
အိမ်ရှင်မ သို့မဟုတ် အိမ်အကူအတွက်ဘဲဖြစ်ဖြစ် နေ့စဉ် အိမ်မှုကိစ္စတွေကိုကိုင်တွယ်ရတဲ့အလုပ်ကမလွယ်ကူလှပါဘူး။
Thomas Tuchelအမည်ရှိ ကမ္ဘာကျော် ဘောလုံးနည်းပြမန်နေဂျာတစ်ဦးဟာ ဇာတိမြေမှာ အငြိမ်းစားပြန်ယူတော့မည့်
၎င်းရဲ့ဖိလစ်ပိုင်အိမ်အကူအမျိုးသမီးတစ်ဦးရဲ့အိပ်မက်ကို ဖြည့်ဆည်းပေးခဲ့ပါတယ်။
Tuchel ဟာ ကြင်နာတတ်တဲ့အလုပ်ရှင်များထဲမှ တစ်ဦးဖြစ်ပြီး၎င်းသတင်းက 2021 ခုနှစ်မှာပေါက်ကြားခဲ့ပေမယ့်
သူ့ရဲ့ဖိလစ်ပိုင်အိမ်အကူ အပေါ်ထားတဲ့ Tuchel ရဲ့သိသာထင်ရှားတဲ့ကြင်နာမှုအမူအရာများက Chelsea အတွက်
ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးပေးပြီးနောက်မှာ တစ်ဖန် အာရုံစူးစိုက်မှုပိုမိုရရှိလာခဲ့ပါတယ်။
အိမ်အကူအမျိုးသမီးက Tuchel ရဲ့အကူအညီနှင့်အကြီးကျယ်ဆုံးလက်ဆောင်ကသူမရဲ့ဘဝကိုဘယ်လိုပြောင်းလဲသွားခဲ့တာကိုလည်းပြန်ပြောပြခဲ့ပါတယ်။
Tuchel ဟာပြင်သစ်ဘောလုံးကလပ်Paris Saint-Germain ရဲ့မန်နေဂျာအဖြစ်တာဝန်ထမ်းဆောင်ချိန်ကာလအတွင်း
ပြင်သစ်နိုင်ငံမြောက်ဘက် Hauts-de-Seine မြို့ရှိ ၎င်းမိသားစုရဲ့နေအိမ်ကို ကြည့်ရှုစောင့်ရှောက်ရန် အဆိုပါအိမ်အကူအား ငှါးရမ်းခဲ့တာပါ။
ထို့ပြင် သူမကလည်း သားဖြစ်သူရဲ့ ခွဲစိတ်မှုစရိတ်ကြီးမြင့်မှုကြောင့် ၎င်းတို့အိမ်မှာ အချိန်ပိုအလုပ်တွေလုပ်ရင်း
Tuchel ကသူမရဲ့အခက်အခဲများကို ကြားသိတာနဲ့ ချက်ချင်း လက်မှတ်ထိုးပေးပြီး ဆေးရုံစရိတ်အတွက် ချက်ချင်းပေးချေပေးခဲ့ကြောင်း ဆိုခဲ့ပါတယ်။
အောင်မြင်တဲ့ခွဲစိတ်မှုအပြီးမှာ Tuchel ကသူမရဲ့အနာဂတ်အတွက်မျှော်လင့်ချက်များဆွေးနွေးရန် သူမနဲ့အချိန်အတန်ကြာစကားစမြည်ထိုင်ပြောခဲ့ပြီး နောက်ပိုင်းမှာ
သူမအား ဖိလစ်ပိုင်ရှိသူမမိသားစုနှင့်အတူ အနားယူရန်ကြီးကျယ်ခမ်းနားတဲ့အိမ်ပိုင်တစ်လုံးဝယ်ယူပေးဖို့
၎င်းတို့လျင်မြန်စွာဆောင်ရွက်ပေးနေတာကို သူမ သိခဲ့ရပြီး Tuchel ဟာ Chelsea F.C မှာ ၎င်းရဲ့လက်ရှိတာဝန်ကိုမထမ်းဆောင်မီအချိန်မှာ
