
ကားလမ်းများမရှိစဉ်အချိန်က ဧရာဝတီသားတိုင်း စီးဖူးခဲ့ကြတဲ့ ရန်ကုန် သင်္ဘော…
မူရင်း မောင်သာ (ရှေးဟောင်းသုတေသန) ရေးသားသည်။
ယနေ့ခေတ် လူငယ်များအနက် ရန်ကုန် သင်္ဘောဆိုသည်ကို သိရှိသူ အလွန် နည်းပါးပေလိမ့်မည်။
မြစ်ချောင်းများပေါများလှသည့် မြစ်ဝကျွန်းပေါ်ဒေသ၌ ယခုအခါတွင် မြို့များအားလုံးသို့ မော်တော်ကားများဖြင့် အချိန် သက်သာစွာ သွားလာနိုင်ပြီဖြစ်သော်လည်း
ကျွန်တော်တို့ငယ်စဉ်၊ ကားလမ်းများမရှိစဉ်အချိန်က ရေလမ်းခရီးကို သာအား ထားခဲ့ကြ ရပြီး တစ်မြို့မှ တစ်မြို့သို့ ရေယာဉ်များဖြင့်သာ သွားလာခဲ့ကြရသည်။
ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ ခုလုံးတွင် ကားများတဝီဝီ သွားလာနေကြ သည့် ယနေ့ခေတ်ကို ကျွန်တော်တို့ အဘိုးအဘွားများ သိခွင့်ကြုံခွင့် မရခဲ့ပါချေ။
ကျွန်တော် ငယ်စဉ်ကမြစ်ချောင်းများပေါများလှသည့် မြစ်ဝကျွန်းပေါ်ဒေသမှ ကျိုက်လတ်မြို့လေးတွင် နေထိုင် ကြီးပြင်းခဲ့ပါသည်။
မြန်မာပြည်မြောက်ဖျားတွင်မြစ်ဖျားခံကာ မေခ၊ မေလိခမှ စတင် စီးဆင်းလာခဲ့သော ဧရာဝတီမြစ်ကြီး သည် ဟင်္သာတမြို့ အောက်ပိုင်းမှစ၍ ညောင်မုတ်ဆိတ်ပင်မှ အမြစ်များ ဖြာထွက်သွားသကဲ့သို့ မြစ်လက်တက်များ အများအပြားကွဲထွက်ကာ မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်ပေါ်လာခဲ့သည်။
မြစ်ချောင်းများ ပေါများလှသဖြင့် မြစ်ဝကျွန်းပေါ်ဒေသ အတွင်းရှိ နယ်သူနယ်သားများသည် တစ်နေရာမှ တစ်နယ်မှ တစ်နယ်သို့ သွားလိုပါက ရေလမ်းကိုသာ အဓိက အသုံးပြု သွားလာခဲ့ကြရသည်။
ထိုစဉ်က ကားလမ်းများမရှိသေးသဖြင့် မြို့တိုင်းတွင် သင်္ဘောများပြေးဆွဲပေးခဲ့သည်။ အစိုးရ သင်္ဘောများလည်းရှိ၊ ပုဂ္ဂလိက သင်္ဘောများလည်းရှိ ရာ ရန်ကုန်သို့သွားသော သင်္ဘောများကို ရန်ကုန် သင်္ဘောဟု ခေါ် ခဲ့ကြသည်။
အချို့ မြို့များတွင် ဧရာဝတီ သင်္ဘောဟု ခေါ်ကြသည်။ ထိုစဉ်က ပြည်တွင်းရေကြောင်းပို့ဆောင်ရေးကော်ပိုရေးရှင်း(ယခု ပြည်တွင်းရေကြောင်း) တွင် တီအုပ်စုနှင့် အက်စ်အုပ်စု ဟူ၍ နှစ်ထပ် သင်္ဘောများရှိခဲ့သည်။ယင်းတို့ကို ဂျပန်နိုင်ငံက စစ်လျော်ကြေးအဖြစ်ပေးခဲ့သည်ဟု ငယ်စဉ် က ကြားဖူးခဲ့သည်။
တီအုပ်စုဝင် သင်္ဘောများကို တီဖြင့်စသည့် နာမည်များဖြစ်သည့် တိမ်တောက်၊ တက်တိုး၊ တိုးအောင် တော်ဝင် စသည့်အမည်များ မှည့်ခေါ်ပြီး အက်စ် အုပ်စုဝင်သင်္ဘောများကိုလည်း စပါး၊ ဆင်ကံ၊ ဆင်ပြောင် စသည်ဖြင့် အင်္ဂလိပ်အက္ခရာ အက်စ် ဖြင့်စသော အမည်များ ပေးထားပါသည်။
ကျွန်တော်တို့ မြို့ငယ်လေးတွင် ရန်ကုန်သို့ သင်္ဘောဖြင့်သွားရန် နံနက်ပိုင်းတွင် တစ်စီး၊ ညနေတွင် တစ်စီး၊ ညဖက်တွင် နှစ်စီး ရှိခဲ့သည်။
နံနက်ပိုင်းတွင် ဖျာပုံမှ လာသော ရန်ကုန် သင်္ဘောက ကိုးနာရီတွင် ကျိုက်လတ်ဆိပ်ကမ်း သို့ဆိုက်ကပ်မြဲဖြစ်သည်။ သင်္ဘောဆိပ်တွင် နာရီဝက်လောက်ကပ်ပြီး ရန်ကုန်သို့ဆက်လက်ထွက်ခွါလေ့ရှိသည်။
ညနေ ငါးနာရီတွင် စိန်ဝင်းထွန်း ၊ စိန်ဝင်းကြိုင် အမည်ရှိ ပုဂ္ဂလိကပိုင်မော်တော် နှစ်စီးက နေ့စဉ် အလှည့်ကျ ထွက်သည်။ ညပိုင်းတွင် ဖျာပုံမှလာသော သင်္ဘောက ညကိုးနာရီတွင်လည်းကောင်း ၊မော်လမြိုင်ကျွန်းမှ လာသော သင်္ဘောက ည ၁၀ နာရီ ဝန်းကျင် တွင် လည်းကောင်း ကျိုက်လတ်ဆိပ်ကမ်းသို့ ဆိုက်ရောက်လေ့ရှိခဲ့သည်။
