
ကျွန်တော်တို့က ငှက်ပျောသီးကိုအဝါရောင်ငှက်ပျောသီးနဲ့အစိမ်းရောင်ငှက်ပျောသီးကိုတော့မြင်ဖူးကြမာပါ ။
ယခုဖော်ပြပေးမယ့် ငှက်ပျောသီးက၎င်းတို့အရောင် မဟုတ်ဘဲ အပြာရောင်ငှက်ပျောသီး ဖြစ်ပါတယ် ။ငှက်ပျောသီးတွေကို တောင်အာရှ၊ Australianစတြေးလျနဲ့ ဟာဝိုင်ယီမြေများမှ ရရှိတဲ့ သဘာဝအသီးတွေဖြစ်ပါတယ် ။
သို့ပေမဲ့လည်း အပြာရောင်ငှက်ပျောသီးကတော့ တွေ့နိုင်ဖို့အလွန်းရှာပါးပါတယ် ။အပြာရောင်ငှက်ပျောသီးရဲ့နောက်ထပ်စိတ်ဝင်စားစရာအချက်တစ်ချက်ကတော့ထိုအပြာရောင်ငှက်ပျောသီးကို စားသုံးဖူးသူတွေက ၎င်းဟာ vanilla ရေခဲမုန့်ကဲ့သို့ အရသာရှိကြောင်း ဆိုကြပါတယ် ။
၎င်းငှက်ပျောသီးဟာ အပူပိုင်းအသီးဖြစ်သော်လည်း၊ အနုတ် ၇ ဒီဂရီစင်တီဂရိတ်ရှိရင် ကြီးထွားနိုင်ပါတယ် ။နောက်ပြီး သူတို့ဟာကောင်းမွန်စွာကြီးထွားနိုင်ဖို့အတွက် နေရောင်ခြည်များစွာ လိုအပ်ပါတယ် ။
Blue Java Bananas တွေက ယေဘုယျအားဖြင့် အခြားငှက်ပျောသီးတွေထက် ပျော့ပျောင်း ချိုမြိန်ပြီး ၁၀၀ ဂရမ်မှာ အဆီ ၀.၃ဂရမ်၊ အသား ၂၂.၈ ဂရမ် နဲ့ ၈၉ ကယ်လိုရီ ပါရှိပါတယ် ။
‘ရေခဲမုန့်ငှက်ပျောသီး’လို့ နာမည်ကောင်းမှည့်ခေါ်ပြီးထိုအပြာရောင်အသီးများကိုစားသုံးရန်ဦးစားပေးတဲ့နည်းလမ်းမှာဖျော်ရည် သို့မဟုတ် ရေခဲမုန့် နောက်ပြီး ပိုမိုကျန်းမာစေရန်အတွက် မြေပဲ၊ ထောပတ်နဲ့ ရောစပ်ပြီးစားသုံးနိုင်ပါတယ် ။
၎င်းငှက်ပျောသီးဟာ သင်အတွက် အံ့အားသင့်စရာဖြစ်သော်လည်း အမေဇုန်မှာ Blue Java Bananas ကို သင်အမှန်တကယ်ရှာတွေ့နိုင်ပါတယ် ။
Crd,
Zawgyi
Crd,