင္ ဩစေၾတးလ်ႏိုင္ငံ ကင္ဘာရာၿမိဳ႕၌ ဦးကိတၱိသာရအျဖစ္ ရဟန္းဘဝျဖင့္ ခႏၶာဝန္ခ်ခဲ့သည္။ တူျဖစ္သူ မင္းသားေဒြးမွာလည္း ဇူလိုင္လ (၁၁) ရက္ေန႔ တြင္ ကြယ္လြန္ခဲ့သည္ျဖစ္၍ သူတို႔ႏွစ္ဦးကြယ္လြန္သည့္ ေန႔ရက္ႏွင့္လမွာ တိုက္တိုက္ဆိုင္ဆိုင္ အတူတူပင္ ျဖစ္ေနသည္။
crd; Wikipedia