ရန်ကုန် သို့ သွားကြမည့်သူများက ထို သင်္ဘောများကို တစ်စီးမဟုတ် တစ်စီး စီးကြရသည်။
ကျိုက်လတ်မြို့မှ ၄၈ မိုင် မျှ သာ ဝေး သည့် ရန်ကုန်သို့ ရေစုန် ၊ ရေဆန်ပေါ်မူတည်လျက် ခြောက် နာရီ မှ ရှစ်နာရီ ကြာ စီးကြရသည်။
ထိုစဉ်က ကျွန်တော်တို့ မိသားစုသည် တစ်နှစ် တစ်ကြိမ်ရန်ကုန်သို့သွားလေ့ရှိခဲ့သည်။
သီတင်းကျွတ် ကျောင်း ပိတ်ပြီဆိုလျှင် အမေက ရန်ကုန်ရှိ ကျွန်တော်တို့ အဘိုးအဘွားများထံ သွားရောက်လေ့ရှိရာ ကျွန်တော်တို့ လည်း နှစ် စဉ် လိုက်သွားကြရသည်။
ရန်ကုန်မသွားမီ တစ်ရက်ကြိုကာ အမေက ရန်ကုန်ရှိ သူ့မိဘများစားရန် ပုဇွန်ထုတ်များကိုချက် ၊ ငါးသလောက်များကိုပေါင်း၊ ပုဇွန်ခြောက်များကို ထောင်းပြီးကြော်၊ ကောက်ညှင်းထုတ်များကိုလည်း ကိုယ်တိုင်ထုတ်၊ငှက်ပျောသီးများကိုမူ သုံး လေးရက်ကြိုကာ အခြောက်လှမ်းဖြင့် နှစ်စဉ် အလုပ်များမြဲဖြစ်သည်။
ကလေးများပါသဖြင့်အမေက ရန်ကုန် နေ့ သင်္ဘောကိုသာ စီးလေ့ရှိခဲ့သည်။ ကျိုက်လတ်မှ နံနက် ကိုးနာရီထွက်သည့် ရန်ကုန် သင်္ဘောက ရန်ကုန် မော်တင် ဆိပ်ကမ်းသို့ ညနေ လေး နာရီဝန်းကျင်တွင်ဆိုက်ကပ်သည်။
သင်္ဘောဆိပ်မှ သုံးဘီးကားတစ်စီးငှားကာ ကြည့်မြင်တိုင်၊ ချင်း ချောင်းခြံရပ်ကွက် (ယခု ပန်းလှိုင်အိမ်ရာ၊ကြည့်မြင်တိုင်မြို့နယ်) ရှိ အဘိုးအဘွားများအိမ်သို့ သွားကြပါသည်။ သုံးဘီး ကားခ ငါး ကျပ် ပေးရသည်ကို မှတ်မိနေပါသည်။
ကျိုက်လတ် သင်္ဘောဆိပ်သည် ရန်ကုန်ဆိပ်ကမ်းကဲ့သို့ ကြီးမားသော ဆိပ်ခံမဟုတ်ချေ။ အမိုးမိုးထားသော ကုန်တင် စီဘီတွဲ တစ်ခုကို ကျောက်စူး အသေချထားကာ မြစ်ကမ်းမှ သစ်သားတံတားတစ်ခုဖြင့်ဆက်သွယ်ထားသည့် ဘောတံတားလေး တစ်ခုသာဖြစ်ပေသည်။
ဆိပ်ခံဘောပေါ်၌ သင်္ဘောဝင်ချိန်ထွက်ချိန်များတွင် ဈေးသည်များရှိကြသည်။ ကောက်ညှင်းထုတ်များ၊ အကြော်စုံများ၊ မြန်မာမုန့်များ ကို အဓိကရောင်းချကြသည်။
သင်္ဘောများမရှိချိန်တွင် ဈေးသည်များသည် သင်္ဘောဆိပ်အနီးရှိ ကျိုက်လတ်ဈေးထဲတွင် ရောင်းကြသည်။ အချို့ကလည်းမြို့ထဲသို့ လှည့်ပတ် ရောင်းကြလေ့ ရှိကြသည်။
ရန်ကုန်သွားရန် ကျွန်တော်တို့ နံနက် ရှစ်နာရီခွဲလောက်တွင် သင်္ဘောဆိပ်သို့ ဆင်းကြရသည်။ သင်္ဘောပေါ် တွင် ထိုင်လိုက်သွားနိုင်ရန် အတွက် နေရာခင်းပေးသူတစ်ယောက်ယောက်ကို အမေက ကျွန်တော်တို့ နယ်တွင် ဒလီ ဟု ခေါ်သည့် ပလတ်စတစ်အခင်းကို သင်္ဘောမဆိုက်မီ ကြိုပေးထားသည်။
သင်္ဘောဝင်လာလျှင် ထိုသူက သင်္ဘောမကပ်မီ ကပင် သင်္ဘောပေါ်သို့ ခုန်တက်ကာ ထိုအခင်းကို ခင်းကာနေရာ ယူပေးပါသည်။
နေရာခင်းပေးကြသူများ သုံးလေး ယောက်ရှိရာ သူတို့ ကို နေရာခင်းပေးခ တစ်ကျပ် ၊ နှစ်ကျပ်ပေးရပါသည်။
ထိုစဉ်ကရန်ကုန်နှင့် ကျိုက်လတ် သင်္ဘောခ က လူကြီးတစ်ယောက်လျှင် သုံးကျပ်ပေးရပြီး ကလေးက တစ်ဝက်ခဖြစ်ပါသည်။
သင်္ဘောပေါ်တွင်နေရာယူပြီးသည်နှင့် ကျွန်တော်တို့ သင်္ဘောပေါ်တက်ကြရသည်။ သင်္ဘောက နှစ်ထပ်ဖြစ် သော်လည်း အောက်ထပ် တွင် ခရီးသည် အနည်းငယ်သာလိုက်ပါလေ့ရှိကာ ရန်ကုန်ရှိ ဒိုင်များသို့ ပို့ရန် ဆန်အိတ် များ၊ငါးစည်များကို တင်လေ့ ရှိကြသည်။ ဇော်စိမ်းပန်းစည်းကြီးများ၊ဘဲဥသေတ္တာများကိုလည်းတင်ကြသည်။
ခင်းထားသောဒလီပေါ်တွင် ကျွန်တော်တို့ ထိုင်နေကြပြီး သင်္ဘောထွက်ပြီဆိုသည်နှင့် ဆိပ်ကမ်းတွင်ကျန်ရစ်ခဲ့သူ များကို သိသိ မသိသိ ထိုင်ရာမှထကာ လက်ဝှေ့ရမ်းနှုတ်ဆက်မြဲဖြစ်ပါသည်။
