ဦးသန်းရွှေသားမက် ဒေါက်တာနေစိုးမောင် ပြောတဲ့ အဆိုတော်ကြီး R ဇာနည် အကြောင်း

ဦးသန်းရွှေသားမက် ဒေါက်တာနေစိုးမောင် ပြောတဲ့ အဆိုတော်ကြီး R ဇာနည် အကြောင်း

ကျွန်တော်နှင့် Rဇာနည်၊ တလောက Rဇာနည်ကို ဝေဖန်သည့် ပို့စ်လေးတစ် ခု တက်လာပါသည်။ လူတစ်ဦးမှ နိုင်ငံကျော် အဆိုတော်ကြီး စားသောက် ဆိုင်တစ်ခုတွင် ဆူရှီလိပ်နေသည်ဟု ပုံနှင့်တကွတင်လိုက်ရာ Rဇာနည် ၏ ပရိသတ်များက သူ့အပေါ်ထောက်ခံသည့် ကွန်းမန့်များဖြင့် ပြန်လည် တုံ့ပြန်ခဲ့ကြပါသည်။ မိမိကိုယ်တိုင်လည်း သမ္မာအာဇီဝ လုပ်ကိုင်ခြင်းအတွက် ဂုဏ်ယူကြောင်း ကွန်းမန့် ရေးတင်ခဲ့ပါသည်။

ဆရာက ကိုRဇာနည်ကိုလေးစားခဲ့ဘူးသည့် အကြောင်း အရာ တစ်ခုရှိခဲ့ဘူးပါသည်။ ထိုစဉ်ကဆရာဆေးတက္ကသိုလ် တစ်ခုတွင် ကထိကအဖြစ်တာဝန်ထမ်း ဆောင်နေစဉ်ဖြစ်ပြီး ဆေးလိပ်ကင်းစင်ရေး ဆောင်ရွက်နေစဉ် ဖြစ်ပါသည်။ ထိုအချိန်က မြန်မာနိုင်ငံတွင် ဆေးလိပ်ကြော်ငြာများ မပိတ်ပင်ခင်ကာလဖြစ်ပြီး Rဇာနည်ကလည်း ဆေးလိပ်ကြော်ငြာတစ်ခုကို ထုတ်လွင့်နေချိန်ဖြစ်ပါသည်။

ဆရာနှင့် Rဇာနည် ရှိုးပွဲတစ်ခုတွင် အနီးကပ်ဆုံပါသည်။ ထိုအခါ ဆရာက ဆေးလိပ်ကြော်ငြာများကို နိုင်ငံတကာတွင် ပိတ်ပင်ထားကြောင်း အနုပညာရှင်များ ဆေးလိပ်ကြော်ငြာခြင်းသည် လူငယ်များကို အတုယူမှား စေနိုင်ကြောင်း ပြောပြခဲ့ပါသည်။

Rဇာနည်က သူမသိခဲ့ပါ၍ စီးပွါးရေးသဘောအရ လာငှါးသောကြောင့် ရိုက်ခဲ့မိပါကြောင်း နောက်နောင်ရှောင်ကြဉ် ပါမည် ဟုယဉ်ကျေးချေငံစွာပြန်ပြောသဖြင့် ထိုစဉ်ကတည်းက ဝမ်းသာလေးစားခဲ့ရပါသည်။

ထိုအချိန်က ဆံပင်ရှည်ရှည်နှင့် ဝတ်စားဆင်ယင်မှုကြောင့် လမ်းသူရဲဟု လူတချို့က သဘောထားနေသူတစ်ဦး နာမည်ကြီး အဆိုတော် တစ်ဦး ထံမှ ယဉ်ကျေးချေငံစွာ ပြန်ပြောခြင်း အတွက် အံ့ဩမိခဲ့ရပါသည်။ (Dr. Nay Soe Maung)

