“ဘတ် ၁၂သန်း ထီပေါက်ပေမယ့် ဆန်မုန့်ပဲ ဆက်ရောင်းမယ်ဆိုတဲ့ ၇၂နှစ် အရွယ် အဘွားအို”

ဖေဖော်ဝါရီ ၁၆ ရက်နေ့က ထွက်တဲ့ ထိုင်းထီမှာ ဘတ် ၁၂ သန်းကံထူးသွားတဲ့ အသက် ၇၂နှစ်အရွယ် ထိုင်းအဘွားအိုဟာ

ငွေကြေးချမ်းသာသွားပေမယ့် ထိုင်းရိုးရာဆန်မုန့် ရောင်းချတဲ့ အလုပ်ကိုပဲ ဆက်လက်လုပ်ကိုင်သွားမယ်လို့ ဖွင့်ဟလာပါတယ်။

ဘတ် ၁၂ သန်းထီကို ထိုင်းနိုင်ငံမြောက်ပိုင်း အက်တာရာဒစ်ခရိုင်က ဖမ်းဖတ်ပီလာချန်းဆိုတဲ့ အဘွားအို ကံထူးသွားတာဖြစ်ပြီး ပထမ ထီပေါက်မှန်းမသိပေမယ့်

မူးန်((Mueang) ခရိုင်၊ ခွန်းနိုင်ဈေးထဲမှာ ဆန်မုန့်ရောင်းနေရင်း ဘေးကအသိဈေးသည်တွေ ထီတိုက်တော့မှ သူ့ထီလက်မှတ်ပေါက်မှန်းသိလို့ အဖွားအို ပျော်လွန်းလို့ ကခုန်အော်ခဲ့ပါတယ်။

အဘွားအိုက ထီထွက်မယ့်မနက်ကမှ လက်ယားနေလို့ သူရောင်းနေတဲ့ဈေးထဲက ထီဆိုင်ကိုသွားပြီး ထီ ၂စောင်ထိုးခဲ့ရာက ဘတ် ၁၂ သန်းကံထူးတာဖြစ်ပါတယ်။

သူ့မြေးလေးရဲ့ ၂၅ နှစ်မြောက်မွေးနေ့က ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ကျရောက်ခဲ့လို့ ၁၇ နဲ့ ဆုံးတဲ့နံပါတ် ရှာထိုးရင်း ကံထူးသွားတာ ဖြစ်ကြောင်း၊

တစ်သက်လုံး မိသားစုကို ထိုင်းရိုးရာ ဆန်မုန့်လုပ်ရောင်းရင်းကျွေးမွေးလာရလို့ ဒီအလုပ်ပဲ ဆက်လုပ်သွားမယ်လို့ ဝမ်းသာအားရပြောသွားခဲ့ပါတယ်။

“လောလောဆယ် ကျွန်မချစ်ရတဲ့ သားတွေ၊ မြေးတွေကို အကုန်အိမ်ပြန်ခေါ်မယ်။ ဆွေမျိုးတွေအားလုံးက ဘန်ကောက်မှာ။ အရင်ဆုံး အကြွေးတွေဆပ်မယ်။

ပြီးရင် တစ်သက်လုံး ဈေးထဲဆိုင်ငှားပြီး ဆန်မုန့်ရောင်းလာရတဲ့အတွက် ကိုယ်ပိုင်ဆိုင်လေးဝယ်ပြီး ဒီအလုပ်ပဲ ဆက်လုပ်သွားမယ်။

တစ်ဘဝလုံး ဒီအလုပ်နဲ့ မိသားစုကို ကျွေးမွေးလာခဲ့တာဖြစ်လို့ ဈေးရောင်းတဲ့အလုပ်ကို မစွန့်လွှတ်နိုင်ဘူး။

ကလေးတွေအားလုံးကို ဒီငွေတွေခွဲပေးခဲ့မယ်” လို့ အဘွားက ဝမ်းသာအားရပြောပါတယ်။

၁၆ ရက်နေ့ထွက်တဲ့ ထိုင်းထီပေါက်ဂဏန်းတွေထဲမှာ ၁၇ စောင်တွဲ ဘတ် ၄၂ သန်းပေါက်သူလဲရှိခဲ့သေးပေမယ့်

ဆုလာမထုတ်သေးလို့ ဘယ်သူမှန်းမသိရသေးကြောင်းလည်း ဒေသခံမီဒီယာတွေက ဆိုပါတယ်။

MKF – 001

Ref: thethaiger

#MeKongNews

#ထိုင်းထီ

Zawgyi

ေဖေဖာ္ဝါရီ ၁၆ ရက္ေန႔က ထြက္တဲ့ ထိုင္းထီမွာ ဘတ္ ၁၂ သန္းကံထူးသြားတဲ့ အသက္ ၇၂ႏွစ္အ႐ြယ္ ထိုင္းအဘြားအိုဟာ