သင်္ဘောဆိပ်က ခုနစ်လမ်းတွင်ရှိပြီး ရန်ကုန် သင်္ဘောက ခုနစ် လမ်းမှ ခြောက် လမ်း ၊ ခြောက်လမ်းမှ ငါးလမ်း၊ လေး လမ်း၊ သုံး လမ်း စသည်ဖြင့်ကျော်ဖြတ်သွားရာ ကိုယ့်မြို့လေးကို ကိုယ်ကြည့်မဝသကဲ့သို့ သင်္ဘောမှ မျှော်ကြည့်ကြရင်း သင်္ဘောက ကျိုက်လတ်မြစ် ထဲမှ ထွက်သွား ပြီး မြို့ကို လုံးဝမမြင်ရတော့မှ နေရာတွင် ပြန်ထိုင်ကြတော့သည်။
ရန်ကုန်သို့ ၄၈ မိုင် ခရီးသာ ဖြစ်ရာ ၊ လမ်းတွင် ဆိပ်ခံဘောတံတားရှိသော ကျိုက်ထော်ရွာနှင့် တွံတေးမြို့ များ တွင် ဆိုက်ကပ်သည်။
ဖျာပုံမှ ကျိုက်လတ်သို့၁၆ မိုင်၊ ကျိုက်လတ်မှ ကျိုက်ထော်သို့ ၁၆ မိုင် ၊ကျိုက်တော်မှ တွံ တေး သို့ ၁၆မိုင် နှင့် တွံတေးမှ ရန်ကုန်သို့ ၁၆ မိုင်ခန့်ကွာဝေးသည်။
ရေမိုင် ရှစ်မိုင်ခရီးကို ပျမ်းမျှ တစ်နာရီခန့် မောင်းရ သဖြင့် ကျိုက်ထော်သို့ ၁၁ နာရီဝန်းကျင်တွင်ရောက်သည်။
ကျိုက်ထော်ဆိပ်ကမ်းရောက်သည်နှင့်ဈေးသည်များက သင်္ဘောပေါ်တက်လာကာဈေးရောင်းကြသည်။
ဖက်နှင့် ထုတ်ထားသော ထမင်းထုတ်များ၊ သီတံဖြင့် သီထားပြီး ထိပ် တွင် ရှောက်သီးစိတ်လေးတစ်စိတ်ကို ထိုးတားသည့် ငါးဖယ် ကြော်များ၊ပြုတ်ထားသည့် အဝါရောင်ငါးသလောက်ဥ များ၊သီးမွှေးငှက်ပျောသီးများစသည်ဖြင့်စုံလင်လှသည်။
ထမင်းတစ်ထုတ်လျှင် တစ်ကျပ်ခွဲ၊ ငှက်ပျောသီး တစ်ဖီးလျှင် တစ်ကျပ်ပေးရသည်။ယခုခေတ်လူငယ်များ တစ်ကျပ် ၊ တစ်ကျပ်ခွဲ ဆိုသည်ကို သိကြတော့မည်မဟုတ်ပါချေ။
ကျိုက်ထော်ရောက်တိုင်း အမေက ကျွန်တော်တို့ကို တစ်ခုခု ဝယ်ကျွေးလေ့ရှိရာ ကျွန်တော်ကငါးဖယ်ကြော်ဝယ် ခိုင်းလေ့ရှိသည်ကို သတိရမိပါသည်။
ငါးဖယ်ကြော် ပျင်းတွဲတွဲလေးများကို ရှောက်ရည်ညှစ်ကာစားရသည့် အရသာကို ယခုတိုင် အမှတ်ရနေမိပါသည်။ကျိုက်ထော် မှထွက်လျှင် အမေက ပါလာသော ထမင်းချိုင့်ကို ဖွင့်ကာ ကျွန်တော်တို့ကိုထမင်းကျွေးသည်။
ငယ်ငယ်ကတည်းက ရေနွေးကြမ်းကြိုက်သော ကျွန်တော့်အတွက် အမေက သင်္ဘောပေါ်တွင်ပါလာသောထမင်းဆိုင်မှ ရေနွေး တစ် အိုးဝယ်ပေးပါသည်။
ထိုစဉ်က ရေသန့်မပေါ်သေးသဖြင့် ထမင်းစားပြီးရေသောက်လိုလျှင် အိမ်မှယူလာသော ကန် ရေကို ပင် သောက်ကြရသည်။
ရန်ကုန်နေ့ သင်္ဘောက တစ်ခါတစ်ရံတွင် သင်္ဘောဆိပ်မရှိသည့် ဖိုးတုတ်၊ ရေကျော်စသည့်ရွာများတွင် ဆိုက် ကပ်သည်။
သင်္ဘောဆိပ်လည်းမရှိ၊ တံတားလည်းမရှိသဖြင့် မြစ်ကမ်းပါးဘေးတွင် သင်္ဘောကိုအလျားလိုက်ရပ်ကာ စက် သတ်ထားပြီး သင်္ဘောပေါ်တွင်ပါလာသည့် ကုန်းဘောင်ဟု ခေါ်သော အလျား ၁၀ ပေကျော် ၊ အနံနှစ်ပေ နီးပါးခန့် ရှိ သည့် သစ်သားပြားကြီးကို ကမ်းပေါ်သို့ ထိုးတင်ပေးလိုက်လျှင် သင်္ဘောစီးမည့်သူများက ထိုကုန်းဘောင်ပေါ်မှ လျှောက်ကာ သင်္ဘောပေါ်သို့ တက်လာကြရသည်။
ဘေးဘယ်ညာတွင်မည်သည့် ကိုင်စရာမရှိဘဲကုန်းဘောင်ပေါ်မှ လမ်း လျှောက်တက်လာကြသူများကိုမြင်တိုင်း ကျွန်တော် အသည်း ယားခဲ့မိပါ၏။သို့သော်လည်း ခရီးသည်များ ပြုတ် ကျသည် ကို တစ်ခါမှ မမြင်ဖူးခဲ့ပါချေ။
တွံတေးမရောက်မီ ဈေးသည်များက လှေဖြင့် သင်္ဘောဘေးသို့ကပ်ပြီး မုန့်ဟင်းခါး တက်ရောင်းကြသည်။သူတို့ ဈေး တက်ရောင်းကြ ပုံကို သင်္ဘောစီးဖူးသူတိုင်းရင်တုန်ကြရသည်။