Zawgyi

ဦးသန္းေ႐ႊသားမက္ ေဒါက္တာေနစိုးေမာင္ ေျပာတဲ့ အဆိုေတာ္ႀကီး R ဇာနည္ အေၾကာင္း

ကြၽန္ေတာ္ႏွင့္ Rဇာနည္၊ တေလာက Rဇာနည္ကို ေဝဖန္သည့္ ပို႔စ္ေလးတစ္ ခု တက္လာပါသည္။ လူတစ္ဦးမွ ႏိုင္ငံေက်ာ္ အဆိုေတာ္ႀကီး စားေသာက္ ဆိုင္တစ္ခုတြင္ ဆူရွီလိပ္ေနသည္ဟု ပုံႏွင့္တကြတင္လိုက္ရာ Rဇာနည္ ၏ ပရိသတ္မ်ားက သူ႔အေပၚေထာက္ခံသည့္ ကြန္းမန႔္မ်ားျဖင့္ ျပန္လည္ တုံ႔ျပန္ခဲ့ၾကပါသည္။ မိမိကိုယ္တိုင္လည္း သမၼာအာဇီဝ လုပ္ကိုင္ျခင္းအတြက္ ဂုဏ္ယူေၾကာင္း ကြန္းမန႔္ ေရးတင္ခဲ့ပါသည္။

ဆရာက ကိုRဇာနည္ကိုေလးစားခဲ့ဘူးသည့္ အေၾကာင္း အရာ တစ္ခုရွိခဲ့ဘူးပါသည္။ ထိုစဥ္ကဆရာေဆးတကၠသိုလ္ တစ္ခုတြင္ ကထိကအျဖစ္တာဝန္ထမ္း ေဆာင္ေနစဥ္ျဖစ္ၿပီး ေဆးလိပ္ကင္းစင္ေရး ေဆာင္႐ြက္ေနစဥ္ ျဖစ္ပါသည္။ ထိုအခ်ိန္က ျမန္မာႏိုင္ငံတြင္ ေဆးလိပ္ေၾကာ္ျငာမ်ား မပိတ္ပင္ခင္ကာလျဖစ္ၿပီး Rဇာနည္ကလည္း ေဆးလိပ္ေၾကာ္ျငာတစ္ခုကို ထုတ္လြင့္ေနခ်ိန္ျဖစ္ပါသည္။

ဆရာႏွင့္ Rဇာနည္ ရႈိးပြဲတစ္ခုတြင္ အနီးကပ္ဆုံပါသည္။ ထိုအခါ ဆရာက ေဆးလိပ္ေၾကာ္ျငာမ်ားကို ႏိုင္ငံတကာတြင္ ပိတ္ပင္ထားေၾကာင္း အႏုပညာရွင္မ်ား ေဆးလိပ္ေၾကာ္ျငာျခင္းသည္ လူငယ္မ်ားကို အတုယူမွား ေစႏိုင္ေၾကာင္း ေျပာျပခဲ့ပါသည္။

Rဇာနည္က သူမသိခဲ့ပါ၍ စီးပြါးေရးသေဘာအရ လာငွါးေသာေၾကာင့္ ႐ိုက္ခဲ့မိပါေၾကာင္း ေနာက္ေနာင္ေရွာင္ၾကဥ္ ပါမည္ ဟုယဥ္ေက်းေခ်ငံစြာျပန္ေျပာသျဖင့္ ထိုစဥ္ကတည္းက ဝမ္းသာေလးစားခဲ့ရပါသည္။

ထိုအခ်ိန္က ဆံပင္ရွည္ရွည္ႏွင့္ ဝတ္စားဆင္ယင္မႈေၾကာင့္ လမ္းသူရဲဟု လူတခ်ိဳ႕က သေဘာထားေနသူတစ္ဦး နာမည္ႀကီး အဆိုေတာ္ တစ္ဦး ထံမွ ယဥ္ေက်းေခ်ငံစြာ ျပန္ေျပာျခင္း အတြက္ အံ့ဩမိခဲ့ရပါသည္။ (Dr. Nay Soe Maung)