
၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ထုတ်ယူနိုင်သည့်ရက်ထုတ်ပြန်ကြေညာ
တက္ကသိုလ်ဝင် စာမေးပွဲကိုလာမယ့် မတ် ၈ ရက်ကနေ၁၈ ရက်ထိတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကျင်းပသွားမှာဖြစ်ပြီး ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားတွေကိုလာမယ့် ဖေဖော်ဝါရီ ၂၀ ရက်ကစတင်ထုတ်ယူနိုင်ပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကထုတ်ပြန်ကြေညာပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကစာစစ်ဌာနအသီးသီးမှာဖြေဆိုကြမယ့်ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ မိမိတို့ရဲ့ ဓာတ်ပုံကပ်ထားတဲ့ ခုံအမှတ်စဉ်ပါစာမေးပွဲဖြေဆိုခွင့်ကတ်ပြားတွေကိုဖေဖော်ဝါရီ ၂၀ ရက်ကစတင်ပြီးထုတ်ယူနိုင်ပြီဖြစ်ပါတယ်။
အခြေခံပညာအထက်တန်းကျောင်း၊အထက်တန်းကျောင်းခွဲနဲ့တွဲဖက်အခြေခံပညာအထက်တန်းကျောင်း၊ကိုယ်ပိုင်အထက်တန်းကျောင်းတွေကကျောင်းသား၊ကျောင်းသူတွေအနေနဲ့ မိမိတို့ရဲ့ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားတွေကို မိမိတို့ရဲ့ကျောင်းအုပ်ကြီးတွေဆီကထုတ်ယူကြရမှာ ဖြစ်တယ်လို့သိရပါတယ်။
ပြင်ပက ဖြေဆိုသူတွေကတော့စာမေးပွဲဖြေဆိုခွင့်ကတ်ပြားတွေကိုမိမိတို့ ဖြေဆိုရမယ့်စာစစ်ဌာန ကြီးကြပ်ရေးမှူးတွေဆီကထုတ်ယူကြရမှာဖြစ်ပါတယ်။စာမေးပွဲဖြေဆိုခွင့်ကတ်ပြားတွေထုတ်ယူရာမှာ အခက်အခဲရှိရင်သက်ဆိုင်ရာကျောင်းအုပ်ကြီးတွေ၊စာစစ်ဌာနကြီးကြပ်ရေးမှူးတွေ၊ မြို့နယ်ပညာရေးမှူးတွေနဲ့
မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနတို့ကို တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုမှာကျောင်းသားကျောင်းသူ ၂၈၀၀၀၀ ကျော်ဝင်ရောက်ဖြေဆိုခဲ့ကာတစ်နိုင်ငံလုံးအောင်ချက် ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိခဲ့တာဖြစ်ပါတယ်။
Zawgyi
၂၀၂၃ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုခြင့္ကတ္ျပားမ်ား ထုတ္ယူႏိုင္သည့္ရက္ထုတ္ျပန္ေၾကညာ
တကၠသိုလ္ဝင္ စာေမးပြဲကိုလာမယ့္ မတ္ ၈ ရက္ကေန၁၈ ရက္ထိတစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔က်င္းပသြားမွာျဖစ္ၿပီး ၂၀၂၃ ခုႏွစ္တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုခြင့္ကတ္ျပားေတြကိုလာမယ့္ ေဖေဖာ္ဝါရီ ၂၀ ရက္ကစတင္ထုတ္ယူႏိုင္ၿပီ ျဖစ္တယ္လို႔ ျမန္မာႏိုင္ငံ စာစစ္ဦးစီးဌာနကထုတ္ျပန္ေၾကညာပါတယ္။
တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြကစာစစ္ဌာနအသီးသီးမွာေျဖဆိုၾကမယ့္ေက်ာင္းသား၊ေက်ာင္းသူေတြအေနနဲ႔ မိမိတို႔ရဲ႕ ဓာတ္ပုံကပ္ထားတဲ့ ခုံအမွတ္စဥ္ပါစာေမးပြဲေျဖဆိုခြင့္ကတ္ျပားေတြကိုေဖေဖာ္ဝါရီ ၂၀ ရက္ကစတင္ၿပီးထုတ္ယူႏိုင္ၿပီျဖစ္ပါတယ္။
အေျခခံပညာအထက္တန္းေက်ာင္း၊အထက္တန္းေက်ာင္းခြဲနဲ႔တြဲဖက္အေျခခံပညာအထက္တန္းေက်ာင္း၊ကိုယ္ပိုင္အထက္တန္းေက်ာင္းေတြကေက်ာင္းသား၊ေက်ာင္းသူေတြအေနနဲ႔ မိမိတို႔ရဲ႕ စာေမးပြဲေျဖဆိုခြင့္ကတ္ျပားေတြကို မိမိတို႔ရဲ႕ေက်ာင္းအုပ္ႀကီးေတြဆီကထုတ္ယူၾကရမွာ ျဖစ္တယ္လို႔သိရပါတယ္။
ျပင္ပက ေျဖဆိုသူေတြကေတာ့စာေမးပြဲေျဖဆိုခြင့္ကတ္ျပားေတြကိုမိမိတို႔ ေျဖဆိုရမယ့္စာစစ္ဌာန ႀကီးၾကပ္ေရးမႉးေတြဆီကထုတ္ယူၾကရမွာျဖစ္ပါတယ္။စာေမးပြဲေျဖဆိုခြင့္ကတ္ျပားေတြထုတ္ယူရာမွာ အခက္အခဲရွိရင္သက္ဆိုင္ရာေက်ာင္းအုပ္ႀကီးေတြ၊စာစစ္ဌာနႀကီးၾကပ္ေရးမႉးေတြ၊ ၿမိဳ႕နယ္ပညာေရးမႉးေတြနဲ႔
ျမန္မာႏိုင္ငံ စာစစ္ ဦးစီးဌာနတို႔ကို တိုက္႐ိုက္စုံစမ္းေမးျမန္းႏိုင္ၿပီး ၿပီးခဲ့တဲ့ ၂၀၂၂ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကိုမွာေက်ာင္းသားေက်ာင္းသူ ၂၈၀၀၀၀ ေက်ာ္ဝင္ေရာက္ေျဖဆိုခဲ့ကာတစ္ႏိုင္ငံလုံးေအာင္ခ်က္ ၄၆ ဒသမ ၈၈ ရာခိုင္ႏႈန္းရွိခဲ့တာျဖစ္ပါတယ္။