သင်္ဘောလာနေသည်ကိုမြင်လျှင် သူတို့က လှေကို မြစ် ကမ်းမှ ရေလယ်သို့ကြိုလှော်သွားကြပြီး သင်္ဘောက သူတို့ လှေနားမှ အဖြတ် တွင် လှေဦးထိပ်မှ လူက သင်္ဘောပေါ် သို့ လှေကြိုးစကိုယူကာ လွှားကနဲ ခုန်တက်လိုက်သည်။ တစ်ပြိုင်တည်းမှာပင် သူ့လက်တွင်ပါ လာသောကြိုးကို သင်္ဘော သံလက်ရမ်းတွင် အမိအရချည်လိုက်သည်နှင့် ပါလာသောလှေကတုံ့ကနဲ ဖြစ်ကာ သင်္ဘောနှင့်အတူ ဘေးမှ ပါလာ တော့ သည်။
ထိုအခါတွင် သူတို့သည် လှေပေါ်မှ မုန့်ဟင်းခါးတောင်းကို သင်္ဘော ပေါ်သို့ ယူကာ ရောင်းချလေ့ရှိကြသည်။ ထမင်းတစ်လုပ်အတွက် သက်စွန့်ဆံဖျား လုပ်စားကြသည်မှာ ထိုခေတ် ထိုအခါ ကတည်းကပင်ဖြစ်ပေသည်။
အခန့်မသင့်လျှင် လှေမှောက်သွားနိုင်ရုံသာမက လှေက သင်္ဘောအောက်ဝင် သွားလျှင် ပန်ကာ အခုတ်ခံရကာ အသက် ဆုံး ရှုံးရ မည့် အန္တရာယ်ကို သိရှိကြသော်လည်း ဝမ်းစာအတွက်ရှာဖွေစားသောက်ကြရသည်သာပင်ဖြစ်သည်။
တွံတေးတူးမြောင်းထဲသို့ သင်္ဘောဝင်လျှင် ရန်ကုန်ရောက်ရန် ၂၁ မိုင်မျှသာ လိုတော့သည်။မြန်မာသက္ကရာဇ် ၁၂၃၄ တွင် တူးဖော်ခဲ့သည့် တွံတေးတူးမြောင်းကို ”အောက်ကစပါး” ဟု မှတ်သားခဲ့ကြသည်။
တွံတေးမြို့သည်တူးမြောင်း မိုင်တိုင် ၁၅ တွင်ရှိသည်။ တွံတေးတူးမြောင်းတစ်လျောက် ရန်ကုန်ရောက်သည်အထိမိုင်တိုင်များကို တစ်ဖာလုံခြားစိုက်ထူ ထားသည်ကို ယနေ့တိုင် မြင်တွေ့နိုင်သည်။
ကျွန်တော်တို့က မိုင်တိုင်တွေမြင်တိုင်း အော်ဖတ်ခဲ့ကြသည်။ တွံတေး ဆိပ်ကမ်းသည် မိုင်တိုင် ၁၅ မိုင် အမှတ်အသား ၏ရှေ့တည့် တည့်တွင်ရှိသည်။ ထိုနေရာတွင်ထုံးဖြူဖြူစေတီငယ် တစ် ဆူရှိသည်။
တွံတေးမှ ရန်ကုန်သို့ သင်္ဘောမောင်းလာရာတွင် မိုင်တိုင် သုံးမိုင်ခွဲတွင် ရေစီးကြမ်းနေလျှင် ခနောင်တိုချောင်းမှ ရန်ကုန်သို့ ဝင်ရသည်။
လက်ပံခုံ အကောက်ရုံး ဟုခေါ်သည့် ထိုနေရာတွင် ရေကြောင်းပြ အချက်ပြအမှတ်အသား ပြ ထားသည့်တိုင်ရှည်ကြီးများကို မြင်ရသည်။
သင်္ဘောမောင်းသူက ထိုသင်္ကေတများကိုကြည့်ကာ အန္တရာယ်ကင်း သည့် ရေလမ်းမှမောင်းရသည်။
ရွေတိဂုံစေတီတော်ကြီးကို သင်္ဘောပေါ်မှ လှမ်း၍ ဖူးမြင်ကြရပြီဆိုလျှင် မကြာမီ ရန်ကုန် ရောက် တော့သည်။
တွံတေးတူးမြောင်းမှ ထွက်သည်ဆိုသည်နှင့် ဇင်ယော်ငှက်များက သင်္ဘောပတ်လည်သို့ ရောက်ရှိ လာ ကြ သည်။
ခရီးသည်များ ပစ်ပေးသော အစာများကို ဖမ်းယူစားသောက်ကြသည့် ဇင်ယော် ငှက်များကို ယနေ့တိုင် ရန်ကုန် ဒလ သင်္ဘောစီးတိုင်းမြင်နိုင်ကြပါသေးသည်။
မြစ်ဝကျွန်းပေါ်ဒေသတွင် ကားလမ်းများ မရှိသေးမီက သင်္ဘောဖြင့်သာ ခရီးသွားခဲ့ကြရသည့်အတွက် ငယ်စဉ်က သင်္ဘောစီးခဲ့ ရသည့် အရသာလေးများကို ယခုတိုင်ကြည်နူးစွာ မှ
တ်မိနေဆဲပင်ဖြစ်ပါ၏။
ယခုအခါတွင် မြစ်ဝကျွန်း ပေါ် ဒေသများတွင် ကားလမ်းများ ပေါ်ပေါက် လာသဖြင့် မြစ်ဝကျွန်းပေါ်သွား လူစီး သင်္ဘောများ ပြေးဆွဲမှု နည်းပါးသွားခဲ့ ပြီး ကုန်တင် သင်္ဘောများသာ အများဆုံး ပြေးဆွဲနေကြပါသည်။
တစ်နေ့တာ အချိန်ကြာအောင် စီးကြရသည့် သင်္ဘော ခရီးစဉ်ကို ယခုအချိန်တွင် အပန်းဖြေခရီးတစ်ခု အဖြစ် သွားကြမည်ဆိုပါက သင်္ဘောစီးခ များစွာ ပေးရပေလိမ့်မည်။
အပျော်စီးခရီးတိုလေးများ ရာသီဥတုသာယာချိန် တွင် ရန်ကုန်ဆိပ်ကမ်းမှ ထွက်လေ့ ရှိသော်လည်း အဝေးဆုံး တွံတေးအထိသာ ရောက်သည်။ ထိုခရီးတိုလေးများသည်ပင် သင်္ဘောခ များစွာ ပေးကြရသည်။
တွံတေးမြို့ထက်ကျော်လွန်ကာ သင်္ဘောဖြင့် သွားနိုင်သည့်တိုင် ကျွန်တော်တို့ ငယ်စဉ် က ရန်ကုန် သင်္ဘော စီးခဲ့ရသည့် ရသမျိုးကိုကား အပြည့်အဝရရှိနိုင်လိမ့်မည် ဟု မထင်မိပါချေ။