သူမအားထိုကိုယ်ပိုင်ဇိမ်ခံအိမ်ကြီးရဲ့သော့များကို ပေးအပ်ခဲ့ပြီး Chelsea အသင်းမှ Tuchel ကိုခန့်အပ်တဲ့အခါ
Tuchel တို့မိသားစုနှင့် အဆိုပါအိမ်ထိန်းကြီးတို့ကလည်း 2021 ခုနှစ်မှာ လမ်းခွဲခဲ့ကြပါတယ်။
2021 ခုနှစ်အင်္ဂလန်ဘောလုံးအသင်း၌ ခန့်အပ်ခံရပြီးကတည်းကTuchel ဟာ အောင်ပွဲ(3)ကြိမ်အထိ
ဦးဆောင်နိုင်ခဲ့ပြီးသိပ်မကြာသေးခင်ကလည်း အဆိုပါဘောလုံးအသင်းကိုတစ်ဖန် UEFA Super Cup လားနဲ့ ပြန်လည်ဂုဏ်ပြုလာစေခဲ့ပါတယ်။
ဘောလုံးမန်နေဂျာတစ်ဦးအနေနဲ့ သူ့ရဲ့လစာမြင့်မားတဲ့ အသက်မွေး ဝမ်းကျောင်းက ထိုကဲ့သို့သောရက်ရောမှုလုပ်ရပ်ကို
လုပ်နိုင်မှာပေါ့လို့တွေးမိနိုင်ပေမဲ့ သူ့ရဲ့လုပ်ရပ်ဟာကျွန်တော်တို့အားလုံးမှာ ငွေကြေး၊လက်ဆောင် (သို့) ရိုးရှင်းတဲ့နည်းလမ်းနဲ့
အခြားသူရဲ့တစ်သက်တာကိုအဆင်ပြေစေတဲ့ ထူးခြားတဲ့ကိုယ်ပိုင်စွမ်းရည်ရှိနေတာကိုသိစေသလို
ကျွန်တော်တို့အားလူအချင်းချင်းအားကူညီတတ်ရန်နည်းလမ်းများကို အမြဲရှာဖွေသင့်တယ်ဆိုတဲ့ အရေးကြီးတဲ့သတိပေးချက်တစ်ခုလိုပါဘဲ။
Mia (KB Chimmy one)
Reference : mustsharenews
Credit
Zawgyi
အိမ္ရွင္မ သို႔မဟုတ္ အိမ္အကူအတြက္ဘဲျဖစ္ျဖစ္ ေန႔စဥ္ အိမ္မႈကိစၥေတြကိုကိုင္တြယ္ရတဲ့အလုပ္ကမလြယ္ကူလွပါဘူး။
Thomas Tuchelအမည္ရွိ ကမာၻေက်ာ္ ေဘာလုံးနည္းျပမန္ေနဂ်ာတစ္ဦးဟာ ဇာတိေျမမွာ အၿငိမ္းစားျပန္ယူေတာ့မည့္
၎ရဲ႕ဖိလစ္ပိုင္အိမ္အကူအမ်ိဳးသမီးတစ္ဦးရဲ႕အိပ္မက္ကို ျဖည့္ဆည္းေပးခဲ့ပါတယ္။
Tuchel ဟာ ၾကင္နာတတ္တဲ့အလုပ္ရွင္မ်ားထဲမွ တစ္ဦးျဖစ္ၿပီး၎သတင္းက 2021 ခုႏွစ္မွာေပါက္ၾကားခဲ့ေပမယ့္
သူ႔ရဲ႕ဖိလစ္ပိုင္အိမ္အကူ အေပၚထားတဲ့ Tuchel ရဲ႕သိသာထင္ရွားတဲ့ၾကင္နာမႈအမူအရာမ်ားက Chelsea အတြက္
ခ်န္ပီယံလိဂ္ဖလားကို ဆြတ္ခူးေပးၿပီးေနာက္မွာ တစ္ဖန္ အာ႐ုံစူးစိုက္မႈပိုမိုရရွိလာခဲ့ပါတယ္။
အိမ္အကူအမ်ိဳးသမီးက Tuchel ရဲ႕အကူအညီႏွင့္အႀကီးက်ယ္ဆုံးလက္ေဆာင္ကသူမရဲ႕ဘဝကိုဘယ္လိုေျပာင္းလဲသြားခဲ့တာကိုလည္းျပန္ေျပာျပခဲ့ပါတယ္။
Tuchel ဟာျပင္သစ္ေဘာလုံးကလပ္Paris Saint-Germain ရဲ႕မန္ေနဂ်ာအျဖစ္တာဝန္ထမ္းေဆာင္ခ်ိန္ကာလအတြင္း
