မြန်မာနိုင်ငံမှာပင် မရှိတဲ့ ဂျာမဏီနိုင်ငံ ပြတိုက်ထဲက မြန်မာရိုးရာအမွေအနှစ်များ

ဂျာမနီနိုင်ငံမှာရှိတဲ့ ပြတိုက်တစ်ခုမှာ မြန်မာတို့ရဲ့ယဉ်ကျေးမှုနဲ့ စေတီပုထိုးဘုရားများကို တန်ဖိုးထားဖော်ပြထားတာလေးတွေဖော်ပြလိုက်ပါတယ်….

ကိုယ့် နိုင်ငံရဲ့ ယဉ်ကျေးမှုကို တိုင်းတစ်ပါးသားတွေ ဘယ်လောက် တန်ဖိုးထား အားကျလည်း ဆိုတာစာလေးဖတ်ပြီး သိလာပါလိမ့်မယ်..

“ဒီနေ့ Munich ရောက်တော့ Museum Funf Kontinente မှာပြနေတဲ့ Myanmar of Pagodas, Longyisand Nat Sprits ကိုသွားကြည့်ဖြစ်ခဲ့တယ်၊ခင်းကျင်းပြသထားတာအတော်လေးအတုယူဖို့ကောင်းပါတယ်..

Textile ပက်သက်တဲ့ ပြခန်းမှာဆိုရင် ပြူတင်းပေါက်နား သွားလိုက်တာနဲ့ ယက္ကန်းခတ်သံ ကြားရအောင်လုပ်ပေးထားတယ်..

ရုပ်သေးရုပ်ပြခန်းဆိုရင် ရုပ်သေးရုပ်ကတဲ့အခါ ရုပ်သေးရုပ်ကလေးတွေ ရဲ့ခြေထောက်နဲ့ ကြမ်းပြင်ထိသံလေးတွေ ကြားရအောင်လုပ်ပေးထားတယ်..

ပြထားတဲ့ရုပ်သေးရုပ်တွေက တကယ့်ကို အဟောင်းတွေဖြစ်တဲ့အပြင် ရုပ်သေးရုပ် ၂၈ ရုပ်စလုံး စုံအောင်ပြထားနိူင်တာအံဩစရာပါ..

ထူးခြားတဲ့ပန်းပုရုပ်ထု ၃ ခုကတော့ အံဩစရာပါ၊အရုပ်က ကြီးပြီးမှန်ခံနေတော့ ဖုန်းနဲ့ဓါတ်ပုံရိုက်ရ အဆင်မပြေလိုကင်မရာနဲ့ပိုင်းပြီးရိုက်ထားတာပါတယ် ကြုံမှပဲ post တင်ပေးပါ့မယ်..

ကျွန်တော့အထင်မမှားဘူးဆိုရင် ပုဂံခေါတ်နှောင်ပိုင်းလက်ရာတွေ ဖြစ်ဖို့များတယ်..

အံဩစရာကောင်းတာက German မိဘတွေက သူတို့ကလေးတွေခေါ်လာပြီး ကျွန်တော်တို့ ယဉ်ကျေးမှု့အကြောင်းကိုသူတို့ကလေးတွေကို လေ့လာစေတာပါ..

ကျွန်တော်တို့ဆီက မိဘတွေက ကိုယ်တိုင်းလည်း ကိုယ်ယဉ်ကျေးမှု့အကြောင်းမသိ၊ကလေးတွေကိုလည်း လေ့လာဖို့ မသွန်သင်၊တခြားလူမျိူးတွေရဲ့ ယဉ်ကျေးမှုကို သိဖို့ဆိုတာ ဝေလာဝေးပါ..

အဲဒီတော့ generation by generation က နိုမ့်ကျနေအုံးမှာပါ”

ဒါကြောင့် မိမိတို့ကိုယ်တိုင်လည်း မိမိယဉ်ကျေးမှုတန်ဖိုးကို သိတတ်ပြီး မျိုးဆက်သစ်တွေသိအောင်လည်း ပြောပြသွန်သင်ပေးကြပါနော်

Writer ; Kwee (Jeeptoolay)

Source ; Sir U Thet Soe

Zawgyi






ပြထားတဲ့ရုပ်သေးရုပ်တွေက တကယ့်ကို အဟောင်းတွေဖြစ်တဲ့အပြင် ရုပ်သေးရုပ် ၂၈ ရုပ်စလုံး စုံအောင်ပြထားနိုင်တာအံဩစရာပါ..




ကျွန်တော်တို့ဆီက မိဘတွေက ကိုယ်တိုင်းလည်း ကိုယ်ယဉ်ကျေးမှု့အကြောင်းမသိ၊ကလေးတွေကိုလည်း လေ့လာဖို့ မသွန်သင်၊တခြားလူမျိုးတွေရဲ့ ယဉ်ကျေးမှုကို သိဖို့ဆိုတာ ဝေလာဝေးပါ..




Source ; Sir U Thet Soe