မောင်သာ (ရှေးဟောင်းသုတေသန) အမည်ရင်း U Win Zaw ထံမှ ပြန်လည်မျှဝေပါသည်။
crd
Zawgyi
ကားလမ္းမ်ားမရွိစဥ္အခ်ိန္က ဧရာဝတီသားတိုင္း စီးဖူးခဲ့ၾကတဲ့ ရန္ကုန္ သေဘၤာ…
မူရင္း ေမာင္သာ (ေရွးေဟာင္းသုေတသန) ေရးသားသည္။
ယေန႔ေခတ္ လူငယ္မ်ားအနက္ ရန္ကုန္ သေဘၤာဆိုသည္ကို သိရွိသူ အလြန္ နည္းပါးေပလိမ့္မည္။
ျမစ္ေခ်ာင္းမ်ားေပါမ်ားလွသည့္ ျမစ္ဝကြၽန္းေပၚေဒသ၌ ယခုအခါတြင္ ၿမိဳ႕မ်ားအားလုံးသို႔ ေမာ္ေတာ္ကားမ်ားျဖင့္ အခ်ိန္ သက္သာစြာ သြားလာႏိုင္ၿပီျဖစ္ေသာ္လည္း
ကြၽန္ေတာ္တို႔ငယ္စဥ္၊ ကားလမ္းမ်ားမရွိစဥ္အခ်ိန္က ေရလမ္းခရီးကို သာအား ထားခဲ့ၾက ရၿပီး တစ္ၿမိဳ႕မွ တစ္ၿမိဳ႕သို႔ ေရယာဥ္မ်ားျဖင့္သာ သြားလာခဲ့ၾကရသည္။
ဧရာဝတီတိုင္းေဒသႀကီး အတြင္းရွိ ၿမိဳ႕နယ္ ၂၆ ခုလုံးတြင္ ကားမ်ားတဝီဝီ သြားလာေနၾက သည့္ ယေန႔ေခတ္ကို ကြၽန္ေတာ္တို႔ အဘိုးအဘြားမ်ား သိခြင့္ႀကဳံခြင့္ မရခဲ့ပါေခ်။
ကြၽန္ေတာ္ ငယ္စဥ္ကျမစ္ေခ်ာင္းမ်ားေပါမ်ားလွသည့္ ျမစ္ဝကြၽန္းေပၚေဒသမွ က်ိဳက္လတ္ၿမိဳ႕ေလးတြင္ ေနထိုင္ ႀကီးျပင္းခဲ့ပါသည္။
ျမန္မာျပည္ေျမာက္ဖ်ားတြင္ျမစ္ဖ်ားခံကာ ေမခ၊ ေမလိခမွ စတင္ စီးဆင္းလာခဲ့ေသာ ဧရာဝတီျမစ္ႀကီး သည္ ဟသၤာတၿမိဳ႕ ေအာက္ပိုင္းမွစ၍ ေညာင္မုတ္ဆိတ္ပင္မွ အျမစ္မ်ား ျဖာထြက္သြားသကဲ့သို႔ ျမစ္လက္တက္မ်ား အမ်ားအျပားကြဲထြက္ကာ ျမစ္ဝကြၽန္းေပၚေဒသ ျဖစ္ေပၚလာခဲ့သည္။
ျမစ္ေခ်ာင္းမ်ား ေပါမ်ားလွသျဖင့္ ျမစ္ဝကြၽန္းေပၚေဒသ အတြင္းရွိ နယ္သူနယ္သားမ်ားသည္ တစ္ေနရာမွ တစ္နယ္မွ တစ္နယ္သို႔ သြားလိုပါက ေရလမ္းကိုသာ အဓိက အသုံးျပဳ သြားလာခဲ့ၾကရသည္။
ထိုစဥ္က ကားလမ္းမ်ားမရွိေသးသျဖင့္ ၿမိဳ႕တိုင္းတြင္ သေဘၤာမ်ားေျပးဆြဲေပးခဲ့သည္။ အစိုးရ သေဘၤာမ်ားလည္းရွိ၊ ပုဂၢလိက သေဘၤာမ်ားလည္းရွိ ရာ ရန္ကုန္သို႔သြားေသာ သေဘၤာမ်ားကို ရန္ကုန္ သေဘၤာဟု ေခၚ ခဲ့ၾကသည္။
အခ်ိဳ႕ ၿမိဳ႕မ်ားတြင္ ဧရာဝတီ သေဘၤာဟု ေခၚၾကသည္။ ထိုစဥ္က ျပည္တြင္းေရေၾကာင္းပို႔ေဆာင္ေရးေကာ္ပိုေရးရွင္း(ယခု ျပည္တြင္းေရေၾကာင္း) တြင္ တီအုပ္စုႏွင့္ အက္စ္အုပ္စု ဟူ၍ ႏွစ္ထပ္ သေဘၤာမ်ားရွိခဲ့သည္။ယင္းတို႔ကို ဂ်ပန္ႏိုင္ငံက စစ္ေလ်ာ္ေၾကးအျဖစ္ေပးခဲ့သည္ဟု ငယ္စဥ္ က ၾကားဖူးခဲ့သည္။
တီအုပ္စုဝင္ သေဘၤာမ်ားကို တီျဖင့္စသည့္ နာမည္မ်ားျဖစ္သည့္ တိမ္ေတာက္၊ တက္တိုး၊ တိုးေအာင္ ေတာ္ဝင္ စသည့္အမည္မ်ား မွည့္ေခၚၿပီး အက္စ္ အုပ္စုဝင္သေဘၤာမ်ားကိုလည္း စပါး၊ ဆင္ကံ၊ ဆင္ေျပာင္ စသည္ျဖင့္ အဂၤလိပ္အကၡရာ အက္စ္ ျဖင့္စေသာ အမည္မ်ား ေပးထားပါသည္။
ကြၽန္ေတာ္တို႔ ၿမိဳ႕ငယ္ေလးတြင္ ရန္ကုန္သို႔ သေဘၤာျဖင့္သြားရန္ နံနက္ပိုင္းတြင္ တစ္စီး၊ ညေနတြင္ တစ္စီး၊ ညဖက္တြင္ ႏွစ္စီး ရွိခဲ့သည္။
နံနက္ပိုင္းတြင္ ဖ်ာပုံမွ လာေသာ ရန္ကုန္ သေဘၤာက ကိုးနာရီတြင္ က်ိဳက္လတ္ဆိပ္ကမ္း သို႔ဆိုက္ကပ္ၿမဲျဖစ္သည္။ သေဘၤာဆိပ္တြင္ နာရီဝက္ေလာက္ကပ္ၿပီး ရန္ကုန္သို႔ဆက္လက္ထြက္ခြါေလ့ရွိသည္။
ညေန ငါးနာရီတြင္ စိန္ဝင္းထြန္း ၊ စိန္ဝင္းႀကိဳင္ အမည္ရွိ ပုဂၢလိကပိုင္ေမာ္ေတာ္ ႏွစ္စီးက ေန႔စဥ္ အလွည့္က် ထြက္သည္။ ညပိုင္းတြင္ ဖ်ာပုံမွလာေသာ သေဘၤာက ညကိုးနာရီတြင္လည္းေကာင္း ၊ေမာ္လၿမိဳင္ကြၽန္းမွ လာေသာ သေဘၤာက ည ၁၀ နာရီ ဝန္းက်င္ တြင္ လည္းေကာင္း က်ိဳက္လတ္ဆိပ္ကမ္းသို႔ ဆိုက္ေရာက္ေလ့ရွိခဲ့သည္။