ျပင္သစ္ႏိုင္ငံေျမာက္ဘက္ Hauts-de-Seine ၿမိဳ႕ရွိ ၎မိသားစုရဲ႕ေနအိမ္ကို ၾကည့္ရႈေစာင့္ေရွာက္ရန္ အဆိုပါအိမ္အကူအား ငွါးရမ္းခဲ့တာပါ။
ထို႔ျပင္ သူမကလည္း သားျဖစ္သူရဲ႕ ခြဲစိတ္မႈစရိတ္ႀကီးျမင့္မႈေၾကာင့္ ၎တို႔အိမ္မွာ အခ်ိန္ပိုအလုပ္ေတြလုပ္ရင္း
Tuchel ကသူမရဲ႕အခက္အခဲမ်ားကို ၾကားသိတာနဲ႔ ခ်က္ခ်င္း လက္မွတ္ထိုးေပးၿပီး ေဆး႐ုံစရိတ္အတြက္ ခ်က္ခ်င္းေပးေခ်ေပးခဲ့ေၾကာင္း ဆိုခဲ့ပါတယ္။
ေအာင္ျမင္တဲ့ခြဲစိတ္မႈအၿပီးမွာ Tuchel ကသူမရဲ႕အနာဂတ္အတြက္ေမွ်ာ္လင့္ခ်က္မ်ားေဆြးေႏြးရန္ သူမနဲ႔အခ်ိန္အတန္ၾကာစကားစျမည္ထိုင္ေျပာခဲ့ၿပီး ေနာက္ပိုင္းမွာ
သူမအား ဖိလစ္ပိုင္ရွိသူမမိသားစုႏွင့္အတူ အနားယူရန္ႀကီးက်ယ္ခမ္းနားတဲ့အိမ္ပိုင္တစ္လုံးဝယ္ယူေပးဖို႔
၎တို႔လ်င္ျမန္စြာေဆာင္႐ြက္ေပးေနတာကို သူမ သိခဲ့ရၿပီး Tuchel ဟာ Chelsea F.C မွာ ၎ရဲ႕လက္ရွိတာဝန္ကိုမထမ္းေဆာင္မီအခ်ိန္မွာ
သူမအားထိုကိုယ္ပိုင္ဇိမ္ခံအိမ္ႀကီးရဲ႕ေသာ့မ်ားကို ေပးအပ္ခဲ့ၿပီး Chelsea အသင္းမွ Tuchel ကိုခန႔္အပ္တဲ့အခါ
Tuchel တို႔မိသားစုႏွင့္ အဆိုပါအိမ္ထိန္းႀကီးတို႔ကလည္း 2021 ခုႏွစ္မွာ လမ္းခြဲခဲ့ၾကပါတယ္။
2021 ခုႏွစ္အဂၤလန္ေဘာလုံးအသင္း၌ ခန႔္အပ္ခံရၿပီးကတည္းကTuchel ဟာ ေအာင္ပြဲ(3)ႀကိမ္အထိ
ဦးေဆာင္ႏိုင္ခဲ့ၿပီးသိပ္မၾကာေသးခင္ကလည္း အဆိုပါေဘာလုံးအသင္းကိုတစ္ဖန္ UEFA Super Cup လားနဲ႔ ျပန္လည္ဂုဏ္ျပဳလာေစခဲ့ပါတယ္။
ေဘာလုံးမန္ေနဂ်ာတစ္ဦးအေနနဲ႔ သူ႔ရဲ႕လစာျမင့္မားတဲ့ အသက္ေမြး ဝမ္းေက်ာင္းက ထိုကဲ့သို႔ေသာရက္ေရာမႈလုပ္ရပ္ကို
လုပ္ႏိုင္မွာေပါ့လို႔ေတြးမိႏိုင္ေပမဲ့ သူ႔ရဲ႕လုပ္ရပ္ဟာကြၽန္ေတာ္တို႔အားလုံးမွာ ေငြေၾကး၊လက္ေဆာင္ (သို႔) ႐ိုးရွင္းတဲ့နည္းလမ္းနဲ႔
အျခားသူရဲ႕တစ္သက္တာကိုအဆင္ေျပေစတဲ့ ထူးျခားတဲ့ကိုယ္ပိုင္စြမ္းရည္ရွိေနတာကိုသိေစသလို
ကြၽန္ေတာ္တို႔အားလူအခ်င္းခ်င္းအားကူညီတတ္ရန္နည္းလမ္းမ်ားကို အၿမဲရွာေဖြသင့္တယ္ဆိုတဲ့ အေရးႀကီးတဲ့သတိေပးခ်က္တစ္ခုလိုပါဘဲ။
Mia (KB Chimmy one)
Reference : mustsharenews
Credit