ေငြေၾကးခ်မ္းသာသြားေပမယ့္ ထိုင္း႐ိုးရာဆန္မုန႔္ ေရာင္းခ်တဲ့ အလုပ္ကိုပဲ ဆက္လက္လုပ္ကိုင္သြားမယ္လို႔ ဖြင့္ဟလာပါတယ္။

ဘတ္ ၁၂ သန္းထီကို ထိုင္းႏိုင္ငံေျမာက္ပိုင္း အက္တာရာဒစ္ခ႐ိုင္က ဖမ္းဖတ္ပီလာခ်န္းဆိုတဲ့ အဘြားအို ကံထူးသြားတာျဖစ္ၿပီး ပထမ ထီေပါက္မွန္းမသိေပမယ့္

မူးန္((Mueang) ခ႐ိုင္၊ ခြန္းႏိုင္ေစ်းထဲမွာ ဆန္မုန႔္ေရာင္းေနရင္း ေဘးကအသိေစ်းသည္ေတြ ထီတိုက္ေတာ့မွ သူ႔ထီလက္မွတ္ေပါက္မွန္းသိလို႔ အဖြားအို ေပ်ာ္လြန္းလို႔ ကခုန္ေအာ္ခဲ့ပါတယ္။

အဘြားအိုက ထီထြက္မယ့္မနက္ကမွ လက္ယားေနလို႔ သူေရာင္းေနတဲ့ေစ်းထဲက ထီဆိုင္ကိုသြားၿပီး ထီ ၂ေစာင္ထိုးခဲ့ရာက ဘတ္ ၁၂ သန္းကံထူးတာျဖစ္ပါတယ္။

သူ႔ေျမးေလးရဲ႕ ၂၅ ႏွစ္ေျမာက္ေမြးေန႔က ေဖေဖာ္ဝါရီ ၁၇ ရက္ေန႔မွာ က်ေရာက္ခဲ့လို႔ ၁၇ နဲ႔ ဆုံးတဲ့နံပါတ္ ရွာထိုးရင္း ကံထူးသြားတာ ျဖစ္ေၾကာင္း၊

တစ္သက္လုံး မိသားစုကို ထိုင္း႐ိုးရာ ဆန္မုန႔္လုပ္ေရာင္းရင္းေကြၽးေမြးလာရလို႔ ဒီအလုပ္ပဲ ဆက္လုပ္သြားမယ္လို႔ ဝမ္းသာအားရေျပာသြားခဲ့ပါတယ္။

“ေလာေလာဆယ္ ကြၽန္မခ်စ္ရတဲ့ သားေတြ၊ ေျမးေတြကို အကုန္အိမ္ျပန္ေခၚမယ္။ ေဆြမ်ိဳးေတြအားလုံးက ဘန္ေကာက္မွာ။ အရင္ဆုံး အေႂကြးေတြဆပ္မယ္။

ၿပီးရင္ တစ္သက္လုံး ေစ်းထဲဆိုင္ငွားၿပီး ဆန္မုန႔္ေရာင္းလာရတဲ့အတြက္ ကိုယ္ပိုင္ဆိုင္ေလးဝယ္ၿပီး ဒီအလုပ္ပဲ ဆက္လုပ္သြားမယ္။

တစ္ဘ၀လုံး ဒီအလုပ္နဲ႔ မိသားစုကို ေကြၽးေမြးလာခဲ့တာျဖစ္လို႔ ေစ်းေရာင္းတဲ့အလုပ္ကို မစြန႔္လႊတ္ႏိုင္ဘူး။

ကေလးေတြအားလုံးကို ဒီေငြေတြခြဲေပးခဲ့မယ္” လို႔ အဘြားက ဝမ္းသာအားရေျပာပါတယ္။

၁၆ ရက္ေန႔ထြက္တဲ့ ထိုင္းထီေပါက္ဂဏန္းေတြထဲမွာ ၁၇ ေစာင္တြဲ ဘတ္ ၄၂ သန္းေပါက္သူလဲရွိခဲ့ေသးေပမယ့္

ဆုလာမထုတ္ေသးလို႔ ဘယ္သူမွန္းမသိရေသးေၾကာင္းလည္း ေဒသခံမီဒီယာေတြက ဆိုပါတယ္။

MKF – 001

Ref: thethaiger

#MeKongNews

#ထိုင္းထီ