ရန္ကုန္ သို႔ သြားၾကမည့္သူမ်ားက ထို သေဘၤာမ်ားကို တစ္စီးမဟုတ္ တစ္စီး စီးၾကရသည္။
က်ိဳက္လတ္ၿမိဳ႕မွ ၄၈ မိုင္ မွ် သာ ေဝး သည့္ ရန္ကုန္သို႔ ေရစုန္ ၊ ေရဆန္ေပၚမူတည္လ်က္ ေျခာက္ နာရီ မွ ရွစ္နာရီ ၾကာ စီးၾကရသည္။
ထိုစဥ္က ကြၽန္ေတာ္တို႔ မိသားစုသည္ တစ္ႏွစ္ တစ္ႀကိမ္ရန္ကုန္သို႔သြားေလ့ရွိခဲ့သည္။
သီတင္းကြၽတ္ ေက်ာင္း ပိတ္ၿပီဆိုလွ်င္ အေမက ရန္ကုန္ရွိ ကြၽန္ေတာ္တို႔ အဘိုးအဘြားမ်ားထံ သြားေရာက္ေလ့ရွိရာ ကြၽန္ေတာ္တို႔ လည္း ႏွစ္ စဥ္ လိုက္သြားၾကရသည္။
ရန္ကုန္မသြားမီ တစ္ရက္ႀကိဳကာ အေမက ရန္ကုန္ရွိ သူ႔မိဘမ်ားစားရန္ ပုဇြန္ထုတ္မ်ားကိုခ်က္ ၊ ငါးသေလာက္မ်ားကိုေပါင္း၊ ပုဇြန္ေျခာက္မ်ားကို ေထာင္းၿပီးေၾကာ္၊ ေကာက္ညႇင္းထုတ္မ်ားကိုလည္း ကိုယ္တိုင္ထုတ္၊ငွက္ေပ်ာသီးမ်ားကိုမူ သုံး ေလးရက္ႀကိဳကာ အေျခာက္လွမ္းျဖင့္ ႏွစ္စဥ္ အလုပ္မ်ားၿမဲျဖစ္သည္။
ကေလးမ်ားပါသျဖင့္အေမက ရန္ကုန္ ေန႔ သေဘၤာကိုသာ စီးေလ့ရွိခဲ့သည္။ က်ိဳက္လတ္မွ နံနက္ ကိုးနာရီထြက္သည့္ ရန္ကုန္ သေဘၤာက ရန္ကုန္ ေမာ္တင္ ဆိပ္ကမ္းသို႔ ညေန ေလး နာရီဝန္းက်င္တြင္ဆိုက္ကပ္သည္။
သေဘၤာဆိပ္မွ သုံးဘီးကားတစ္စီးငွားကာ ၾကည့္ျမင္တိုင္၊ ခ်င္း ေခ်ာင္းၿခံရပ္ကြက္ (ယခု ပန္းလႈိင္အိမ္ရာ၊ၾကည့္ျမင္တိုင္ၿမိဳ႕နယ္) ရွိ အဘိုးအဘြားမ်ားအိမ္သို႔ သြားၾကပါသည္။ သုံးဘီး ကားခ ငါး က်ပ္ ေပးရသည္ကို မွတ္မိေနပါသည္။
က်ိဳက္လတ္ သေဘၤာဆိပ္သည္ ရန္ကုန္ဆိပ္ကမ္းကဲ့သို႔ ႀကီးမားေသာ ဆိပ္ခံမဟုတ္ေခ်။ အမိုးမိုးထားေသာ ကုန္တင္ စီဘီတြဲ တစ္ခုကို ေက်ာက္စူး အေသခ်ထားကာ ျမစ္ကမ္းမွ သစ္သားတံတားတစ္ခုျဖင့္ဆက္သြယ္ထားသည့္ ေဘာတံတားေလး တစ္ခုသာျဖစ္ေပသည္။
ဆိပ္ခံေဘာေပၚ၌ သေဘၤာဝင္ခ်ိန္ထြက္ခ်ိန္မ်ားတြင္ ေဈးသည္မ်ားရွိၾကသည္။ ေကာက္ညႇင္းထုတ္မ်ား၊ အေၾကာ္စုံမ်ား၊ ျမန္မာမုန႔္မ်ား ကို အဓိကေရာင္းခ်ၾကသည္။
သေဘၤာမ်ားမရွိခ်ိန္တြင္ ေဈးသည္မ်ားသည္ သေဘၤာဆိပ္အနီးရွိ က်ိဳက္လတ္ေဈးထဲတြင္ ေရာင္းၾကသည္။ အခ်ိဳ႕ကလည္းၿမိဳ႕ထဲသို႔ လွည့္ပတ္ ေရာင္းၾကေလ့ ရွိၾကသည္။
ရန္ကုန္သြားရန္ ကြၽန္ေတာ္တို႔ နံနက္ ရွစ္နာရီခြဲေလာက္တြင္ သေဘၤာဆိပ္သို႔ ဆင္းၾကရသည္။ သေဘၤာေပၚ တြင္ ထိုင္လိုက္သြားႏိုင္ရန္ အတြက္ ေနရာခင္းေပးသူတစ္ေယာက္ေယာက္ကို အေမက ကြၽန္ေတာ္တို႔ နယ္တြင္ ဒလီ ဟု ေခၚသည့္ ပလတ္စတစ္အခင္းကို သေဘၤာမဆိုက္မီ ႀကိဳေပးထားသည္။
သေဘၤာဝင္လာလွ်င္ ထိုသူက သေဘၤာမကပ္မီ ကပင္ သေဘၤာေပၚသို႔ ခုန္တက္ကာ ထိုအခင္းကို ခင္းကာေနရာ ယူေပးပါသည္။
ေနရာခင္းေပးၾကသူမ်ား သုံးေလး ေယာက္ရွိရာ သူတို႔ ကို ေနရာခင္းေပးခ တစ္က်ပ္ ၊ ႏွစ္က်ပ္ေပးရပါသည္။
ထိုစဥ္ကရန္ကုန္ႏွင့္ က်ိဳက္လတ္ သေဘၤာခ က လူႀကီးတစ္ေယာက္လွ်င္ သုံးက်ပ္ေပးရၿပီး ကေလးက တစ္ဝက္ချဖစ္ပါသည္။
သေဘၤာေပၚတြင္ေနရာယူၿပီးသည္ႏွင့္ ကြၽန္ေတာ္တို႔ သေဘၤာေပၚတက္ၾကရသည္။ သေဘၤာက ႏွစ္ထပ္ျဖစ္ ေသာ္လည္း ေအာက္ထပ္ တြင္ ခရီးသည္ အနည္းငယ္သာလိုက္ပါေလ့ရွိကာ ရန္ကုန္ရွိ ဒိုင္မ်ားသို႔ ပို႔ရန္ ဆန္အိတ္ မ်ား၊ငါးစည္မ်ားကို တင္ေလ့ ရွိၾကသည္။ ေဇာ္စိမ္းပန္းစည္းႀကီးမ်ား၊ဘဲဥေသတၱာမ်ားကိုလည္းတင္ၾကသည္။
ခင္းထားေသာဒလီေပၚတြင္ ကြၽန္ေတာ္တို႔ ထိုင္ေနၾကၿပီး သေဘၤာထြက္ၿပီဆိုသည္ႏွင့္ ဆိပ္ကမ္းတြင္က်န္ရစ္ခဲ့သူ မ်ားကို သိသိ မသိသိ ထိုင္ရာမွထကာ လက္ေဝွ႔ရမ္းႏႈတ္ဆက္ၿမဲျဖစ္ပါသည္။
သေဘၤာဆိပ္က ခုနစ္လမ္းတြင္ရွိၿပီး ရန္ကုန္ သေဘၤာက ခုနစ္ လမ္းမွ ေျခာက္ လမ္း ၊ ေျခာက္လမ္းမွ ငါးလမ္း၊ ေလး လမ္း၊ သုံး လမ္း စသည္ျဖင့္ေက်ာ္ျဖတ္သြားရာ ကိုယ့္ၿမိဳ႕ေလးကို ကိုယ္ၾကည့္မဝသကဲ့သို႔ သေဘၤာမွ ေမွ်ာ္ၾကည့္ၾကရင္း သေဘၤာက က်ိဳက္လတ္ျမစ္ ထဲမွ ထြက္သြား ၿပီး ၿမိဳ႕ကို လုံးဝမျမင္ရေတာ့မွ ေနရာတြင္ ျပန္ထိုင္ၾကေတာ့သည္။
ရန္ကုန္သို႔ ၄၈ မိုင္ ခရီးသာ ျဖစ္ရာ ၊ လမ္းတြင္ ဆိပ္ခံေဘာတံတားရွိေသာ က်ိဳက္ေထာ္႐ြာႏွင့္ တြံေတးၿမိဳ႕ မ်ား တြင္ ဆိုက္ကပ္သည္။
ဖ်ာပုံမွ က်ိဳက္လတ္သို႔၁၆ မိုင္၊ က်ိဳက္လတ္မွ က်ိဳက္ေထာ္သို႔ ၁၆ မိုင္ ၊က်ိဳက္ေတာ္မွ တြံ ေတး သို႔ ၁၆မိုင္ ႏွင့္ တြံေတးမွ ရန္ကုန္သို႔ ၁၆ မိုင္ခန႔္ကြာေဝးသည္။
ေရမိုင္ ရွစ္မိုင္ခရီးကို ပ်မ္းမွ် တစ္နာရီခန႔္ ေမာင္းရ သျဖင့္ က်ိဳက္ေထာ္သို႔ ၁၁ နာရီဝန္းက်င္တြင္ေရာက္သည္။
က်ိဳက္ေထာ္ဆိပ္ကမ္းေရာက္သည္ႏွင့္ေဈးသည္မ်ားက သေဘၤာေပၚတက္လာကာေဈးေရာင္းၾကသည္။
ဖက္ႏွင့္ ထုတ္ထားေသာ ထမင္းထုတ္မ်ား၊ သီတံျဖင့္ သီထားၿပီး ထိပ္ တြင္ ေရွာက္သီးစိတ္ေလးတစ္စိတ္ကို ထိုးတားသည့္ ငါးဖယ္ ေၾကာ္မ်ား၊ျပဳတ္ထားသည့္ အဝါေရာင္ငါးသေလာက္ဥ မ်ား၊သီးေမႊးငွက္ေပ်ာသီးမ်ားစသည္ျဖင့္စုံလင္လွသည္။
ထမင္းတစ္ထုတ္လွ်င္ တစ္က်ပ္ခြဲ၊ ငွက္ေပ်ာသီး တစ္ဖီးလွ်င္ တစ္က်ပ္ေပးရသည္။ယခုေခတ္လူငယ္မ်ား တစ္က်ပ္ ၊ တစ္က်ပ္ခြဲ ဆိုသည္ကို သိၾကေတာ့မည္မဟုတ္ပါေခ်။
က်ိဳက္ေထာ္ေရာက္တိုင္း အေမက ကြၽန္ေတာ္တို႔ကို တစ္ခုခု ဝယ္ေကြၽးေလ့ရွိရာ ကြၽန္ေတာ္ကငါးဖယ္ေၾကာ္ဝယ္ ခိုင္းေလ့ရွိသည္ကို သတိရမိပါသည္။
ငါးဖယ္ေၾကာ္ ပ်င္းတြဲတြဲေလးမ်ားကို ေရွာက္ရည္ညႇစ္ကာစားရသည့္ အရသာကို ယခုတိုင္ အမွတ္ရေနမိပါသည္။က်ိဳက္ေထာ္ မွထြက္လွ်င္ အေမက ပါလာေသာ ထမင္းခ်ိဳင့္ကို ဖြင့္ကာ ကြၽန္ေတာ္တို႔ကိုထမင္းေကြၽးသည္။
ငယ္ငယ္ကတည္းက ေရေႏြးၾကမ္းႀကိဳက္ေသာ ကြၽန္ေတာ့္အတြက္ အေမက သေဘၤာေပၚတြင္ပါလာေသာထမင္းဆိုင္မွ ေရေႏြး တစ္ အိုးဝယ္ေပးပါသည္။
ထိုစဥ္က ေရသန႔္မေပၚေသးသျဖင့္ ထမင္းစားၿပီးေရေသာက္လိုလွ်င္ အိမ္မွယူလာေသာ ကန္ ေရကို ပင္ ေသာက္ၾကရသည္။
ရန္ကုန္ေန႔ သေဘၤာက တစ္ခါတစ္ရံတြင္ သေဘၤာဆိပ္မရွိသည့္ ဖိုးတုတ္၊ ေရေက်ာ္စသည့္႐ြာမ်ားတြင္ ဆိုက္ ကပ္သည္။
သေဘၤာဆိပ္လည္းမရွိ၊ တံတားလည္းမရွိသျဖင့္ ျမစ္ကမ္းပါးေဘးတြင္ သေဘၤာကိုအလ်ားလိုက္ရပ္ကာ စက္ သတ္ထားၿပီး သေဘၤာေပၚတြင္ပါလာသည့္ ကုန္းေဘာင္ဟု ေခၚေသာ အလ်ား ၁၀ ေပေက်ာ္ ၊ အနံႏွစ္ေပ နီးပါးခန႔္ ရွိ သည့္ သစ္သားျပားႀကီးကို ကမ္းေပၚသို႔ ထိုးတင္ေပးလိုက္လွ်င္ သေဘၤာစီးမည့္သူမ်ားက ထိုကုန္းေဘာင္ေပၚမွ ေလွ်ာက္ကာ သေဘၤာေပၚသို႔ တက္လာၾကရသည္။
ေဘးဘယ္ညာတြင္မည္သည့္ ကိုင္စရာမရွိဘဲကုန္းေဘာင္ေပၚမွ လမ္း ေလွ်ာက္တက္လာၾကသူမ်ားကိုျမင္တိုင္း ကြၽန္ေတာ္ အသည္း ယားခဲ့မိပါ၏။သို႔ေသာ္လည္း ခရီးသည္မ်ား ျပဳတ္ က်သည္ ကို တစ္ခါမွ မျမင္ဖူးခဲ့ပါေခ်။
တြံေတးမေရာက္မီ ေဈးသည္မ်ားက ေလွျဖင့္ သေဘၤာေဘးသို႔ကပ္ၿပီး မုန႔္ဟင္းခါး တက္ေရာင္းၾကသည္။သူတို႔ ေဈး တက္ေရာင္းၾက ပုံကို သေဘၤာစီးဖူးသူတိုင္းရင္တုန္ၾကရသည္။
သေဘၤာလာေနသည္ကိုျမင္လွ်င္ သူတို႔က ေလွကို ျမစ္ ကမ္းမွ ေရလယ္သို႔ႀကိဳေလွာ္သြားၾကၿပီး သေဘၤာက သူတို႔ ေလွနားမွ အျဖတ္ တြင္ ေလွဦးထိပ္မွ လူက သေဘၤာေပၚ သို႔ ေလွႀကိဳးစကိုယူကာ လႊားကနဲ ခုန္တက္လိုက္သည္။ တစ္ၿပိဳင္တည္းမွာပင္ သူ႔လက္တြင္ပါ လာေသာႀကိဳးကို သေဘၤာ သံလက္ရမ္းတြင္ အမိအရခ်ည္လိုက္သည္ႏွင့္ ပါလာေသာေလွကတုံ႔ကနဲ ျဖစ္ကာ သေဘၤာႏွင့္အတူ ေဘးမွ ပါလာ ေတာ့ သည္။
ထိုအခါတြင္ သူတို႔သည္ ေလွေပၚမွ မုန႔္ဟင္းခါးေတာင္းကို သေဘၤာ ေပၚသို႔ ယူကာ ေရာင္းခ်ေလ့ရွိၾကသည္။ ထမင္းတစ္လုပ္အတြက္ သက္စြန႔္ဆံဖ်ား လုပ္စားၾကသည္မွာ ထိုေခတ္ ထိုအခါ ကတည္းကပင္ျဖစ္ေပသည္။
အခန႔္မသင့္လွ်င္ ေလွေမွာက္သြားႏိုင္႐ုံသာမက ေလွက သေဘၤာေအာက္ဝင္ သြားလွ်င္ ပန္ကာ အခုတ္ခံရကာ အသက္ ဆုံး ရႈံးရ မည့္ အႏၲရာယ္ကို သိရွိၾကေသာ္လည္း ဝမ္းစာအတြက္ရွာေဖြစားေသာက္ၾကရသည္သာပင္ျဖစ္သည္။
တြံေတးတူးေျမာင္းထဲသို႔ သေဘၤာဝင္လွ်င္ ရန္ကုန္ေရာက္ရန္ ၂၁ မိုင္မွ်သာ လိုေတာ့သည္။ျမန္မာသကၠရာဇ္ ၁၂၃၄ တြင္ တူးေဖာ္ခဲ့သည့္ တြံေတးတူးေျမာင္းကို ”ေအာက္ကစပါး” ဟု မွတ္သားခဲ့ၾကသည္။
တြံေတးၿမိဳ႕သည္တူးေျမာင္း မိုင္တိုင္ ၁၅ တြင္ရွိသည္။ တြံေတးတူးေျမာင္းတစ္ေလ်ာက္ ရန္ကုန္ေရာက္သည္အထိမိုင္တိုင္မ်ားကို တစ္ဖာလုံျခားစိုက္ထူ ထားသည္ကို ယေန႔တိုင္ ျမင္ေတြ႕ႏိုင္သည္။
ကြၽန္ေတာ္တို႔က မိုင္တိုင္ေတြျမင္တိုင္း ေအာ္ဖတ္ခဲ့ၾကသည္။ တြံေတး ဆိပ္ကမ္းသည္ မိုင္တိုင္ ၁၅ မိုင္ အမွတ္အသား ၏ေရွ႕တည့္ တည့္တြင္ရွိသည္။ ထိုေနရာတြင္ထုံးျဖဴျဖဴေစတီငယ္ တစ္ ဆူရွိသည္။
တြံေတးမွ ရန္ကုန္သို႔ သေဘၤာေမာင္းလာရာတြင္ မိုင္တိုင္ သုံးမိုင္ခြဲတြင္ ေရစီးၾကမ္းေနလွ်င္ ခေနာင္တိုေခ်ာင္းမွ ရန္ကုန္သို႔ ဝင္ရသည္။
လက္ပံခုံ အေကာက္႐ုံး ဟုေခၚသည့္ ထိုေနရာတြင္ ေရေၾကာင္းျပ အခ်က္ျပအမွတ္အသား ျပ ထားသည့္တိုင္ရွည္ႀကီးမ်ားကို ျမင္ရသည္။
သေဘၤာေမာင္းသူက ထိုသေကၤတမ်ားကိုၾကည့္ကာ အႏၲရာယ္ကင္း သည့္ ေရလမ္းမွေမာင္းရသည္။
ေ႐ြတိဂုံေစတီေတာ္ႀကီးကို သေဘၤာေပၚမွ လွမ္း၍ ဖူးျမင္ၾကရၿပီဆိုလွ်င္ မၾကာမီ ရန္ကုန္ ေရာက္ ေတာ့သည္။
တြံေတးတူးေျမာင္းမွ ထြက္သည္ဆိုသည္ႏွင့္ ဇင္ေယာ္ငွက္မ်ားက သေဘၤာပတ္လည္သို႔ ေရာက္ရွိ လာ ၾက သည္။
ခရီးသည္မ်ား ပစ္ေပးေသာ အစာမ်ားကို ဖမ္းယူစားေသာက္ၾကသည့္ ဇင္ေယာ္ ငွက္မ်ားကို ယေန႔တိုင္ ရန္ကုန္ ဒလ သေဘၤာစီးတိုင္းျမင္ႏိုင္ၾကပါေသးသည္။
ျမစ္ဝကြၽန္းေပၚေဒသတြင္ ကားလမ္းမ်ား မရွိေသးမီက သေဘၤာျဖင့္သာ ခရီးသြားခဲ့ၾကရသည့္အတြက္ ငယ္စဥ္က သေဘၤာစီးခဲ့ ရသည့္ အရသာေလးမ်ားကို ယခုတိုင္ၾကည္ႏူးစြာ မွ
တ္မိေနဆဲပင္ျဖစ္ပါ၏။
ယခုအခါတြင္ ျမစ္ဝကြၽန္း ေပၚ ေဒသမ်ားတြင္ ကားလမ္းမ်ား ေပၚေပါက္ လာသျဖင့္ ျမစ္ဝကြၽန္းေပၚသြား လူစီး သေဘၤာမ်ား ေျပးဆြဲမႈ နည္းပါးသြားခဲ့ ၿပီး ကုန္တင္ သေဘၤာမ်ားသာ အမ်ားဆုံး ေျပးဆြဲေနၾကပါသည္။
တစ္ေန႔တာ အခ်ိန္ၾကာေအာင္ စီးၾကရသည့္ သေဘၤာ ခရီးစဥ္ကို ယခုအခ်ိန္တြင္ အပန္းေျဖခရီးတစ္ခု အျဖစ္ သြားၾကမည္ဆိုပါက သေဘၤာစီးခ မ်ားစြာ ေပးရေပလိမ့္မည္။
အေပ်ာ္စီးခရီးတိုေလးမ်ား ရာသီဥတုသာယာခ်ိန္ တြင္ ရန္ကုန္ဆိပ္ကမ္းမွ ထြက္ေလ့ ရွိေသာ္လည္း အေဝးဆုံး တြံေတးအထိသာ ေရာက္သည္။ ထိုခရီးတိုေလးမ်ားသည္ပင္ သေဘၤာခ မ်ားစြာ ေပးၾကရသည္။
တြံေတးၿမိဳ႕ထက္ေက်ာ္လြန္ကာ သေဘၤာျဖင့္ သြားႏိုင္သည့္တိုင္ ကြၽန္ေတာ္တို႔ ငယ္စဥ္ က ရန္ကုန္ သေဘၤာ စီးခဲ့ရသည့္ ရသမ်ိဳးကိုကား အျပည့္အဝရရွိႏိုင္လိမ့္မည္ ဟု မထင္မိပါေခ်။
ေမာင္သာ (ေရွးေဟာင္းသုေတသန) အမည္ရင္း U Win Zaw ထံမွ ျပန္လည္မွ်ေဝပါသည္။
crd